သက္ကလတိုက်နယ်ဆေးရုံမှာ ပထမအကြိမ် ပိုးမတွေ့အဖြေထွက်ထားသူတွေထဲက ၃၅ ဦးမှာ Covid-19 ပိုးပြန်တွေ့

သက္ကလတိုက်နယ်ဆေးရုံမှာ ပထမအကြိမ် ပိုးမတွေ့အဖြေထွက်ထားသူတွေထဲက ၃၅ ဦးမှာ Covid-19 ပိုးပြန်တွေ့

နေပြည်တော်၊စက်တင်ဘာ ၁၉-၂၀၂၀
ကောင်းလက်‌ျာ(VOM)

ပဲခူးတိုင်း‌၊ ကဝမြို့နယ်ထဲမှာ Covid-19အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ ၁၁၂ ဦးကို သက္ကလတိုက်နယ်ဆေးရုံမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားပြီး ပထမအကြိမ်တို့ပတ်နမူနာယူစစ်ဆေးချိန်က နက်ဂတစ်(ပိုးမတွေ့)အဖြေထွက်ရှိထားသူ ၃၅ ဦးမှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကဝမြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

” ဒီကနေ့ လူနာ ၃၅ ဦးက ၈ ရက်နေ့ကစစ်ဆေးစဉ် နက်ဂတစ်အဖြေထွက်ထားပြီးသူ‌တွေပါ။ ဒီက‌နေ့ ‌ရောဂါးပိုးပြန်‌တွေ့တာဖြစ်ပြီး ဆေးရုံမှာ စောင့်ကြည့်ထားတဲ့ ၁၁၂ ဦးထဲကပါ။ထပ်စစ်မယ် မစစ်ဘူးကတော့ အထက်က ညွန်ကြားမှသာ သိရမယ်”လို့ ကဝမြို့နယ်ပြည်
သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာမောင်မောင်ချစ်က ပြောပါတယ်။

ကဝမြို့နယ်၊ သက္ကလစံပြကျေးရွာ တိုက်နယ်ဆေးရုံက ကျန်းမာရေးဝန်ထမ်းတစ်ဦး စက်တင်ဘာ ၅ ရက်နေ့မှာ Covid -19 ရောဂါပိုးစတင်‌တွေ့ရှိခဲ့ပြီး လက်ရှိမှာတော့ တိုက်နယ်ဆေးရုံရှိ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း၊ ဝန်ထမ်းမိသားစုများ၊ လူနာ၊ လူနာစောင့်နဲ့‌ဒေသခံ စုစု‌ပေါင်း ၆၃ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိထားပြီးဖြစ်ပါတယ်။

” ပထမဆုံး ပိုးတွေ့လူနာအမှတ်-၁၂၁၃က မနေ့က ဆေးရုံကဆင်းသွားပြီ။ ဒီကနေ့ ထပ်တိုးလူနာအားလုံးက သက္ကလတိုက်နယ်ဆေးရုံမှာ အသွားအလာကန့်သတ်ထားသူတွေချည်းပါ “လို့ သက္ကလတိုက်နယ်ဆေးရုံမှာ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်းအတွင်းက မြို့နယ်ပေါင်း၂၈ မြို့နယ်ထဲမှာ ဩဂုတ် တတိယပတ်ခန့်ကနေ ဒီကနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၁၀၀ ကျော်ရှိတဲ့အထဲက ကဝမြို့နယ်၊ သက္ကလစံပြကျေးရွာ တစ်ရွာထဲမှာ Covid-19 ရောဂါကူးစက်ခံရတဲ့သူ ၆၃ ဦးကို ကြပ်မတ်ကုသမှုပေးနေရတယ်လို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ထားချက်အရ သိရပါတယ်။

Photo- နေဖုန်းသိုက်
#voiceofmyanmar #VOM #ကဝ #သက္ကလဆေးရုံ #ကိုဗစ်လူနာ

Zawgyi

သကၠလတိုက္နယ္ေဆး႐ုံမွာ ပထမအႀကိမ္ ပိုးမေတြ႕အေျဖထြက္ထားသူေတြထဲက ၃၅ ဦးမွာ Covid-19 ပိုးျပန္ေတြ႕

ေနျပည္ေတာ္၊စက္တင္ဘာ ၁၉-၂၀၂၀
ေကာင္းလက္‌်ာ(VOM)

ပဲခူးတိုင္း‌၊ ကဝၿမိဳ႕နယ္ထဲမွာ Covid-19အတည္ျပဳလူနာနဲ႔ ထိေတြ႕ခဲ့သူ ၁၁၂ ဦးကို သကၠလတိုက္နယ္ေဆး႐ုံမွာ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ထားၿပီး ပထမအႀကိမ္တို႔ပတ္နမူနာယူစစ္ေဆးခ်ိန္က နက္ဂတစ္(ပိုးမေတြ႕)အေျဖထြက္ရွိထားသူ ၃၅ ဦးမွာ ကိုဗစ္ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ ကဝၿမိဳနယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

” ဒီကေန႔ လူနာ ၃၅ ဦးက ၈ ရက္ေန႔ကစစ္ေဆးစဥ္ နက္ဂတစ္အေျဖထြက္ထားၿပီးသူ‌ေတြပါ။ ဒီက‌ေန႔ ‌ေရာဂါးပိုးျပန္‌ေတြ႕တာျဖစ္ၿပီး ေဆး႐ုံမွာ ေစာင့္ၾကည့္ထားတဲ့ ၁၁၂ ဦးထဲကပါ။ထပ္စစ္မယ္ မစစ္ဘူးကေတာ့ အထက္က ၫြန္ၾကားမွသာ သိရမယ္”လို႔ ကဝၿမိဳ႕နယ္ျပည္
သူ႔ က်န္းမာေရးဦးစီးဌာနမွ ဦးစီးမႉး ေဒါက္တာေမာင္ေမာင္ခ်စ္က ေျပာပါတယ္။

ကဝၿမိဳ႕နယ္၊ သကၠလစံျပေက်း႐ြာ တိုက္နယ္ေဆး႐ုံက က်န္းမာေရးဝန္ထမ္းတစ္ဦး စက္တင္ဘာ ၅ ရက္ေန႔မွာ Covid -19 ေရာဂါပိုးစတင္‌ေတြ႕ရွိခဲ့ၿပီး လက္ရွိမွာေတာ့ တိုက္နယ္ေဆး႐ုံရွိ ဆရာဝန္၊ က်န္းမာေရးဝန္ထမ္း၊ ဝန္ထမ္းမိသားစုမ်ား၊ လူနာ၊ လူနာေစာင့္နဲ႔‌ေဒသခံ စုစု‌ေပါင္း ၆၃ ဦးမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိထားၿပီးျဖစ္ပါတယ္။

” ပထမဆုံး ပိုးေတြ႕လူနာအမွတ္-၁၂၁၃က မေန႔က ေဆး႐ုံကဆင္းသြားၿပီ။ ဒီကေန႔ ထပ္တိုးလူနာအားလုံးက သကၠလတိုက္နယ္ေဆး႐ုံမွာ အသြားအလာကန႔္သတ္ထားသူေတြခ်ည္းပါ “လို႔ သကၠလတိုက္နယ္ေဆး႐ုံမွာ ကူညီေဆာင္႐ြက္ေပးေနသူတစ္ဦးက ေျပာပါတယ္။

ပဲခူးတိုင္းအတြင္းက ၿမိဳ႕နယ္ေပါင္း၂၈ ၿမိဳ႕နယ္ထဲမွာ ဩဂုတ္ တတိယပတ္ခန႔္ကေန ဒီကေန႔အခ်ိန္ထိ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕လူနာ ၁၀၀ ေက်ာ္ရွိတဲ့အထဲက ကဝၿမိဳ႕နယ္၊ သကၠလစံျပေက်း႐ြာ တစ္႐ြာထဲမွာ Covid-19 ေရာဂါကူးစက္ခံရတဲ့သူ ၆၃ ဦးကို ၾကပ္မတ္ကုသမႈေပးေနရတယ္လို႔ ပဲခူးတိုင္း က်န္းမာေရးဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္ထားခ်က္အရ သိရပါတယ္။

Photo- ေနဖုန္းသိုက္
#voiceofmyanmar #VOM #ကဝ #သကၠလေဆး႐ုံ #ကိုဗစ္လူနာ

Related posts

Leave a Comment

VOM News

FREE
VIEW