လက်နက်ကိုင်အဖွဲ့တခုက လူသစ်စုဆောင်းလို့ ဒေသခံတွေ လားရှိုးမြို့ပေါ်ကိုထွက်ပြေး

#Lasho

လက်နက်ကိုင်အဖွဲ့တခုက လူသစ်စုဆောင်းလို့ ဒေသခံတွေ လားရှိုးမြို့ပေါ်ကိုထွက်ပြေး

လားရှိုး-စက်တင်ဘာ ၂-၂၀၂၀
သူရဟိန်း (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နောင်ဖေါ့ ကျေးရွာအုပ်စု ပန်ခမ်း၊နမ့်မိုစွမ် နဲ့ နမ့်ဖတ်အွမ် ကျေးရွာတွေက ရွာသားတွေ ဟာ လက်နက်ကိုင် အဖွဲ့စည်းတခုက လူသစ်စုဆောင်းနေလို့ဆိုပြီး လားရှိုးမြို့ မန်ဆူရှမ်းဘုန်းကြီးကျောင်းကို စက်တင်ဘာ၁ရက်မနေ့ညက ထွက်ပြေးတိမ်းရှောင် လာကြပါတယ်။

 

လက်နက်ကိုင်အဖွဲ့တခုက လူသစ်စုဆောင်းလို့ ဒေသခံတွေ လားရှိုးမြို့ပေါ်ကိုထွက်ပြေး

 

“တအာင်းအဖွဲ့က လူအကူညီတောင်းလာတယ်၊ တရွာ လူဘယ်နှစ်ယောက် ဆိုပြီးသူတို့လည်း မပြောဘူးလေ ပြီးတော့ရွာသူရွာသား ဘယ်သူ့ကို လက်ညိုးထိုးရမလဲ မကောင်းဘူးလေ သူတို့ မနေ့က ရွာကိုဝင်လာခဲ့မယ်လို့ ပြောတယ် ကျွန်တော်တို့ သတင်းကြားတာနဲ့ ထွက်ပြေးလာတာပါ ကျွန်တော်တို့ ဘဝက ကျောက်ကြားထဲ ကြက်ဥ ဝင်သွားသလိုပဲဗျ ဘယ်ဖက်လှည့်လည်းမရ ပေါက်သွားမှာ အဲ့ဒါမျိုး ဒါ့ကြောင့် ခုလို ထွက်ပြေးနေရတာ”လို့ အမည်မဖေါ်လိုသူ ပန်ခမ်း ကျေးရွာသား တဦးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူ ၂၁၉ ယောက်ရှိပြီး လတ်တလောမှာ မန်ဆူရှမ်းကျောင်းဂေါပက၊ လူကယ်ပြန် အဖွဲ့၊ကြက်ခြေနီ အဖွဲ့ နဲ့ အခြားသက်ဆိုင်ရာ အဖွဲ့တွေက အသုံးဆောင် ပစ္စည်းတွေ လှူဒါန်းပေးနေပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေပါတယ်။

လက်နက်ကိုင်အဖွဲ့တခုက လူသစ်စုဆောင်းလို့ ဒေသခံတွေ လားရှိုးမြို့ပေါ်ကိုထွက်ပြေး

တအန်း(တအောင်း) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်
TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဖုန်းဆက်မေးကြည့်တော့

” မူဝါဒ အရတော့ တအိမ်တယောက် စစ်မှုထမ်းရမယ်ဆိုတာတော့ ရှိတယ် ဒါပေမယ့် ခုကိစ္စတော့ မသိရသေးဘူးလို့ ” ဖြေပါတယ်။

ကျေးရွာသားတွေကတော့ ရွာပြန်ရင်လည်း လုံခြုံမှု မရှိမှာကို စိုးရိမ်နေကြသလို ရခိုင်ပြည်နယ်မှာ တကျော့ပြန်ဖြစ်ခဲ့တဲ့ Covid-19 ရောဂါကြောင့် ရန်ကုန်အပါအဝင် နယ်တချို့မှာ ပျံ့နှံ့လာတဲ့အတွက်လည်း စိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။

 

 

ကျေးရွာသားတွေဟာ ၁၉၉၅ ဒေသတွင်းစစ်ပွဲကြောင့် ပန်ခမ်ကျေးရွာက ထွက်ပြေးခဲ့ကြဘူးပြီး အခုတခါလည်း လူသစ်စုဆောင်းနေမှုကြောင့် ဒုတိယ အကြိမ်ပြန်လည် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

