“ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒဿေန္တိ ဘီသနံ၊ ယဥှိစေဝါနုရုဉ္စန္တော ရတ္တန္ဒိ၀ မတန္ဒိတော “ အစချီတဲ့ မေတ္တာသုတ်ပရိတ်ရားတော်ကို သံပြိုင်ညီညီရွတ်ဖတ်ပြီး သင်္ကန်းကိုယ်စီ သပ္ပါယ်စွာရုံထားတဲ့ သံဃာ ၅၀၀ ကျော်လောက် မကွေးတိုင်း ပခုက္ကူမြို့က လမ်းမပေါ်မှာ ၂၀၀၇ စက်တင်ဘာ ၅ ရက်က စီတန်းကြွချီလာနေတာကို လမ်းဘေးဝဲယာက သောင်းချီတဲ့ ဒကာဒကာမတွေ လက်အုပ်ချီရှိခိုးနေတာကို ဒီနေ့ထိမျက်စိထဲမထွက်သေးပါဘူး။
သူတို့ဘာလို့ ဒီလိုမေတ္တာပို့ကြွချီလာကြသလဲဆိုတော့ သြဂုတ်လဆန်းက စစ်အစိုးရကနေ လောင်စာဆီဈေးတွေအဆမတန်ဈေးမြှင့်ခဲ့လို့ နိုင်ငံတဲ့အဝှမ်းမှာ ကုန်ဈေးနုန်းတွေခုန်ပျံတက်ခဲ့လို့ မြန်မာပြည်သားတွေ အကြပ်အတည်းဖြစ်ခဲ့တာကို အခြေပြုတယ်လို့ဆိုရမှာပါ။ ပခုက္ကူသံဃာတော်တွေ စီတန်းကြွချီနေချိန်မှာ လောင်စာဆီဈေး ကျဆင်းရေးအတွက် လူထုပူးပေါင်းဖို့ တိုက်ပွဲဆင့်ခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ ချီတက် လမ်းလျှောက်ခဲ့တဲ့ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေ လှုပ်ရှားမှုကြောင့် ရန်ကုန်မှာ အဖမ်းခံခဲ့ပြီးဖြစ်ပါတယ်။
ပခုက္ကူ သံဃာတော်တွေမေတ္တာပို့ စီတန်းကြွချီတဲ့ရှေ့ဆုံးမှာလဲ လောင်စာဆီဈေးနုန်းကျဆင်းရေးတောင်းဆိုလို့ ဖမ်းခံရသူတွေပြန်လွှတ်ပေးဖို့ကုန်ဈေးနုန်းကျဆင်းရေးလုပ်ပေးဖို့ နိုင်ငံတဝှမ်းမငြိမ်းမချမ်းဖြစ်နေတာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ စတဲ့တောင်းဆိုချက်ဆိုင်းဘုတ်ကို ကိုင်ဆောင်ကြွချီခဲ့တာပါ။ အားလုံးသောသံဃာတွေရဲ့ စိတ်ထဲမှာ မေတ္တာဓါတ်တွေအပြည့်ကိန်းအောင်းပြီး ရွတ်ဖတ်ကြွချီနေတယ်ဆိုတာ ကိုယ်တော်တွေရဲ့ မျက်လုံးတွေကနေ အဓိပ္ပါယ်ကို အလွယ်တကူဖတ်လို့ရနေပါတယ်။
ဒီလို ငြိမ်းငြိမ်းချမ်းချမ်းကြွချီနေတဲ့ မြင်ကွင်းကို ဖျက်စီးလိုက်တာကတော့ တပ်မ (၁၀၁) က ဗျူဟာမှူး ခင်မောင်ထွေးနဲ့ ခမရ (၂၃၅) က တပ်ရင်းမှူး မျိုးသန့်ဇင် အပါအဝင် တပ်သား (၂၀) လောက်ပဲဖြစ်ပါတယ်။
