ကိုဗစ် ရောဂါ ထပ်မံမပြန့်ပွားစေဖို့အတွက် ပြည်သူတွေအပြင်ထွက်တာ ပြန်လည်ထိန်းချုပ်ပေးဖို့လိုနေ

ကိုဗစ် ရောဂါ ထပ်မံမပြန့်ပွားစေဖို့အတွက် ပြည်သူတွေအပြင်ထွက်တာ ပြန်လည်ထိန်းချုပ်ပေးဖို့လိုနေ ရန်ကုန်၊ စက်တင်ဘာ ၇-၂၀၂၀ ယဉ်ပပထွန်း (VOM) ဓာတ်ပုံ – ရွှေအင်းသား ခင်မောင်ဝင်း Covid _ 19 ရောဂါနဲ့ပတ်သက်ပြီး ထပ်မံပြန့်ပွားမူမဖြစ်ပေါ်စေဖို့အတွက် ပြည်သူတွေအပြင်ထွက်တာ ပြန်လည်ထိန်းချုပ်ပေးဖို့လိုပါတယ်လို့ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာန ပါမေက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOM ကိုပြောပါတယ်။ ” ဆေးရုံမှာကြိုတင်ပြင်ဆင်တဲ့ကိစ္စက အပြင်မှာဘယ်လောက်များလဲဆိုတဲ့ကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ပြည်သူတွေကို အပြင်ထွက်တာ ပြန်လည်ထိန်းချုပ်ပေးဖို့ပြောချင်ပါတယ် ။ ထွက်နေတာကို ထိုင်စောင့်ကြည့်ပြီးတော့ လက်ခံနေမယ်ဆိုရင် မပြီးတော့ဘူး၊ Covid -19 ရောဂါက အပြင်မှာ ပြန်ပွားနေတာဖြစ်တဲ့အတွက် ထိန်းချုပ်နိုင်ဖို့ကအရေးကြီးသလို အပြင်ကပြန့်ပွားမူကို မထိန်းချုပ်နိုင်ရင် ပထမဆုံး ဆေးရုံတွေထိမှာ” လို့ဒေါက်တာမော်မော်ဦးကပြောပါတယ်။ လက်ရှိမှာတော့ ရန်ကုန်ဆေးရုံကြီးကို သံသယလူနာတွေ ထားရှိနိုင်ရန်ကိုလည်း အခန်းတွေ တိုးချဲ့ပြင်ဆင်ထားတာတွေရှိနေတယ်လို့သိရပါတယ်။ ” ပထမ လူနာများတုန်းက ခက်ခဲတာပေါ့ ။…

Read More

မန္တလေးမှာနေတဲ့ မြန်မာနိုင်ငံသားတရုတ်လူမျိုးတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိကြသလား

မန္တလေးမှာနေတဲ့ မြန်မာနိုင်ငံသားတရုတ်လူမျိုးတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိကြသလား မန္တလေး ၊ စက်တင်ဘာ ၆-၂၀၂၀ လဲ့လဲ့ဝင်း(VOM) ဓာတ်ပုံ – ရှိုင်းအောင်(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေ စိတ်ဝင်စားမှုရှိမရှိ VOM က လိုက်မေးကြည့်တဲ့အခါ ၁၀ ဦးမှာ ၇ ဦးလောက်က စိတ်မဝင်စားကြတာကိုတွေ့ရပါတယ်။ ချမ်းအေးသာစံမြို့နယ်က ခေါက်ဆွဲဆိုင်ပိုင်ရှင် တရုတ်လူမျိုးတယောက်ကတော့ “ကျနော့်ခေါက်ဆွဲဆိုင်ရောင်းရဖို့က ပိုအရေးကြီးတယ်လေ၊ တက်လာတဲ့ အစိုးရက ကျနော့်အစိုးရပါ ၊ မဲပေးဖို့မလိုပါဘူး တက်လာတဲ့အစိုးရကိုချစ်မှာပါ” လို့ ပြောပါတယ်။ အောင်မြေသာစံမြို့နယ်ထဲမှာနေတဲ့ တရုတ်လူမျိုးနောက်တယောက်ကလည်း “ မြန်မာနိုင်ငံရေးကို မသိဘူးလေ၊ မဲပေးမှားမှာကြောက်လို့ မပေးတော့ဘူး”လို့ ပြောပါတယ်။ ချမ်းအေးသာစံမြို့နယ်ထဲက တရုတ်လူမျိုးတစ်ဦးကတော့ “ဒုက္ခတွေများမှာစိုးလို့ စိတ်မဝင်စားမိဘူး” လို့ ပြောပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်မှာနေတဲ့ တရုတ်လူမျိုး ကိုသိန်းဝင်းက…

