ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၉ ခုမှာ ကိုဗစ်ရောဂါပိုးကို Test-kitနဲ့စစ်ဆေးမှု ဒီကနေ့စတင်လုပ်ဆောင်

ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၉ ခုမှာ ကိုဗစ်ရောဂါပိုးကို Test-kitနဲ့စစ်ဆေးမှု ဒီကနေ့စတင်လုပ်ဆောင်

ရန်ကုန်၊ စက်တင်ဘာ ၂၉-၂၀၂၀
သိင်္ဂီ(VOM)

ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီး ၉ ခုမှာ ဒီကနေ့ကနေစတင်ပြီး ကိုဗစ်-၁၉ရောဂါကို Test-kitနဲ့ စစ်ဆေးမှု စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

Test-kitအသုံးပြု စတင်စစ်ဆေးမယ့် ဆေးရုံကြီး ၉ ခုကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး ၊ အင်းစိန်ဆေးရုံကြီး ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး နဲ့ သန်လျင်ဆေးရုံတို့ပဲ ဖြစ်ပါတယ်။

“ကိုဗစ်ပိုးရှိမရှိ စစ်ဆေးတဲ့အခါ ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းတွေကိုစစ်ဆေးမှာဖြစ်တယ်။ ဒုတိယအနေနဲ့က သံသယစောင့်ကြည့်လူနာ pui ကိုစစ်ဆေးဆောင်ရွက်ဖို့လျာထားတယ်။ တတိယအနေနဲ့ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်သူတွေဖြစ်တဲ့ အရေးပေါ် မီးဖွားခြင်းကိစ္စ၊ အရိုးကြောင့်အရေးပေါ်ခွဲစိတ်ရခြင်းတွေကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးသွားမှာဖြစ်တယ်”လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

Test-kit စစ်ဆေးကိရိယာဟာ COVID-19 ရောဂါပိုး ရှိ၊မရှိကို မိနစ်ပိုင်းအတွင်း စစ်ဆေးသိရှိနိုင်မှာဖြစ်တဲ့အတွက် ပိုးတွေ့တဲ့အရေအတွက်လည်း ပိုများလာနိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံကပြောဆိုထားပါတယ်။

Test-Kit အသုံးပြုပြီး စစ်ဆေးတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ လူနာတွေ ရှာဖွေရေးလုပ်ငန်းမှာ အထောက်အကူပြုဖို့အတွက် ဆောင်ရွက်တာဖြစ်ပြီး ပိုးတွေ့ ကွန်တက်တွေကိုလည်း အချိန်တိုအတွင်း ရှာဖွေစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီအထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း (၁၁၆၃၁)ဦး၊ သေဆုံးသူ (၂၅၆)ဦးအထိရှိနေပြီး အဲ့ဒီအထဲမှာ ရန်ကုန်တိုင်းက ကိုဗစ်အတည်ပြုလူနာ အများဆုံးတွေ့ရှိနေတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #Test-Kitစစ်ဆေးမှု

Zawgyi

ရန္ကုန္ၿမိဳ႔ရွိ ေဆး႐ုံႀကီး ၉ ခုမွာ ကိုဗစ္ေရာဂါပိုးကို Test-kitနဲ႔စစ္ေဆးမႈ ဒီကေန႔စတင္လုပ္ေဆာင္

ရန္ကုန္၊ စက္တင္ဘာ ၂၉-၂၀၂၀
သိဂႌ(VOM)

ရန္ကုန္ၿမိဳ႔မွာရွိတဲ့ ေဆး႐ုံႀကီး ၉ ခုမွာ ဒီကေန႔ကေနစတင္ၿပီး ကိုဗစ္-၁၉ေရာဂါကို Test-kitနဲ႔ စစ္ေဆးမႈ စတင္လုပ္ေဆာင္မွာျဖစ္တယ္လို႔ ရန္ကုန္တိုင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ဒုတိယညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာထြန္းျမင့္က ေျပာပါတယ္။

Test-kitအသုံးျပဳ စတင္စစ္ေဆးမယ့္ ေဆး႐ုံႀကီး ၉ ခုကေတာ့ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ၊ ရန္ကုန္အေရွ႕ပိုင္းေဆး႐ုံႀကီး၊ လွိုင္သာယာေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာပေဆး႐ုံႀကီး ၊ အင္းစိန္ေဆး႐ုံႀကီး ၊ ရန္ကုန္အေနာက္ပိုင္းေဆး႐ုံႀကီး ၊ ရန္ကုန္အေထြေထြေရာဂါကုေဆး႐ုံသစ္ႀကီး၊ သဃၤန္းကၽြန္းေဆး႐ုံႀကီး နဲ့ သန္လ်င္ေဆး႐ုံတို႔ပဲ ျဖစ္ပါတယ္။

“ကိုဗစ္ပိုးရွိမရွိ စစ္ေဆးတဲ့အခါ ပထမဦးစားေပးအျဖစ္ က်န္းမာေရးဝန္ထမ္းေတြကိုစစ္ေဆးမွာျဖစ္တယ္။ ဒုတိယအေနနဲ႔က သံသယေစာင္႔ျကည္႔လူနာ pui ကိုစစ္ေဆးေဆာင္ရြက္ဖို့လ်ာထားတယ္။ တတိယအ​ေနနဲ႔ အေရးေပၚခြဲစိတ္ဖို့လိုအပ္သူေတြျဖစ္တဲ့ အေရးေပၚ မီးဖြားျခင္းကိစၥ၊ အ႐ိုး​ေၾကာင့္အ​ေရး​ေပၚခြဲစိတ္ရျခင္းေတြကို ကိုဗစ္ပိုး႐ွိမ႐ွိ စစ္ေဆးသြားမွာျဖစ္တယ္”လို႔ ​ေဒါက္တာထြန္းျမင့္က​ေျပာပါတယ္။

Test-kit စစ္ေဆးကိရိယာဟာ COVID-19 ေရာဂါပိုး ရွိ၊မရွိကို မိနစ္ပိုင္းအတြင္း စစ္ေဆးသိ႐ွိႏိုင္မွာျဖစ္တဲ့အတြက္ ပိုးေတြ႔တဲ့အ​ေရအတြက္လည္း ပိုမ်ားလာႏိုင္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံက​ေျပာဆိုထားပါတယ္။

Test-Kit အသုံးျပဳၿပီး စစ္​ေဆးတဲ့ အဓိကရည္ရြယ္ခ်က္က​ေတာ့ ကိုဗစ္-၁၉ လူနာေတြ ရွာေဖြေရးလုပ္ငန္းမွာ အေထာက္အကူျပဳဖို႔အတြက္ ေဆာင္ရြက္တာျဖစ္ၿပီး ပိုးေတြ႔ ကြန္တက္ေတြကိုလည္း အခ်ိန္တိုအတြင္း ႐ွာေဖြစစ္ေဆးႏိုင္မွာျဖစ္ပါတယ္။

အခုလက္႐ွိ ျမန္မာနိုင္ငံမွာ စက္တင္ဘာလ ၂၈ ရက္ေန႔ ည ၈ နာရီအထိ ကိုဗစ္အတည္ျပဳလူနာစုစုေပါင္း (၁၁၆၃၁)ဦး၊ ေသဆံုးသူ (၂၅၆)ဦးအထိ႐ွိေနၿပီး အဲ့ဒီအထဲမွာ ရန္ကုန္တိုင္းက ကိုဗစ္အတည္ျပဳလူနာ အမ်ားဆုံးေတြ႕ရွိေနတာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #Test-Kitစစ္ေဆးမႈ

Related posts

Leave a Comment

VOM News

FREE
VIEW