ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်လို့ ဖမ်းဆီးခံရတဲ့ကျောင်းသား ၃ ဦးနဲ့ မူအမှုဖွင့်ခံထားရသူ ၁၃ ဦးရှိ

ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်လို့ ဖမ်းဆီးခံရတဲ့ကျောင်းသား ၃ ဦးနဲ့ မူအမှုဖွင့်ခံထားရသူ ၁၃ ဦးရှိ

မန္တလေး၊ စက်တင်ဘာ ၁၇-၂၀၂၀
ဟိန်းကို(VOM)

အခုရက်ပိုင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသားတွေဟာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့အရာတွေကို ပြည်သူတွေသိရှိဖို့လို့ဆိုကာ တပ်မတော်ကိုဆန့်ကျင်ကြောင်းစာသားတွေပါတဲ့ စတစ်ကာတွေကို လူစည်ကားတဲ့နေရာတွေမှာ လိုက်ကပ်ပြီး ကမ်ပိန်းပြုလုပ်နေပါတယ်။

အဲ့ဒီလိုကမ်ပိန်းပြုလုပ်တဲ့ကျောင်းသားတွေကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့တွေက အာမခံမရတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(က)(ခ)တို့နဲ့အမှုဖွင့်ဖမ်းဆီးတာဟာ အခုဆိုရင် သမဂ္ဂကျောင်းသား ၃ ဦး ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်ကနေ သိရပါတယ်။

အခုလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ-၁ ကိုအောင်ပြည်စုံဖြိုးကိုဆက်သွယ်မေးမြန်းရာမှာတော့ ” မုံရွာခရိုင်ဗကသများအဖွဲ့ချုပ်က စတစ်ကာကမ်ပိန်းလုပ်တာ မိထ္ထီလာဖြစ်စဉ်လိုပဲ၊ သူက မုံရွာကနေ ကလေးကိုရွှေ့သွားလို့ထင်တယ်၊ လက်ရှိဆိုရင် မုံရွာဖြစ်စဉ်ရှိမယ်၊ မိထ္ထီလာဖြစ်စဉ်ရှိမယ်။ မန္တလေးမှာဆိုလည်း လိုက်ဖမ်းနေတယ်၊ သူတို့လိုက်ဖမ်းနေတဲ့ကျောင်းသားဦးရေ ၂၀ကျော်လောက်တော့ရှိတယ်။အဲ့ဒါက ကျွန်တော်တို့ ဗကသကနေ စာရင်းလုပ်ထားတဲ့ဟာပါ “လို့ ပြောပါတယ်။

ဒီကနေ့နေလယ်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာနေတဲ့ မုံရွာခရိုင်ကျောင်းသားသမဂ္ဂအတွင်းရေးမှူး လင်းသူရကိုကို ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

“သူ့ကိုလာခေါ်တာက မုံရွာကလာတဲ့ ဝရမ်းနဲ့လာတယ်လို့ပြောတယ်။ ၅၀၅(က) ၅၀၅(ခ)နဲ့လာခေါ်တယ်လို့ သူကအဲ့ဒီအတီုင်းပဲပြောတယ်၊ ခုတော့မုံရွာကိုခေါ်သွားပြီ”လို့ လင်းသူရကိုကိုရဲ့ မိတ်ဆွေဖြစ်သူတစ်ဦးကပြောပါတယ်။

မန္တလေးမြို့မှာလည်း ရခိုင်အရေးဆန္ဒပြခဲ့တဲ့ ဗကသအဖွဲ့ဝင်ကျောင်းသား ၁၃ ဦးကို ငြိမ်းစုစီပုဒ်မ-၁၉နဲ့ တရားစွဲထားတဲ့အပြင် တပ်မတော်ကိုဆန့်ကျင်ကြောင်းစာသားတွေပါတဲ့ စတစ်ကာတွေကို လိုက်ကပ်တဲ့ကျောင်းသားတွေကိုလည်း ရဲတပ်ဖွဲ့ကလိုက်လံရှာဖွေနေတဲ့အပြင် ရန်ကုန်မြို့က ဗကသကျောင်းသားတွေကိုလည်းလိုက်လံဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။

ဗကသအဖွဲ့ဝင်ကျောင်းသားတွေ စတစ်ကာကမ်ပိန်းပြုလုပ်ရာမှာ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ပလက်ဝဒေသတို့မှာ 4Gအင်တာနက်အမြန်ဆုံးဖွင့်ပေးရေး၊ မတရားဥပဒေပုဒ်မများဖြင့်ဖမ်းဆီးခံရသော ကျောင်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ‌်ပေးရေး၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ ဖက်ဆစ်စစ်တပ်ကျဆုံးပါစေ၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ တပ်မတော်အလင်းဝင်ပါ စတဲ့စာသားတွေအပါအဝင် ရခိုင်မှာ မတရားဖမ်းဆီးခံရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဗကသကျောင်းသား #ဖမ်းဆီးခံရမှု

Zawgyi

ရခိုင္အေရးလႈပ္ရွားမႈျပဳလုပ္လို႔ ဖမ္းဆီးခံရတဲ့ေက်ာင္းသား ၃ ဦးနဲ႔ မူအမႈဖြင့္ခံထားရသူ ၁၃ ဦးရွိ

မႏၲေလး၊ စက္တင္ဘာ ၁၇-၂၀၂၀
ဟိန္းကို(VOM)

အခုရက္ပိုင္း ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢအဖြဲ႕ဝင္ေက်ာင္းသားေတြဟာ ရခိုင္ျပည္နယ္မွာျဖစ္ေနတဲ့အရာေတြကို ျပည္သူေတြသိရွိဖို႔လို႔ဆိုကာ တပ္မေတာ္ကိုဆန႔္က်င္ေၾကာင္းစာသားေတြပါတဲ့ စတစ္ကာေတြကို လူစည္ကားတဲ့ေနရာေတြမွာ လိုက္ကပ္ၿပီး ကမ္ပိန္းျပဳလုပ္ေနပါတယ္။

အဲ့ဒီလိုကမ္ပိန္းျပဳလုပ္တဲ့ေက်ာင္းသားေတြကို သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ေတြက အာမခံမရတဲ့ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ- ၅၀၅(က)(ခ)တို႔နဲ႔အမႈဖြင့္ဖမ္းဆီးတာဟာ အခုဆိုရင္ သမဂၢေက်ာင္းသား ၃ ဦး ဖမ္းဆီးခံထားရတာျဖစ္တယ္လို႔ ဗကသမ်ားအဖြဲ႕ခ်ဳပ္ကေန သိရပါတယ္။

အခုလိုျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီး ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဒု-ဥကၠ႒-၁ ကိုေအာင္ျပည္စုံၿဖိဳးကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ ” မုံ႐ြာခ႐ိုင္ဗကသမ်ားအဖြဲ႕ခ်ဳပ္က စတစ္ကာကမ္ပိန္းလုပ္တာ မိထၳီလာျဖစ္စဥ္လိုပဲ၊ သူက မုံ႐ြာကေန ကေလးကိုေ႐ႊ႕သြားလို႔ထင္တယ္၊ လက္ရွိဆိုရင္ မုံ႐ြာျဖစ္စဥ္ရွိမယ္၊ မိထၳီလာျဖစ္စဥ္ရွိမယ္။ မႏၲေလးမွာဆိုလည္း လိုက္ဖမ္းေနတယ္၊ သူတို႔လိုက္ဖမ္းေနတဲ့ေက်ာင္းသားဦးေရ ၂၀ေက်ာ္ေလာက္ေတာ့ရွိတယ္။အဲ့ဒါက ကြၽန္ေတာ္တို႔ ဗကသကေန စာရင္းလုပ္ထားတဲ့ဟာပါ “လို႔ ေျပာပါတယ္။

ဒီကေန႔ေနလယ္ပိုင္းကလည္း စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာေနတဲ့ မုံ႐ြာခ႐ိုင္ေက်ာင္းသားသမဂၢအတြင္းေရးမႉး လင္းသူရကိုကို ဆိုသူကို ရဲတပ္ဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားတဲ့ျဖစ္စဥ္လည္း ျဖစ္ခဲ့ပါတယ္။

“သူ႔ကိုလာေခၚတာက မုံ႐ြာကလာတဲ့ ဝရမ္းနဲ႔လာတယ္လို႔ေျပာတယ္။ ၅၀၅(က) ၅၀၅(ခ)နဲ႔လာေခၚတယ္လို႔ သူကအဲ့ဒီအတီုင္းပဲေျပာတယ္၊ ခုေတာ့မုံ႐ြာကိုေခၚသြားၿပီ”လို႔ လင္းသူရကိုကိုရဲ႕ မိတ္ေဆြျဖစ္သူတစ္ဦးကေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာလည္း ရခိုင္အေရးဆႏၵျပခဲ့တဲ့ ဗကသအဖြဲ႕ဝင္ေက်ာင္းသား ၁၃ ဦးကို ၿငိမ္းစုစီပုဒ္မ-၁၉နဲ႔ တရားစြဲထားတဲ့အျပင္ တပ္မေတာ္ကိုဆန႔္က်င္ေၾကာင္းစာသားေတြပါတဲ့ စတစ္ကာေတြကို လိုက္ကပ္တဲ့ေက်ာင္းသားေတြကိုလည္း ရဲတပ္ဖြဲ႕ကလိုက္လံရွာေဖြေနတဲ့အျပင္ ရန္ကုန္ၿမိဳ႕က ဗကသေက်ာင္းသားေတြကိုလည္းလိုက္လံဖမ္းဆီးခဲ့တယ္လို႔လည္း သိရပါတယ္။

ဗကသအဖြဲ႕ဝင္ေက်ာင္းသားေတြ စတစ္ကာကမ္ပိန္းျပဳလုပ္ရာမွာ ရခိုင္ျပည္နယ္ႏွင့္ခ်င္းျပည္နယ္ပလက္ဝေဒသတို႔မွာ 4Gအင္တာနက္အျမန္ဆုံးဖြင့္ေပးေရး၊ မတရားဥပေဒပုဒ္မမ်ားျဖင့္ဖမ္းဆီးခံရေသာ ေက်ာင္းသားအားလုံးကို ခြၽင္းခ်က္မရွိ ျပန္လႊတ‌္ေပးေရး၊ ျပည္တြင္းစစ္ခ်က္ခ်င္းရပ္၊ ဖက္ဆစ္စစ္တပ္က်ဆုံးပါေစ၊ ဖက္ဆစ္စစ္တပ္အလိုမရွိ၊ တပ္မေတာ္အလင္းဝင္ပါ စတဲ့စာသားေတြအပါအဝင္ ရခိုင္မွာ မတရားဖမ္းဆီးခံရတဲ့ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ေတြကို အျမန္ဆုံးျပန္လြတ္ေပးဖို႔ရည္႐ြယ္ခ်က္နဲ႔ ျပဳလုပ္တာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဗကသေက်ာင္းသား #ဖမ္းဆီးခံရမႈ

Related posts

Leave a Comment

VOM News

FREE
VIEW