Read More

ရခိုင်အမျိုးသားပါတီအတွင်း သဘောထားကွဲလွဲမှုကြောင့် ပါတီဝင် (၄) ဦးကို ထုတ်ပယ်

ရခိုင်အမျိုးသားပါတီအတွင်း သဘောထားကွဲလွဲမှုကြောင့် ပါတီဝင် (၄) ဦးကို ထုတ်ပယ် စစ်တွေ၊ စက်တင်ဘာ ၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီ (ANP) ပါတီအတွင်းမှာ ကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ ပတ်သက်ပြီး ပါတီတွင်းသဘောထားကွဲလွဲမှုတွေကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ပါတီဝင် (၄)ဦးကို ANP ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ ANPပါတီက ထုတ်ပယ်လိုက်တဲ့ ပါတီဝင်တွေမှာ မောင်တောမြို့နယ်၊ မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်သန်း၊ ဒုဥက္ကဌလည်းဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးမောင်အုန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဘူးသီးတောင်မြို့နယ် ပါတီ အတွင်းရေးမှူး ဦးမောင်ကျော်ဇံနဲ့ မြို့နယ်အလုပ်မှုဆောင်ကော်မတီဝင် ဦးကျော်ကျော်ဝင်း တို့ဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှပြောတာက” ပါတီက ကိုယ်စားလှယ်ရွေးချယ်တဲ့အခါမှာ မပါခဲ့တဲ့ ပါတီဝင်တစ်ယောက်ဟာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်လို့မရဘူးဆိုပြီး ပါတီမှာ စည်းကမ်းသတ်မှတ်ချက်တွေချထားတာရှိပါတယ်။ သူတို့က အဲဒါကို…

Read More

ဂျပန်မှာ အင်အားပြင်းမုန်တိုင်းကြောင့် လူတစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်

ဂျပန်မှာ အင်အားပြင်းမုန်တိုင်းကြောင့် လူတစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ် တိုကျို၊ စက်တင်ဘာ-၆-၂၀၂၀ မျိုးဆက် (VOM) ဂျပန်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်းတိုက်ဖွန်းမုန်တိုင်း ဟိုင်ရှန်ချဉ်းကပ်လာတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်ပြီး စံချိန်တင်မိုးရွားသွန်းမှု၊ မကြုံစဖူးလေပြင်းတိုက်တာတွေနဲ့ လှိုင်းကြီးမှုတွေနဲ့ပတ်သက်ပြီး သတိပေးတာတွေ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတောင်ပိုင်းရှိ အိုကီနာဝါ၊ ကာဂိုရှီးမား၊ ကူမာမိုတိုနဲ့ နာဂါဆာကီ ပြည်နယ်တွေက လူတစ်သိန်းကျော်ကို ဘေးလွတ်ရာ ချက်ချင်းရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။ တိုက်ဖွန်းမုန်တိုင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီး အရေးပေါ်တုံ့ပြန်မှုတွေကို ဆွေးနွေးဖို့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေဟာ ညနေ ၄ နာရီမှာ အစည်းအဝေးတစ်ရပ်ကျင်းပသွားမှာဖြစ်ပါတယ်။ မုန်တိုင်းကြောင့် အိုကီနာဝါက နေအိမ် သုံးထောင်ကျော်လောက်နဲ့ တောင်ဘက်စွန်းပိုင်းက အမာမီအိုရှီးမာပြည်နယ်က နေအိမ်ရှစ်ထောင်ကျော်လောက်ဟာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေတယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။ မုန်တိုင်းဖြတ်သန်းတိုက်ခတ်မယ့် ဒေသတစ်လျှောက်မှာ စံချိန်တင်လေတိုက်နှုန်းနဲ့ လှိုင်းကြီးမှုတွေဖြစ်ပေါ်လိမ့်မယ်လို့ မိုးလေဝသဌာနတာဝန်ရှိသူတစ်ဦးက…

Read More

စစ်တွေဆေးရုံကြီးမှာ ကိုဗစ်ရောဂါလက္ခဏာပြင်းထန်သူ (၅) ဦးရှိ

စစ်တွေဆေးရုံကြီးမှာ ကိုဗစ်ရောဂါလက္ခဏာပြင်းထန်သူ (၅) ဦးရှိ စစ်တွေ၊ စက်တင်ဘာ ၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ အများဆုံးရှိတဲ့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ် – ၁၉ ရောဂါလက္ခနာပြင်းထန်သူ (၅) ဦးရှိပြီး လက်ရှိ ပိုးတွေ့လူနာတွေထဲမှာ ရောဂါလက္ခဏာမပြဘဲ ပို့တွေ့ရှိထားသူ အများစုပါဝင်တယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားတဲ့ ရာနဲ့ချီ ပိုးတွေ့လူနာတွေထဲမှာ သက်ကြီးပိုင်း ဆီးချို၊ နှလုံးနဲ့ အဆုတ် ရောဂါဝေဒနာခံစားနေရသူတွေပါဝင်တယ်လို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။ #VOICEOFMYANMAR #VOM #စစ်တွေ Zawgyi စစ်တွေဆေးရုံကြီးမှာ ကိုဗစ်ရောဂါလက္ခဏာပြင်းထန်သူ (၅) ဦးရှိ စစ်တွေ၊ စက်တင်ဘာ ၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ အများဆုံးရှိတဲ့ စစ်တွေမြို့…

Read More

ခိုးထုတ်သစ်တွေ တင်လာတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် ၄ စီး ဖမ်းဆီးရမိ

ခိုးထုတ်သစ်တွေ တင်လာတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် ၄ စီး ဖမ်းဆီးရမိ မုံရွာ၊ စက်တင်ဘာ ၆-၂၀၂၀ ခင်မေစန်း(VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပအမျိုးသားဥယာဉ် ဧရိယာမှာ တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် ၄ စီးကို စက်တင်ဘာ ၄ရက်နေ့ ညပိုင်းက ဖမ်းမိခဲ့တယ်လို့ အမျိုးသားဥယာဉ်အုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။ ကနီမြို့နယ်၊ လာဘို့ဘက်ကနေ ယာကြီးဘက်ကိုဖြတ်မောင်းလာတဲ့ အန်စာတုံးအဖြူရောင် ယာဉ်တစ်စီးဟာ မိုင်တိုင်-၅၂အနီးမှာ ကားဘီးပေါက်လို့ရပ်ထားတာကို အလောင်းတော်ကဿပအမျိုးသားဥယာဉ် ကင်းလှည့်ဝန်ထမ်းတွေက တွေ့ရှိတဲ့အတွက် စစ်ဆေးခဲ့ရာ တရားမဝင်တင်ဆောင်ထားတဲ့ ပိတောက်သစ်ခွဲချောင်း စုစုပေါင်းအလေးချိန် နှစ်တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားဥယာဉ်အုပ်ချုပ်ရေးရုံး ဦးစီးအရာရှိ ဦးအောင်မောင်းကပြောပါတယ်။ “ကနီသစ်တောအပိုင် အမျိုးသားဥယာဉ်အပိုင်ကနေ ခိုးထုတ်ထားတဲ့သစ်တွေကို ညဘက် သယ်ယူလာချိန်မှာ ဥယာဉ်စောင့်ကင်းနဲ့တိုးပြီး ဖမ်းမိတယ်၊ ဆိုင်ကယ်တွေ အစုအဖွဲ့နဲ့ ပိတောက်တုံးတွေတင် ညအချိန်ခိုးထုတ်ကြတယ်”လို့ ဦးအောင်မောင်းကပြောပါတယ်။ စက်တင်ဘာ…