#voiceofmyanmar #VOM #လားရှိုး #စစ်သားစုဆောင်း

Zawgyi

လက္နက္ကိုင္အဖြဲ႕တခုက လူသစ္စုေဆာင္းလို႔ ေဒသခံေတြ လားရႈိးၿမိဳ႕ေပၚကိုထြက္ေျပး

လားရႈိး-စက္တင္ဘာ ၂-၂၀၂၀
သူရဟိန္း (VOM)

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕ ေနာင္ေဖါ့ ေက်း႐ြာအုပ္စု ပန္ခမ္း၊နမ့္မိုစြမ္ နဲ႔ နမ့္ဖတ္အြမ္ ေက်း႐ြာေတြက ႐ြာသားေတြ ဟာ လက္နက္ကိုင္ အဖြဲ႕စည္းတခုက လူသစ္စုေဆာင္းေနလို႔ဆိုၿပီး လားရႈိးၿမိဳ႕ မန္ဆူရွမ္းဘုန္းႀကီးေက်ာင္းကို စက္တင္ဘာ၁ရက္မေန႔ညက ထြက္ေျပးတိမ္းေရွာင္ လာၾကပါတယ္။

“တအာင္းအဖြဲ႕က လူအကူညီေတာင္းလာတယ္၊ တ႐ြာ လူဘယ္ႏွစ္ေယာက္ ဆိုၿပီးသူတို႔လည္း မေျပာဘူးေလ ၿပီးေတာ့႐ြာသူ႐ြာသား ဘယ္သူ႔ကို လက္ညိဳးထိုးရမလဲ မေကာင္းဘူးေလ သူတို႔ မေန႔က ႐ြာကိုဝင္လာခဲ့မယ္လို႔ ေျပာတယ္ ကြၽန္ေတာ္တို႔ သတင္းၾကားတာနဲ႔ ထြက္ေျပးလာတာပါ ကြၽန္ေတာ္တို႔ ဘဝက ေက်ာက္ၾကားထဲ ၾကက္ဥ ဝင္သြားသလိုပဲဗ် ဘယ္ဖက္လွည့္လည္းမရ ေပါက္သြားမွာ အဲ့ဒါမ်ိဳး ဒါ့ေၾကာင့္ ခုလို ထြက္ေျပးေနရတာ”လို႔ အမည္မေဖၚလိုသူ ပန္ခမ္း ေက်း႐ြာသား တဦးက ေျပာပါတယ္။

ထြက္ေျပးတိမ္းေရွာင္လာသူ ၂၁၉ ေယာက္ရွိၿပီး လတ္တေလာမွာ မန္ဆူရွမ္းေက်ာင္းေဂါပက၊ လူကယ္ျပန္ အဖြဲ႕၊ၾကက္ေျခနီ အဖြဲ႕ နဲ႔ အျခားသက္ဆိုင္ရာ အဖြဲ႕ေတြက အသုံးေဆာင္ ပစၥည္းေတြ လႉဒါန္းေပးေနၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈေတြ ေပးေနပါတယ္။

တအန္း(တေအာင္း) အမ်ိဳးသားလႊတ္ေျမာက္ေရးတပ္မေတာ္
TNLA သတင္းနဲ႔ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ကို ဖုန္းဆက္ေမးၾကည့္ေတာ့

” မူဝါဒ အရေတာ့ တအိမ္တေယာက္ စစ္မႈထမ္းရမယ္ဆိုတာေတာ့ ရွိတယ္ ဒါေပမယ့္ ခုကိစၥေတာ့ မသိရေသးဘူးလို႔ ” ေျဖပါတယ္။

ေက်း႐ြာသားေတြကေတာ့ ႐ြာျပန္ရင္လည္း လုံၿခဳံမႈ မရွိမွာကို စိုးရိမ္ေနၾကသလို ရခိုင္ျပည္နယ္မွာ တေက်ာ့ျပန္ျဖစ္ခဲ့တဲ့ Covid-19 ေရာဂါေၾကာင့္ ရန္ကုန္အပါအဝင္ နယ္တခ်ိဳ႕မွာ ပ်ံ႕ႏွံ႔လာတဲ့အတြက္လည္း စိုးရိမ္ေနၾကတယ္လို႔ ဆိုၾကပါတယ္။

ေက်း႐ြာသားေတြဟာ ၁၉၉၅ ေဒသတြင္းစစ္ပြဲေၾကာင့္ ပန္ခမ္ေက်း႐ြာက ထြက္ေျပးခဲ့ၾကဘူးၿပီး အခုတခါလည္း လူသစ္စုေဆာင္းေနမႈေၾကာင့္ ဒုတိယ အႀကိမ္ျပန္လည္ ထြက္ေျပးတိမ္းေရွာင္ေနရတာ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

#voiceofmyanmar #VOM #လားရႈိး #စစ္သားစုေဆာင္း

Related posts

Leave a Comment

VOM News

FREE
VIEW