လွှတ်တော် (၃)ရပ်လုံးအတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်

လွှတ်တော် (၃)ရပ်လုံးအတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်

နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀
ကိုလတ် (VOM)

လွှတ်တော် (၃)ရပ်လုံးအတွက် ၂၀၂၀ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အကြောင်း နောက်ဆုံးအတည်ပြုစာရင်းကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မနေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန် ပြောခဲ့တာဖြစ်ပါတယ်။

“နောက်ဆုံး အတည်ပြုထားတဲ့ စာရင်းအရဆိုရင် လွှတ်တော် (၃)ရပ်ပေါင်းမှာဆိုရင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၆၆၈၉ ဦးနဲ့ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၈၀ ဦး ဖြစ်ပါတယ်။ စုစုပေါင်းဆိုရင် ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော်သုံးရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦးဟာ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရကြပါတယ်”လို့ ဦးမြင့်နိုင်ကပြောပါတယ်။

အဲ့ဒီစာရင်းမှာ ပြည်သူ့လွှတ်တော်အတွက် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈၆၃ ဦးနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၁ ဦး ပါဝင်ပါတယ်။

အမျိုးသားလွှတ်တော်အတွက် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၄၇ ဦးနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၉ ဦးရှိတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက်ကတော့ နိုင်ငံရေးပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၈၄၇ ဦးရှိပြီး တိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ်အတွက်ကတော့ ၂၁၂ ဦးရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က‌ပြောကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi


ကိုလတ် (VOM)







Related posts

Leave a Comment

VOM News

FREE
VIEW