ဒေသအတွင်း တင်းမာမှုများမြှင့်တက်နေချိန် စစ်ရေးလေ့ကျင့်ဦးမယ်လို့ တရုတ်နိုင်ငံကြေညာ

ဒေသအတွင်း တင်းမာမှုများမြှင့်တက်နေချိန် စစ်ရေးလေ့ကျင့်ဦးမယ်လို့ တရုတ်နိုင်ငံကြေညာ

ပေကျင်း၊ စက်တင်ဘာ-၇-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံဟာ နိုင်ငံအရှေ့မြောက်ဘက်နဲ့ အရှေ့ကမ်းရိုးတန်းမှာ စက်တင်ဘာ ၇ ရက်မှစတင်ပြီး နောက်ထပ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပြီး ဒေသတွင်း တင်းမာမှုတွေမြှင့်တက်နေချိန်မှာ ပုံမှန်မဟုတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပထမဆုံးစစ်ရေးလေ့ကျင့်ခန်းကို နိုင်ငံအရှေ့မြောက်ပိုင်း၊ ချင်ဟွမ်ဒိုရှိ ဘိုဟိုင်ပင်ဘယ်ပြင်မှာ စက်တင်ဘာ ၇ ရက်ကစပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ ရေကြောင်းဘေးကင်းလုံခြုံမှု အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

ဒုတိယစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကို လီရန်ယွန်ဂန်မြို့၊ကမ်းလွန်ရှိ ပင်လယ်ဝါတောင်ပိုင်းမှာ စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်တို့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခြားသင်္ဘာအားလုံးကိုလည်း အဲ့ဒီဒေသကို ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ဘိုဟိုင်ပင်လယ်မှ အရှေ့ပင်လယ်၊ ပင်လယ်ဝါနဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အထိ သီးခြားစစ်ရေးလေ့ကျင့်ခန်းလေးခုကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး ဒါဟာ ရှားရှားပါးပါး လုပ်ဆောင်မှုဖြစ်တယ်လို့ တရုတ်စစ်ဘက်ကျွမ်းကျင်သူတွေကပြောပါတယ်။

တရုတ်နိုင်ငံဟာ သူပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားတဲ့ ထိုင်ဝမ်ကျွန်းအနီးမှာလည်း စစ်ရေးလေ့ကျင့်မှုတွေကို မကြာခဏဆိုသလို လုပ်ဆောင်နေပြီး တောင်တရုတ်ပင်လယ်ပြင်အတွင်း အမေရိကန်စစ်ဘက်ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကြိမ်ဖန်များစွာ ဝေဖန်မှုများပြုလုပ်ခဲ့ပါတယ်။

Ref: Reuters
Photo: Getty Images
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

ေဒသအတြင္း တင္းမာမႈမ်ားျမွင္႔တက္ေနခ်ိန္ စစ္ေရးေလ႔က်င္႔ဦးမယ္လို႔ တရုတ္နုိင္ငံေၾကညာ

ေပက်င္း၊ စက္တင္ဘာ-၇-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံဟာ နုိင္ငံအေရွ႕ေျမာက္ဘက္နဲ႔ အေရွ႕ကမ္းရိုးတန္းမွာ စက္တင္ဘာ ၇ ရက္မွစတင္ျပီး ေနာက္ထပ္စစ္ေရးေလ႔က်င္႔မႈေတြ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ ထုတ္ျပန္လိုက္ျပီး ေဒသတြင္း တင္းမာမႈေတြျမွင္႔တက္ေနခ်ိန္မွာ ပံုမွန္မဟုတ္တဲ႔ စစ္ေရးေလ႔က်င္႔မႈေတြ ဆက္တိုက္ဆိုသလို လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ပထမဆံုးစစ္ေရးေလ႔က်င္႔ခန္းကို နိုင္ငံအေရွ႕ေျမာက္ပိုင္း၊ ခ်င္ဟြမ္ဒိုရိွ ဘိုဟိုင္ပင္ဘယ္ျပင္မွာ စက္တင္ဘာ ၇ ရက္ကစျပီး ျပဳလုပ္သြားမွာျဖစ္တယ္လို႔ ေရေၾကာင္းေဘးကင္းလံုျခံဳမႈ အုပ္ခ်ဳပ္ေရးအဖြဲ႔ကေျပာပါတယ္။

ဒုတိယစစ္ေရးေလ႔က်င္႔မႈျဖစ္တဲ႔ ပစ္ခတ္မႈေလ႔က်င္႔ခန္းေတြကို လီရန္ယြန္ဂန္ျမိဳ႕၊ကမ္းလြန္ရိွ ပင္လယ္၀ါေတာင္ပိုင္းမွာ စက္တင္ဘာ ၈ ရက္နဲ႔ ၉ ရက္တို႔မွာ ျပဳလုပ္မွာျဖစ္တယ္လို႔ သီးျခားထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အျခားသဘၤာအားလံုးကိုလည္း အဲ့ဒီေဒသကို ၀င္ေရာက္ခြင္႔ျပဳမွာမဟုတ္ဘူးလို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တရုတ္နုိင္ငံဟာ ဘိုဟိုင္ပင္လယ္မွ အေရွ႔ပင္လယ္၊ ပင္လယ္၀ါနဲ႔ အျငင္းပြားေနတဲ႔ ေတာင္တရုတ္ပင္လယ္ျပင္အထိ သီးျခားစစ္ေရးေလ႔က်င္႔ခန္းေလးခုကို ျပီးခဲ႔တဲ႔လက ေၾကညာခဲ႔ျပီး ဒါဟာ ရွားရွားပါးပါး လုပ္ေဆာင္မႈျဖစ္တယ္လို႔ တရုတ္စစ္ဘက္ကြ်မ္းက်င္သူေတြကေျပာပါတယ္။

တရုတ္နုိင္ငံဟာ သူပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားတဲ႔ ထိုင္၀မ္ကြ်န္းအနီးမွာလည္း စစ္ေရးေလ႔က်င္႔မႈေတြကို မၾကာခဏဆိုသလို လုပ္ေဆာင္ေနျပီး ေတာင္တရုတ္ပင္လယ္ျပင္အတြငး္ အေမရိကန္စစ္ဘက္ရဲ႕ လႈပ္ရွားမႈေတြကိုလည္း ၾကိမ္ဖန္မ်ားစြာ ေ၀ဖန္မႈမ်ားျပဳလုပ္ခဲ႔ပါတယ္။

Ref: Reuters
Photo: Getty Images
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW