ရန်ကုန်တိုင်းမှာ ပါတီ၄၁ခုနဲ့ တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၅၀ ပြိုင်ကြမယ် Voice Of Myanmar ရန်ကုန်တိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့က နယ်ကုန်ယှဉ်ကြမှာဖြစ်ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ တယောက်လိုနဲ့ ယှဉ်ပြိုင်မှာဖြစ်သလို ပါတီ ၄၁ခု တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၅၀ ပြိုင်ကြမှာဖြစ်တဲ့အတွက်အားပြိုင်မှု အကောင်းဆုံး တိုင်းဒေသကြီးတခုဖြစ်ပါတယ်။ ရန်ကုန်တိုင်းက မြို့နယ်၄၅မြို့နယ်မှာဒီပါတီကြီးတွေအပြင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ၊ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချပ်ပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ လူ့ဘောင်သစ်ပါတီ၊ အမျိုးသားညီညွတ်ရေးဒီမိုကရက်တစ်ပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ အမျိုးသားဖွဲ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊ အမျိားသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ။ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်သူ့အင်အားပါတီ၊ လူထုပါတီ၊ ခေတ်သူပြည်သူ့ပါတီ၊ ကရင်ပြည့်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊…
Read MoreMonth: September 2020
တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး နိုဝင်ဘာလမှာ အသုံးပြုနိုင်ဖွယ်ရှိ
တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး နိုဝင်ဘာလမှာ အသုံးပြုနိုင်ဖွယ်ရှိ ပေကျင်း၊ စက်တင်ဘာ ၁၅-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဟာ နိုဝင်ဘာလအစောပိုင်းမှာ အများပြည်သူအသုံးပြုဖို့ အဆင်သင့်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၄ မျိုးကို နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီထဲက ကာကွယ်ဆေး ၃ မျိုးကို ဇူလိုင်လမှာ စတင်တဲ့ အရေးပေါ်အသုံးပြုမှုအစီအစဉ်တစ်ရပ်အောက်မှာ မရှိမဖြစ်လိုအပ်တဲ့လူတွေကို ထိုးနှံပေးခဲ့ပါတယ်။ အဆင့်သုံးစမ်းသပ်မှုတွေကို ချောချောမွေ့မွေ့ဆက်လက်လုပ်ဆောင်နေပြီး နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလမှာ အများပြည်သူအတွက် ကာကွယ်ဆေးအသင့်ဖြစ်နေနိုင်တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ဇီဝလုံခြုံမှုဆိုင်ရာကျွမ်းကျင်သူ ကွေကျန်ဝူက စက်တင်ဘာ ၁၄ ရက်နှောင်းပိုင်းကပြုလုပ်တဲ့ နိုင်ငံပိုင်ရုပ်သံဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ရပ်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေးအမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့်လည်း ဧပြီလအတွင်းမှာ ကိုယ်တိုင်ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့ပြီးနောက် မကြာသေးမီလတွေအတွင်း…
Read Moreလူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးရေးပြုလုပ်တာတွေ အရဲမကိုးသင့်
လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးရေးပြုလုပ်တာတွေ အရဲမကိုးသင့် မန္တလေး၊ စက်တင်ဘာ ၁၅- ၂၀၂၀ ရှိုင်းအောင်(VOM) Positive Case ကို ဆေးကုသရင်း Positive ဖြစ်သွားတဲ့ဆရာဝန်တွေတောင် လူနာလိုမနေရတော့ဘဲ Positive လူနာတွေကို ဆေးကုပေးနေရတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတဲ့အတွက် လူစုလူဝေးနဲ့မဲဆွယ်စည်းရုံးရေး မပြုလုပ်သင့်ဘူးလို့ ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOM ကိုပြောပါတယ်။ WHO ရဲ့ report မှာ မြန်မာနိုင်ငံရဲ့ ရောဂါကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့အပတ်ကထက် ၈၇ ရာခိုင်နှုန်းပိုများလာတယ်လို့ မှတ်ချက်ပြုထားတာရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ” အများစု ကျွန်မမြင်နေရသလောက်က လူငယ်ပိုင်းတွေ သက်လတ်ပိုင်းတွေ ပိုပြီးများတာပေါ့၊ သူတို့အနေနဲ့ ကျန်းမာပြီး ဘာမှမဖြစ်ဘူးထင်ရပေမယ့်လို့ သူတို့အိမ်က မိဘတွေဖြစ်လာနိုင်တယ်၊ ဒါကြောင့် မိမိနှစ်သက်တဲ့ပါတီ မိမိနှစ်သက်တဲ့ လူပုဂ္ဂိုလ်တွေကို သဘောကျလို့ရပါတယ်၊ မဲပေးလို့ရပါတယ်၊ မဲပေးတာကလည်း နိုဝင်ဘာလ…
