မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းကို တောဆင်ရိုင်း ၈ကောင်ဝင်ရောက်ဖျက်စီးမူဖြစ်ပွား

မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းကို တောဆင်ရိုင်း ၈ကောင်ဝင်ရောက်ဖျက်စီးမူဖြစ်ပွား

ပုသိမ်၊ စက်တင်ဘာ၂၀-၂၀၂၀
ကိုအောင်(VOM)

ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ သစ်တိုပင်ကျေးရွာရှိ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းမှာ ဒီကနေ့မနက် ၁နာရီ ကျော်က တောဆင်ရိုင်း ၈ကောင်ဝင်ရောက်ဖျက်စီးခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြစ်တစ်ရာသစ်တောကြိုးဝိုင်း၊ အကွက်အမှတ်၈၉မှာနေထိုင်တဲ့ မိသားစု၄ဦးနေထိုင်တဲ့နေအိမ်ကို တောဆင်ရိုင်း၈ကောင်က ဝင်ရောက်ဖျက်စီးခဲ့ပြီး အဲ့ဒီအိမ်မှာနေထိုင်တဲ့ အသက်၂၁နစ်အရွယ်အမျိုးသမီးဟာ ဆင်တစ်ကောင်ရဲ့တိုက်ခိုက်မူကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“သူတို့မိသားစု အိပ်နေတဲ့အချိန်မှာ တောဆင်တွေကဝင်လာတော့ ထွက်ပြေးကြတာ၊ အဲ့ကောင်မလေးက သူ့ကလေးကိုချီပြီးထွက်ပြေးတော့ ဆင်က နှာမောင်းနဲ့ရိုက်ချလိုက်တာ၊ နံရိုးကျိုးသွားတယ်ထင်တယ်၊ အသေအပျောက်တော့မရှိပါဘူး၊ အားလုံးကံကောင်းသွားတယ်”လို့ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းကပြောပါတယ်။

တောဆင်ရိုင်းအတိုက်ခိုက်ခံရတဲ့ အမျိုးသမီးကို မနက်၆နာရီမှာ ငရုတ်ကောင်းတောင်ကျေးလက်ကျန်းမာရေးဌာနကို သွားရောက်ပို့ဆောင်ခဲ့ပြီး အဲ့ဒီကနေတဆင့် ပုသိမ်ဆေးရုံကြီးကို လွှဲပြောင်းကုသနေတယ်လို့ သိရပါတယ်။

ငပုတောမြို့နယ်၊ ငရုတ်ကောင်းတောင်ကျေးရွာအုပ်စု၊ တင်းချောင်းအုပ်စု စတဲ့ရွာတွေဟာ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းမှာရှိနေပြီး နှစ်စဉ် တောဆင်းရိုင်းတွေဟာ လယ်မြေတွေနဲ့ လူနေအိမ်တွေကို ဝင်ရောက်ဖျက်စီးတာတွေရှိခဲ့ပြီး လူတွေထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးမူအချို့ မကြာမခဏဖြစ်ပွားတယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ငပုတော

Zawgyi

ျမစ္တစ္ရာသစ္ေတာႀကိဳးဝိုင္းအတြင္းကို ေတာဆင္႐ိုင္း ၈ေကာင္၀င္ေရာက္ဖ်က္စီးမူျဖစ္ပြား

ပုသိမ္၊ စက္တင္ဘာ၂၀-၂၀၂၀
ကိုေအာင္(VOM)

ငပုေတာၿမိဳ႕နယ္၊ တင္းေခ်ာင္းေက်း႐ြာအုပ္စု၊ သစ္တိုပင္ေက်း႐ြာရွိ ျမစ္တစ္ရာသစ္ေတာႀကိဳးဝိုင္းအတြင္းမွာ ဒီကေန႔မနက္ ၁နာရီ ေက်ာ္က ေတာဆင္႐ိုင္း ၈ေကာင္၀င္ေရာက္ဖ်က္စီးခဲ့တာေၾကာင့္ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

ျမစ္တစ္ရာသစ္ေတာႀကိဳးဝိုင္း၊ အကြက္အမွတ္၈၉မွာေနထိုင္တဲ့ မိသားစု၄ဦးေနထိုင္တဲ့ေနအိမ္ကို ေတာဆင္႐ိုင္း၈ေကာင္က ၀င္ေရာက္ဖ်က္စီးခဲ့ၿပီး အဲ့ဒီအိမ္မွာေနထိုင္တဲ့ အသက္၂၁နစ္အ႐ြယ္အမ်ိဳးသမီးဟာ ဆင္တစ္ေကာင္ရဲ႕တိုက္ခိုက္မူေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

“သူတို႔မိသားစု အိပ္ေနတဲ့အခ်ိန္မွာ ေတာဆင္ေတြက၀င္လာေတာ့ ထြက္ေျပးၾကတာ၊ အဲ့ေကာင္မေလးက သူ႔ကေလးကိုခ်ိီၿပီးထြက္ေျပးေတာ့ ဆင္က ႏွာေမာင္းနဲ႔႐ိုက္ခ်လိုက္တာ၊ နံ႐ိုးက်ိဳးသြားတယ္ထင္တယ္၊ အေသအေပ်ာက္ေတာ့မရွိပါဘူး၊ အားလုံးကံေကာင္းသြားတယ္”လို႔ တင္းေခ်ာင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ျမင့္ထြန္းကေျပာပါတယ္။

ေတာဆင္႐ိုင္းအတိုက္ခိုက္ခံရတဲ့ အမ်ိဳးသမီးကို မနက္၆နာရီမွာ င႐ုတ္ေကာင္းေတာင္ေက်းလက္က်န္းမာေရးဌာနကို သြားေရာက္ပို႔ေဆာင္ခဲ့ၿပီး အဲ့ဒီကေနတဆင့္ ပုသိမ္ေဆး႐ုံႀကီးကို လႊဲေျပာင္းကုသေနတယ္လို႔ သိရပါတယ္။

ငပုေတာၿမိဳ႕နယ္၊ င႐ုတ္ေကာင္းေတာင္ေက်း႐ြာအုပ္စု၊ တင္းေခ်ာင္းအုပ္စု စတဲ့႐ြာေတြဟာ ျမစ္တစ္ရာသစ္ေတာႀကိဳး၀ိုင္းအတြင္းမွာရွိေနၿပီး ႏွစ္စဥ္ ေတာဆင္း႐ိုင္းေတြဟာ လယ္ေျမေတြနဲ႔ လူေနအိမ္ေတြကို ၀င္ေရာက္ဖ်က္စီးတာေတြရွိခဲ့ၿပီး လူေတြထိခိုက္ဒဏ္ရာရတာနဲ႔ ေသဆုံးမူအခ်ိဳ႕ မၾကာမခဏျဖစ္ပြားတယ္လို႔လည္း ေဒသခံေတြေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ငပုေတာ

Related posts

Leave a Comment

VOM News

FREE
VIEW