ပါတီမိတ်ဆက် (ကရင်အမျိုးသားပါတီ-KNP)

ပါတီမိတ်ဆက် (ကရင်အမျိုးသားပါတီ-KNP)

မန္တလေး၊စက်တင်ဘာ၂၃-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ် ကရင်အမျိုးသားပါတီနဲ့ မိတ်ဆက်ပေးပါရစေ။

ကရင်အမျိုးသားပါတီအကြောင်းသိနိုင်ဖို့ ကရင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦိးမန်းကျော်ငြိမ်းကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။

VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။
ဦိးမန်းကျော်ငြိမ်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၃ယောက်ရှိပါတယ်။

VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။
ဦိးမန်းကျော်ငြိမ်း- ကျနော်တို့ကတော့ တိုင်းရင်းသားပါတီဖြစ်တဲ့အတွက် ကျနော်တို့က စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ဖို့ပါဘဲ။

VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။
ဦိးမန်းကျော်ငြိမ်း- ကျနော်တို့ဝင်ပြိုင်တဲ့ နေရာတွေအားလုံးဝင်ပြိုင်မှာပါ။ ပါတီကြီးတွေရှိရင်လည်း ကျနော်တို့ဝင်ပြိုင်မှာဘဲ။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။
ဦိးမန်းကျော်ငြိမ်း- မနိုင်သေးဘူး။ ပြီးခဲ့တဲ့၂၀၁၄မှာပါတီမှတ်ပုံတင်ကျတာ ၂၀၁၅မှဝင်ပြိုင်တယ်။ အဲ့တုန်းက၂၁နေရာဝင်ပြိုင်တာ တစ်နေရာမှမရခဲ့ဘူး။

VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။
ဦးမန်းကျော်ငြိမ်း- သူ့ရဲ့ဒေသကလူတွေကနေပြီးတော့ သင့်တော်မယ့်လူတွေကို ရွေးချယ်တဲ့အခါမှာ ကျနော်တို့ကတော့ ( Criteria) ကိုယ်စားလှယ်လောင်းအရည်အသွေးသတ်မှတ်ချက် အနေနဲ့ကတော့ ပြင်းပြင်းထန်ထန်မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ လုပ်ချင်တဲ့စိတ်ရှိတဲ့လူ၊ လုပ်ရည်ကိုင်ရည်ရှိတဲ့လူ၊ ပညာရေးကိုတော့မကန့်သတ်ထားဘူး။

VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။
ဦးမန်းကျော်ငြိမ်း- စာရင်းကကျနော်တို့အားလုံးသေချာမဆုံးမသတ်ရသေးဘူး နောက်ဝင်လာတာတွေနဲ့ ဆိုတော့ သောင်းဂဏန်းကျော်ကျော်တော့ ရှိမှာပါ။

VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။
ဦးမန်းကျော်ငြိမ်း- တိုင်းရင်းသားပါတီဖြစ်တက်အတွက် အမျိုးသားတိုင်းပြည်ရေး နဲ့ ကိုယ်ပိုင်ပြဌာန်းမှုတွေရှိပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်တောင်စုတည်ဆောက်ဖို့အတွက် ကျနော်တို့က ကျန်တဲ့တိုင်းရင်းသားနဲ့ ဝိုင်းဝန်းပြီးတော့ သွားကြမယ်ဆိုတဲ့ နိုင်ငံရေးရည်န်းမှန်းချက်ရှိတယ်။

#voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် ကရင်အမျိုးသားပါတီ-KNP

Zawgyi

ပါတီမိတ္ဆက္ (ကရင္အမ်ိဳးသားပါတီ-KNP)

မႏၲေလး၊စက္တင္ဘာ၂၃-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္၂၀၂၀ ႏိုဝင္ဘာလ၈ရက္ေန႔ ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ပါတီေတြထဲကေန ႏိုင္ငံေရးပါတီမိတ္ဆက္အစီအစဥ္အျဖစ္ ကရင္အမ်ိဳးသားပါတီနဲ႔ မိတ္ဆက္ေပးပါရေစ။

ကရင္အမ်ိဳးသားပါတီအေၾကာင္းသိႏိုင္ဖို႔ ကရင္အမ်ိဳးသားပါတီရဲ႕ အေထြေထြအတြင္းေရးမႉး ဦိးမန္းေက်ာ္ၿငိမ္းကို VOMသတင္းေထာက္လဲ့လဲ့ဝင္းကေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ပါတီအေနနဲ႔လႊတ္ေတာ္ကိုယ္စားလွယ္ဘယ္ေလာက္အေရအတြက္ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ။
ဦိးမန္းေက်ာ္ၿငိမ္း-ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ကိုယ္စားလွယ္စုစုေပါင္း၁၃ေယာက္ရွိပါတယ္။

VOM – ပါတီရဲ႕ကတိကဝတ္ကဘာေတြျဖစ္မလဲ။
ဦိးမန္းေက်ာ္ၿငိမ္း- က်ေနာ္တို႔ကေတာ့ တိုင္းရင္းသားပါတီျဖစ္တဲ့အတြက္ က်ေနာ္တို႔က စစ္မွန္တဲ့ ဖယ္ဒရယ္ျပည္ေတာင္စုတည္ေဆာက္ဖို႔ပါဘဲ။

VOM- အာဏာရပါတီနဲ႔ျပည္ခိုင္ၿဖိဳးစတဲ့ပါတီႀကီးေတြကိုဘယ္လိုအင္အားေတြနဲ႔ယွဥ္ၿပိဳင္သြားမလဲ။
ဦိးမန္းေက်ာ္ၿငိမ္း- က်ေနာ္တို႔ဝင္ၿပိဳင္တဲ့ ေနရာေတြအားလုံးဝင္ၿပိဳင္မွာပါ။ ပါတီႀကီးေတြရွိရင္လည္း က်ေနာ္တို႔ဝင္ၿပိဳင္မွာဘဲ။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာဘယ္ႏွေနရာႏိုင္ခဲ့ဖူးပါသလဲ။
ဦိးမန္းေက်ာ္ၿငိမ္း- မႏိုင္ေသးဘူး။ ၿပီးခဲ့တဲ့၂၀၁၄မွာပါတီမွတ္ပုံတင္က်တာ ၂၀၁၅မွဝင္ၿပိဳင္တယ္။ အဲ့တုန္းက၂၁ေနရာဝင္ၿပိဳင္တာ တစ္ေနရာမွမရခဲ့ဘူး။

VOM -ပါတီရဲ႕ကိုယ္စားလွယ္ေလာင္းကိုဘယ္လိုေ႐ြးလဲ။
ဦးမန္းေက်ာ္ၿငိမ္း- သူ႔ရဲ႕ေဒသကလူေတြကေနၿပီးေတာ့ သင့္ေတာ္မယ့္လူေတြကို ေ႐ြးခ်ယ္တဲ့အခါမွာ က်ေနာ္တို႔ကေတာ့ ( Criteria) ကိုယ္စားလွယ္ေလာင္းအရည္အေသြးသတ္မွတ္ခ်က္ အေနနဲ႔ကေတာ့ ျပင္းျပင္းထန္ထန္မဟုတ္ေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ လုပ္ခ်င္တဲ့စိတ္ရွိတဲ့လူ၊ လုပ္ရည္ကိုင္ရည္ရွိတဲ့လူ၊ ပညာေရးကိုေတာ့မကန႔္သတ္ထားဘူး။

VOM- ပါတီဝင္အင္အားဘယ္ေလာက္ရွိပါသလဲ။
ဦးမန္းေက်ာ္ၿငိမ္း- စာရင္းကက်ေနာ္တို႔အားလုံးေသခ်ာမဆုံးမသတ္ရေသးဘူး ေနာက္ဝင္လာတာေတြနဲ႔ ဆိုေတာ့ ေသာင္းဂဏန္းေက်ာ္ေက်ာ္ေတာ့ ရွိမွာပါ။

VOM – ပါတီရဲ႕ေဆာင္ပုဒ္ကဘာျဖစ္မလဲ။
ဦးမန္းေက်ာ္ၿငိမ္း- တိုင္းရင္းသားပါတီျဖစ္တက္အတြက္ အမ်ိဳးသားတိုင္းျပည္ေရး နဲ႔ ကိုယ္ပိုင္ျပဌာန္းမႈေတြရွိၿပီးေတာ့ ဖယ္ဒရယ္ဒီမိုကေရစီ ျပည္ေတာင္စုတည္ေဆာက္ဖို႔အတြက္ က်ေနာ္တို႔က က်န္တဲ့တိုင္းရင္းသားနဲ႔ ဝိုင္းဝန္းၿပီးေတာ့ သြားၾကမယ္ဆိုတဲ့ ႏိုင္ငံေရးရည္န္းမွန္းခ်က္ရွိတယ္။

#voiceofmyanmar #VOM #ႏိုင္ငံေရးပါတီမိတ္ဆက္ ကရင္အမ်ိဳးသားပါတီ-KNP

Related posts

Leave a Comment

VOM News

FREE
VIEW