မန္တလေးမှာနေတဲ့ မြန်မာနိုင်ငံသားတရုတ်လူမျိုးတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိကြသလား

မန္တလေးမှာနေတဲ့ မြန်မာနိုင်ငံသားတရုတ်လူမျိုးတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိကြသလား

မန္တလေး ၊ စက်တင်ဘာ ၆-၂၀၂၀
လဲ့လဲ့ဝင်း(VOM)
ဓာတ်ပုံ – ရှိုင်းအောင်(VOM)

လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေ စိတ်ဝင်စားမှုရှိမရှိ VOM က လိုက်မေးကြည့်တဲ့အခါ ၁၀ ဦးမှာ ၇ ဦးလောက်က စိတ်မဝင်စားကြတာကိုတွေ့ရပါတယ်။

ချမ်းအေးသာစံမြို့နယ်က ခေါက်ဆွဲဆိုင်ပိုင်ရှင် တရုတ်လူမျိုးတယောက်ကတော့ “ကျနော့်ခေါက်ဆွဲဆိုင်ရောင်းရဖို့က ပိုအရေးကြီးတယ်လေ၊ တက်လာတဲ့ အစိုးရက ကျနော့်အစိုးရပါ ၊ မဲပေးဖို့မလိုပါဘူး တက်လာတဲ့အစိုးရကိုချစ်မှာပါ” လို့ ပြောပါတယ်။

အောင်မြေသာစံမြို့နယ်ထဲမှာနေတဲ့ တရုတ်လူမျိုးနောက်တယောက်ကလည်း “ မြန်မာနိုင်ငံရေးကို မသိဘူးလေ၊ မဲပေးမှားမှာကြောက်လို့ မပေးတော့ဘူး”လို့ ပြောပါတယ်။

ချမ်းအေးသာစံမြို့နယ်ထဲက တရုတ်လူမျိုးတစ်ဦးကတော့ “ဒုက္ခတွေများမှာစိုးလို့ စိတ်မဝင်စားမိဘူး” လို့ ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာနေတဲ့ တရုတ်လူမျိုး ကိုသိန်းဝင်းက “မြန်မာနိုင်ငံက လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်လေ၊ ဒါကြောင့် ငါတရားဝင်နိုင်ငံသားဖြစ်လို့ ငါမဲပေးပိုင်ခွင့်ရှိတယ်၊ အဲဒါကြောင့်မဲပေးမယ်” လို့ ဆိုသလို အောင်မြေသာစံမြို့နယ်ထဲမှာနေတဲ့ ကိုအောင်အောင်ကလည်း “တိုင်းပြည် အနာဂတ်အတွက် မဲပေးဖြစ်အောင်ပေးမယ်လို့” ဆိုပါတယ်။

ဒါပေမယ့် ခုမှ အသက် ၁၈ နှစ်ပြည့်ပြီးလို့ မဲပေးခွင့်ရသူ ကျောင်းသူတယောက်ကတော့ ရွေးကောက်ပွဲရှိတာတော့သိပြီး သူမဲပေးခွင့်ရမရ သွားမစစ်ဖြစ်တဲ့အကြောင်း “ အယ် မဲပေးရမယ်ဆိုတာ သိတောင်မသိဘူး၊ မဲစာရင်းစစ်ရမယ်ဆိုတာလည်း မသိဘူးလေ” လို့ ပြောပါတယ်။

နောက်ထပ်တရုတ်အမျိုးသမီးငယ်တယောက်ကလည်း “ ကျမမဲပေးခွင့်ရတာတော့သိတယ် ၊ ဒါပေမယ့် ဘယ်ပါတီကို ရွေးရမလဲ မသိဘူး၊ မန္တလေးမှာနေတော့ သိတာက အန်အယ်လ်ဒီတခုပဲသိတယ် ၊ တခြားရွေးရမယ့်ဟာတွေမသိဘူး၊ နောက်ပြီး ကိုဗစ်ရောဂါလည်းဖြစ်နေတော့ သွားပေးဖြစ်မယ်မထင်ဘူး” လို့ ပြောပါတယ်။

တရုတ်မြန်မာချစ်ကြည်ရေးအသင်း တာဝန်ရှိသူတစ်ဦးကို တရုတ်လူမျိုးတွေ ဘာ့ကြောင့် ရွေးကောက်ပွဲကို စိတ်မဝင်စားကြသလဲလို့ မေးကြည့်တော့ ” အများစုက စီးပွားရေးပဲ အာရုံစိုက်ကြတာများတာ နိုင်ငံရေးကို သိပ်စိတ်မဝင်စားကြတာကြောင့်ပါ” လို့ သူ့အမြင်ကို ပြောပါတယ်။

မဲပေးခွင့်ရှိပါလျှက် မဲမပေးဘဲနေတဲ့ တရုတ်လူမျိုးတွေကို နိုင်ငံရေးပါတီတွေက စည်းရုံးဖို့မေ့နေကြပါတယ်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ နေရာက ပြည်သူ့ပါတီကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နိုင်နိုင်မော်က
“ကျမတို့ ချမ်းအေးသာစံမှာ အနေကြာပြီးမဲပေးခွင့်ရှိတဲ့ တရုတ်နိုင်ငံသားတွေအများကြီး ကျမတို့သီးသန့်စည်းရုံးဖို့မစဉ်းစားမိဘူး၊ ကျမတို့နေရာက ဒေါင်းတောင်းဧရိယာဆိုတော့ တရုတ်လူမျိုးများတယ်၊ ကျမသူတို့နဲ့တွေ့ကြည့်ဖို့ပြီး မဲပေးအောင်လုပ်ဖို့လိုပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်လူမျိုး ၂သန်းနီးပါးရှိတယ်လို့ တချို့စာရင်းဇယားတွေအရသိရပြီး မြန်မာ့လူဦးရေရဲ့ ၃ ရာနုန်းလောက်ရှိပါတယ်။

မန္တလေးမှာတော့ မန္တလေးနေလူဦးရေရဲ့ သုံးပုံတပုံလောက်ဟာ တရုတ်လူမျိုးတွေဖြစ်လို့ တရုတ်အများစုဟာ မန္တလေးမှာ နေထိုင်သူများတယ်လို့ မှတ်ချက်ပြုကြပါတယ်။

#voiceofmyanmar #VOM #မန္တလေး #တရုတ်လူမျိုး

Zawgyi

မႏၲေလးမွာေနတဲ့ ျမန္မာႏိုင္ငံသားတ႐ုတ္လူမ်ိဳးေတြ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားမႈရွိၾကသလား

မႏၲေလး ၊ စက္တင္ဘာ ၆-၂၀၂၀
လဲ့လဲ့ဝင္း(VOM)
ဓာတ္ပံု – ႐ွိဳင္းေအာင္(VOM)

လာမယ့္ ၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔မွာက်င္းပမယ့္ ျမန္မာႏိုင္ငံရဲ႕ အေထြေထြေ႐ြးေကာက္ပြဲကိုျမန္မာႏိုင္ငံသား တ႐ုတ္လူမ်ိဳးေတြ စိတ္ဝင္စားမႈရွိမရွိ VOM က လိုက္ေမးၾကည့္တဲ့အခါ ၁၀ ဦးမွာ ၇ ဦးေလာက္က စိတ္မဝင္စားၾကတာကိုေတြ႕ရပါတယ္။

ခ်မ္းေအးသာစံၿမိဳ႕နယ္က ေခါက္ဆြဲဆိုင္ပိုင္ရွင္ တ႐ုတ္လူမ်ိဳးတေယာက္ကေတာ့ “က်ေနာ့္ေခါက္ဆြဲဆိုင္ေရာင္းရဖို႔က ပိုအေရးႀကီးတယ္ေလ၊ တက္လာတဲ့ အစိုးရက က်ေနာ့္အစိုးရပါ ၊ မဲေပးဖို႔မလိုပါဘူး တက္လာတဲ့အစိုးရကိုခ်စ္မွာပါ” လို႔ ေျပာပါတယ္။

ေအာင္ေျမသာစံၿမိဳ႕နယ္ထဲမွာေနတဲ့ တ႐ုတ္လူမ်ိဳးေနာက္တေယာက္ကလည္း “ ျမန္မာႏိုင္ငံေရးကို မသိဘူးေလ၊ မဲေပးမွားမွာေၾကာက္လို႔ မေပးေတာ့ဘူး”လို႔ ေျပာပါတယ္။

ခ်မ္းေအးသာစံၿမိဳ႕နယ္ထဲက တ႐ုတ္လူမ်ိဳးတစ္ဦးကေတာ့ “ဒုကၡေတြမ်ားမွာစိုးလို႔ စိတ္မဝင္စားမိဘူး” လို႔ ေျပာပါတယ္။

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွာေနတဲ့ တ႐ုတ္လူမ်ိဳး ကိုသိန္းဝင္းက “ျမန္မာႏိုင္ငံက လြတ္လပ္ခြင့္နဲ႔ ဒီမိုကေရစီႏိုင္ငံ ျဖစ္တယ္ေလ၊ ဒါေၾကာင့္ ငါတရားဝင္ႏိုင္ငံသားျဖစ္လို႔ ငါမဲေပးပိုင္ခြင့္ရွိတယ္၊ အဲဒါေၾကာင့္မဲေပးမယ္” လို႔ ဆိုသလို ေအာင္ေျမသာစံၿမိဳ႕နယ္ထဲမွာေနတဲ့ ကိုေအာင္ေအာင္ကလည္း “တိုင္းျပည္ အနာဂတ္အတြက္ မဲေပးျဖစ္ေအာင္ေပးမယ္လို႔” ဆိုပါတယ္။

ဒါေပမယ့္ ခုမွ အသက္ ၁၈ ႏွစ္ျပည့္ၿပီးလို႔ မဲေပးခြင့္ရသူ ေက်ာင္းသူတေယာက္ကေတာ့ ေ႐ြးေကာက္ပြဲရွိတာေတာ့သိၿပီး သူမဲေပးခြင့္ရမရ သြားမစစ္ျဖစ္တဲ့အေၾကာင္း “ အယ္ မဲေပးရမယ္ဆိုတာ သိေတာင္မသိဘူး၊ မဲစာရင္းစစ္ရမယ္ဆိုတာလည္း မသိဘူးေလ” လို႔ ေျပာပါတယ္။

ေနာက္ထပ္တ႐ုတ္အမ်ိဳးသမီးငယ္တေယာက္ကလည္း “ က်မမဲေပးခြင့္ရတာေတာ့သိတယ္ ၊ ဒါေပမယ့္ ဘယ္ပါတီကို ေ႐ြးရမလဲ မသိဘူး၊ မႏၲေလးမွာေနေတာ့ သိတာက အန္အယ္လ္ဒီတခုပဲသိတယ္ ၊ တျခားေ႐ြးရမယ့္ဟာေတြမသိဘူး၊ ေနာက္ၿပီး ကိုဗစ္ေရာဂါလည္းျဖစ္ေနေတာ့ သြားေပးျဖစ္မယ္မထင္ဘူး” လို႔ ေျပာပါတယ္။

တ႐ုတ္ျမန္မာခ်စ္ၾကည္ေရးအသင္း တာဝန္ရွိသူတစ္ဦးကို တ႐ုတ္လူမ်ိဳးေတြ ဘာ့ေၾကာင့္ ေ႐ြးေကာက္ပြဲကို စိတ္မဝင္စားၾကသလဲလို႔ ေမးၾကည့္ေတာ့ ” အမ်ားစုက စီးပြားေရးပဲ အာ႐ုံစိုက္ၾကတာမ်ားတာ ႏိုင္ငံေရးကို သိပ္စိတ္မဝင္စားၾကတာေၾကာင့္ပါ” လို႔ သူ႔အျမင္ကို ေျပာပါတယ္။

မဲေပးခြင့္ရွိပါလွ်က္ မဲမေပးဘဲေနတဲ့ တ႐ုတ္လူမ်ိဳးေတြကို ႏိုင္ငံေရးပါတီေတြက စည္း႐ုံးဖို႔ေမ့ေနၾကပါတယ္။

မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္အတြက္ ခ်မ္းေအးသာစံၿမိဳ႔နယ္ မဲဆႏၵနယ္ အမွတ္ ၂ ေနရာက ျပည္သူ႔ပါတီကိုယ္စား ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ေဒၚႏိုင္ႏိုင္ေမာ္က
“က်မတို႔ ခ်မ္းေအးသာစံမွာ အေနၾကာၿပီးမဲေပးခြင့္ရွိတဲ့ တ႐ုတ္ႏိုင္ငံသားေတြအမ်ားႀကီး က်မတို႔သီးသန႔္စည္း႐ုံးဖို႔မစဥ္းစားမိဘူး၊ က်မတို႔ေနရာက ေဒါင္းေတာင္းဧရိယာဆိုေတာ့ တ႐ုတ္လူမ်ိဳးမ်ားတယ္၊ က်မသူတို႔နဲ႔ေတြ႕ၾကည့္ဖို႔ၿပီး မဲေပးေအာင္လုပ္ဖို႔လိုပါတယ္” လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ တ႐ုတ္လူမ်ိဳး ၂သန္းနီးပါးရွိတယ္လို႔ တခ်ိဳ႕စာရင္းဇယားေတြအရသိရၿပီး ျမန္မာ့လူဦးေရရဲ႕ ၃ ရာႏုန္းေလာက္ရွိပါတယ္။

မႏၲေလးမွာေတာ့ မႏၲေလးေနလူဦးေရရဲ႕ သုံးပုံတပုံေလာက္ဟာ တ႐ုတ္လူမ်ိဳးေတြျဖစ္လို႔ တ႐ုတ္အမ်ားစုဟာ မႏၲေလးမွာ ေနထိုင္သူမ်ားတယ္လို႔ မွတ္ခ်က္ျပဳၾကပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #တ႐ုတ္လူမ်ိဳး

Related posts

Leave a Comment

VOM News

FREE
VIEW