Read More

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဇနီးဖြစ်သူ ကိုဗစ်ကူးစက်ခံရမှု သက်ဆိုင်ရာကျန်းမာရေးဌာနက နောက်ကြောင်းလိုက်နေရ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဇနီးဖြစ်သူ ကိုဗစ်ကူးစက်ခံရမှု သက်ဆိုင်ရာကျန်းမာရေးဌာနက နောက်ကြောင်းလိုက်နေ ရန်ကုန်၊ စက်တင်ဘာ ၆-၂၀၂၀ အေးချမ်းသူ(VOM) သာကေတမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဇနီးဖြစ်သူမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ကိစွနဲ့ ပတ်သက်ပြီး ဆက်စပ်မှုနောက်ကြောင်းကို ကျန်းမာရေးဌာနက လိုက်နေတယ်လို့ သာကေတပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်ကပြောပါတယ်။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ မနေ့(စက်တင်ဘာလ ၅ရက် ) ည ၈ နာရီထုတ်ပြန်ချက်မှာ သာကေတမြို့နယ်က ကိုဗစ်အတည်ပြု လူနာအသစ် ၂ဦး ပါဝင်ခဲ့ရာ သူ့ရဲ့ဇနီးဖြစ်သူပါဝင်တယ်လို့ ပြောပါတယ်။ ” သူဘယ်လို ကူးစက်ခံရလဲဆိုတဲ့ ဆက်စပ်မှုကိုတော့ သက်ဆိုင်ရာ ကျန်းမာရေးဌာနကလိုက်နေတယ်။ ကျွန်တော်တို့လည်း သိပ်မသိရသေးဘူးပေါ့နော်။ ကျွန်တော်ကတော့ နေပြည်တော်မှာစစ်တာ Negative ထွက်တယ်။ လွှတ်တော်အလုပ်ကိစ္စတွေရှိတော့ မအားကြတော့ဘူး။ ကျွန်တော်က ကိုယ့်အိမ်မှာကိုယ်နေပြီး သူကိုတော့ ယောက်ခမအိမ်မှာ ပို့ထားတာပါ “လို့ ဒေါက်တာဝေဖြိုးအောင်ကပြောပါတယ်။ လက်ရှိအခြေအနေမှာတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဇနီးဖြစ်သူရဲ့…

Read More

ကေတီဗီ နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို ရှောင်တခင်ဝင်ဖမ်းတာမှာ အမှုပေါင်း(၈၅၆)မှုနဲ့ ကျူးလွန်သူပေါင်း(၂၀၀၀)နီးပါးရှိ

ကေတီဗီ နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို ရှောင်တခင်ဝင်ဖမ်းတာမှာ အမှုပေါင်း(၈၅၆)မှုနဲ့ ကျူးလွန်သူပေါင်း(၂၀၀၀)နီးပါးရှိ မုံရွာ ၊ စက်တင်ဘာ ၆-၂၀၂၀ ကိုတိုးကြီး(VOM) ကမ္ဘာ့ကူးဆက်မြန် ကိုဗစ်-၁၉ကပ်ရောဂါ ကူးဆက်ပြန့်ပွားမှုမရှိဖို့အတွက် ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းတွေအရ KTV – BAR ၊ အနှိပ်ခန်း နဲ့ ပြည်တန်ဆာလုပ်ငန်းတွေ မဖွင့်ဖို့ တားမြစ်ထားတာကို လိုက်နာမှုမရှိတဲ့အတွက် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမှုပေါင်း ၈၅၆မှု ၊ ပစ်မှုကျူးလွန်သူ ၂၀၀၀နီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးကနေ သိရပါတယ်။ “ အဲ့ဒီအရေးအတွက်ဟာ တနိုင်ငံလုံးမှာ စက်တင်ဘာ ၁ ရက်နေ့ကနေ စပြီး ဖမ်းဆီးရရှိတဲ့ အရေအတွက်ဖြစ်တယ် ၊ ဆက်လက်ပြီးတော့လည်း ဖမ်းဆီးနေတယ် ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၈၈) နဲ့ အမှုဖွင့် အရေးယူတာဖြစ်တယ်၊ ကျူးလွန်သူ အရေအတွက်က ကျား –…

Read More

ခြံအမှတ်-၅၄ကို ဒေါ်အောင်ဆန်းစုကြည်မလာတာ အတော်ကြာပြီဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ NLDပါတီဗဟိုကအတည်ပြု

