ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့သစ် ပေါ်ပေါက်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့သစ် ပေါ်ပေါက်နေ

ဒါကာ၊ စက်တင်ဘာ-၇-၂၀၂၀
မျိုးဆက် (VOM)

ရခိုင်ပြည်နယ်မှာ ဖိနှိပ်ခံရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် အာရခန်ရိုဟင်ဂျာတပ်မတော် (Arakan Rohingya Army)အမည်ရ လက်နက်ကိုင်အဖွဲ့အစည်းသစ်တစ်ရပ် ရခိုင်ပြည်နယ်မှာ ထွက်ပေါ်လာပါတယ်။

ARA အဖွဲ့ဟာ သူတို့အဖွဲ့တည်ထောင်တာနဲ့ပတ်သက်ပြီး စက်တင်ဘာ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန် ခဲ့တယ်လို့ အဲဒီအဖွဲ့ သတင်းရင်းမြစ်တစ်ဦးက United News of Bangladesh သတင်းဌာနကို စက်တင်ဘာ ၆ ရက်မှာ ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးတွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးအတွက် Arakan Rohingya Army အဖွဲ့ကို မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ARA အဖွဲ့ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အခြေစိုက်မှာဖြစ်ပြီး အခြားနိုင်ငံတွေရဲ့ ပိုင်နက်နယ်မြေတွေကို အသုံးပြုမှာမဟုတ်ဘူးလို့ ပြောပါတယ်။

မိမိတို့အနေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးအတူတကွလုပ်ဆောင်သင့်တယ်ဆိုတာကို လေးစားစွာအသိပေးအပ်ပါတယ်လို့ ARA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်သြဂုတ်လနောက်ပိုင်းကစပြီး တပ်မတော်ရဲ့နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေအတွင်း ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေးသွားခဲ့ပြီး လက်ရှိအချိန်ထိ ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ၁ ဒသမ ၁ သန်း ခိုလှုံနေကြပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းဒေသခံတွေကတော့ ARAအဖွဲ့ကို မမြင်ဖူး၊ မတွေ့ဖူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် စက်တင်ဘာလရက်စွဲနဲ့ ARAကထုတ်ပြန်ချက်မှာတော့ အခြားတိုင်းရင်းသားတွေနည်းတူ အခွင့်အရေးရချင်လို့ တပ်မတော်ထူထောင်ရတာဖြစ်ကြောင်းကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Ref :Newage
Photo: Reuters
#voiceofmyanmar #VOM #ဒါကာ

Zawgyi

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ရိုဟင္ဂ်ာ လက္နက္ကိုင္အဖြဲ႔သစ္ ေပၚေပါက္ေန

ဒါကာ၊ စက္တင္ဘာ-၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ရခိုင္ျပည္နယ္မွာ ဖိနွိပ္ခံရိုဟင္ဂ်ာေတြရဲ႕ အခြင္႔အေရးေတြကို အကာအကြယ္ေပးဖို႔အတြက္ အာရခန္ရိုဟင္ဂ်ာတပ္မေတာ္ (Arakan Rohingya Army)အမည္ရ လက္နက္ကိုင္အဖြဲ႔အစည္းသစ္တစ္ရပ္ ရခိုင္ျပည္နယ္မွာ ထြက္ေပၚလာပါတယ္။

ARA အဖြဲ႔ဟာ သူတို႔အဖြဲ႔တည္ေထာင္တာနဲ႔ပတ္သက္ျပီး စက္တင္ဘာ ၁ ရက္မွာ ေၾကညာခ်က္ထုတ္ျပန္ ခဲ႔တယ္လို႔ အဲဒီအဖြဲ႔ သတင္းရင္းျမစ္တစ္ဦးက United News of Bangladesh သတင္းဌာနကို စက္တင္ဘာ ၆ ရက္မွာ ေျပာပါတယ္။

ရိုဟင္ဂ်ာေတြရဲ႕ လူ႔အခြင္႔အေရးေတြနဲ႔ အျခားလူနည္းစုတိုင္းရင္းသားေတြရဲ႕ တန္းတူညီမွ်ေရးအတြက္ Arakan Rohingya Army အဖြဲ႔ကို ျမန္မာနိုင္ငံက ရိုဟင္ဂ်ာေတြနဲ႔ ဖြဲ႔စည္းလိုက္ျပီျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

လက္ရိွမွာေတာ႔ ARA အဖြဲ႔ဟာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ အေျခစိုက္မွာျဖစ္ျပီး အျခားနုိင္ငံေတြရဲ႕ ပိုင္နက္နယ္ေျမေတြကို အသံုးျပဳမွာမဟုတ္ဘူးလို႔ ေျပာပါတယ္။

မိမိတို႔အေနနဲ႔ ျငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ျပီး ရခိုင္ျပည္နယ္ ဖြံ႕ျဖိဳးတိုးတက္ေရးအတြက္ အားလံုးအတူတကြလုပ္ေဆာင္သင္႔တယ္ဆိုတာကို ေလးစားစြာအသိေပးအပ္ပါတယ္လို႔ ARA အဖြဲ႔က ထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္မွာ ၂၀၁၇ ခုနွစ္ၾသဂုတ္လေနာက္ပိုင္းကစျပီး တပ္မေတာ္ရဲ႕နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္မႈေတြအတြင္း ဘဂၤါလီေတြဟာ ဘဂၤလားေဒ႔ရွ္နုိင္ငံအတြင္းကို ထြက္ေျပးသြားခဲ႔ျပီး လက္ရိွအခ်ိန္ထိ ဒုကၡသည္စခန္းေတြမွာ လူဦးေရ ၁ ဒသမ ၁ သန္း ခိုလႈံေနၾကပါတယ္။

ရခိုင္ျပည္ေျမာက္ပိုင္းေဒသခံေတြကေတာ့ ARAအဖြဲ႔ကို မျမင္ဖူး၊ မေတြ႕ဖူးလို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ စက္တင္ဘာလရက္စြဲနဲ႔ ARAကထုတ္ျပန္ခ်က္မွာေတာ့ အျခားတိုင္းရင္းသားေတြနည္းတူ အခြင့္အေရးရခ်င္လို႔ တပ္မေတာ္ထူေထာင္ရတာျဖစ္ေၾကာင္းကို ထုတ္ျပန္ထားတာျဖစ္ပါတယ္။

Ref :Newage
Photo: Reuters
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW