ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂ ဦး ပယ်ချခံရ

ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂ ဦး ပယ်ချခံရ

ပုသိမ်၊ စက်တင်ဘာ ၇-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်းအတွင်းရှိ မဲဆန္ဒနယ်အသီးသီးမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၄၅ ဦးရှိတဲ့အထဲက ကိုယ်စားလှယ်လောင်း ၂ ဦး အပယ်ချခံခဲ့ရပြီး ၁ ဦးမှာ သူ့ရဲ့သဘောဆန္ဒအရ အဆိုပြုလွှာရုပ်သိမ်းသွားတယ်လို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

“ကျွန်တော်တို့တိုင်းထဲမှာ ကိုယ်စားလှယ်လောင်း ၅၄၂ ဦး လက်ခံထားပါတယ်။ လျှောက်တာက ၅၄၅ ဦးပါ။ အခုစာရင်းအရ ၃ ဦး မပါဝင်လာခဲ့ဘူး။ ၁ ဦးက သူ့ဟာသူ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ၂ ဦးကတော့ ပယ်လိုက်တာပါ။ တစ်ဦးက ပန်းတနော်က တစ်သီးပုဂ္ဂလိလဝင်ပြိုင်တဲ့ အမျိုးသမီးတစ်ဦးပါ။ သူ့အဖေက နိုင်ငံသားစိစစ်ရေးကဒ်ရှိတယ်။ သူ့အမေကတော့ မရှိဘူးပေါ့။ ကိုယ်စားလှယ်လောင်း လျှောက်ထားရာမှာလည်း နိုင်ငံသား မိဘ ၂ ပါးက မွေးဖွားလာသူဖြစ်ရမယ်ဆိုတဲ့ အချက်ရှိတယ်။ နိုင်ငံသားဖြစ်မှုဆိုတဲ့ အပိုင်းနဲ့ကိုက်ညီမှုမရှိလို့ ပယ်ချလိုက်တာပါ။ နောက်တစ်ဦးက ဝါးခယ်မမြို့နယ်မှာ ဝင်ပြိုင်ဖို့ လျှောက်ထားသူတစ်ဦးပါ။ သူက နိုင်ငံခြားမှာ အနေများတယ်။ ၂၀၁၆ ခုနှစ်ကမှ ပြန်
လာတဲ့အတွက် သူနေထိုင်တဲ့ သက်တမ်းက ၄ နှစ်ပဲရှိသေးတယ်။ အနည်းဆုံး တစ်ဆက်တည်း ၁၀ နှစ် နေထိုင်ရမယ်ဆိုတာရှိတယ်ပေါ့။ အဲ့အချက်ကြောင့် ပယ်ချလိုက်ရခြင်း ဖြစ်ပါတယ်”လို့ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

အပယ်ချခံရသူ နှစ်ဦးမှာ နိုင်ငံသား မိဘ ၂ ဦးကနေ မွေးဖွားလာသူ မဟုတ်တာနဲ့ မြန်မာနိုင်ငံမှာအနည်းဆုံး ၁၀ နှစ် တစ်ဆက်တည်း နေထိုင်သူမဟုတ်တာတွေကြောင့် ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

မိမိသဘောဆန္ဒအရ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုလွှာ ရုတ်သိမ်းသွားသူကတော့ ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၂ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဘိုဘို ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ မဲဆန္ဒနယ် ၉၂ နေရာရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကိုယ်စားလောင်း ၅၀၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပုသိမ်

Zawgyi

ဧရာဝတီတိုင္းအတြင္း ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း ၂ ဦး ပယ္ခ်ခံရ

ပုသိမ္၊ စက္တင္ဘာ ၇-၂၀၂၀
သူရိန္(VOM)

ဧရာဝတီတိုင္းအတြင္းရွိ မဲဆႏၵနယ္အသီးသီးမွာ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ ယွဥ္ၿပိဳင္ဖို႔ အမည္စာရင္းတင္သြင္းထားသူ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၅၄၅ ဦးရွိတဲ့အထဲက ကိုယ္စားလွယ္ေလာင္း ၂ ဦး အပယ္ခ်ခံခဲ့ရၿပီး ၁ ဦးမွာ သူ႔ရဲ႔သေဘာဆႏၵအရ အဆိုျပဳလႊာ႐ုပ္သိမ္းသြားတယ္လို႔ ဧရာဝတီတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးေအာင္ျမင့္က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔တိုင္းထဲမွာ ကိုယ္စားလွယ္ေလာင္း ၅၄၂ ဦး လက္ခံထားပါတယ္။ ေလွ်ာက္တာက ၅၄၅ ဦးပါ။ အခုစာရင္းအရ ၃ ဦး မပါဝင္လာခဲ့ဘူး။ ၁ ဦးက သူ႔ဟာသူ ႏုတ္ထြက္သြားတာ ျဖစ္ပါတယ္။ ၂ ဦးကေတာ့ ပယ္လိုက္တာပါ။ တစ္ဦးက ပန္းတေနာ္က တစ္သီးပုဂၢလိလဝင္ၿပိဳင္တဲ့ အမ်ိဳးသမီးတစ္ဦးပါ။ သူ႔အေဖက ႏိုင္ငံသားစိစစ္ေရးကဒ္ရွိတယ္။ သူ႔အေမကေတာ့ မရွိဘူးေပါ့။ ကိုယ္စားလွယ္ေလာင္း ေလွ်ာက္ထားရာမွာလည္း ႏိုင္ငံသား မိဘ ၂ ပါးက ေမြးဖြားလာသူျဖစ္ရမယ္ဆိုတဲ့ အခ်က္ရွိတယ္။ ႏိုင္ငံသားျဖစ္မႈဆိုတဲ့ အပိုင္းနဲ႔ကိုက္ညီမႈမရွိလို႔ ပယ္ခ်လိုက္တာပါ။ ေနာက္တစ္ဦးက ဝါးခယ္မၿမိဳ႕နယ္မွာ ဝင္ၿပိဳင္ဖို႔ ေလွ်ာက္ထားသူတစ္ဦးပါ။ သူက ႏိုင္ငံျခားမွာ အေနမ်ားတယ္။ ၂၀၁၆ ခုႏွစ္ကမွ ျပန္
လာတဲ့အတြက္ သူေနထိုင္တဲ့ သက္တမ္းက ၄ ႏွစ္ပဲရွိေသးတယ္။ အနည္းဆုံး တစ္ဆက္တည္း ၁၀ ႏွစ္ ေနထိုင္ရမယ္ဆိုတာရွိတယ္ေပါ့။ အဲ့အခ်က္ေၾကာင့္ ပယ္ခ်လိုက္ရျခင္း ျဖစ္ပါတယ္”လို ႔ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးေအာင္ျမင့္က ေျပာပါတယ္။

အပယ္ခ်ခံရသူ ႏွစ္ဦးမွာ ႏိုင္ငံသား မိဘ ၂ ဦးကေန ေမြးဖြားလာသူ မဟုတ္တာနဲ႔ ျမန္မာႏိုင္ငံမွာအနည္းဆုံး ၁၀ ႏွစ္ တစ္ဆက္တည္း ေနထိုင္သူမဟုတ္တာေတြေၾကာင့္ ပယ္ခ်ခံခဲ့ရတာျဖစ္ပါတယ္။

မိမိသေဘာဆႏၵအရ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ အဆိုျပဳလႊာ ႐ုတ္သိမ္းသြားသူကေတာ့ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ တိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ ၂ က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဦးဘိုဘို ျဖစ္ပါတယ္။

ဧရာဝတီတိုင္းမွာ မဲဆႏၵနယ္ ၉၂ ေနရာရွိေနၿပီး ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ကိုယ္စားေလာင္း ၅၀၃ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ပုသိမ္

Related posts

Leave a Comment

VOM News

FREE
VIEW