ပုဂံမြို့က ရွှေစည်းခုံစေတီတော်ရဲ့ တောင်ဘက်စောင်းတန်း ပြိုကျ

ပုဂံမြို့က ရွှေစည်းခုံစေတီတော်ရဲ့ တောင်ဘက်စောင်းတန်း ပြိုကျ

ညောင်ဦး၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၀
ကိုတိုးကြီး(VOM)

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက သမိုင်းဝင် ရှေးဟောင်းစေတီတစ်ဆူဖြစ်တဲ့ ရွှေစည်းခုံစေတီရဲ့ တောင်ဘက်စောင်းတန်းဟာ ဒီကနေ့ မနက် ၆ နာရီက ပြိုကျပျက်စီးခဲ့တယ်လို့ ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။

” တောင်ဘက်စောင်းတန်း ခြသေ့် နှစ်ကောင် ရုပ်ထုကြားက သံတန်စောင်းဖြစ်ပါတယ် ၊ ပေ ၂၀ ဝန်းကျင်လောက် အခန်းဝက ပြိုကျတာဖြစ်တယ်”လို့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနကနေ အတည်ပြုပြောပါတယ်။

အဲ့ဒီ ညောင်ဦးမြို့နယ်မှာ မနေ့ စက်တင်ဘာ ၂၈ ရက်ညပိုင်းက မိုးရွာသွန်းမှုများပြားခဲ့ပြီးနောက်ပိုင်း အုတ်နံရံကြားနေရာတွေကတဆင့် မိုးရေစိမ့်ဝင်မှုတွေကြောင့် ပြိုကျပျက်စီးရခြင်းဖြစ်တယ်လို့ ညောင်ဦးမြို့နယ် သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့က အတည်ပြုထားတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ရောဂါစတင်ဖြစ်ပွားချိန် မတ်လကစပြီး ဘုရားဖူးဝင်ရောက်သူတွေကို ကန့်သတ် ပိတ်ပင်ထားတာကြောင့် အဲ့ဒီ စောင်းတန်းပြိုကျမှုမှာ လူတွေထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်ကလည်း ပုဂံဒေသက သမိုင်းဝင် တန်ခိုးကြီးဘုရားတချို့ မြေငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေရှိခဲ့ပြီးနောက်ပိုင်း သမိုင်းဝင်စေတီတွေ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို စောင့်ကြပ်လုပ်ကိုင်နေတဲ့ကာလမှာ တန်ခိုးကြီးဘုရားတစ်ဆူရဲ့ စောင်းတန်းဟာ အခုလိုပြိုကျပျက်စီးတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – ရွှေစည်းခုံဘုရားလုံခြုံရေး
#voiceomyanmar #VOM #ပုဂံ #ရွှေစည်းခုံဘုရားစောင်းတန်းပြိုကျ

Zawgyi

ပုဂံၿမိဳ႔က ေ႐ႊစည္းခုံေစတီေတာ္ရဲ႕ ေတာင္ဘက္ေစာင္းတန္း ၿပိဳက်

ေညာင္ဦး၊ စက္တင္ဘာ ၂၉ ၊ ၂၀၂၀
ကိုတိုးႀကီး(VOM)

မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕၊ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္းက သမိုင္းဝင္ ေရွးေဟာင္းေစတီတစ္ဆူျဖစ္တဲ့ ေ႐ႊစည္းခုံေစတီရဲ႔ ေတာင္ဘက္ေစာင္းတန္းဟာ ဒီကေန႔ မနက္ ၆ နာရီက ၿပိဳက်ပ်က္စီးခဲ့တယ္လို႔ ဘုရားေဂါပကအဖြဲ႔ကေန သိရပါတယ္။

” ေတာင္ဘက္ေစာင္းတန္း ျခေသ့္ ႏွစ္ေကာင္ ႐ုပ္ထုၾကားက သံတန္ေစာင္းျဖစ္ပါတယ္ ၊ ေပ ၂၀ ဝန္းက်င္ေလာက္ အခန္းဝက ၿပိဳက်တာျဖစ္တယ္”လို႔ ေညာင္ဦးၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနကေန အတည္ျပဳေျပာပါတယ္။

အဲ့ဒီ ေညာင္ဦးၿမိဳ႕နယ္မွာ မေန႔ စက္တင္ဘာ ၂၈ ရက္ညပိုင္းက မိုး႐ြာသြန္းမႈမ်ားျပားခဲ့ၿပီးေနာက္ပိုင္း အုတ္နံရံၾကားေနရာေတြကတဆင့္ မိုးေရစိမ့္ဝင္မႈေတြေၾကာင့္ ၿပိဳက်ပ်က္စီးရျခင္းျဖစ္တယ္လို႔ ေညာင္ဦးၿမိဳ႕နယ္ သဘာဝေဘး ကူညီကယ္ဆယ္ေရးအဖြဲ႕က အတည္ျပဳထားတာျဖစ္ပါတယ္။

ကိုဗစ္-၁၉ေရာဂါစတင္ျဖစ္ပြားခ်ိန္ မတ္လကစၿပီး ဘုရားဖူးဝင္ေရာက္သူေတြကို ကန႔္သတ္ ပိတ္ပင္ထားတာေၾကာင့္ အဲ့ဒီ ေစာင္းတန္းၿပိဳက်မႈမွာ လူေတြထိခိုက္တာမရွိဘူးလို႔ သိရပါတယ္။

လြန္ခဲ့တဲ့ သုံးႏွစ္ဝန္းက်င္ကလည္း ပုဂံေဒသက သမိုင္းဝင္ တန္ခိုးႀကီးဘုရားတခ်ိဳ႕ ေျမငလ်င္ေၾကာင့္ ၿပိဳက်ပ်က္စီးမႈေတြရွိခဲ့ၿပီးေနာက္ပိုင္း သမိုင္းဝင္ေစတီေတြ ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းေတြကို ေစာင့္ၾကပ္လုပ္ကိုင္ေနတဲ့ကာလမွာ တန္ခိုးႀကီးဘုရားတစ္ဆူရဲ႕ ေစာင္းတန္းဟာ အခုလိုၿပိဳက်ပ်က္စီးတာျဖစ္တယ္လို႔လည္း သိရပါတယ္။

Photo – ေ႐ႊစည္းခုံဘုရားလုံၿခဳံေရး
#voiceomyanmar #VOM #ပုဂံ #ေရႊစည္းခံုဘုရားေစာင္းတန္းၿပိဳက်

Related posts

Leave a Comment

VOM News

FREE
VIEW