Facebookအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကာလမှာ အမုန်းစကားနဲ့ သတင်းမှားတွေကို တိုးမြှင့်ဖယ်ရှားမယ်

Facebookအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကာလမှာ အမုန်းစကားနဲ့ သတင်းမှားတွေကို တိုးမြှင့်ဖယ်ရှားမယ်

နယူးယောက်၊ စက်တင်ဘာ-၂-၂၀၂၀
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်မှုကို လှုံ့ဆော်အားပေးတဲ့ သတင်းအမှား ဖြန့်ဝေတာတွေ၊ အမုန်းစကားတွေနဲ့ အကြောင်းအရာတွေကို ထောက်လှမ်းဖယ်ရှားတာတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ Facebook က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပျက်စီးစေနိုင်တဲ့ သတင်းမှားတွေနဲ့ အတည်မပြုနိုင်တဲ့ ကောလဟာတွေကို ယခုအချိန်ကစပြီး နိုဝင်ဘာ ၂၂ ရက်အထိ ဖယ်ရှားသွားမယ်လို့ Facebook ကပြောပါတယ်။

ဥပမာအားဖြင့် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တစ်ဦးဟာ မြန်မာနိုင်ငံသားမဟုတ်ဘူး၊ ဘင်္ဂါလီတစ်ဦးဖြစ်တယ်။ အဲဒါကြောင့် ကိုယ်စားလှယ်လောင်းအရည်အချင်းမပြည့်မီဘူးဆိုပြီး မှားယွင်းတဲ့စွပ်စွဲမှုတွေကို ဖယ်ရှားသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး Facebook ဟာဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး အကြမ်းဖက်မှုတွေပိုမိုဆိုးရွားစေတဲ့ အမုန်းစကားတွေပြန့်နှံ့မှုမှာ Facebook ရဲ့ပလက်ဖောင်းက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ကုလသမဂ္ဂစုံးစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ဒါပေမယ့် Facebook ကတော့ အမုန်းစကားဖြန့်ဝေမှုတွေကို ရပ်တန့်ဖို့လုပ်ဆောင်နေတယ်လို့ ကာလရှည်ပြောဆိုနေခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ တရားဝင်ပေ့ချ်တွေ ဟုတ်မဟုတ်အတည်ပြုနိုင်ဖို့အတွက် မြန်မာနိုင်ငံက မိတ်ဖက်အဖွဲ့နှစ်ဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ Facebook ကဆိုပါတယ်။

သတင်းအချက် အလက်တွေကို စစ်ဆေးဖို့အတွက်ကတော့ BOOM, AFP Fact Check and Fact Crescendo ဆိုတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာပါ။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #နယူးယောက်

Zawgyi

Facebookအေနနဲ႔ ျမန္မာ႔ေရြးေကာက္ပြဲကာလမွာ အမုန္းစကားနဲ႔ သတင္းမွားေတြကို တိုးျမွင္႔ဖယ္ရွားမယ္

နယူးေယာက္၊ စက္တင္ဘာ-၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ျမန္မာနိုင္ငံမွာ နို၀င္ဘာလမွာက်င္းပမယ္႔ ေရြးေကာက္ပြဲကာလအတြင္း အၾကမ္းဖက္မႈကို လႈ႔ံေဆာ္အားေပးတဲ႔ သတင္းအမွား ျဖန္႔ေ၀တာေတြ၊ အမုန္းစကားေတြနဲ႔ အေၾကာင္းအရာေတြကို ေထာက္လွမ္းဖယ္ရွားတာေတြကို တုိးျမွင္႔လုပ္ေဆာင္သြားမယ္လို႔ Facebook က စက္တင္ဘာ ၁ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

ေရြးေကာက္ပြဲလုပ္ငန္းစဥ္ကို ပ်က္စီးေစနုိင္တဲ႔ သတင္းမွားေတြနဲ႔ အတည္မျပဳနုိင္တဲ႔ ေကာလဟာေတြကို ယခုအခ်ိန္ကစျပီး နို၀င္ဘာ ၂၂ ရက္အထိ ဖယ္ရွားသြားမယ္လို႔ Facebook ကေျပာပါတယ္။

ဥပမာအားျဖင္႔ ေရြးေကာက္ပြဲ၀င္မယ္႔ ကိုယ္စားလွယ္တစ္ဦးဟာ ျမန္မာနိုင္ငံသားမဟုတ္ဘူး၊ ဘဂၤါလီတစ္ဦးျဖစ္တယ္။ အဲဒါေၾကာင္႔ ကိုယ္စားလွယ္ေလာင္းအရည္အခ်င္းမျပည္႔မီဘူးဆိုျပီး မွားယြင္းတဲ႔စြပ္စြဲမႈေတြကို ဖယ္ရွားသြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္မွာျဖစ္ပြားခဲ႔တဲ႔ ဘဂၤါလီအေရးနဲ႔ပတ္သက္ျပီး Facebook ဟာေ၀ဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ႔ရျပီး အၾကမ္းဖက္မႈေတြပိုမိုဆိုးရြားေစတဲ႔ အမုန္းစကားေတြျပန္႔နွံ႕မႈမွာ Facebook ရဲ႕ပလက္ေဖာင္းက အဓိကအခန္းက႑ကေန ပါ၀င္ခဲ႔တယ္လို႔ ကုလသမဂၢစံုးစမ္းစစ္ေဆးသူေတြက ေျပာပါတယ္။

ဒါေပမယ္႔ Facebook ကေတာ႔ အမုန္းစကားျဖန္႔ေ၀မႈေတြကို ရပ္တန္႔ဖို႔လုပ္ေဆာင္ေနတယ္လို႔ ကာလရွည္ေျပာဆိုေနခဲ႔ပါတယ္။

နိုင္ငံေရးပါတီေတြရဲ႕ တရား၀င္ေပ႔ခ်္ေတြ ဟုတ္မဟုတ္အတည္ျပဳနုိင္ဖို႔အတြက္ ျမန္မာနုိင္ငံက မိတ္ဖက္အဖြဲ႔နွစ္ဖြဲ႔နဲ႔အတူ ပူးေပါင္းလုပ္ေဆာင္ေနတယ္လို႔ Facebook ကဆိုပါတယ္။

သတင္းအခ်က္ အလက္ေတြကို စစ္ေဆးဖို႔အတြက္ကေတာ႔ BOOM, AFP Fact Check and Fact Crescendo ဆိုတဲ႔အဖြဲ႔ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္မွာပါ။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #နယူးေယာက္

Related posts

Leave a Comment

VOM News

FREE
VIEW