သက္ကလတိုက်နယ်ဆေးရုံက ဆရာဝန်တစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၆ ဦး ကိုဗစ်ရောဂါကူးစက်ခံရ

သက္ကလတိုက်နယ်ဆေးရုံက ဆရာဝန်တစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၆ ဦး ကိုဗစ်ရောဂါကူးစက်ခံရ

နေပြည်တော်၊စက်တင်ဘာ ၇-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလတိုက်နယ်‌ဆေးရုံက တိုက်နယ်ဆရာဝန်တစ်ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း ၆ ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ဒီကနေ့မနက် ၈နာရီ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရ သက္ကလတိုက်နယ်ဆေးရုံမှာ ကိုဗစ်ကူးစက်ခံရသူ ၈ ဦးပါတယ်လို့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

” နှစ်သုတ်စစ်ထားတာ ရှစ်ယောက် ပိုးတွေ့တယ်။ အဲ့ဒီထဲက ခြောက်ဦးက ကျန်းမာရေးဝန်ထမ်းဖြစ်နေတာပါ။ လတ်တလော တိုက်နယ်ဆေးရုံကို လော့ဒေါင်းချထားလိုက်တယ်”လို့ ကဝမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်က ပြောပါတယ်။

သက္ကလတိုက်နယ်ဆေးရုံက ကျန်းမာရေးဝန်ထမ်း သံသယလူနာတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရတာဟာ စက်တင်ဘာ ၅ ရက်နေ့က ဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒီလိုဖြစ်ပေါ်ပြီးနောက်ပိုင်း လူနာနဲ့ထိတွေ့ခဲ့သူတွေကိုနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တိုပတ်နမူနာယူ စစ်ဆေးရာ ဒီကနေ့မနက် ၈ နာရီ ဓာတ်ခွဲစမ်းသပ်ချက်အရ လူ ၈ ဦးမ‌ှာကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့ကြတဲ့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း၊ ပရဟိတအဖွဲ့ဝင်တွေ နဲ့ ပထမအဆင့်ထိတွေ့မှုရှိသူ အမျိုးသား၊ အမျိုးသမီး ၅၇ ဦးကို အခုလ ၅ ရက်နေ့နဲ့ ဒုတိယအဆင့်ထိတွေ့သူ ၇၂ ဦးကို အခုလ ၆ ရက်နေ့က နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်နမူနာယူ စစ်ဆေးခဲ့တယ်လို့ သက္ကလတိုက်နယ်ဆေးရုံရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လတ်တလော ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သက္ကလပိုးတွေ့လူနာနဲ့ထိတွေ့သူ တိုက်နယ်ဆရာဝန်တစ်ဦး၊ ဆေးစပ်ကျွမ်းကျင်တစ်ဦး၊ အထွေထွေလုပ်သား ၄ ဦးနဲ့ အခြားထိတွေ့သူ၂ ဦး စုစုပေါင်း ၈ ဦး ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုရိုဗိုင်းရပ်စ် ကူးစက်ရောဂါပိုးဟာ ရခိုင်ပြည်နယ် ၊စစ်တွေမြို့နယ်ဘက်ကနေ တစ်ကျော့ပြန်ဖြစ်ပွားလာပြီး ကယားပြည်နယ်ကလွဲပြီး ကျန်တဲ့ပြည်နယ်၊ တိုင်း
အားလုံးမှာ ပျံ့နှံရောက်ရှိနေပြီဖြစ်ပါတယ်။

အခုလက်ရှိ တနိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၈ ဦး၊ ကူးစက်ခံရသူ ၁၄၆၄ ဦးထိရှိလာပြီလို့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo – Zin Ko Latt
#voiceofmyanmar #VOM #ပဲခူး

Zawgyi

သကၠလတိုက္နယ္ေဆး႐ုံက ဆရာဝန္တစ္ဦးအပါအဝင္ က်န္းမာေရးဝန္ထမ္း ၆ ဦး ကိုဗစ္ေရာဂါကူးစက္ခံရ

ေနျပည္ေတာ္၊စက္တင္ဘာ ၇-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ကဝၿမိဳ႕နယ္၊ သကၠလတုိက္နယ္‌ေဆးရံုက တိုက္နယ္ဆရာဝန္တစ္ဦး အပါအဝင္ က်န္းမာေရးဝန္ထမ္း ၆ ဦး ကိုဗစ္ေရာဂါပိုးကူးစက္ခံခဲ့ရတယ္လို႔ ပဲခူးတိုင္း က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

ဒီကေန႔မနက္ ၈နာရီ က်န္းမာေရးဝန္ႀကီးဌာနကထုတ္ျပန္ခ်က္အရ သကၠလတိုက္နယ္ေဆးရံုမွာ ကိုဗစ္ကူးစက္ခံရသူ ၈ ဦးပါတယ္လို႔ ထုတ္ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။

” ႏွစ္သုတ္စစ္ထားတာ ရွစ္ေယာက္ ပိုးေတြ႕တယ္။ အဲ့ဒီထဲက ေျခာက္ဦးက က်န္းမာေရးဝန္ထမ္းျဖစ္ေနတာပါ။ လတ္တေလာ တိုက္နယ္ေဆး႐ုံကို ေလာ့ေဒါင္းခ်ထားလိုက္တယ္”လို႔ ကဝၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမ်ိဳးခိုင္က ေျပာပါတယ္။

သကၠလတိုက္နယ္ေဆး႐ုံက က်န္းမာေရးဝန္ထမ္း သံသယလူနာတစ္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးကူးစက္ခံရတာဟာ စက္တင္ဘာ ၅ ရက္ေန႔က ျဖစ္ေပၚခဲ့ပါတယ္။

အဲ့ဒီလိုျဖစ္ေပၚၿပီးေနာက္ပိုင္း လူနာနဲ႔ထိေတြ႕ခဲ့သူေတြကိုနဲ႔ က်န္းမာေရးဝန္ထမ္းေတြကို တိုပတ္နမူနာယူ စစ္ေဆးရာ ဒီကေန႔မနက္ ၈ နာရီ ဓာတ္ခြဲစမ္းသပ္ခ်က္အရ လူ ၈ ဦးမ‌ွာကိုဗစ္ေရာဂါပိုး ကူးစက္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

ပိုးေတြ႕လူနာနဲ႔ ထိေတြ႕ခဲ့ၾကတဲ့ ဆရာဝန္၊ က်န္းမာေရးဝန္ထမ္း၊ ပရဟိတအဖြဲ႕ဝင္ေတြ နဲ႔ ပထမအဆင့္ထိေတြ႕မႈရွိသူ အမ်ိဳးသား၊ အမ်ိဳးသမီး ၅၇ ဦးကို အခုလ ၅ ရက္ေန႔နဲ႔ ဒုတိယအဆင့္ထိေတြ႕သူ ၇၂ ဦးကို အခုလ ၆ ရက္ေန႔က ႏွာေခါင္းတို႔ပတ္၊ အာေခါင္တို႔ပတ္နမူနာယူ စစ္ေဆးခဲ့တယ္လို႔ သကၠလတိုက္နယ္ေဆး႐ုံရဲ႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

လတ္တေလာ က်န္းမာေရးဝန္ႀကီးဌာနရဲ႔ထုတ္ျပန္ခ်က္အရ သကၠလပိုးေတြ႕လူနာနဲ႔ထိေတြ႕သူ တိုက္နယ္ဆရာဝန္တစ္ဦး၊ ေဆးစပ္ကြၽမ္းက်င္တစ္ဦး၊ အေထြေထြလုပ္သား ၄ ဦးနဲ႔ အျခားထိေတြ႕သူ၂ ဦး စုစုေပါင္း ၈ ဦး ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။

ကို႐ိုဗိုင္းရပ္စ္ ကူးစက္ေရာဂါပိုးဟာ ရခိုင္ျပည္နယ္ ၊စစ္ေတြၿမိဳ႕နယ္ဘက္ကေန တစ္ေက်ာ့ျပန္ျဖစ္ပြားလာၿပီး ကယားျပည္နယ္ကလြဲၿပီး က်န္တဲ့ျပည္နယ္၊ တိုင္း
အားလုံးမွာ ပ်ံ႕ႏွံေရာက္ရွိေနၿပီျဖစ္ပါတယ္။

အခုလက္ရွိ တႏိုင္ငံလံုးအတိုင္းအတာအရ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ ၈ ဦး၊ ကူးစက္ခံရသူ ၁၄၆၄ ဦးထိရွိလာၿပီလို ႔က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

Photo – Zin Ko Latt
#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW