ခေါင်းနှစ်လုံးပါတဲ့ ကလေးတစ်ဦး နေပြည်တော်မှာမွေး

ခေါင်းနှစ်လုံးပါတဲ့ ကလေးတစ်ဦး နေပြည်တော်မှာမွေး

နေပြည်တော်၊ စက်တင်ဘာ ၁၇-၂၀၂၀
စွမ်းရဲထွဋ် (VOM)

နေပြည်တော် တပ်ကုန်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံမှာ ခေါင်းနှစ်လုံးပါတဲ့ ကလေးငယ်တစ်ဦးကို စက်တင်ဘာလ ၁၆ ရက်နေ့က အောင်မြင်စွာ ခွဲစိပ်မွေးဖွားပေးနိုင်ခဲ့တယ်လို့ တပ်ကုန်းမြို့ ကုတင်(၁၀၀) ဆေးရုံအုပ် ဒေါက်တာထွန်းထွန်းက VOM ကို ဒီကနေ့ ညနေပိုင်းမှာပြောပါတယ်။

“မနေ့ကည ၉ နာရီခွဲ လောက်က ခွဲမွေးတာ အဲ့ဒီ ညမှာပဲ ကလေးကို အထူးစောင့်ရှောက်ဖို့ လိုမယ်လို့ ဆိုပြီး ဥတ္တရကလေးအထူးကုဆေးရုံကြီးကို လွှဲပြောင်းပေးထားပါတယ်၊ ကျနော်တို့ အရေးပေါ် နေ့စေ့၊ လစေ့လည်းမဟုတ်ဘဲ ခွဲပေးလိုက်ရတဲ့အတွက်ကြောင့်မလို့ လိုအပ်တဲ့ စောင့်ရှောက်မှု့တွေ ဆက်လုပ်ရဦးမယ်”လို့ ဒေါက်တာထွန်းထွန်းကပြောပါတယ်။

အဲ့ဒီ ခေါင်းနှစ်လုံးပါတဲ့ ကလေးငယ်ကို ညတွင်းချင်း နေပြည်တော်၊ ဥတ္တရသီရိ သားဖွားမီးယပ်ဆေးရုံကို လွှဲပြောင်းပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

Photo-တပ်ကုန်း ကုတင် ၁၀၀ ဆေးရုံ
#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ေခါင္းႏွစ္လုံးပါတဲ့ ကေလးတစ္ဦး ေနျပည္ေတာ္မွာေမြး

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၇-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕ ကုတင္(၁၀၀) ျပည္သူ႔ေဆး႐ုံမွာ ေခါင္းႏွစ္လုံးပါတဲ့ ကေလးငယ္တစ္ဦးကို စက္တင္ဘာလ ၁၆ ရက္ေန႔က ေအာင္ျမင္စြာ ခြဲစိပ္ေမြးဖြားေပးႏိုင္ခဲ့တယ္လို႔ တပ္ကုန္းၿမိဳ႕ ကုတင္(၁၀၀) ေဆး႐ုံအုပ္ ေဒါက္တာထြန္းထြန္းက VOM ကို ဒီကေန႔ ညေနပိုင္းမွာေျပာပါတယ္။

“မေန႔ကည ၉ နာရီခြဲ ေလာက္က ခြဲေမြးတာ အဲ့ဒီ ညမွာပဲ ကေလးကို အထူးေစာင့္ေရွာက္ဖို႔ လိုမယ္လို႔ ဆိုၿပီး ဥတၱရကေလးအထူးကုေဆး႐ုံႀကီးကို လႊဲေျပာင္းေပးထားပါတယ္၊ က်ေနာ္တို႔ အေရးေပၚ ေန႔ေစ့၊ လေစ့လည္းမဟုတ္ဘဲ ခြဲေပးလိုက္ရတဲ့အတြက္ေၾကာင့္မလို႔ လိုအပ္တဲ့ ေစာင့္ေရွာက္မႈ႕ေတြ ဆက္လုပ္ရဦးမယ္”လို႔ ေဒါက္တာထြန္းထြန္းကေျပာပါတယ္။

အဲ့ဒီ ေခါင္းႏွစ္လုံးပါတဲ့ ကေလးငယ္ကို ညတြင္းခ်င္း ေနျပည္ေတာ္၊ ဥတၱရသီရိ သားဖြားမီးယပ္ေဆး႐ုံကို လႊဲေျပာင္းေပးခဲ့ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေတြ လုပ္ေပးေနတယ္လို႔လည္း သိရပါတယ္။

Photo-တပ္ကုန္း ကုတင္ ၁၀၀ ေဆး႐ုံ
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW