သီပေါမြို့မှာ မူးယစ်ဆေးသယ်လာတဲ့ကားကိုဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သီပေါမြို့မှာ မူးယစ်ဆေးသယ်လာတဲ့ကားကိုဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

နေပြည်တော်၊ စက်တင်ဘာ၂၉-၂၀၂၀
ကောင်းလက်ျာ၊ကိုတိုးကြီး(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နောင်အန်ကျေးရွာအနီး ခိုလုံတန်တံတားအနီးမှာ မနေ့ စက်တင်ဘာ ၂၈ရက်နေ့ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ ကားတစ်စီးကို တာဝန်ကျရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ရဲတပ်ကြပ်ကြီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးကပြောပါတယ်။

” ပစ်ခတ် ထွက်ပြေးသွားတဲ့သူရဲ့နောက်ကို တာဝန်ရှိသူတွေလိုက်နေပါတယ်။ ကနေ့အထိတော့ ဖမ်းမမိသေးပါဘူး။ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးခဲ့တာပါ။ နှစ်ဦးတော့ ဖမ်းမိထားတယ်”လို့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သန့်ဇင်က ပြောပါတယ်။

ခိုလုံတန်တံတား၊ မိုင်တိုင်-၁၃၆နဲ့ ၄ ဖာလုံအနီးမှာ မူးယစ်တပ်ဖွဲ့စု-၂၄က ကားတွေကို ပိတ်ဆို့စစ်ဆေးရှာဖွေနေချိန် နမ့်လန်ဘက်ကနေ ကျောက်မဲမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ Mark-IIယာဉ်တစ်စင်းဟာ စစ်ဆေးရေးအဖွဲ့ကိုတွေ့ရှိချိန် မော်တော်ယာဉ်ကိုနောက်ပြန်လှည့်သွားခဲ့တာဖြစ်ပါတယ်။

ထွက်ပြေးသွားတဲ့မော်တော်ယာဉ်နောက်ကို ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ မန္တလေး-မူဆယ်ကားလမ်းပေါ်မှာ ရဲတပ်ဖွဲ့ကနေ ထွက်ပြေးတဲ့ကားကို ပိတ်ဆို့ရပ်တန့်ခဲ့ရာ ကားပေါ်ကနေ တံခါးဖွင့်ဆင်းလာတဲ့ အမျိုးသား ၃ဦးထဲက တစ်ဦးဟာ လက်ထဲမှာအသင့်ပါလာတဲ့ သေနတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စတင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

‌အမျိုးအစားစုံစမ်းဆဲ သေနတ်နဲ့ ပစ်ခတ်ရာမှ ရဲတပ်ကြပ်ကြီးတစ်ဦးရဲ့ မေးစေ့အောက်ဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ကျောက်မဲ
ခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အခင်းဖြစ်နေရာမှာ ပတ်ခတ်မှုအချို့ဖြစ်ပေါ်ခဲ့ပြိ‌ီးနောက်ပိုင်း သေနတ်နဲ့ပစ်ခဲ့တဲ့ အမျိုးသားဟာ ထွက်ပြေးလွှတ်မြောက်သွားပေမယ့် ယာဉ်ပေါ်မှာလိုက်ပါလာသူ စိုင်းစံဌေး(၁၆ နှစ်)နဲ့ ယာဉ်မောင်းဖြစ်သူ စိုင်းမော်ဦး(၂၈နှစ်)တို့ကို ဖမ်းဆီးရမိခဲ့ပြီး ကားပေါ်မှာသယ်လာတဲ့ စိတ်ကြွဆေးပြား ၁၁၉၉၅၅ ပြားနဲ့ ဘိန်းဖြူ ၁၀၀ ဂရမ်၊ ပွိုင့်၂၂ ကျည် ၁၇ တောင့်ကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ သေနတ်ကိုင်ဆောင်ထွက်ပြေးတိမ်းရှောင်နေသူ စိုင်းစောထွန်းနဲ့ ဖမ်းဆီးရမိခဲ့သူ စိုင်းစံဌေး၊ စိုင်းမွမ်းဦးတို့သုံးဦးကို သီပေါမြို့မရဲစခန်းမှ လက်နက်မှု၊
လူသတ်မှု၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတွေနဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Photo-ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #သီပေါ #မူးယစ်ဖမ်း #ရဲတစ်ဦးသေဆုံး

Zawgyi

သီေပါၿမိဳ႕မွာ မူးယစ္ေဆးသယ္လာတဲ့ကားကိုဖမ္းဆီးတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ေသနတ္နဲ႔ပစ္ခံရၿပီး ေသဆံုး

ေနျပည္ေတာ္၊ စက္တင္ဘာ၂၉-၂၀၂၀
ေကာင္းလက္်ာ၊ကိုတိုးႀကီး(VOM)

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္၊ ေနာင္အန္ေက်း႐ြာအနီး ခိုလုံတန္တံတားအနီးမွာ မေန႔ စက္တင္ဘာ ၂၈ရက္ေန႔ ေန႔လယ္ပိုင္းက မူးယစ္ေဆးဝါးေတြ သယ္ေဆာင္လာတဲ့ ကားတစ္စီးကို တာဝန္က်ရဲတပ္ဖြဲ႕က တားဆီးစစ္ေဆးရာ ႏွစ္ဖက္ပစ္ခတ္မႈေတြ ျဖစ္ပြားၿပီး ရဲတပ္ၾကပ္ႀကီးတစ္ဦး က်ည္ထိမွန္ေသဆံုးခဲ့တယ္လို႔ ေက်ာက္မဲခ႐ိုင္ရဲတပ္ဖြဲ႔မွဴးရံုးကေျပာပါတယ္။

” ပစ္ခတ္ ထြက္ေျပးသြားတဲ့သူရဲ႔ေနာက္ကို တာဝန္ရွိသူေတြလိုက္ေနပါတယ္။ ကေန႔အထိေတာ့ ဖမ္းမမိေသးပါဘူး။ တပ္ၾကပ္ႀကီးတစ္ဦး က်ဆုံးခဲ့တာပါ။ ႏွစ္ဦးေတာ့ ဖမ္းမိထားတယ္”လို႔ ေက်ာက္မဲခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲအုပ္သန႔္ဇင္က ေျပာပါတယ္။

ခိုလုံတန္တံတား၊ မိုင္တိုင္-၁၃၆နဲ႔ ၄ ဖာလုံအနီးမွာ မူးယစ္တပ္ဖြဲ႕စု-၂၄က ကားေတြကို ပိတ္ဆို႔စစ္ေဆးရွာေဖြေနခ်ိန္ နမ့္လန္ဘက္ကေန ေက်ာက္မဲၿမိဳ႕နယ္ဘက္ကို ေမာင္းႏွင္လာတဲ့ Mark-IIယာဥ္တစ္စင္းဟာ စစ္ေဆးေရးအဖြဲ႔ကိုေတြ႕ရွိခ်ိန္ ေမာ္ေတာ္ယာဥ္ကိုေနာက္ျပန္လွည့္သြားခဲ့တာျဖစ္ပါတယ္။

ထြက္ေျပးသြားတဲ့ေမာ္ေတာ္ယာဥ္ေနာက္ကို ရဲတပ္ဖြဲ႕လိုက္လံဖမ္းဆီးရာ မႏၲေလး-မူဆယ္ကားလမ္းေပၚမွာ ရဲတပ္ဖြဲ႔ကေန ထြက္ေျပးတဲ့ကားကို ပိတ္ဆို႔ရပ္တန္႔ခဲ့ရာ ကားေပၚကေန တံခါးဖြင့္ဆင္းလာတဲ့ အမ်ိဳးသား ၃ဦးထဲက တစ္ဦးဟာ လက္ထဲမွာအသင့္ပါလာတဲ့ ေသနတ္နဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြကို စတင္ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။

‌အမ်ိဳးအစားစုံစမ္းဆဲ ေသနတ္နဲ႔ ပစ္ခတ္ရာမွ ရဲတပ္ၾကပ္ႀကီးတစ္ဦးရဲ႔ ေမးေစ့ေအာက္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္နဲ႔ အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့တာျဖစ္တယ္လို႔ ေက်ာက္မဲ
ခ႐ိုင္ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

အခင္းျဖစ္ေနရာမွာ ပတ္ခတ္မႈအခ်ိဳ႕ျဖစ္ေပၚခဲ့ၿပိ‌ီးေနာက္ပိုင္း ေသနတ္နဲ႔ပစ္ခဲ့တဲ့ အမ်ိဳးသားဟာ ထြက္ေျပးလႊတ္ေျမာက္သြားေပမယ့္ ယာဥ္ေပၚမွာလိုက္ပါလာသူ စိုင္းစံေဌး(၁၆ ႏွစ္)နဲ႔ ယာဥ္ေမာင္းျဖစ္သူ စိုင္းေမာ္ဦး(၂၈ႏွစ္)တို႔ကို ဖမ္းဆီးရမိခဲ့ၿပီး ကားေပၚမွာသယ္လာတဲ့ စိတ္ႂကြေဆးျပား ၁၁၉၉၅၅ ျပားနဲ႔ ဘိန္းျဖဴ ၁၀၀ ဂရမ္၊ ပြိဳင့္၂၂ က်ည္ ၁၇ ေတာင့္ကိုဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

အမႈနဲ႔ပတ္သက္လို႔ ေသနတ္ကိုင္ေဆာင္ထြက္ေျပးတိမ္းေရွာင္ေနသူ စိုင္းေစာထြန္းနဲ႔ ဖမ္းဆီးရမိခဲ့သူ စိုင္းစံေဌး၊ စိုင္းမြမ္းဦးတို႔သုံးဦးကို သီေပါၿမိဳ႕မရဲစခန္းမွ လက္နက္မႈ၊
လူသတ္မႈ၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒေတြနဲ႔ အမႈဖြင့္လွစ္ထားတယ္လို႔ သိရပါတယ္။

Photo-ရဲတပ္ဖြဲ႕
#voiceofmyanmar #VOM #သီေပါ #မူးယစ္ဖမ္း #ရဲတစ္ဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW