နေပြည်တော်ပြည်ထောင်စုနယ်မြေနဲ့ ကိုဗစ်အပ်ဒိတ်

Naypyidaw bed 1000

နေပြည်တော်ပြည်ထောင်စုနယ်မြေနဲ့ ကိုဗစ်အပ်ဒိတ်

နေပြည်တော်၊ စက်တင်ဘာ ၁၇-၂၀၂၀
Voice Of Myanmar

မြန်မာပြည်တဝှမ်းမှာ ကယားပြည်နယ်ကလွဲပြီး ကိုဗစ်ရောဂါကပ်ဆိုက်ရောက်နေတာမို့ မြို့အတော်များများဟာ ကိုယ့်အန္တရာယ်ကို ကာကွယ်နေကြရပါတယ်။ အစိုးရမင်းတွေရုံးစိုက်တဲ့ နေပြည်တော်ကတော့ အထူး(အထူး) ပိုမိုကြပ်မတ်ဆောင်ရွက်နေတဲ့ကြားက ကိုဗစ်ပိုးတွေ့သူ ၅၇ ယောက်ထိရှိခဲ့ပါတယ်။

ကိုဗစ်ပထမလှိုင်းမှာ ဆွစ်ဇာလန်သူတယောက်နဲ့ တပ်မတော်သားတယောက်မှာဘဲ ကိုဗစ်ပိုးတွေ့ခဲ့ပြီး ဒုတိယလှိုင်းအရိုက်ခံရတာမှာတော့ ၅၅ယောက်ထိခဲ့ပါတယ်။ လက်ရှိအနေအထားမှာ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးရဲ့ အခြေအနေကို နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကိုခုလိုပြောထားပါတယ်။

“ အခုလက်ရှိ ခုတင်-၁၀၀၀ ဆေးရုံမှာ ကိုဗစ်ပိုးတွေ့လူနာ ၄၆ ယောက်ကို အဆောင်သီးသန့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ထားပြီး ပုံမှန်လူနာတွေလည်းရှိနေတဲ့အတွက် လူနာကြပ်တည်းမှုဖြစ်ပေါ်လာနေတယ်၊ဒါကြောင့် နောက်ထပ်တွေ့ရှိလာတဲ့ ပိုးတွေ့လူနာတွေကို ကုတင် ၃၀၀ မှာ ထားရှိသွားမှာဖြစ်ပြီး အဲ့ဒီမှာ လူနာ ၃၀ ထားဖို့ သီးသန့်ဆောင်ပြင်ဆင်ထားရှိပြီဖြစ်တယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။

လက်ရှိပိုးတွေ့ထားတဲ့ လူနာတွေထဲမှာ တပ်မတော်သား ၃ယောက်ပါသလို၊ ဆရာဝန်တွေအပါအဝင် ကျမ္မာရေးဝန်ထမ်း ၁၃ ဦးထက်မနည်းပါပြီး ၊ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက ဝန်ထမ်းတဦးလည်း ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။

လက်ရှိ နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက ကိုဗစ်ပိုးတွေ့လူနာတွေထဲမှာ ဇဗ္ဗူသီရိမြို့နယ်က အများဆုံးဖြစ်ပြီး ၃၃ယောက် တွေ့ထားပါတယ်။ ပုဗ္ဗသီရိမြို့နယ်ကတော့ ၁၂ယောက်၊ ဒက္ခိဏသီရိက ၇ယောက်၊ ဇေယျာသီရိ ၊ ဥတ္တရသီရိ၊ လယ်ဝေး၊ တပ်ကုန်းနဲ့ ပျဉ်းမနားတို့ကတော့ ၁ယောက်ဆီ ပိုးတွေ့ထားပါတယ်။ ဒီလိုတွေ့တဲ့ထဲမှာ အစိုးရဝန်ထမ်းတွေလည်းပါတာကြောင့် ဝန်ကြီးဌာနအားလုံးက ဝန်ထမ်းတွေကို ပိုက်စိပ်တိုက် စစ်ဆေးမှုတွေလုပ်နေပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က စတင်စစ်ဆေးနေတာဖြစ်ပြီးတော့ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန (၅) ခုကို စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာ ၁၆ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအ ဖွဲ့ရုံးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၆ ခုကို စစ်ဆေးတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။

တခြားမြို့တွေကနေ နေပြည်တော်ကိုလာတဲ့သူတိုင်း မဖြစ်မနေ ကွာရန်တိုင်းဝင်ရတာမို့ ခုဆိုရင် နေပြည်တော်မှာ အဝင်အထွက် အတော်နည်းသွားခဲ့ပါတယ်။ ဒီလိုထိမ်းချုပ်တဲ့ကြားက နေပြည်တော်မှာ ပါတီတချို့ကတော့ လူစုမဲဆွယ်နေတာတွေ့နေရဆဲ့ဖြစ်ပါတယ်။ ကျမ္မာရေးနဲ့အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက

“ လက်ရှိအခြေအနေမှာ ကမ္ဘာပေါ်မှာလည်း Control မရသေးဘူး၊ ကိုယ့်နိုင်ငံရဲ့ဖြစ်ပွားမှုဟာလဲ Control မရသေးဘူး ပြောချင်တာက ဘယ်နေရာမှပေါ့ဆလို့မရပါဘူး ကျန်းမာရေးထက်ပိုပြီး အရေးကြီးတာမရှိပါဘူး” လို့ VOM ကို ပြောထားပါတယ်။

ခုလက်ရှိနေပြည်တော်မှာ ပိုးတွေ့လူနာနဲ့ သံသယလူနာထားဖို့ တိုးချဲ့ပြင်ဆင်နေကြသလိုဘဲ ရန်ကုန်နဲ့ မန္တလေးမှာလည်း နေရာသစ်တွေတိုးချဲ့ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈နာရီအချိန်ထိ ပိုးတွေ့လူနာ ၃၈၉၄ ယောက်၊ သေဆုံး ၄၆ယောက်၊ ပိုးကင်းစင်လို့ ဆေးရုံကနေဆင်းခွင့်ရသူ ၉၀၈ ယောက်ရှိတယ်လို့ ကျမ္မာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#vocieofmyanmar #VOM #နေပြည်တော်ကိုဗစ်

Zawgyi

ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမနဲ႔ ကိုဗစ္အပ္ဒိတ္

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၇-၂၀၂၀
Voice Of Myanmar

ျမန္မာျပည္တဝွမ္းမွာ ကယားျပည္နယ္ကလြဲၿပီး ကိုဗစ္ေရာဂါကပ္ဆိုက္ေရာက္ေနတာမို႔ ၿမိဳ႕အေတာ္မ်ားမ်ားဟာ ကိုယ့္အႏၲရာယ္ကို ကာကြယ္ေနၾကရပါတယ္။ အစိုးရမင္းေတြ႐ုံးစိုက္တဲ့ ေနျပည္ေတာ္ကေတာ့ အထူး(အထူး) ပိုမိုၾကပ္မတ္ေဆာင္႐ြက္ေနတဲ့ၾကားက ကိုဗစ္ပိုးေတြ႕သူ ၅၇ ေယာက္ထိရွိခဲ့ပါတယ္။

ကိုဗစ္ပထမလႈိင္းမွာ ဆြစ္ဇာလန္သူတေယာက္နဲ႔ တပ္မေတာ္သားတေယာက္မွာဘဲ ကိုဗစ္ပိုးေတြ႕ခဲ့ၿပီး ဒုတိယလႈိင္းအ႐ိုက္ခံရတာမွာေတာ့ ၅၅ေယာက္ထိခဲ့ပါတယ္။ လက္ရွိအေနအထားမွာ ေနျပည္ေတာ္ခု တင္ ၁၀၀၀ ေဆး႐ုံႀကီးရဲ႕ အေျခအေနကို ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက VOM ကိုခုလိုေျပာထားပါတယ္။

“ အခုလက္ရွိ ခုတင္-၁၀၀၀ ေဆး႐ုံမွာ ကိုဗစ္ပိုးေတြ႕လူနာ ၄၆ ေယာက္ကို အေဆာင္သီးသန႔္နဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ျပဳလုပ္ထားၿပီး ပုံမွန္လူနာေတြလည္းရွိေနတဲ့အတြက္ လူနာၾကပ္တည္းမႈျဖစ္ေပၚလာေနတယ္၊ဒါေၾကာင့္ ေနာက္ထပ္ေတြ႕ရွိလာတဲ့ ပိုးေတြ႕လူနာေတြကို ကုတင္ ၃၀၀ မွာ ထားရွိသြားမွာျဖစ္ၿပီး အဲ့ဒီမွာ လူနာ ၃၀ ထားဖို႔ သီးသန႔္ေဆာင္ျပင္ဆင္ထားရွိၿပီျဖစ္တယ္” လို႔ ေဒါက္တာျမတ္ဝဏၰစိုးကေျပာပါတယ္။

လက္ရွိပိုးေတြ႕ထားတဲ့ လူနာေတြထဲမွာ တပ္မေတာ္သား ၃ေယာက္ပါသလို၊ ဆရာဝန္ေတြအပါအဝင္ က်မၼာေရးဝန္ထမ္း ၁၃ ဦးထက္မနည္းပါၿပီး ၊ ျမန္မာ့အသံနဲ႔႐ုပ္ျမင္သံၾကားက ဝန္ထမ္းတဦးလည္း ကိုဗစ္ပိုးေတြ႕ခဲ့ပါတယ္။

လက္ရွိ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမထဲက ကိုဗစ္ပိုးေတြ႕လူနာေတြထဲမွာ ဇဗၺဴသီရိၿမိဳ႕နယ္က အမ်ားဆုံးျဖစ္ၿပီး ၃၃ေယာက္ ေတြ႕ထားပါတယ္။ ပုဗၺသီရိၿမိဳ႕နယ္ကေတာ့ ၁၂ေယာက္၊ ဒကၡိဏသီရိက ၇ေယာက္၊ ေဇယ်ာသီရိ ၊ ဥတၱရသီရိ၊ လယ္ေဝး၊ တပ္ကုန္းနဲ႔ ပ်ဥ္းမနားတို႔ကေတာ့ ၁ေယာက္ဆီ ပိုးေတြ႕ထားပါတယ္။ ဒီလိုေတြ႕တဲ့ထဲမွာ အစိုးရဝန္ထမ္းေတြလည္းပါတာေၾကာင့္ ဝန္ႀကီးဌာနအားလုံးက ဝန္ထမ္းေတြကို ပိုက္စိပ္တိုက္ စစ္ေဆးမႈေတြလုပ္ေနပါတယ္။

စက္တင္ဘာလ ၁၅ ရက္ေန႔က စတင္စစ္ေဆးေနတာျဖစ္ၿပီးေတာ့ ႏိုင္ငံေတာ္သမၼတ႐ုံး၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာနနဲ႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအပါအဝင္ ဝန္ႀကီးဌာန (၅) ခုကို စစ္ေဆးခဲ့တယ္လို႔သိရပါတယ္။ စက္တင္ဘာ ၁၆ရက္ေန႔မွာေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုအစိုးရအ ဖြဲ႕႐ုံးဝန္ႀကီးဌာန၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနအပါအဝင္ ဝန္ႀကီးဌာန ၆ ခုကို စစ္ေဆးတယ္လို႔ ေဒါက္တာျမတ္ဝဏၰစိုးကေျပာပါတယ္။

တျခားၿမိဳ႕ေတြကေန ေနျပည္ေတာ္ကိုလာတဲ့သူတိုင္း မျဖစ္မေန ကြာရန္တိုင္းဝင္ရတာမို႔ ခုဆိုရင္ ေနျပည္ေတာ္မွာ အဝင္အထြက္ အေတာ္နည္းသြားခဲ့ပါတယ္။ ဒီလိုထိမ္းခ်ဳပ္တဲ့ၾကားက ေနျပည္ေတာ္မွာ ပါတီတခ်ိဳ႕ကေတာ့ လူစုမဲဆြယ္ေနတာေတြ႕ေနရဆဲ့ျဖစ္ပါတယ္။ က်မၼာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခင္ခင္ႀကီးက

“ လက္ရွိအေျခအေနမွာ ကမာၻေပၚမွာလည္း Control မရေသးဘူး၊ ကိုယ့္ႏိုင္ငံရဲ႕ျဖစ္ပြားမႈဟာလဲ Control မရေသးဘူး ေျပာခ်င္တာက ဘယ္ေနရာမွေပါ့ဆလို႔မရပါဘူး က်န္းမာေရးထက္ပိုၿပီး အေရးႀကီးတာမရွိပါဘူး” လို႔ VOM ကို ေျပာထားပါတယ္။

ခုလက္ရွိေနျပည္ေတာ္မွာ ပိုးေတြ႕လူနာနဲ႔ သံသယလူနာထားဖို႔ တိုးခ်ဲ႕ျပင္ဆင္ေနၾကသလိုဘဲ ရန္ကုန္နဲ႔ မႏၲေလးမွာလည္း ေနရာသစ္ေတြတိုးခ်ဲ႕ျပင္ဆင္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီေန႔မနက္ ၈နာရီအခ်ိန္ထိ ပိုးေတြ႕လူနာ ၃၈၉၄ ေယာက္၊ ေသဆုံး ၄၆ေယာက္၊ ပိုးကင္းစင္လို႔ ေဆး႐ုံကေနဆင္းခြင့္ရသူ ၉၀၈ ေယာက္ရွိတယ္လို႔ က်မၼာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

#vocieofmyanmar #VOM #ေနျပည္ေတာ္ကိုဗစ္

Related posts

Leave a Comment

VOM News

FREE
VIEW