Read Moreပါတီမိတ်ဆက် (အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ-NPA)
ပါတီမိတ်ဆက် (အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ-NPA) မန္တလေး၊ စက်တင်ဘာ ၁၅-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဥက္ကဋ္ဌ ဦးသိမ်းကြည်ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးသိမ်းကြည်- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၄ယောက်ရှိပါတယ်။ ရန်ကုန်ကို အဓိကထားပြိုင်မယ်။ မှော်ဘီမှာ ၃ နေရာပြိုင်မယ်၊ ပြည်တောင်စုလွှတ်တော် ၁ ယောက်၊တိုင်းဒေသကြီး လွှတ်တော် ၂ယောက်၊ မြောက်ဥက္ကလာဒေသကြီးမှာပါပြိုင်ပါမယ်၊ စုစုပေါင်း၄နေရာ ယှဉ်ပြိုင်ပါမယ်။ VOM – ပါတီရဲ့ ကတိကဝတ်ကဘာတွေဖြစ်မလဲ ဦးသိမ်းကြည်-အရေးကြီးတာက ပြည်သူလူထုရဲ့ ဘဝဖွံ့ဖြိုးတိုးတက်မှုရှိဖို့အတွက် ဒီမိုကရေစီရှိရမယ်၊ တဆက်ထဲမှာ လူအခွင့်အရေးရှိရမှာ။ ဒါဆိုရင် ဖွံ့ဖြိုးတိုးတက်ရမယ်။ အခြားအသေးစိတ်ကတော့ ပါတီရဲ့ထုတ်ပြန်ချက်တွေမှာ ပါပါတယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။ ဦးသိမ်းကြည်- ဖွဲ့စည်းပုံအခြေခံဥပဒေက မြန်မာနိုင်ငံမှာသွားရမယ်၊…
Read Moreဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါ ဝန်ကြီးချုပ်ရာထူး ရယူနိုင်တော့မယ်
ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါ ဝန်ကြီးချုပ်ရာထူး ရယူနိုင်တော့မယ် တိုကျို၊ စက်တင်ဘာ-၁၄-၂၀၂၀ မျိုးဆက်(VOM) ဂျပန်အာဏာရပါတီဟာ ရှင်ဇိုအာဘေးရဲ့နေရာကို ဆက်ခံမယ့် ခေါင်းဆောင်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ရွေးချယ်လိုက်ပြီး ဒီလိုရွေးချယ်လိုက်တာကြောင့် ဆူဂါဟာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာတော့မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဟာ ကျန်းမာရေးအခြေအနေကြောင့် ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ လွန်ခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ အသက် ၇၁ နှစ်အရွယ် မစ္စတာဆူဂါဟာ လက်ရှိအစိုးရအဖွဲ့မှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ပါတီခေါင်းဆောင်သစ် အဖြစ် ရွေးချယ်ခံရမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသူဖြစ်ပါတယ်။ သူဟာ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ အနီးကပ်မဟာမိတ်ဖြစ်ပြီး အာဘေးရဲ့ မူဝါဒတွေကို ဆက်လက်အကောင်အထည် ဖော်နိုင်ဖွယ်ရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ အခုလိုပါတီခေါင်းဆောင်သစ်ကို ရွေးချယ်လိုက်တာကြောင့် ပါတီအမတ်တွေကြီးစိုးထားတဲ့ ပါလီမန်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ကို စက်တင် ၁၆ ရက်မှာ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဖို့သေချာသလောက်ရှိနေတဲ့ မစ္စတာဆူဂါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ…
Read Moreအတိုင်ပင်ခံရုံး ဒု-ဝန်ကြီးရဲ့ PSOမှာ ကိုဗစ်ပိုးတွေ့ပေမယ့် ဒု-ဝန်ကြီးမှာ ရောဂါပိုးမတွေ့
အတိုင်ပင်ခံရုံး ဒု-ဝန်ကြီးရဲ့ PSOမှာ ကိုဗစ်ပိုးတွေ့ပေမယ့် ဒု-ဝန်ကြီးမှာ ရောဂါပိုးမတွေ့ နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၀ ကိုလတ် (VOM) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်ရဲ့ PSO မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ “ဦးခင်မောင်တင်ရဲ့ PSO မှာ Positive ဖြစ်ပါတယ်။ ဒု-ဝန်ကြီးနဲ့ PSO တစ်ရက်တည်း စစ်ဆေးခြင်းဖြစ်ပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။ ဒု-ဝန်ကြီးရဲ့ အာခေါင်၊ နှာခေါင်းတို့ဖတ် နမူနာတို့ရဲ့ ရလဒ်ဟာ ကိုဗစ်ပိုးရောဂါ Negative ဖြစ်ပြီး Hotel Quarantine ဝင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ အာခေါင်၊ နှာခေါင်း တို့ဖက် နမူနာ (Swab)ကို ထပ်မံ ရယူစစ်ဆေးဦးမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒု-သမ္မတ(၁)ရုံးမှာ တာဝန်ထမ်းဆောင်တဲ့ အရာရှိ…
Read MoreCovid -19 ကြောင့် Quarantineဝင်နေရသူတွေနဲ့ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေ ဘာစိုးရိမ်နေကြသလဲ ? သက်ဆိုင်ရာက ဘာတွေပြင်ပြီးပြီလဲ ?
Covid -19 ကြောင့် Quarantineဝင်နေရသူတွေနဲ့ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေ ဘာစိုးရိမ်နေကြသလဲ ? သက်ဆိုင်ရာက ဘာတွေပြင်ပြီးပြီလဲ ? မန္တလေး၊စက်တင်ဘာ- ၁၄- ၂၀၂၀ ရှိုင်းအောင်(VOM) ၂၀၂၀ခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနီးမှ Quarantine ဝင်ရခဲ့သည်ရှိသော် ရောဂါပိုးတွေ့ရှိခဲ့သော် ကြိုတင်မဲပေးခွင့်ရသူစာရင်းမှာ သေချာထည့်သွင်းမထားတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးနိုင်တာမို့ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒီလို စိုးရိမ်မှုတွေဖြေဖျောက်ဖို့ လူတိုင်မဲပေးခွင့် မဆုံးရှုံးအောင်Qurantine ဝင်နေတဲ့သူတွေနဲ့Positive လူနာတွေမဲပေးခွင့်ရအောင် ဘယ်လိုတွေစီစဉ်ထားသလဲလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကို VOM က ဆက်သွယ်မေးမြန်းရာမှာတော့ “ Quarntine ဝင်နေတဲ့သူတွေမဲပေးခွင့်မဆုံးရှုံးအောင်သက်ဆိုင်ရာQurantine Center ကအဖွဲ့တွေ၊ရွေးကောက်ပွဲကော်မရှင်ကအဖွဲ့တွေ၊ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ကြီးကြပ်မှုတွေအောက်ကနေအန္တရာယ်မဖြစ်အောင်မဲပေးနိုင်ဖို့စီးစဥ်ထားပြီဖြစ်ပေမယ့်Positive လူနာတွေပါမဲပေူခွင့်မဆုံးရှုံရအောင်အသေးစိတ် ညှိနှိုင်းနေပြီဖြစ်တယ်” လို့ ဖြေပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာလူတိုင်းလူတိုင်းမဲပေးခွင့်မဆုံးရှုံးဘဲနဲ့အန္တရာယ်ကင်းစွာမဲပေးနိုင်ဖို့၊မဲပေးတဲ့ဖြစ်စဥ်ကြောင့်ရောဂါကူးဆက်ပြန့်ပွားမှုပိုမိုမဆိုးရွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေဟာကျမတို့အဓိကရည်ရွက်ချက်၂ခုဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးကထည့်သွင်းပြောကြားပါတယ်။ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးရှိန်ဝင်းကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ” ၂၀၂၀ခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကာလမှာQurantine ဝင်နေသူတွေကတော့ပုံစံ၃(က) နဲ့မဲပေးနိုင်မှာဖြစ်ပြီးPositive လူနာတွေအတွက်ကတော့မဲပေးနိုင်ဖို့မစီစဥ်ရသေးဘူး” လို့ VOM ကိုပြောပါတယ်။…
Read Moreနေပြည်တော်က အထူးကုဆရာဝန်တစ်ဦးနဲ့ မေ့ဆေးဆရာဝန်တစ်ဦး ကိုဗစ်ကူးစက်ခံထားရ
နေပြည်တော်က အထူးကုဆရာဝန်တစ်ဦးနဲ့ မေ့ဆေးဆရာဝန်တစ်ဦး ကိုဗစ်ကူးစက်ခံထားရ နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်က အထူးကုဆရာဝန်တစ်ဦးနဲ့ မေ့ဆေးဆရာဝန်တစ်ဦး အပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ “ဟုတ်ပါတယ်။ မေ့ဆေးဆရာဝန်တစ်ဦးနဲ့ အထူးကုဆရာဝန်တစ်ဦးပါ။ သူတို့ မိသားစုဝင်တွေပါ ရောဂါပိုးကူးစက်ခံရပါတယ်။ သူတို့နဲ့ ထိစပ်နေတဲ့ ဆရာဝန်တွေ ဆရာမတွေ နောက်ကျန်တဲ့သူတွေကို Quarantine ထားပြီး ဆေးစစ်ပါတယ်။တော်တော်များများကတော့ Negative ပါပဲ။ ကူးစက်ခံရတာ ၅ ဦးလောက်ရှိမယ်ဗျ”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်)မှ တိုင်းဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ နေပြည်တော်မှာ ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာအရေအတွက်ဟာ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ၃၀ ဦးထိရှိနေပြီး သူတို့နဲ့ ထိစပ်ခဲ့သူဦးရေဟာ ၄၀၀ ဦးလောက်ရှိတယ်လို့လည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ အဲ့ဒီလို ထိစပ်ခဲ့မိတဲ့သူတွေကို ဆေးရုံတွေ၊ ဟိုတယ်တွေနဲ့ Quarantine…
Read Moreပလက်ဝမှာ တစ်ရက်၂ ရက်အတွင်း စားသောက်ကုန်ဈေးခုန်တက်နေတဲ့အတွက် ဝယ်ယူဖို့မလွယ်
ပလက်ဝမှာ တစ်ရက်၂ ရက်အတွင်း စားသောက်ကုန်ဈေးခုန်တက်နေတဲ့အတွက် ဝယ်ယူဖို့မလွယ် ပလက်၀ ၊ စက်တင်ဘာ ၁၄ ၊ ၂၀၂၀ ကိုတိုးကြီး (VOM) ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် ကြားက ပလက်ဝမြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့ နောက်ပိုင်း ကုန်စည်ဝင်ရောက်မှု ရပ်တန့်သွားတဲ့အတွက် ဒီကနေ့ ( စက်တင်ဘာ ၁၄ )မှာ စားသောက်ကုန်အမျိုးမျိုးနဲ့ လောင်စာဆီဝယ်ယူဖို့ ခက်ခဲသွားပြီလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ “ ဒီရက်ပိုင်းမှာ ကုန်စည်ဝင်ရောက်တာက မရှိသလောက်ဖြစ်သွားတယ် ၊ ဘာကြောင့် မဝင်တာလဲဆိုတော့ ကျောက်တော်ဖက် လမ်းပိုင်းကလဲ ကိုဗစ် အတွက်နဲ့ရော ၊ လုံခြုံရေးအတွက်နဲ့ပါ ပိတ်ထားတယ် ၊ နောက်ပြီး ကုန်စည်ပို့ဆောင်ရေး ကားတွေကလဲ အရင်ကတည်းက အရဲစွန့်ပြီးလာရတာလေ ၊ ပိုးတွေ့လူနာများလာတဲ့အတွက်လည်းဖြစ်နိုင်သလို၊ လုံခြုံရေးအရလည်း ကုန်ကားတွေ မလာတာဖြစ်နိုင်တယ် ”…
Read Moreကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် စံချိန်သစ်တင်
ကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် စံချိန်သစ်တင် ဂျီနီဗာ၊ စက်တင်ဘာ-၁၄-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူမှာ စံချိန်သစ်တင်သွားပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၃၀၇၉၃၀ ဦးထိရှိနေပါတယ်။ ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာလည်း တစ်နေ့တည်း ၅၅၀၀ ကျော်ထိမြင့်တက်လာပြီး ကမ္ဘာတစ်ဝန်း သေဆုံးသူဟာ ၉၁၇၄၁၇ ဦးထိရှိလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကူးစက်မှုအများဆုံးနိုင်ငံတွေကတော့ အိန္ဒိယ၊ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာတစ်ဝန်းမှာ ရောဂါကူးစက်ခံရသူ ၂၈ သန်းကျော်ရှိပြီး ဒီထဲကတစ်ဝက်ကတော့ အမေရိကား ကဖြစ်ပါတယ်။ ၂၄ နာရီအတွင်း ကူးစက်မှုအမြင့်ဆုံးစံချိန်ကတော့ စက်တင်ဘာ ၆ ရက်ကဖြစ်ပြီး တစ်နေ့တာအတွင်း ၃၀၆၈၅၃ ဦးရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၁၃ ရက် တစ်နေ့တည်းမှာပင်…
Read More