ဒေသအတွင်း တင်းမာမှုများမြှင့်တက်နေချိန် စစ်ရေးလေ့ကျင့်ဦးမယ်လို့ တရုတ်နိုင်ငံကြေညာ

ဒေသအတွင်း တင်းမာမှုများမြှင့်တက်နေချိန် စစ်ရေးလေ့ကျင့်ဦးမယ်လို့ တရုတ်နိုင်ငံကြေညာ ပေကျင်း၊ စက်တင်ဘာ-၇-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံဟာ နိုင်ငံအရှေ့မြောက်ဘက်နဲ့ အရှေ့ကမ်းရိုးတန်းမှာ စက်တင်ဘာ ၇ ရက်မှစတင်ပြီး နောက်ထပ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပြီး ဒေသတွင်း တင်းမာမှုတွေမြှင့်တက်နေချိန်မှာ ပုံမှန်မဟုတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ပထမဆုံးစစ်ရေးလေ့ကျင့်ခန်းကို နိုင်ငံအရှေ့မြောက်ပိုင်း၊ ချင်ဟွမ်ဒိုရှိ ဘိုဟိုင်ပင်ဘယ်ပြင်မှာ စက်တင်ဘာ ၇ ရက်ကစပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ ရေကြောင်းဘေးကင်းလုံခြုံမှု အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ ဒုတိယစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကို လီရန်ယွန်ဂန်မြို့၊ကမ်းလွန်ရှိ ပင်လယ်ဝါတောင်ပိုင်းမှာ စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်တို့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခြားသင်္ဘာအားလုံးကိုလည်း အဲ့ဒီဒေသကို ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ဘိုဟိုင်ပင်လယ်မှ အရှေ့ပင်လယ်၊ ပင်လယ်ဝါနဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အထိ သီးခြားစစ်ရေးလေ့ကျင့်ခန်းလေးခုကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး ဒါဟာ…

Read More

မန္တလေးတိုင်းအစိုးရက ကိုဗစ်နဲ့ပတ်သက်ပြီး အမိန့်ထုတ်ထားပေမယ့် ကြီးကြပ်မှုအားနည်း

မန္တလေးတိုင်းအစိုးရက ကိုဗစ်နဲ့ပတ်သက်ပြီး အမိန့်ထုတ်ထားပေမယ့် ကြီးကြပ်မှုအားနည်း မန္တလေး၊ စက်တင်ဘာ ၇-၂၀၂၀ ညီသစ်(VOM) မန္တလေးတိုင်းအစိုးရက ကိုဗစ်နဲ့ပတ်သက်ပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပေမယ့် မန္တလေးမြို့ကိုဝင်ထွက်တဲ့နေရာတွေမှာ စစ်ဆေးမယ့်သူတွေမရှိတဲ့အတွက် ကြီးကြပ်မှုတွေအားနည်းနေတယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့ ဒီကနေ့စက်တင်ဘာ ၇ ရက်နေ့က စတင်ပြီး မန္တလေးမြို့အဝင်ဂိတ်တွေက သတ်မှတ်ထားတဲ့နေရာတွေမှာ Stay At Home ကြေညာထားတဲ့ ဒေသတွေဖြစ်တဲ့ ရခိုင် ၊ ရန်ကုန်တိုင်းအတွင်းရှိ ဒေသတွေနဲ့ မြင်းခြံမြို့တွေကနေလာတဲ့ အိမ်စီးကားတွေ နဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ” ဒီနေ့နေ့လယ်အထိတော့ သတ်မှတ်ထားတဲ့အသွားအလာ ကန့်သတ်နေရာတွေကနေ ကျွန်တော်တို့ စစ်ဆေးရေးဂိတ်ကိုဖြတ်သွားတဲ့ ကားတွေ မရှိသေးပါဘူး၊ ဒီဂိတ်ကိုဝင်လာတဲ့ရန်ကုန်၊ မိထ္ထီလာ၊ နေပြည်တော် စတဲ့နေရာတွေကလာတဲ့ကားတွေကို သတ်မှတ်ထားတဲ့ ဆေးစစ်ချက်ထောက်ခံစာတွေ၊ ရပ်ကွက်ထောက်ခံစာတွေပါမှ ပေးသွားပါတယ်” လို့ အမရပူရမြို့နယ်၊ ထိန်ကုန်းရပ်ကွက်…

Read More

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့သစ် ပေါ်ပေါက်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့သစ် ပေါ်ပေါက်နေ ဒါကာ၊ စက်တင်ဘာ-၇-၂၀၂၀ မျိုးဆက် (VOM) ရခိုင်ပြည်နယ်မှာ ဖိနှိပ်ခံရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် အာရခန်ရိုဟင်ဂျာတပ်မတော် (Arakan Rohingya Army)အမည်ရ လက်နက်ကိုင်အဖွဲ့အစည်းသစ်တစ်ရပ် ရခိုင်ပြည်နယ်မှာ ထွက်ပေါ်လာပါတယ်။ ARA အဖွဲ့ဟာ သူတို့အဖွဲ့တည်ထောင်တာနဲ့ပတ်သက်ပြီး စက်တင်ဘာ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန် ခဲ့တယ်လို့ အဲဒီအဖွဲ့ သတင်းရင်းမြစ်တစ်ဦးက United News of Bangladesh သတင်းဌာနကို စက်တင်ဘာ ၆ ရက်မှာ ပြောပါတယ်။ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးတွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးအတွက် Arakan Rohingya Army အဖွဲ့ကို မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ARA အဖွဲ့ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အခြေစိုက်မှာဖြစ်ပြီး အခြားနိုင်ငံတွေရဲ့ ပိုင်နက်နယ်မြေတွေကို အသုံးပြုမှာမဟုတ်ဘူးလို့…

Read More

ကွာရန်တင်းကို ၁၄ ရက်ပြန်လည်သတ်မှတ်ပြီး ရောဂါကူးစက်ခံထားရသူတွေအနေနဲ့ ဆေး၂ကြိမ်စစ်စရာမလိုတော့

ကွာရန်တင်းကို ၁၄ ရက်ပြန်လည်သတ်မှတ်ပြီး ရောဂါကူးစက်ခံထားရသူတွေအနေနဲ့ ဆေး၂ကြိမ်စစ်စရာမလိုတော့ ရန်ကုန်၊ စက်တင်ဘာ ၇-၂၀၂၀ သိင်္ဂီ (VOM) ကွာရန်တင်းကာလကို ၂၁ ရက်ပြုလုပ်နေတဲ့အစား ၁၄ ရက်အဖြစ် ပြန်လည်သတ်မှတ်လိုက်ပြီဖြစ်ကြောင်းနဲ့ ဒီလိုသတ်မှတ်တာဟာ WHO ရဲ့ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်တာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန မှ ဒေါက်တာခင်ခင်ကြီး က VOM ကိုပြောပါတယ်။ ဒါ့အပြင် ကိုဗစ်ကူးစက်ခံထားရသူတွေအနေနဲ့လည်း အရင်ကလို ရောဂါပိုးရှိမရှိ ၂ ကြိမ် စစ်ဆေးစရာမလိုတော့ဘဲ ရောဂါသက်သာလာပြီး ၄ ရက်အကြာမှာ ဆေးရုံကနေ ဆင်းခွင့်ရရှိတော့မှာဖြစ်တယ်လို့ ပြောပါတယ်။ ” Quarantine နှစ်ပတ်ဖြစ်ပါပြီ ၊ ဒါဟာ ခုမှဖြေလျှော့လိုက်တာ မဟုတ်ပါဘူး၊ အရင်တပတ်ထဲက စတင်နေတာပါ။ ဒီနေ့မှာတော့ ကိုဗစ်အမျိုးသားကော်မတီက သဘောတူလိုက်ပြီလို့ စတင်မှာဖြစ်ပါတယ်။ ခုလိုဖြေလျှော့တာ မြန်မာနိုင်ငံတစ်နိုင်ငံထဲ လုပ်တာမဟုတ်ပါဘူး။ ဒီပြင်နိုင်ငံတွေ စင်္ကာပူတို့ ထိုင်းတို့ တခြားနိုင်ငံတွေမှာလည်း…

Read More

ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂ ဦး ပယ်ချခံရ

ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂ ဦး ပယ်ချခံရ ပုသိမ်၊ စက်တင်ဘာ ၇-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်းအတွင်းရှိ မဲဆန္ဒနယ်အသီးသီးမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၄၅ ဦးရှိတဲ့အထဲက ကိုယ်စားလှယ်လောင်း ၂ ဦး အပယ်ချခံခဲ့ရပြီး ၁ ဦးမှာ သူ့ရဲ့သဘောဆန္ဒအရ အဆိုပြုလွှာရုပ်သိမ်းသွားတယ်လို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။ “ကျွန်တော်တို့တိုင်းထဲမှာ ကိုယ်စားလှယ်လောင်း ၅၄၂ ဦး လက်ခံထားပါတယ်။ လျှောက်တာက ၅၄၅ ဦးပါ။ အခုစာရင်းအရ ၃ ဦး မပါဝင်လာခဲ့ဘူး။ ၁ ဦးက သူ့ဟာသူ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ၂ ဦးကတော့ ပယ်လိုက်တာပါ။ တစ်ဦးက ပန်းတနော်က တစ်သီးပုဂ္ဂလိလဝင်ပြိုင်တဲ့ အမျိုးသမီးတစ်ဦးပါ။ သူ့အဖေက နိုင်ငံသားစိစစ်ရေးကဒ်ရှိတယ်။…

Read More

ကိုဗစ်ပျောက်ကင်းတဲ့ ကလေးလူနာရဲ့မစင်နမူနာကို နေ့စဉ်စစ်ဆေးရာ COVID-19ပိုး ၃၆ရက် ဆက်တိုက်တွေ့

ကိုဗစ်ပျောက်ကင်းတဲ့ ကလေးလူနာရဲ့မစင်နမူနာကို နေ့စဉ်စစ်ဆေးရာ COVID-19ပိုး ၃၆ရက် ဆက်တိုက်တွေ့ ဟောင်ကောင် ၊စက်တင်ဘာလ ၇-၂၀၂၀ လဲ့လဲ့ဝင်း(VOM) The Chinese University of Hong Kong (CUHK)တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ COVID-19ရောဂါပျောက်ကင်းတဲ့ ကလေးလူနာအချို့ရဲ့ မစင်နမူနာကို ၃၆ရက် ဆက်တိုက်စစ်ဆေးတဲ့အခါ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာနမူနာတွေမှာ ဗိုင်းရပ်စ်ရောဂါမတွေ့ခဲ့ပေမယ့် အူအတွင်းနဲ့ မစင်တို့မှာ ဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာရှိတဲ့ သတင်းမီဒီယာတွေရဲ့ ဒီကနေ့ စက်တင်ဘာ ၇ရက်နေ့ ဖော်ပြချက်မှာတော့ CUHKကနေ လူနာရဲ့ အစာအိမ်အူလမ်းကြောင်းက ပြဿနာမရှိပေမယ့် သုတေသီများဟာ အူနဲ့မစင်မှာ သွက်လက်နေဆဲ ကိုရိုနာဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။ CHUKကျောင်းရဲ့ ပြောကြားချက်ကလည်း လူနာဟာ ပြန်လည်သက်သာလာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ နမူနာတွေမှာ ဗိုင်းရပ်စ်ပိုးမတွေ့ရှိနိုင်ရင် မစင်ရဲ့ ပိုးကနေ့ ကူးစက်နိုင်ဆဲဖြစ်တယ်လို့ ပြောပါတယ်။ CUHKကနေ ဒီကနေ့…

Read More

မင်္ဂလာဒုံစက်မှုဇုန်က စက်ရုံ ၃ ရုံမှာ ကိုဗစ်လူနာတွေ့ရှိပေမယ့် စက်ရုံတွေမပိတ်သေးတဲ့အတွက် အလုပ်သမားတွေအခက်တွေ့

မင်္ဂလာဒုံစက်မှုဇုန်က စက်ရုံ ၃ ရုံမှာ ကိုဗစ်လူနာတွေ့ရှိပေမယ့် စက်ရုံတွေမပိတ်သေးတဲ့အတွက် အလုပ်သမားတွေအခက်တွေ့ ရန်ကုန်၊စက်တင်ဘာ ၇-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ စက်ရုံ ၃ ရုံအတွင်းမှာ ကိုဗစ်လူနာ ၃ ဦးတွေ့ရှိပေမယ့် စက်ရုံတွေပိတ်သိမ်းခြင်းမရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ Labour Power Groupအဖွဲ့မှ ဥက္ကဌဦးကျော်မျိုးထွေးကပြောပါတယ်။ “ကျန်းမာရေးဦးစီးဌာနနဲ့ အစိုးက ရှောင်တခင်ဝင်ရောက်စစ်ဆေးသင့်တယ်။ ဥပမာပြောပြရရင် စက်ရုံရှေ့က လာကြည့်နေတာတို့၊ အလုပ်သမားတွေကို ပိုင်ရှင်တွေက ဘယ်လိုကျန်းမာရေးဝန်ဆောင်မှုပေးလဲဆိုတာမျိုးတွေကြည့်ပြီး စက်ရုံပိတ်သင့် မပိတ်သင့်ဆုံးဖြတ်ရမှာ”လို့ ဦးကျော်မျိုးထွေးကပြောပါတယ်။ မင်္ဂလာဒုံစက်မှုဇုန်အတွင်းက EMC သားရေအိတ်က်ရုံ၊ DragonState အထည်ချုပ်၊ Famoso အထည်ချုပ်စက်ရုံတို့မှာ ကိုဗစ်အတည်ပြုလူနာ ၃ ဦးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ EMCသားရေအိတ်စက်ရုံဟာ ဆက်လက်ဖွင့်ထားပြီး လုပ်ငန်းလည်ပတ်နေတဲ့အတွက် အလုပ်ဆင်းနေရတဲ့ အလုပ်သမားတချို့မှာ ရပ်ကွက်အဆောင်တွေက အလုပ်ပေးမသွားခြင်း ၊ အလုပ်ကနေပြန်လာရင် ပြန်လက်မခံခြင်း အစရှိတဲ့…

Read More

အာချေးပြည်နယ်ကိုရောက်လာတဲ့ ဒုက္ခသည် ၃၀၀ နီးပါးကို အင်ဒိုနီးရှားအာဏာပိုင်တွေ ထိန်းသိမ်း

အာချေးပြည်နယ်ကိုရောက်လာတဲ့ ဒုက္ခသည် ၃၀၀ နီးပါးကို အင်ဒိုနီးရှားအာဏာပိုင်တွေ ထိန်းသိမ်း ဂျကာတာ၊ စက်တင်ဘာ-၇-၂၀၂၀ မျိုးဆက်(VOM) ပင်လယ်ပြင်မှာ ခြောက်လကြာ မျောပါနေခဲ့တယ်လို့ ယူဆရတဲ့ ဘင်္ဂါလီဒုက္ခသည် ၃၀၀ နီးပါးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို စက်တင်ဘာ ၇ ရက်စောပိုင်းမှာ ရောက်ရှိခဲ့တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။ အဲ့ဒီဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ သစ်သားစက်လှေတစ်စင်းကို ဒေသခံ တံငါသည်တွေက Lhokseumawe ကမ်းရိုးတန်းက ကီလိုမီတာအနည်းငယ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး စက်လှေဟာ ဥဂျန်ဘလန်ကမ်းခြေမှာ ကမ်းကပ်ခဲ့တယ်လို့ အာချေးပြည်နယ် ရဲတပ်ဖွဲ့ကပြောပါတယ်။ စက်လှေပေါ်မှာ အမျိုးသမီး ၁၈၁ ဦး၊ ကလေးငယ် ၁၄ ဦးအပါအဝင် ဒုက္ခသည် ၂၉၇ ဦးပါဝင်တယ်လို့ ဒေသခံရဲတပ်ဖွဲ့အကြီးအကဲ Iptu Irwansya ကပြောပါတယ်။ ဒုက္ခသည်တွေကို ယာယီစခန်းမှာ ထိန်းသိမ်းထားပါတယ်။ သူတို့ကို ကယ်ဆယ်ရေးဌာနသို့ ယနေ့မှာပြောင်းရွှေ့ပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း၊ ဒါပေမယ့်…

Read More

ကိုဗစ်နဲ့ရွေးကောက်ပွဲစိန်ခေါ်မှု

ကိုဗစ်နဲ့ရွေးကောက်ပွဲစိန်ခေါ်မှု ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် စည်းရုံးရေး မနက်ဖြန်ဆို စကြတော့မယ်။ မစခင်ကတည်းက ခေါင်းပြန်ထောင်လာတဲ့ ကိုဗစ်၁၉ကြောင့် ရွေးကောက်ပွဲဖြစ်မှဖြစ်ပါ့မလား၊ ရောဂါကူးစက်နူန်းမြှင့်လာရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး စိုးရိမ်မှုတွေ မြှင့်တက်တဲ့ကြားကပဲ ရွေးကောက်ပွဲမဖြစ်မနေလုပ်မယ့်အနေအထား မြင်နေရပါတယ်။ သတ်မှတ်ထားပြီးမို့ မဖြစ်မနေလုပ်မယ်ဆိုရင် မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်မှုတွေကို ပြေစေဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးဖို့လိုပါမယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသလို လူဦးရေအကန့်သတ်နဲ့ မဲဆွယ်ရမယ်ဆိုတော့ ကိုယ်စားလှယ်လောင်းအများအပြားရဲ့ မဲဆွယ်ပွဲတွေကို ဘယ်လိုစောင့်ကြည့်ကြမလဲ ၊ စောင့်ကြည့်ကြီးကြပ်ဖို့ အင်အားရော အလုံအလောက်ရှိမလား၊ ချိုးဖေါက်လို့ အတိုင်းအတာတွေကို ဘယ်လိုရှင်းကြမလဲ ဆိုတဲ့ အပိုင်းတွေကလည်း စဉ်းစားစရာကိစ္စတွေဖြစ်ပါတယ်။ နောက်တဆင့်ကကြိုတင်မဲကိစ္စပါ။ ကြိုတင်မဲဆိုတာ ကြိုတင်မဲပေးခွင့်ရှိတဲ့ မဲဆန္ဒနယ်ပြင်ပရောက်တဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ သင်တန်းသားတွေ၊ အခြားမဲဆန္ဒရှင်တွေ၊ အချုပ်ကျနေသူတွေ၊ ဆေးရုံအတွင်းလူနာအဖြစ်တက်ရောက်ကုသရသူတွေ၊ အစိုးရခွင့်ပြုချက်နဲ့ ပြင်ပရောက်သူတွေ ၊ ကိုယ်တိုင်မဲလာမပေးနိုင်တဲ့ အနာကြီးရောဂါသည်၊…

Read More

သက္ကလတိုက်နယ်ဆေးရုံက ဆရာဝန်တစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၆ ဦး ကိုဗစ်ရောဂါကူးစက်ခံရ

သက္ကလတိုက်နယ်ဆေးရုံက ဆရာဝန်တစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၆ ဦး ကိုဗစ်ရောဂါကူးစက်ခံရ နေပြည်တော်၊စက်တင်ဘာ ၇-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလတိုက်နယ်‌ဆေးရုံက တိုက်နယ်ဆရာဝန်တစ်ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း ၆ ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ဒီကနေ့မနက် ၈နာရီ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရ သက္ကလတိုက်နယ်ဆေးရုံမှာ ကိုဗစ်ကူးစက်ခံရသူ ၈ ဦးပါတယ်လို့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ” နှစ်သုတ်စစ်ထားတာ ရှစ်ယောက် ပိုးတွေ့တယ်။ အဲ့ဒီထဲက ခြောက်ဦးက ကျန်းမာရေးဝန်ထမ်းဖြစ်နေတာပါ။ လတ်တလော တိုက်နယ်ဆေးရုံကို လော့ဒေါင်းချထားလိုက်တယ်”လို့ ကဝမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်က ပြောပါတယ်။ သက္ကလတိုက်နယ်ဆေးရုံက ကျန်းမာရေးဝန်ထမ်း သံသယလူနာတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရတာဟာ စက်တင်ဘာ ၅ ရက်နေ့က ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်ပေါ်ပြီးနောက်ပိုင်း လူနာနဲ့ထိတွေ့ခဲ့သူတွေကိုနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တိုပတ်နမူနာယူ စစ်ဆေးရာ ဒီကနေ့မနက် ၈ နာရီ…

Read More
VOM News

FREE
VIEW