ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဇနီးဖြစ်သူ ကိုဗစ်ကူးစက်ခံရမှု သက်ဆိုင်ရာကျန်းမာရေးဌာနက နောက်ကြောင်းလိုက်နေရ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဇနီးဖြစ်သူ ကိုဗစ်ကူးစက်ခံရမှု သက်ဆိုင်ရာကျန်းမာရေးဌာနက နောက်ကြောင်းလိုက်နေ

ရန်ကုန်၊ စက်တင်ဘာ ၆-၂၀၂၀
အေးချမ်းသူ(VOM)

သာကေတမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဇနီးဖြစ်သူမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ကိစွနဲ့ ပတ်သက်ပြီး ဆက်စပ်မှုနောက်ကြောင်းကို ကျန်းမာရေးဌာနက လိုက်နေတယ်လို့ သာကေတပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်ကပြောပါတယ်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ မနေ့(စက်တင်ဘာလ ၅ရက် ) ည ၈ နာရီထုတ်ပြန်ချက်မှာ သာကေတမြို့နယ်က ကိုဗစ်အတည်ပြု လူနာအသစ် ၂ဦး ပါဝင်ခဲ့ရာ သူ့ရဲ့ဇနီးဖြစ်သူပါဝင်တယ်လို့ ပြောပါတယ်။

” သူဘယ်လို ကူးစက်ခံရလဲဆိုတဲ့ ဆက်စပ်မှုကိုတော့ သက်ဆိုင်ရာ ကျန်းမာရေးဌာနကလိုက်နေတယ်။ ကျွန်တော်တို့လည်း သိပ်မသိရသေးဘူးပေါ့နော်။ ကျွန်တော်ကတော့ နေပြည်တော်မှာစစ်တာ Negative ထွက်တယ်။ လွှတ်တော်အလုပ်ကိစ္စတွေရှိတော့ မအားကြတော့ဘူး။ ကျွန်တော်က ကိုယ့်အိမ်မှာကိုယ်နေပြီး သူကိုတော့ ယောက်ခမအိမ်မှာ ပို့ထားတာပါ “လို့ ဒေါက်တာဝေဖြိုးအောင်ကပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဇနီးဖြစ်သူရဲ့ မိသားစုဝင်တွေဟာ Facilities Quarentine ဝင်ဖို့စီစဉ်ထားတယ်လို့ ဒေါက်တာဝေဖြိုးအောင်က ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဒေါက်တာဝေဖြိုးအောင်နဲ့ အခြားလွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံမှုရှိခဲ့ပြီး သူတို့ကိုလည်း တစ်ဆင့်ခံထိတွေ့ဆက်စပ်သူတွေအဖြစ် ကွာရန်တင်းထားရှိဖို့အတွက် သက်ဆိုင်ရာကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သာကေတမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဖြိုးဝေအောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႔ ဇနီးျဖစ္သူ ကိုဗစ္ကူးစက္ခံရမႈ သက္ဆုိင္ရာက်န္းမာေရးဌာနက ေနာက္ေၾကာင္းလုိက္ေန

ရန္ကုန္၊ စက္တင္ဘာ ၆-၂၀၂၀
ေအးခ်မ္းသူ(VOM)

သာေကတၿမိဳ႕ နယ္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ ဇနီးျဖစ္သူမွာ ကိုဗစ္ေရာဂါပိုး ကူးစက္ခံခဲ့ရတဲ့ကိစြနဲ႔ ပတ္သက္ၿပီး ဆက္စပ္မႈေနာက္ေၾကာင္းကုိ က်န္းမာေရးဌာနက လုိက္ေနတယ္လို႔ သာေကတျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာေဝၿဖိဳးေအာင္ကေျပာပါတယ္။

က်န္းမာေရး ႏွင့္ အားကစား၀န္ႀကီးဌာနရဲ႔ မေန႔(စက္တင္ဘာလ ၅ရက္ ) ည ၈ နာရီထုတ္ျပန္ခ်က္မွာ သာေကတၿမိဳ႕နယ္က ကိုဗစ္အတည္ျပဳ လူနာအသစ္ ၂ဦး ပါ၀င္ခဲ့ရာ သူ႔ရဲ႔ဇနီးျဖစ္သူပါဝင္တယ္လို႔ ေျပာပါတယ္။

” သူဘယ္လို ကူးစက္ခံရလဲဆိုတဲ့ ဆက္စပ္မႈကိုေတာ့ သက္ဆိုင္ရာ က်န္းမာေရးဌာနကလိုက္ေနတယ္။ ကၽြန္ေတာ္တို႔လည္း သိပ္မသိရေသးဘူးေပါ့ေနာ္။ ကၽြန္ေတာ္ကေတာ့ ေနျပည္ေတာ္မွာစစ္တာ Negative ထြက္တယ္။ လႊတ္ေတာ္အလုပ္ကိစၥေတြရွိေတာ့ မအားၾကေတာ့ဘူး။ ကၽြန္ေတာ္က ကိုယ့္အိမ္မွာကိုယ္ေနၿပီး သူကိုေတာ့ ေယာက္ခမအိမ္မွာ ပို႔ထားတာပါ “လို႔ ေဒါက္တာေဝၿဖိဳးေအာင္ကေျပာပါတယ္။

လက္႐ွိအေျခအေနမွာေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ဇနီးျဖစ္သူရဲ႔ မိသားစုဝင္ေတြဟာ Facilities Quarentine ဝင္ဖို႔စီစဥ္ထားတယ္လို႔ ေဒါက္တာေဝၿဖိဳးေအာင္က ေျပာပါတယ္။

အခုရက္ပိုင္းအတြင္း ေဒါက္တာေဝၿဖိဳးေအာင္နဲ႔ အျခားလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေတြ႔ဆုံမႈရွိခဲ့ၿပီး သူတို႔ကိုလည္း တစ္ဆင့္ခံထိေတြ႔ဆက္စပ္သူေတြအျဖစ္ ကြာရန္တင္းထားရွိဖို႔အတြက္ သက္ဆိုင္ရာက်န္းမာေရးဌာနရဲ႔ လမ္းညႊန္ခ်က္ေတြအတိုင္း ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ သာေကတၿမိဳ႕ နယ္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာၿဖိဳးေဝေအာင္ရဲ႔ ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW