မန္တလေးတိုင်းအစိုးရက ကိုဗစ်နဲ့ပတ်သက်ပြီး အမိန့်ထုတ်ထားပေမယ့် ကြီးကြပ်မှုအားနည်း

မန္တလေးတိုင်းအစိုးရက ကိုဗစ်နဲ့ပတ်သက်ပြီး အမိန့်ထုတ်ထားပေမယ့် ကြီးကြပ်မှုအားနည်း

မန္တလေး၊ စက်တင်ဘာ ၇-၂၀၂၀
ညီသစ်(VOM)

မန္တလေးတိုင်းအစိုးရက ကိုဗစ်နဲ့ပတ်သက်ပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပေမယ့် မန္တလေးမြို့ကိုဝင်ထွက်တဲ့နေရာတွေမှာ စစ်ဆေးမယ့်သူတွေမရှိတဲ့အတွက် ကြီးကြပ်မှုတွေအားနည်းနေတယ်လို့ သိရပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့ ဒီကနေ့စက်တင်ဘာ ၇ ရက်နေ့က စတင်ပြီး မန္တလေးမြို့အဝင်ဂိတ်တွေက သတ်မှတ်ထားတဲ့နေရာတွေမှာ Stay At Home ကြေညာထားတဲ့ ဒေသတွေဖြစ်တဲ့ ရခိုင် ၊ ရန်ကုန်တိုင်းအတွင်းရှိ ဒေသတွေနဲ့ မြင်းခြံမြို့တွေကနေလာတဲ့ အိမ်စီးကားတွေ နဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

” ဒီနေ့နေ့လယ်အထိတော့ သတ်မှတ်ထားတဲ့အသွားအလာ ကန့်သတ်နေရာတွေကနေ
ကျွန်တော်တို့ စစ်ဆေးရေးဂိတ်ကိုဖြတ်သွားတဲ့ ကားတွေ မရှိသေးပါဘူး၊ ဒီဂိတ်ကိုဝင်လာတဲ့ရန်ကုန်၊ မိထ္ထီလာ၊ နေပြည်တော် စတဲ့နေရာတွေကလာတဲ့ကားတွေကို သတ်မှတ်ထားတဲ့ ဆေးစစ်ချက်ထောက်ခံစာတွေ၊ ရပ်ကွက်ထောက်ခံစာတွေပါမှ ပေးသွားပါတယ်” လို့ အမရပူရမြို့နယ်၊ ထိန်ကုန်းရပ်ကွက် ရာအိမ်မှူး၊ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး ဂိတ်တာဝန်ရှိသူတစ်ဦးက VOMကိုပြောပါတယ်။

ကိုယ်တိုင်သွားခဲ့တဲ့ VOMသတင်းထောက်တွေ့ရှိချက်အရ အမရပူရမြို့နယ်၊ ရွှေကြက်ယက် ကိုဗစ်ရောဂါစစ်ဆေးရေးဂိတ်မှာတော့ ရဲလုံခြုံရေးဝန်ထမ်း ၃ဦးသာတွေ့ခဲ့ပြီး ကျန်းမာရေးစစ်ဆေးတဲ့ဝန်ထမ်းတွေကို မတွေ့ရတဲ့အပြင် ဖြတ်သန်းသွားလာနေတဲ့ ကားတွေကိုလည်း ကျန်းမာရေးစစ်ဆေးတာလည်း မရှိပါဘူး။

ဒါ့အပြင် မန္တလေး-ရန်ကုန် အမြန်လမ်းအသစ် မန္တလေးမြို့အဝင်မှာလည်း ရာအိမ်မှူးနဲ့ ရဲလုံခြုံရေးတွေက စစ်ဆေးမှုတချို့တွေ့ရပြီး ကျန်းမာရေးဝန်ထမ်းတွေရဲ့ စစ်ဆေးတာကိုတော့ မတွေ့ခဲ့ရပါဘူး။

Stay at Home ကြောငြာထားတဲ့ နေရာတွေကနေ မန္တလေးတိုင်းအတွင်းကို ဝင်ရောက် လာသူတွေဟာ မိမိတို့သက်ဆိုင်ရာ နေရာဒေသတွေက ရပ်ကွက်ထောက်ခံစာ၊ ကျန်းမာ ရေး ထောက်ခံစာတွေကို တပါတည်းယူဆောင်လာရမှာဖြစ်ပြီး Covid-19 ရောဂါဖြစ်ပွားတဲ့ ရပ်ကွက်နဲ့ မြို့နယ်တွေက လာရောက်သူတွေကလည်း မိမိတို့စရိတ်နဲ့ ကွာရန်တင်း ဝင်ရောက်စစ်ဆေးမှုခံယူရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အလားတူ မတ္တရာဘက်ကလာတဲ့ဂိတ်နဲ့ မေမြို့ဘက်ကလာတဲ့ဂိတ်တွေမှာလည်း ကျန်းမာရေးစစ်ဆေးတာတွေမရှိဘူးလို့ အဲ့ဒီဂိတ်တွေကနေဖြတ်လာတဲ့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ကိုဗစ် #ကြီးကြပ်မှုအားနည်း

Zawgyi

မႏၲေလးတိုင္းအစိုးရက ကိုဗစ္နဲ႔ပတ္သက္ၿပီး အမိန္႔ထုတ္ထားေပမယ့္ ႀကီးၾကပ္မႈအားနည္း

မႏၲေလး၊ စက္တင္ဘာ ၇-၂၀၂၀
ညီသစ္(VOM)

မႏၲေလးတိုင္းအစိုးရက ကိုဗစ္နဲ႔ပတ္သက္ၿပီး စက္တင္ဘာလ ၆ ရက္ေန႔မွာ အမိန္႔တစ္ရပ္ထုတ္ျပန္ခဲ့ေပမယ့္ မႏၲေလးၿမိဳ႔ကိုဝင္ထြက္တဲ့ေနရာေတြမွာ စစ္ေဆးမယ့္သူေတြမရွိတဲ့အတြက္ ႀကီးၾကပ္မႈေတြအားနည္းေနတယ္လို႔ သိရပါတယ္။

အဲ့ဒီထုတ္ျပန္ခ်က္ထဲမွာေတာ့ ဒီကေန ့စက္တင္ဘာ ၇ ရက္ေန႔က စတင္ၿပီး မႏၲေလးၿမိဳ ့အ၀င္ဂိတ္ေတြက သတ္မွတ္ထားတဲ့ေနရာေတြမွာ Stay At Home ေၾကညာထားတဲ့ ေဒသေတြျဖစ္တဲ့ ရခိုင္ ၊ ရန္ကုန္တိုင္းအတြင္းရွိ ေဒသေတြနဲ႔ ျမင္းျခံၿမိဳ႔ေတြကေနလာတဲ့ အိမ္စီးကားေတြ နဲ႔ ခရီးသည္တင္ယာဥ္လိုင္းေတြကို စစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

” ဒီေန႔ေန႔လယ္အထိေတာ့ သတ္မွတ္ထားတဲ ့အသြားအလာ ကန္႕သတ္ေနရာေတြကေန
ကၽြန္ေတာ္တို႔ စစ္ေဆးေရးဂိတ္ကိုျဖတ္သြားတဲ ့ ကားေတြ မရွိေသးပါဘူး၊ ဒီဂိတ္ကို၀င္လာတဲ ့ရန္ကုန္၊ မိထၳီလာ၊ ေနျပည္ေတာ္ စတဲ ့ေနရာေတြကလာတဲ ့ကားေတြကို သတ္မွတ္ထားတဲ ့ ေဆးစစ္ခ်က္ေထာက္ခံစာေတြ၊ ရပ္ကြက္ေထာက္ခံစာေတြပါမွ ေပးသြားပါတယ္” လို ့ အမရပူရၿမိဳ႔နယ္၊ ထိန္ကုန္းရပ္ကြက္ ရာအိမ္မွဴး၊ ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ဂိတ္တာ၀န္ရွိသူတစ္ဦးက VOMကိုေျပာပါတယ္။

ကိုယ္တိုင္သြားခဲ့တဲ့ VOMသတင္းေထာက္ေတြ႕ရွိခ်က္အရ အမရပူရၿမိဳ႔နယ္၊ ေရႊၾကက္ယက္ ကိုဗစ္ေရာဂါစစ္ေဆးေရးဂိတ္မွာေတာ့ ရဲလံုျခံဳေရးဝန္ထမ္း ၃ဦးသာေတြ႕ခဲ့ၿပီး က်န္းမာေရးစစ္ေဆးတဲ့ဝန္ထမ္းေတြကို မေတြ႕ရတဲ့အျပင္ ျဖတ္သန္းသြားလာေနတဲ့ ကားေတြကိုလည္း က်န္းမာေရးစစ္ေဆးတာလည္း မရွိပါဘူး။

ဒါ့အျပင္ မႏၲေလး-ရန္ကုန္ အျမန္လမ္းအသစ္ မႏၲေလးၿမိဳ႔အဝင္မွာလည္း ရာအိမ္မွဴးနဲ႔ ရဲလံုျခံဳေရးေတြက စစ္ေဆးမႈတခ်ိဳ႔ေတြ႕ရၿပီး က်န္းမာေရးဝန္ထမ္းေတြရဲ႔ စစ္ေဆးတာကိုေတာ့ မေတြ႕ခဲ့ရပါဘူး။

Stay at Home ေၾကာျငာထားတဲ့ ေနရာေတြကေန မႏၲေလးတိုင္းအတြင္းကို ၀င္ေရာက္ လာသူေတြဟာ မိမိတို႔သက္ဆိုင္ရာ ေနရာေဒသေတြက ရပ္ကြက္ေထာက္ခံစာ၊ က်န္းမာ ေရး ေထာက္ခံစာေတြကို တပါတည္းယူေဆာင္လာရမွာျဖစ္ၿပီး Covid-19 ေရာဂါျဖစ္ပြားတဲ့ ရပ္ကြက္နဲ႔ ၿမိဳ ့နယ္ေတြက လာေရာက္သူေတြကလည္း မိမိတို႔စရိတ္နဲ႔ ကြာရန္တင္း ၀င္ေရာက္စစ္ေဆးမႈခံယူရမွာျဖစ္တယ္လို႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

အလားတူ မတၱရာဘက္ကလာတဲ့ဂိတ္နဲ႔ ေမၿမိဳ႔ဘက္ကလာတဲ့ဂိတ္ေတြမွာလည္း က်န္းမာေရးစစ္ေဆးတာေတြမရွိဘူးလို႔ အဲ့ဒီဂိတ္ေတြကေနျဖတ္လာတဲ့ ေဒသခံေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ကိုဗစ္ #ႀကီးၾကပ္မႈအားနည္း

Related posts

Leave a Comment

VOM News

FREE
VIEW