မီဒီယာတွေကို အစိုးရကထောက်ပံ့မည်ဆိုသောငြား

မီဒီယာတွေကို အစိုးရကထောက်ပံ့မည်ဆိုသောငြား

နေပြည်တော် ၊ စက်တင်ဘာ ၂၉-၂၀၂၀
သိင်္ဂီ (VOM)

နိုင်ငံတော်အစိုးရကနေ သတင်းသမားတစ်ဦးကို ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ သိရပါတယ်။

သတင်းမီဒီယာကဏ္ဍက သတင်းသမားတွေအတွက်ကို အစိုးရက ငွေကျပ်သိန်း ၃၀၀ ထောက်ပံ့တဲ့အတွက် သတင်းသမားတစ်ဦးကို ၃၀၀၀၀ နူန်းနဲ့ သတင်းသမားဦးရေ ၁၀၀၀ ကို ထောက်ပံ့နိုင်မယ်လို့သိရပြီး တိုက်ပိုင်သတင်းထောက်၊ အလွတ်တန်းသတင်းထောက်တွေပါ ထောက်ပံ့ကြေးရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံတော်က သတင်းသမားတွေအတွက်ပါတဲ့အတွက် အဖွဲ့အစည်းက သတင်းသမားတွေလည်းပါမယ်၊ အလွတ်တန်း သတင်းသမားတွေလည်းပါမယ်၊ အားလုံးပါမယ်ပေါ့။တစ်ဦးကို ၃၀၀၀၀ နူန်းဆိုတော့ လောလောဆယ် လူတစ် ၁၀၀၀ စာပဲရမယ်၊ တကယ်လိုအပ်တဲ့သတင်းသမားတွေပဲ လျာထားတယ်။ ကျန်တာကိုတော့ အဖွဲ့အစည်းတွေနဲ့အစည်းအဝေးထပ်ထိုင်ပြီးတော့ ဘယ်လိုပုံစံနဲ့ပေးမလဲဆိုတာ အခုပြောလို့မရသေးဘူး။ ရတဲ့ဘတ်ဂျက်နဲ့က တစ်ဦး ၃၀၀၀၀ နူန်းဆို လူ ၁၀၀၀ ပဲ ပေးနိုင်အုံးမယ်”လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းကပြောပါတယ်။

ကိုဗစ်ကာလ ထောက်ပံ့ကြေးကို ပြန်ကြားရေးဝန်ကြီးဌာနကနေ MPCကို လွှဲအပ်မှာဖြစ်ပြီး MPCကနေတဆင့် သတင်းသမားတွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပေမယ့် ထောက်ပံ့နိုင်မယ့်အချိန်ကိုတော့ အတိအကျမပြောနိုင်သေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ထောက်ပံ့ငွေဟာ သတင်းသမားဦးရေ ၁၀၀၀ အတွက်သာရှိတဲ့အတွက် အမှန်တကယ် ထောက်ပံ့မှုလိုအပ်တဲ့သတင်းသမားတွေကိုသာ ပေးအပ်ဖို့လျာထားတယ်လို့လည်း သိရပါတယ်။

သတင်းမီဒီယာအပြင် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်သမားတွေအတွက် နယ်ပယ်တစ်ခုကို ကျပ်သိန်း ၃၀၀ နူန်း နိုင်ငံတော်အစိုးရက ပြန်ကြားရေးဝန်ကြီးဌာနကတစ်ဆင့် ပံ့ပိုးကူညီမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပိုင်းသတင်းသမားနဲ့ အလွတ်တန်းသတင်းသမားဦးရေ ၄ထောင်ကျော်ရှိတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို ထောက်ပံ့ငွေပေးမယ်ကိစ္စနဲ့ပတ်သက်တဲ့ Zoom Meeting အစည်းအဝေးကို ဒီကနေ့ စက်တင်ဘာ ၂၉ ရက် ညနေ (၄:၀၀)နာရီ က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #သတင်းမီဒီယာ #ကိုဗစ် #ထောက်ပံ့ကြေး

Zawgyi

မီဒီယာေတြကို အစိုးရကေထာက္ပံ့မည္ဆိုေသာျငား

ေနျပည္ေတာ္ ၊ စက္တင္ဘာ ၂၉-၂၀၂၀
သိဂႌ (VOM)

ႏိုင္ငံေတာ္အစိုးရကေန သတင္းသမားတစ္ဦးကို ေငြက်ပ္ ၃၀၀၀၀ ေထာက္ပံ့ေပးသြားမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီကေန သိရပါတယ္။

သတင္းမီဒီယာက႑က သတင္းသမားေတြအတြက္ကို အစိုးရက ေငြက်ပ္သိန္း ၃၀၀ ေထာက္ပံ့တဲ့အတြက္ သတင္းသမားတစ္ဦးကို ၃၀၀၀၀ ႏူန္းနဲ႔ သတင္းသမားဦးေရ ၁၀၀၀ ကို ေထာက္ပံ့ႏိုင္မယ္လို႔သိရၿပီး တိုက္ပိုင္သတင္းေထာက္၊ အလြတ္တန္းသတင္းေထာက္ေတြပါ ေထာက္ပ့ံေၾကးရ႐ွိမွာျဖစ္တယ္လို႔ သိရပါတယ္။

“နိုင္ငံေတာ္က သတင္းသမားေတြအတြက္ပါတဲ့အတြက္ အဖြဲ႔အစည္းက သတင္းသမားေတြလည္းပါမယ္၊ အလြတ္တန္း သတင္းသမားေတြလည္းပါမယ္၊ အားလုံးပါမယ္ေပါ့။တစ္ဦးကို ၃၀၀၀၀ ႏူန္းဆိုေတာ့ ေလာေလာဆယ္ လူတစ္ ၁၀၀၀ စာပဲရမယ္၊ တကယ္လိုအပ္တဲ့သတင္းသမား​ေတြပဲ လ်ာထားတယ္။ က်န္တာကိုေတာ့ အဖြဲ႔အစည္းေတြနဲ႔အစည္းအေဝးထပ္ထိုင္ၿပီးေတာ့ ဘယ္လိုပုံစံနဲ႔ေပးမလဲဆိုတာ အခုေျပာလို႕မရေသးဘူး။ ရတဲ့ဘတ္ဂ်က္နဲ႔က တစ္ဦး ၃၀၀၀၀ ႏူန္းဆို လူ ၁၀၀၀ ပဲ ေပးႏိုင္အုံးမယ္”လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ အတြင္းေရးမွဴး ဦးေက်ာ္စြာမင္းကေျပာပါတယ္။

ကိုဗစ္ကာလ ေထာက္ပံ့ေၾကးကို ျပန္ျကားေရးဝန္ျကီးဌာနကေန MPCကို လႊဲအပ္မွာျဖစ္ၿပီး MPCကေနတဆင့္ သတင္းသမားေတြကို ေထာက္ပံ့ေပးသြားမွာျဖစ္ေပမယ့္ ေထာက္ပံ့ႏိုင္မယ့္အခ်ိန္ကိုေတာ့ အတိအက်မေျပာႏိုင္ေသးဘူးလို႔ ေျပာပါတယ္။

ဒါ့အျပင္ ေထာက္ပံ့ေငြဟာ သတင္းသမားဦးေရ ၁၀၀၀ အတြက္သာ႐ွိတဲ့အတြက္ အမွန္တကယ္ ေထာက္ပံ့မႈလိုအပ္တဲ့သတင္းသမားေတြကိုသာ ေပးအပ္ဖို႔လ်ာထားတယ္လို႔လည္း သိရပါတယ္။

သတင္းမီဒီယာအျပင္ စာေပ၊ ႐ုပ္ရွင္၊ ဂီတ၊ သဘင္သမားေတြအတြက္ နယ္ပယ္တစ္ခုကို က်ပ္သိန္း ၃၀၀ ႏူန္း နိုင္ငံေတာ္အစိုးရက ျပန္ၾကားေရးဝန္ႀကီးဌာနကတစ္ဆင့္ ပံ့ပိုးကူညီမွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ တိုက္ပိုင္းသတင္းသမားနဲ႔ အလြတ္တန္းသတင္းသမားဦးေရ ၄ေထာင္ေက်ာ္ရွိတယ္လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ အတြင္းေရးမွဴး ဦးေက်ာ္စြာမင္းရဲ႔ ေျပာျပခ်က္အရ သိရပါတယ္။

အခုလို ေထာက္ပံ့ေငြေပးမယ္ကိစၥနဲ႔ပတ္သက္တဲ့ Zoom Meeting အစည္းအေဝးကို ဒီကေန႔ စက္တင္ဘာ ၂၉ ရက္ ညေန (၄:၀၀)နာရီ က ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #သတင္းမီဒီယာ #ကိုဗစ္ #ေထာက္ပံ့ေၾကး

Related posts

Leave a Comment

VOM News

FREE
VIEW