ခြံအမှတ်-၅၄ကို ဒေါ်အောင်ဆန်းစုကြည်မလာတာ အတော်ကြာပြီဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ NLDပါတီဗဟိုကအတည်ပြု နေပြည်တော်၊ စက်တင်ဘာ ၆-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ်-၅၄ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မလာရောက်‌တာ အတော်လေးကြာနေပြီး နေပြည်တော်ကောင်စီနယ်မြေ NLD ရုံးချုပ် ပန္နတင်မင်္ဂလာအခမ်းအနား မတိုင်မီကတည်းကဖြစ်တဲ့အတွက် စိုးရိမ်ဖွယ်မရှိဘူးလို့ NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က VOMကို ပြောပါတယ်။ ခြံအမှတ်-၅၄မှာ နေထိုင်သူတွေကို တို့ပတ်နနူနာယူ စစ်ဆေးချက်တွေအရ နေထိုင်သူနှစ်ဦးဆီကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးတွေ့ရှိထားတာဖြစ်တယ်လို့လည်း ပြောပါတယ်။ “ခြံထဲမှာအမြဲနေတဲ့ ကိုဌေးက လူနာမည် သေချာတယ်။ ကျန်တစ်ယောက်က နာမည်မသိရသေးဘူး။ ဒို့လည်း စုံစမ်းနေဆဲပဲ”လို့ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။ စက်တင်ဘာ ၆ ရက် မနက် ၈ နာရီခွဲက ‌ကျန်းမာ‌ရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်ပိုးတွေ့လူနာ ၆၆ ဦးထဲမှာ ရန်ကုန်တိုင်း‌၊ ဗဟန်းမြို့နယ်၊ အိမ်အမှတ် ၅၄…

Read More

တပ်မတော်အရာရှိဟန်ဆောင်ပြီး သေနတ်ပြခြိမ်းခြောက်သူ ၂ဦးကို ဖမ်းဆီးရမိ

တပ်မတော်အရာရှိဟန်ဆောင်ပြီး သေနတ်ပြခြိမ်းခြောက်သူ ၂ဦးကို ဖမ်းဆီးရမိ ပြည်၊ စက်တင်ဘာ ၆-၂၀၂၀ ဂျန်ကိုးလ် (VOM) ပဲခူးအနောက်ခြမ်း၊ ပြည်မြို့မှာ တပ်မတော်အရာရှိဟန်ဆောင်ပြီး သေနတ်ပြခြိမ်းခြောက် ခဲ့သူကို မနေ့ စက်တင်ဘာ ၅ရက်နေ့က ဖမ်းဆီးရမိတယ်ခဲ့တယ်လို့ ပြည်မြို့ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ စက်တင်ဘာ ၄ရက်နေ့ ညပိုင်းက ပြည်မြို့၊ မြင်းတပ်လမ်း၊ တရုတ်စုရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူရဲ့မိခင်အိမ်ရှေ့မှာရှိနေချိန် Toyota ဆလွန်းကားအဖြူရောင်စီးလာသူ မောင်ဖြိုးဝေလွင်ဆိုသူနဲ့ မောင်သူရလွင်တို့၂ဦးဟာ အဲ့ဒီအမျိုးသားကို သေနတ်ပြခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို သေနတ်ပြခြိမ်းခြောက်ခဲ့သူတွေကို ပြည်မြို့၊ ပြည်သာယာအောင်ချမ်းသာ ၁ရပ်ကွက်က ကမ္ဘာ့ဘဏ်လမ်းက နေအိမ်မှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သန်းဇော်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ”လူတွေစိုးရိမ်နေသလို အဖွဲ့အစည်းတွေနဲ့ပတ်သက်တာ ဟိုအဖွဲ့ဒီအဖွဲ့မဟုတ်ပါဘူး၊ အယောင်ဆောင်တာပေါ့၊ ကိုယ့်ကိုကိုယ် ဗိုလ်မှူးဆိုတဲ့အရှိန်အဝါကို စစ်ထွက်လည်းမဟုတ်ဘူး၊ စစ်သားလည်း မဟုတ်ဘူး၊ ဗိုလ်သင်တန်းကိုတော့ တစ်ခါလောက်ဆေးစစ်ဖူးတယ်၊ ဒါလောက်ကို အယောင်ဆောင်ပြီး…

Read More
VOM News

FREE
VIEW