ရခိုင်မှာဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကို တစ်နိုင်ငံလုံးက စိုးရိမ်ပူပန်နေပေမယ့် AA ခေါင်းဆောင်တွေက နိုင်ငံရေးအမြတ်ထုတ်နေ

ရခိုင်မှာဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကို တစ်နိုင်ငံလုံးက စိုးရိမ်ပူပန်နေပေမယ့် AA ခေါင်းဆောင်တွေက နိုင်ငံရေးအမြတ်ထုတ်နေ နေပြည်တော်၊ စက်တင်ဘာ ၅-၂၀၂၀ ကိုလတ် (VOM) လပိုင်းအတွင်း ကူးစက်ဖြစ်ပွားမှု မြှင့်တက်လာတဲ့ ရခိုင်ပြည်နယ်အတွင်းက ကိုဗစ်ရောဂါကို တစ်နိုင်ငံလုံးက စိုးရိမ်ပူပန်နေပေမယ့် AA ခေါင်းဆောင်တွေကတော့ တလွဲတွေလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မနေ့ကနေပြည်တော်သမ္မတရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ “တစ်နိုင်ငံလုံးက လူတွေက စိုးရမ်းပူပန်ပြီးလုပ်နေတဲ့အချိန်မှာ AA ခေါင်းဆောင်တွေက စောက်တလွဲတွေ ပြောနေပြီး အဆင်မပြေဘူး၊ ပြောတာ ကြေညာချက်ကတစ်ခု အောက်မှာလုပ်တာက သက်သက် ပြောင်းပြန်တွေဖြစ်နေတယ်။ ဒီလိုမျိုး ကိုဗစ်ကာလမှာတောင်မှ နိုင်ငံရေးအမြတ်ထုတ်နေတယ်။ စစ်ရေးအမြတ်ထုတ်နေတယ်။ ဒါမျိုးတွေ မလုပ်သင့်ဘူးလို့ ကျနော်က ပြောချင်တယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။ တစ်နိုင်ငံလုံးမှာ ဒီကနေ့မနက်အချိန်ထိ ကိုဗစ် အတည်ပြုလူနာ ၁၂၁၆ ဦးထိ ရှိလာခဲ့ပြီး အဲ့ဒီအထဲက…

Read More

၂၀၀၇ ရွှေဝါရောင် သံဃလှုပ်ရှားမှု အဖြစ်မှန်

“ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒဿေန္တိ ဘီသနံ၊ ယဥှိစေဝါနုရုဉ္စန္တော ရတ္တန္ဒိ၀ မတန္ဒိတော “ အစချီတဲ့ မေတ္တာသုတ်ပရိတ်ရားတော်ကို သံပြိုင်ညီညီရွတ်ဖတ်ပြီး သင်္ကန်းကိုယ်စီ သပ္ပါယ်စွာရုံထားတဲ့ သံဃာ ၅၀၀ ကျော်လောက် မကွေးတိုင်း ပခုက္ကူမြို့က လမ်းမပေါ်မှာ ၂၀၀၇ စက်တင်ဘာ ၅ ရက်က စီတန်းကြွချီလာနေတာကို လမ်းဘေးဝဲယာက သောင်းချီတဲ့ ဒကာဒကာမတွေ လက်အုပ်ချီရှိခိုးနေတာကို ဒီနေ့ထိမျက်စိထဲမထွက်သေးပါဘူး။ သူတို့ဘာလို့ ဒီလိုမေတ္တာပို့ကြွချီလာကြသလဲဆိုတော့ သြဂုတ်လဆန်းက စစ်အစိုးရကနေ လောင်စာဆီဈေးတွေအဆမတန်ဈေးမြှင့်ခဲ့လို့ နိုင်ငံတဲ့အဝှမ်းမှာ ကုန်ဈေးနုန်းတွေခုန်ပျံတက်ခဲ့လို့ မြန်မာပြည်သားတွေ အကြပ်အတည်းဖြစ်ခဲ့တာကို အခြေပြုတယ်လို့ဆိုရမှာပါ။ ပခုက္ကူသံဃာတော်တွေ စီတန်းကြွချီနေချိန်မှာ လောင်စာဆီဈေး ကျဆင်းရေးအတွက် လူထုပူးပေါင်းဖို့ တိုက်ပွဲဆင့်ခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ ချီတက် လမ်းလျှောက်ခဲ့တဲ့ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေ လှုပ်ရှားမှုကြောင့် ရန်ကုန်မှာ အဖမ်းခံခဲ့ပြီးဖြစ်ပါတယ်။ ပခုက္ကူ သံဃာတော်တွေမေတ္တာပို့ စီတန်းကြွချီတဲ့ရှေ့ဆုံးမှာလဲ လောင်စာဆီဈေးနုန်းကျဆင်းရေးတောင်းဆိုလို့ ဖမ်းခံရသူတွေပြန်လွှတ်ပေးဖို့ကုန်ဈေးနုန်းကျဆင်းရေးလုပ်ပေးဖို့…

Read More

တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ပြစ်ဒဏ်ကျ ကျောင်းသား၊ကျောင်းသူတွေကို လွတ်ငြိမ်းခွင့်‌ပေး

တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ပြစ်ဒဏ်ကျ ကျောင်းသား၊ကျောင်းသူတွေကို လွတ်ငြိမ်းခွင့်‌ပေး နေပြည်တော်၊စက်တင်ဘာ ၅-၂၀၂၀ ကောင်းလက်ျာ(VOM) တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရပြီး ဆယ်တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြတဲ့ ပြစ်ဒဏ်ကျ ကျောင်းသား၊ ကျောင်းသူတွေထဲက ထူးချွန် ကျောင်းသား ၅၅ ဦးကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့်ပေး ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။ ” ရန်ကုန်နဲ့မန္တလေးက အများဆုံးပါဝင်ပါတယ်။ ရန်ကုန်၂၅ ဦးနဲ့မန္တ‌လေး၂၉ ဦးရှိပြီး ကျန်အကျဉ်ထောင်တွေက တစ်ဦးပဲပါတယ်။ ဆယ်တန်း‌ဖြေဆို‌အောင်မြင်တဲ့ ပြစ်ဒဏ်ကျအကျဉ်းသားအများစုက မူးယစ်ဆေးဝါးတွေပါ” လို့ အကျဉ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးရဲရင့်နိုင်ကပြောပါတယ်။ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ပြန်လည်လွှတ်မြောက် လာတဲ့ ကျောင်သား၊ ကျောင်းသူတွေဟာ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နဲ့၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွေမှာ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူများထဲက ထူးချွန်ကျောင်းသားတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သူတို့တွေ ပြစ်ဒဏ်ကလွတ်မြောက်ခဲ့တာဟာ နိုင်ငံတော်သမ္မတက စာမေးပွဲအောင်မြင်မှုအပေါ် ချီးမြှင့်တာလည်းဖြစ်သလို…

Read More

အင်းစိန်ထောင်ဝင်စာကို ဧည့်တွေ့လက်မခံတော့ဘဲ ပါဆယ်သာခွင့်ပြု

အင်းစိန်ထောင်ဝင်စာကို ဧည့်တွေ့လက်မခံတော့ဘဲ ပါဆယ်သာခွင့်ပြု ရန်ကုန် ၊ စက်တင်ဘာ ၄-၂၀၂၀ ယဉ်ပပထွန်း ( VOM ) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ထဲမှာ covid -19 ရောဂါကာကွယ်ရန်အတွက် ထောင်အတွင်းကို ဧည့်တွေ့ခွင့်မပေးတော့ဘဲ ပါဆယ်ပေးသွင်းခွင့်ကိုသာ ဒီကနေ့မှာ စတင်လိုက်တယ်လို့အင်းစိန်ဗဟိုအကျဉ်းထောင်က ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန် ကိုဗစ်-၁၉ ဒုတိယလှိုင်းဟာ ကူးစက်မူနူန်းမြန်ဆန်နေတဲ့အတွက် အကျဉ်းထောင်အတွင်း ကူးစက်ပျံပွားမူတွေ မဖြစ်ပေါ်စေရေးအတွက် ထောင်ဝင်စာတွေ့ဆုံခြင်းကို ကန့်သတ်လိုက်တာဖြစ်ပြီး ပါဆယ် ပေးသွင်းခွင့်ကိုသာ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ နှစ်ပတ်ကို ၁ ကြိမ် | ၁ ကြိမ်မှာ လူတစ်ဦးနူန်းနဲ့ ဧည့်မတွေ့၊ပါဆယ်ပစ္စည်းတွေကို လက်ခံဆောက်ရွက်ပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ” ဧည့်မတွေ့ရဆိုတော့ အဆင်မပြေဘူးပေါ့ဗျာ ။ ထောင်ဝင်စာသွားတွေ့တဲ့အခါမှာ ဟိုဘက်က ဘာလိုအပ်တယ်ဆိုတာလေးတွေ နောက်တစ်လလောက်မှာ တွေ့တဲ့အခါ လိုအပ်တာတွေ ထည့်ပေးလို့အဆင်ပြေတယ်လေ ။ ပါဆယ်ဆိုတော့လည်း ဂိတ်မှာပဲထားခဲ့ရတာပါ ။…

Read More

ကိုဗစ်-၁၉ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုမှာ လူနာ ၁ဦး သေဆုံး

ကိုဗစ်-၁၉ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုမှာ လူနာ ၁ဦး သေဆုံး ရန်ကုန်၊ စက်တင်ဘာ ၄-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်တွင်းကူးစက်ခံထားရတဲ့ ကိုဗစ်လူနာအမှတ်-၁၀၂၃ ဟာ မနေ့ စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းက သေဆုံးသွားပြီဖြစ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ လူနာဟာ နဂိုထဲက ရောဂါအခံရှိသူဖြစ်သလို ကိုဗစ်-၁၉ ရောဂါပါ ကူးစက်ခံထားရတာကြောင့် သေဆုံးရခြင်းဖြစ်ပြီး သေဆုံးသူဟာ ပြည်ပကို ခရီးသွားရာဇဝင်မရှိသလို ကိုဗစ်အတည်ပြုလူနာနဲ့လည်း ထိတွေ့မှုမရှိဘဲ ကူးစက်ခံထားရသူ ဖြစ်ပါတယ်။ ” လူနာ-၁၀၂၃က အမျိုးသမီးဖြစ်တယ်။ အရေပြား လေးဘက်နာအခံရှိတယ်၊ အဆုပ်မကောင်းဘူး၊ မန္တလေးမှာ ၈ လပိုင်း ၁၄ ရက်က ဆေးကုသမှုရှိခဲ့တယ်။ သွေးသန့်စင်ဖို့ လိုတဲ့အနေအထား၊ ဒါပေမယ့် ဆက်မလုပ်တော့ဘဲ ပြန်ဆင်းလာတယ်၊ နောက် အိမ်မှာဖျားတယ်၊ ချောင်းဆိုးတယ်၊ ရောဂါလက္ခဏာတွေဖြစ်လို့…

Read More

ကိုဗစ်အတည်ပြုလူနာတွေ့ထားတဲ့ မင်္ဂလာဒုံက EMCစက်ရုံကို ယာယီပိတ်ဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်လည်ပတ်နေ

ကိုဗစ်အတည်ပြုလူနာတွေ့ထားတဲ့ မင်္ဂလာဒုံက EMCစက်ရုံကို ယာယီပိတ်ဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်လည်ပတ်နေ ရန်ကုန် ၊စက်တင်ဘာ ၄-၂၀၂၀ သိင်္ဂီ (VOM) မင်္ဂလာဒုံမြို့နယ်က လုပ်သားအင်အား ၅၀၀၀ နီးပါးရှိတဲ့ စက်ရုံတစ်ခုမှာ ကိုဗစ် အတည်ပြုလူနာ တွေ့ရှိထားတဲ့အတွက် စက်ရုံကိုယာယီပိတ်ထားဖို့ ညွှန်ကြားစာထွက်နေပေမယ့် စက်ရုံကတော့ လည်ပတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ” စက်ရုံက ခုထိတော့မပိတ်သေးပါဘူး။ ဖွင့်နေဆဲပါ။ ကျန်တဲ့ အသေးစိတ်အခြေအနေကိုတော့ သေချာမသိသေးပါဘူး၊ ” လို့ EMCစက်ရုံဘက်က ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ လက်ရှိမှာ EMC စက်ရုံကို ယာယီပိတ်ဖို့အတွက် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားစာထွက်ထားပေမယ့် စက်ရုံဘက်က အလုပ်ကိုပိတ်ထားတာမရှိဘဲ ဆက်လက်ဖွင့်လှစ်နေပြီး အလုပ်မဆင်းလို့မရကြောင်း ပြောဆိုနေသလို အလုပ်သမားတွေနေထိုင်ရာ ပတ်ဝန်းကျင် ၊ နေအိမ်၊ အဆောင်ပိုင်ရှင်တွေကလည်း အလုပ်သွားရောက်ပါက အိမ်မှာလက်မခံဘူးလို့် ပြောဆိုတာတွေရှိနေတာကြောင့် အခက်အခဲတွေ ဖြစ်နေပါတယ်။ ” မနေ့က ဝန်ကြီးလာစစ်ဆေးတယ်။…

Read More

သင်္ဃန်းကျွန်းက ကိုဗစ်လူနာနှစ်ဦးဟာ စားသောက်ဆိုင်ဝန်ထမ်းတွေဖြစ်နေ

သင်္ဃန်းကျွန်းက ကိုဗစ်လူနာနှစ်ဦးဟာ စားသောက်ဆိုင်ဝန်ထမ်းတွေဖြစ်နေ ရန်ကုန်၊စက်တင်ဘာ ၄-၂၀၂၀ အေးချမ်းသူ(VOM) ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်စာရင်းမှာ ပါဝင်လာတဲ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ထပ်တိုး ကိုဗစ်အတည်ပြုလူနာနှစ်ဦးဟာ KTV ၊ မာဆတ်နဲ့ စားသောက်ဆိုင်တို့ တွဲဖွင့်ထားတဲ့ Music ဇုန်က ဝန်ထမ်းတွေဖြစ်တဲ့အတွက် အဲ့ဒီဆိုင်ကို အသွားအလာကန့်သတ်ထားတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။ ကိုဗစ်အတည်ပြု လူနာအမှတ်-၁၀၆၁ ( မ ၃၂ နှစ်) နဲ့ ၁၀၆၂ (မ ၂၅ နှစ်)တို့ဟာ ကိုဗစ်အတည်ပြုလူနာအမှတ်-၇၄၁ နဲ့ ဆက်စပ်သူတွေဖြစ်ပြီး အသွားအလာကန့်သတ်ထားသူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဦးပြောပြတာက ” Music ဇုန်က ဝန်ထမ်းတွေဗျ ၊ အဲ့ဒီမှာ ဝန်ထမ်း ၁၀၀ကျော် ရှိတဲ့အနက်မှာ တစ်ယောက်က စာရင်းကိုင်ဖြစ်တယ်လို့ သိရတယ်။ သူတို့နှစ်ယောက်က…

Read More

ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၂ ဦးကို ဆက်သွယ်ရေးစကားပြောစက် ကိုင်ဆောင်မှုနဲ့ အမှုဖွင့်

ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၂ ဦးကို ဆက်သွယ်ရေးစကားပြောစက် ကိုင်ဆောင်မှုနဲ့ အမှုဖွင့် မုံရွာ ၊ စက်တင်ဘာ ၊ ၄ – ၂၀၂၀ သက်စမ်းရေ(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်ကွက်လုံခြုံရေးတာဝန်ထမ်းဆောင်မယ့် စေတနာ့ဝန်ထမ်း (၁၂)ဦးကို ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေး စကားပြောစက်တွေကို လက်ဝယ်ထား ကိုင်ဆောင်အသုံးပြုမှုနဲ့ အမှုဖွင့်အရေးယူခံရတယ်လို့ အမှုဖွင့်ခံရတဲ့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ “ ရပ်ကွက်လုံခြုံရေး စေတနာ့ဝန်ထမ်း ကလေးတွေဖြစ်တယ် ၊ လုံခြုံရေးအဖွဲ့အတွက် လုပ်ပေးလိုက်တာပါ ၊ စင်ပြိုင်လိုတဲ့ သဘောဆန္ဒ ဘာတစ်ခုမှ မပါဘူး ၊ ကျနော့်ဘက်က စေတနာအမှားဖြစ်သွားတာပါ ၊ အဲ့ဒီ ပြောက်ကျားဝတ်စုံကလဲ အမှတ်(၂) ရဲစခန်းနားက လေဘေးဆိုင်ကဝယ်တာဖြစ်တယ် ၊ အနက်ရောင်ဆေး ဆိုးပြီးမှ ဝတ်ကျဖို့ ကျနော်က ဆေးတွေကို ဝယ်ပေးထားတယ်…

Read More

အမြန်လမ်းမှာဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို အုတ်တွင်းမြို့ဆေးရုံ ICUမှာ ကန့်သတ်ထားရှိ

အမြန်လမ်းမှာဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို အုတ်တွင်းမြို့ဆေးရုံ ICUမှာ ကန့်သတ်ထားရှိ နေပြည်တော်၊ စက်တင်ဘာ ၄-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်-၁၂၅အနီးမှာ ဒီကနေ့မနက် ၃ နာရီ‌ခန့်က ဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၃ဦးကို အုတ်တွင်းမြို့နယ် ဆေးရုံကြီးမှာဖွင့်ထားတဲ့ ICU‌ ဆောင်မှာ ကန့်သတ်ထားရှိတယ်လို့ အုတ်တွင်းမြို့နယ် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းကနေ သိရပါတယ်။ ” တာဝန်ရှိသူတွေရောက်တော့ သုံးဦးက ထွက်ပြေးသွားတယ်။ အခုမိထားတဲ့ မိသားစုဝင် သုံးဦးကို နှာခေါင်းတို့ပတ်နမူနာ ယူစစ်ဆေးမယ်။ သူတို့တွေ ရခိုင်ပြည်နယ်၊ ကျောက်တော်ကနေ သန်လျင်ရောက်နေတာ သုံးလလောက်ရှိပြီ။ အခုကျောက်တော်ပြန်ဖို့ ကားငှားလာတာ၊ ဒီနားမှာချသွားတာလို့ပြောတယ်”လို့ ‌အုတ်တွင်း‌ဆေးရုံကိုပို့‌ပေးခဲ့တဲ့ ရင်ခုန်သံရှင် ရေးကူညီမှုအသင်းနာယကဆရာတော် ဦးတေဇသီရိက မိန့်ကြားပါတယ်။ မသင်္ကာဖွယ် အမည်မသိသူအချို့ ရောက်နေတယ်ဆိုတဲ့ သတင်းအရ အုတ်တွင်းမြို့နယ် Covid-19 ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီက သွားရောက်စစ်ဆေးရာမှာတော့ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသား ၁ ဦး၊…

Read More

克伦邦首席省长因违反法律而被下令免职

克伦邦首席省长因违反法律而被下令免职 Lei Lei Win(VOM) 克伦邦首席部长U L phaung Sho 由总统选举产生宪法第263条第(5)款的第2条; 在9月3日,他被下令免职。 州议会议员Khu Thae Ral表示,在对有关他购买土地和机器以及州议会四分之一的指控进行调查之后,总统签署了他免职。 总理没有访问关于此事的调查委员会,在调查结束后9月1日,州议会上有4票反对,有14票赞成的表决方式,要求克伦邦首席部长下台。 全国民主联盟(NLD)中央委员会发表声明称,这一决定是根据法律做出来的。据说是对克伦议长的个人不满。写着:“控诉过程中,据认为,这是在没有适当行动的情况下对个人进行的侵略,并且宣布将对此事件进行监视。” 克耶邦首席部长U L phaung Sho 在其社交媒体页面上写道:“我了解这种情况,并对上级的决定感到满意,我要感谢自2016年上任以来与我合作的所有人。” 全国民主联盟(NLD)民盟副主席 Dr.Zaw Myint Maung说:“有个错误的理念就是原告必须有四分之一,其中一名原告因为不想涉案而离开了;另一件事是调查小组也离开了。在任何理念中都不存在的。 宪法第(5)章;根据《宪法》第263 (b)条的规定,成立了一个五人调查小组,调查国家立法机构四分之一成员弹劾国家首席部长一事。 根据邦立法机构的一份声明,四分之一的邦立法委员指责邦首席部长允许克伦土地用于商业活动,以及政府在购买和租赁重型机械方面缺乏透明度。 尽管因为这件事情,但还是会在11月份的选举中,U L phaung Sho 会正常在克伦议会上,Mae Sae乡的第二选区再次参加竞选。 #voiceofmyanmar #VOM #克伦邦首席省长因违反法律而被下令免职

Read More
VOM News

FREE
VIEW