ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ၂လ ထပ်မံရပ်နားဖို့ တင်ပြထား

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ၂လ ထပ်မံရပ်နားဖို့ တင်ပြထား ဖားကန့်၊ စက်တင်ဘာ ၃၀-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်ရတနာနယ်မြေရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် အောက်တိုဘာလကနေ နိုဝင်ဘာလအထိ ၂လ ထပ်မံရပ်နားထားဖို့ တင်ပြထားတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ပြောပါတယ်။ ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေဟာ မိုးရာသီရောက်တိုင်း ကမ်းပါးပြိုမှု ၊နွံကန်ပေါက်ကြမှု ၊ ကျောက်မျက်လုပ်ကွက် ကမ်းပါးပြိုကျမှုတွေကြောင့် လူပေါင်းရာနဲ့ချီပြီး အစုလိုက် သေဆုံးနေခဲ့တာဖြစ်ပါတယ်။ အဲဒီလို လူသေဆုံးမှုတွေကိုလျှော့ချနိုင်ဖို့အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၉ခုနှစ်ကစပြီး နှစ်စဉ် မိုးရာသီရောက်တိုင်း ဇူလိုင်လ ၁ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ မိုးရွာသွန်းမှုအများဆုံး ၃လကို တူးဖော်ရေးလုပ်ငန်းတွေရပ်နားထားဖို့ ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်မှာလည်း မိုးရွာသွန်းမှုများတဲ့ ဇူလိုင်လဆန်းပိုင်းကနေ စက်တင်ဘာလ အထိ ရပ်နားရန် ညွှန်ကြားထားခဲ့တာလည်းဖြစ်ပါတယ်။ စက်တင်ဘာလကုန်ရင်တော့ မိုးရာသီ ရပ်နားထားဖု့ိ ညွှန်ကြားချက်ဟာ…

Read More

မီဒီယာတွေကို အစိုးရကထောက်ပံ့မည်ဆိုသောငြား

မီဒီယာတွေကို အစိုးရကထောက်ပံ့မည်ဆိုသောငြား နေပြည်တော် ၊ စက်တင်ဘာ ၂၉-၂၀၂၀ သိင်္ဂီ (VOM) နိုင်ငံတော်အစိုးရကနေ သတင်းသမားတစ်ဦးကို ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ သိရပါတယ်။ သတင်းမီဒီယာကဏ္ဍက သတင်းသမားတွေအတွက်ကို အစိုးရက ငွေကျပ်သိန်း ၃၀၀ ထောက်ပံ့တဲ့အတွက် သတင်းသမားတစ်ဦးကို ၃၀၀၀၀ နူန်းနဲ့ သတင်းသမားဦးရေ ၁၀၀၀ ကို ထောက်ပံ့နိုင်မယ်လို့သိရပြီး တိုက်ပိုင်သတင်းထောက်၊ အလွတ်တန်းသတင်းထောက်တွေပါ ထောက်ပံ့ကြေးရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ “နိုင်ငံတော်က သတင်းသမားတွေအတွက်ပါတဲ့အတွက် အဖွဲ့အစည်းက သတင်းသမားတွေလည်းပါမယ်၊ အလွတ်တန်း သတင်းသမားတွေလည်းပါမယ်၊ အားလုံးပါမယ်ပေါ့။တစ်ဦးကို ၃၀၀၀၀ နူန်းဆိုတော့ လောလောဆယ် လူတစ် ၁၀၀၀ စာပဲရမယ်၊ တကယ်လိုအပ်တဲ့သတင်းသမားတွေပဲ လျာထားတယ်။ ကျန်တာကိုတော့ အဖွဲ့အစည်းတွေနဲ့အစည်းအဝေးထပ်ထိုင်ပြီးတော့ ဘယ်လိုပုံစံနဲ့ပေးမလဲဆိုတာ အခုပြောလို့မရသေးဘူး။ ရတဲ့ဘတ်ဂျက်နဲ့က တစ်ဦး ၃၀၀၀၀ နူန်းဆို လူ ၁၀၀၀ ပဲ ပေးနိုင်အုံးမယ်”လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ…

Read More

ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၉ ခုမှာ ကိုဗစ်ရောဂါပိုးကို Test-kitနဲ့စစ်ဆေးမှု ဒီကနေ့စတင်လုပ်ဆောင်

ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၉ ခုမှာ ကိုဗစ်ရောဂါပိုးကို Test-kitနဲ့စစ်ဆေးမှု ဒီကနေ့စတင်လုပ်ဆောင် ရန်ကုန်၊ စက်တင်ဘာ ၂၉-၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီး ၉ ခုမှာ ဒီကနေ့ကနေစတင်ပြီး ကိုဗစ်-၁၉ရောဂါကို Test-kitနဲ့ စစ်ဆေးမှု စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။ Test-kitအသုံးပြု စတင်စစ်ဆေးမယ့် ဆေးရုံကြီး ၉ ခုကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး ၊ အင်းစိန်ဆေးရုံကြီး ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး နဲ့ သန်လျင်ဆေးရုံတို့ပဲ ဖြစ်ပါတယ်။ “ကိုဗစ်ပိုးရှိမရှိ စစ်ဆေးတဲ့အခါ ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းတွေကိုစစ်ဆေးမှာဖြစ်တယ်။ ဒုတိယအနေနဲ့က သံသယစောင့်ကြည့်လူနာ pui ကိုစစ်ဆေးဆောင်ရွက်ဖို့လျာထားတယ်။ တတိယအနေနဲ့ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်သူတွေဖြစ်တဲ့ အရေးပေါ် မီးဖွားခြင်းကိစ္စ၊ အရိုးကြောင့်အရေးပေါ်ခွဲစိတ်ရခြင်းတွေကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးသွားမှာဖြစ်တယ်”လို့…

Read More

ပုဂံမြို့က ရွှေစည်းခုံစေတီတော်ရဲ့ တောင်ဘက်စောင်းတန်း ပြိုကျ

ပုဂံမြို့က ရွှေစည်းခုံစေတီတော်ရဲ့ တောင်ဘက်စောင်းတန်း ပြိုကျ ညောင်ဦး၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၀ ကိုတိုးကြီး(VOM) မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက သမိုင်းဝင် ရှေးဟောင်းစေတီတစ်ဆူဖြစ်တဲ့ ရွှေစည်းခုံစေတီရဲ့ တောင်ဘက်စောင်းတန်းဟာ ဒီကနေ့ မနက် ၆ နာရီက ပြိုကျပျက်စီးခဲ့တယ်လို့ ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။ ” တောင်ဘက်စောင်းတန်း ခြသေ့် နှစ်ကောင် ရုပ်ထုကြားက သံတန်စောင်းဖြစ်ပါတယ် ၊ ပေ ၂၀ ဝန်းကျင်လောက် အခန်းဝက ပြိုကျတာဖြစ်တယ်”လို့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနကနေ အတည်ပြုပြောပါတယ်။ အဲ့ဒီ ညောင်ဦးမြို့နယ်မှာ မနေ့ စက်တင်ဘာ ၂၈ ရက်ညပိုင်းက မိုးရွာသွန်းမှုများပြားခဲ့ပြီးနောက်ပိုင်း အုတ်နံရံကြားနေရာတွေကတဆင့် မိုးရေစိမ့်ဝင်မှုတွေကြောင့် ပြိုကျပျက်စီးရခြင်းဖြစ်တယ်လို့ ညောင်ဦးမြို့နယ် သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့က အတည်ပြုထားတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ရောဂါစတင်ဖြစ်ပွားချိန် မတ်လကစပြီး ဘုရားဖူးဝင်ရောက်သူတွေကို ကန့်သတ် ပိတ်ပင်ထားတာကြောင့် အဲ့ဒီ စောင်းတန်းပြိုကျမှုမှာ…

Read More

မောင်တောခရိုင် ရွေး‌ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှာ ကိုဗစ်ရောဂါပိုးတွေ့

မောင်တောခရိုင် ရွေး‌ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှာ ကိုဗစ်ရောဂါပိုးတွေ့ နေပြည်တော်၊ စက်တင်ဘာ၂၉-၂၀၂၀ ကောင်းလက်ျာ(VOM) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောနဲ့ဘူးသီးတောင်မြို့နယ်ထဲမှာ မနေ့ စက်တင်ဘာ ၂၈ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ ခရိုင်ရွေးကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကိုဗစ်ပိုးတွေ့လူနာ ၁၀ဦး ထပ်တိုးလာခဲ့တယ်လို့ ‌မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ ” အသွားလာကန့်သတ်ထားသူဖြစ်ပြီး သူ့မိသားစုဝင်အချို့ကိုတော့ ထပ်ပြီးစစ်ဆေးဖို့ရှိတယ်။ ပိုးတွေ့လူနာက ခရိုင်ကော်မရှင်ဥက္ကဋ္ဌအပါအဝင် ၁၀ဦးကို ဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးနေပါပြီ”လို့ ဦးစိုးအောင်က ပြောပါတယ်။ မောင်တော်ခရိုင်‌ ‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်တော်ဘက်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို သွားရောက်လှူဒါန်းခဲ့တာကြောင့် အသွားအလာ ကန့် သတ်စောင့်ကြည့်မှုခံယ‌ူနေရသူဖြစ်ပြီး ခရိုင်နဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့ဝင်တွေကို ထိတွေ့မှုမရှိထားဘူးလို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မောင်တောမြို့ နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ Covid-19 ရောဂါပိုးတွေ့ရှိသူ ၉၀ နီးပါးရှိနေပြီး မောင်တောခရိုင်ဆေးရုံကြီးမှာ ကုသပေးနေသူတွေအထဲက လူနာ…

Read More

မန္တလေးမြို့အတွင်းက Stay Homeသက်မှတ်ထားတဲ့မြို့နယ်တွေကို အဝင်အထွက် စတင်ကန့်သတ်

မန္တလေးမြို့အတွင်းက Stay Homeသက်မှတ်ထားတဲ့မြို့နယ်တွေကို အဝင်အထွက် စတင်ကန့်သတ် မန္တလေး၊ စက်တင်ဘာ ၂၉-၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့မှာ Stay Home သက်မှတ်ထားတဲ့ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် နဲ့ အမရပူရမြို့နယ် ၃မြို့နယ်ကို ဖြတ်သန်းသွားလာမယ့် မော်တော်ယာဉ်တွေကို ပညာပေးကာလအနေနဲ့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းကစပြီး မြို့နယ် အဝင်အထွက်လမ်းတွေကို စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ဖြတ်သန်းသွားလာမယ့် ယာဉ်တွေအနေနဲ့ ၂၆ ဘီလမ်း၊ လမ်း ၃၀ ၊ ၃၅ လမ်း ၊ သိပ္ပံ လမ်း တောင်မြောက်လမ်းမကြီး၊ ကမ်းနားလည်း ၊ ၈၄ လမ်း ၊ လမ်း၈၀ ၊ ၇၈လမ်း၊ ၇၃ လမ်း၊ ၆၆ လမ်း၊ ၆၂ နဲ့ မြို့ပတ်လမ်းတွေပေါ်ကသာ ဖြတ်သန်းသွားလာခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ”…

Read More

သီပေါမြို့မှာ မူးယစ်ဆေးသယ်လာတဲ့ကားကိုဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သီပေါမြို့မှာ မူးယစ်ဆေးသယ်လာတဲ့ကားကိုဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး နေပြည်တော်၊ စက်တင်ဘာ၂၉-၂၀၂၀ ကောင်းလက်ျာ၊ကိုတိုးကြီး(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နောင်အန်ကျေးရွာအနီး ခိုလုံတန်တံတားအနီးမှာ မနေ့ စက်တင်ဘာ ၂၈ရက်နေ့ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ ကားတစ်စီးကို တာဝန်ကျရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ရဲတပ်ကြပ်ကြီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးကပြောပါတယ်။ ” ပစ်ခတ် ထွက်ပြေးသွားတဲ့သူရဲ့နောက်ကို တာဝန်ရှိသူတွေလိုက်နေပါတယ်။ ကနေ့အထိတော့ ဖမ်းမမိသေးပါဘူး။ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးခဲ့တာပါ။ နှစ်ဦးတော့ ဖမ်းမိထားတယ်”လို့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သန့်ဇင်က ပြောပါတယ်။ ခိုလုံတန်တံတား၊ မိုင်တိုင်-၁၃၆နဲ့ ၄ ဖာလုံအနီးမှာ မူးယစ်တပ်ဖွဲ့စု-၂၄က ကားတွေကို ပိတ်ဆို့စစ်ဆေးရှာဖွေနေချိန် နမ့်လန်ဘက်ကနေ ကျောက်မဲမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ Mark-IIယာဉ်တစ်စင်းဟာ စစ်ဆေးရေးအဖွဲ့ကိုတွေ့ရှိချိန် မော်တော်ယာဉ်ကိုနောက်ပြန်လှည့်သွားခဲ့တာဖြစ်ပါတယ်။ ထွက်ပြေးသွားတဲ့မော်တော်ယာဉ်နောက်ကို ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ မန္တလေး-မူဆယ်ကားလမ်းပေါ်မှာ ရဲတပ်ဖွဲ့ကနေ ထွက်ပြေးတဲ့ကားကို ပိတ်ဆို့ရပ်တန့်ခဲ့ရာ ကားပေါ်ကနေ တံခါးဖွင့်ဆင်းလာတဲ့…

Read More
VOM News

FREE
VIEW