သံဃာအားလုံး မြို့လယ် ဆေးရုံ၂ရုံကြား မီးပွိုင့်ကိုရောက်တဲ့အချိန်မှာ မြို့နယ်သံဃမဟာနာယကက ဦးတေဇောဆိုတဲ့ ဆရာတော်ရောက်လာပြီး ဒီကောင်ဖမ်း ဟိုကောင်ဖမ်းအမိန့်ပေးတော့ စစ်တပ်က သေနတ်တွေမိုးပေါ်ထောင်ဖေါက်ပြီး ဝင်ဖမ်းတော့တာပါဘဲ။ သံဃာတွေဖရိုဖရဲဖြစ်ကုန်ပြီး တွေ့ရာအပေါက်ကနေအကုန်ပြေးရတော့တာပါဘဲ ။
အဲဒီအချိန်မှာ စစ်သားတွေက ဘုန်းကြီးတွေကို ဝင်ဖမ်းတော့ ဘယ်ကထွက်လာမှန်းမသိတဲ့ စွမ်းအားရှင်တွေလည်း သူတို့ဘက်ကဝင်ကူပြီး သံဃာတွေကို ဝင်ဖမ်းကြပါတယ်။ အဲဒီညနေမှာ အနောက်တိုက်လို့ခေါ်တဲ့ သာသနဝိပုလာရာမတိုက်က ဦးဇင်း ဦးပညာစက္ကနဲ့ ဦးပညာနန္ဒ၊ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်က ဦးစန္ဒိမာတို့ အဖမ်းခံခဲ့ရပါတယ်။ ကျန်တဲ့ ကိုယ်တော်တွေကတော့ အနီးဆုံးဆေးရုံတွေ အလယ်တန်းကျောင်းတွေ နီးစပ်ရာအိမ်တွေနဲ့ အရှေ့တိုက် (မဟာဝိဇယာရာမ)ထဲ ဝင်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။
အချိန်ကလည်း ညနေစောင်းနေပြီ အရှေ့တိုက်ထဲကသံဃာအားလုံးစုပြီး ဖမ်းထားတဲ့ ကိုယ်တော်အားလုံးလွှတ်ပေးဖို့ မလွှတ်ပေးရင် ဆက်ပြီးဆန္ဒပြဖို့ဆုံးဖြတ်ကြတယ်။ အရှေ့တိုက်မြောက်ဘက်မုခ်ပေါက်မှာ သံဃာအားလုံးစုပြုံနေတယ် လမ်းတဖက်မှာတော့ အရပ်ဝတ်ရဲတွေ ကြံ့ဖွတ်တွေစီတန်းရပ်နေတယ်။ အရှေ့တိုက်ဘက်က သံဃာအုပ်နဲ့ လူအုပ်က ကြံဖွတ်အုပ်ဖက်ကို ခဲတွေနဲ့ထုလိုက် ဟိုကနောက်ဆုတ်လိုက် ရှေ့တိုးလိုက်နဲ့ အတော်မိုးချုပ်ထိလုပ်နေခဲ့ကြတယ်။ မှောင်လာတော့ အရှေ့တိုက်က တိုက်အုပ်ဆရာတော်တွေနဲ့ မြို့ပေါ်က ဆရာတော်တွေကို အာဏာပိုင်တွေက အလက(၃) ကျောင်းမှာပင့်ပြီး ဖမ်းထားတဲ့ သံဃာတွေကိုလွှတ်ပေးမယ် ကျန်သံဃာတွေကို ထိမ်းပေးပါဆိုတဲ့ သဘောတူညီချက်နဲ့ ဖမ်းထားတဲ့ သံဃာ ၃ပါးလွှတ်ပေးခဲ့ပါတယ်။
ပြန်လွတ်တဲ့ သံဃာတော်တွေပြောပြချက်အရ သူတို့ဆေးရုံအိမ်သာထဲဝင်ပုန်းနေတုန်းအဲဒီတုန်းက ပါဝါရှိတဲ့ အသင်းကြီးရဲ့အတွင်းရေးမှူးက “ဟိုထဲမှာ (၂) ကောင်ပုန်းနေတယ်၊ ဖမ်းဖမ်း” ဆိုပြီး ပြောတယ်လို့ သိရပါတယ်။ “နှစ်တစ် ခင်မောင်ဝင်းဆိုတဲ့ လူမိုက်ကလည်း ငါတို့ကို ဝင်ရိုက်တယ်။ စစ်သားတွေကလည်း သေနတ်ဒင်နဲ့ထုတယ်။ ဒါတွေပြီးမှ ရဲစခန်းထဲ လူဝတ်လဲပြီး၊ အချုပ်ခန်းထဲ ထည့်ခဲ့တယ် နောက်မှအထက်အမိန့်ဝင်လာလို့ သင်္ကန်းပြန်ဝတ်ပေးပြီး လွှတ်ပေးလိုက်တာ” လို့ပြောပါတယ်။
နောက်နေ့မနက်မှာ တိုင်းသာသာနာရေးဦးစီးနဲ့ ခရိုင်အဆင့်ဆင့်က တာဝန်ရှိသူတွေဟာ စာသင်တိုက်တွေကို ဝင်ပြီး လှုပ်ရှားမှုတွေမှာ မပါဖို့ ဝင်လျှောက်တော့တာပဲ။ ဒီမှာတင် လောလောလတ်လတ် ခံထားရတဲ့ သံဃာ တော်တွေက မကျေနပ်လို့ အလယ်တိုက်အရောက်မှာ ဝန်းတံခါးပိတ်ပြီး အာဏာပိုင် (၁၃) ယောက်ကို ဖမ်း လိုက်တယ်။ သူတို့စီးတဲ့ ကားတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။
နောက်နေ့တွေမှာတော့ နိုင်ငံပိုင်သတင်းစာတွေက ဒီဖြစ်စဉ်တွေဟာ နိုင်ငံရေးတက်ကြွသူတွေနဲ့ မီဒီယာတွေပေါင်းပြီး လုပ်ကြံဖန်တီးတာပါလို့ ရေးခဲ့ ပြောခဲ့တယ်။ အဓိကဖြစ်တဲ့ မေတ္တာပို့ကြွချီတဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုပ်ပြီး ရက်ရက်စက်စက် ရိုက်ခဲ့တာကိုတော့ တလုံးတပါဒမှ မဖေါ်ပြခဲ့ပါဘူး။
ဒီနောက်တော့ တနိုင်ငံလုံးက သံဃာတွေက ပခုက္ကူသံဃာတော်တွေကျေနပ်အောင် အစိုးရကတောင်းပန်ပို့ မတောင်းပန်ရင် ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်ပေ့ါ။ ဒါကို အာဏာကလွဲပြီး ဘာမှ ဂရုမစိုက်တဲ့ ငမိုက်သားတွေက မတောင်းပန်ဘူးလေ။ ဒီနောက်တော့ နိုင်ငံအနှံ့ စက်တင်ဘာ (၁၈) မှာ “လူအချင်းချင်း နိပ်စက်ချင်း ကင်းရှင်းကြပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ” ဆိုတဲ့ မေတ္တာပို့သံတွေ ကမ္ဘာကိုလွှမ်းသွားခဲ့တာပါ။ ရွှေဝါရောင်လို့ ကမ္ဘာကသိတဲ့ သံဃာလှုပ်ရှားမှုကြီး ပေါ်လာရတော့တာပါပဲ။
ဒီလိုသံဃလှုပ်ရှားမှုပေါ်နေချိန်မှာ ပခုက္ကူ မဟန ဦးတေဇောလို နအဖအလိုကျ ကပြအသုံးတော်ခံခဲ့တဲ့ ဘုန်းကြီးပေါ်လာသလို ပဲခူးမှာ ကြခတ်ဝိုင်းဆရာတော် ဦးဇောတိပါလ ဆိုတဲ့ မင်းကိုးကွယ်ဆရာတော်က သံဃာနဲ့နိုင်ငံရေးမအပ်စပ်ဆိုပြီး သားသုံးသားရှင်းလင်းရေး စေခိုင်းချက်ထွက်လာပြီးတဲ့နောက် သံဃာတွေကို နှိပ်ကွပ်တော့တာပါဘဲ။
ဒီနေရာမှာ သံဃာနဲ့ နိုင်ငံရေးမအပ်စပ်ဆိုတဲ့ စကားကိုကျနော်နားလည်သလောက် လက်လှမ်းမှီသလောက် ရှင်းပြချင်ပါသေးတယ်။ ပခုက္ကူသံဃာတော်တွေ ဖြိုခွင်းခံရတဲ့ စက်တင်ဘာ ၅ ရက်က ဦးဆောင်ဆရာတော်တပါးကို အဖမ်းမခံရအောင် ကျနော်လိုက်ပို့တုန်းသူပြောတဲ့ စကားလေးအမှတ်ရမိပါတယ်။
“ဒကာရာ ဦးဇင်းတို့က အိမ်တွေဝင်ထွက် ဆွမ်းခံနေတော့ ဒကာတွေ အခြေအနေသိတယ်။ အရင်က (၅) အိမ် လောက် ဆွမ်းခံရင် ကျုပ်တို့သပိတ်ပြည့်ပြီ။ အခု (၁၅) အိမ်လောက်ခံမှ တပါးစာ ဝရုံလောက်ရှိတယ်။ ကျုပ်တို့ ခေါင်းရိတ်ဖို့ ဓားတချောင်းတောင် အပိုမဝယ်နိုင်တော့ဘူးဗျာ။ ဒါ … ဒကာတွေ မွဲနေပြီဆိုတာ ကျုပ်တို့သိလို့ မေတ္တာပို့တာပါ။ ကျုပ်တို့မှာ အပြစ်ရှိသလားဗျာ” တဲ့ ကိုင်း လူထုအခြေအနေကို အတွင်းကျကျသိနေတော့ သံဃာတွေနေလို့ရမလား အဆင်ပြေတဲ့အိမ်တွေပဲ ရွေးဆွမ်းခံရမလား ဒီလိုပဲ ဝိုင်းကူဖြေရှင်းသင့်လား လူသားစိတ်ရှိသူတိုင်း ဖြေရှင်းပေးချင်စိတ်ရှိကြမှာပါ။ သံဃာဆိုတာ ငြိမ်းချမ်းသောနည်းနဲ့ ပြည်သူ့ဘ၀ အေးချမ်းသာယာအောင် မေတ္တာနဲ့ ဖြေရှင်းတာ ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တာပါ။
ဥပမာတခုပြောရရင် မဇ္ဈိမဒေသမှာ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်မင်းသားတွေက ရောဟဏီမြစ်ကရေကို လုကြတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့ဘူးပါတယ်။ သူတို့ရဲ့ စိုက်ပျိုးမြေတွေအတွက် ဒီမြစ်ရေကို သူယူမယ် ငါယူမယ် ဆိုပြီငြင်းကြခုန်ကြရာက စစ်ခင်းကြမဲ့အခြေ အနေအထိ ရောက်နေချိန်မှာ ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် ဝင်ဖြေရှင်းပေးခဲ့လို့ ပြေလည်ခဲ့ဘူးတဲ့ သာဓကတွေရှိခဲ့ပါတယ်။
ဒီလိုအလားတူပဲ ပုဂံခေတ်မှာဆိုရင် ရှင်ဒိသာပါမောက်လို့ သံတမန်ရေးကျွမ်းကျင်တဲ့ အရှင်သူမြတ် အင်းဝခေတ်မှာ စကြိုသူမြတ်လို ပုဂ္ဂိုလ်ထူးတွေကြောင့် ငြိမ်းချမ်းရေးရခဲ့တဲ့ သာဓကတွေရှိခဲ့သလို ဒီဘက် ကိုလိုနီခေတ်မှာလည်း ဦးဥတ္တမလို ဦးဝိစာရလို့ သာသန အာဇာနည်တွေကရော့ ဘာကြောင့်အသက်ပေးပြီး နိုင်ငံနဲ့ ပြည်သူ့အရေးလုပ်ခဲ့လဲဆိုတာတွေက အတုယူစရာတွေပါ။
ဒီတော့ ကျနော့်တို့ နိုင်ငံမှာ အာဏာရှင်ဆိုသူတွေ ရှိနေသေးသရွေ့ မြေရှိလျှက်ပြေးနေရသူတွေ အမေရှိလျှက်ဝေးနေရသူတွေ။ မတရား စော်ကားခံရမှုတွေ၊ ဖိနှိပ်ခံရတာတွေ ရှိနေဦးမှာ မလွဲပါဘူး။ ဒါတွေကို သံဃာထုအပါအဝင် လူထုက ကိုယ့်ရပိုင်ခွင့်အတွက် နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေရဦးမှာပါ။
လူဦးရေ သန်း (၆၀) ကျော်တဲ့ ပြည်သူက လက်တဆုပ်စာအာဏာရှင်ကို မနိုင်ဘူးဆိုတာ ရာဇဝင်ရိုင်းပါတယ်။ ခုအစိုးရသစ်က လုပ်နေပါတဲ့ဆိုတဲ့ ရွှေရည်စိမ်ငြိမ်းချမ်းရေး မဖြစ်စလောက်ပြုပြင်ပြောင်းလဲမှုလေးတွေမှာ မျောမနေစေချင်ပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်ပန်းတိုင်ဟာ အာဏာရှင် မြန်မာ့မြေပေါ်က အပြီးတိုင်ချုပ်ငြိမ်းရေးဆိုတာကို အစဉ်ရှေးရှုပြီး ချိနဲ့သူကိုဖေးကူ၊ အားနည်းသူကို လက်တွဲ၊ စည်းလုံးညီညာတဲ့ စိတ်ဓာတ်တွေနဲ့ တိုင်းပြည်အတွက် ဘာသာသာသနာအတွက် အမြန်တိုက် ပွဲဝင်သွားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
ခေတ်အဆက်ဆက်က အာဏာရှင်တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော်အပေါင်း၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနဲ့ ထောင်တွင်း အကျဉ်းချခံ ထားရတဲ့ ရဲဘော်အပေါင်းကို ဒီဆောင်းပါးနဲ့ ဦးညွတ်အလေးပြုလိုက်ပါရစေ။
ပခုက္ကူ သံဃလှုပ်ရှားမှု ကာလက ထွက်ပေါ်လာတဲ့ကဗျာလေးနဲ့ ကျနော့်ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။
ဘိက္ခုသစ္စာ
ပြည်သူ့ သင်္ကန်း၊ ပြည်သူ့ဆွမ်းဖြင့်
သင်္ခန်းကျောင်းမှာ ၊နေတုံပါလည်း
မြန်မာပြည်ဝှမ်း၊ တရားစွမ်းဖြင့်
ချမ်းသာအောင်မှ၊ မဆုံးမလျှင်
သံဃာ့တာဝန်၊မကျေပွန်မို့
တာဝန်ကျေပ ၊ဆန္ဒပြသည်
မှန်ပ ဆွမ်းဖိုး၊ ကျေစေသောဝ် ။ ။
ဇာနည်(ပခုက္ကူ)
သာသသနာ့ဥသျှောင် အဖွဲ့မှထုတ်ဝေခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် အမှတ်တရ စာအုပ်အတွက် ရေးသားခဲ့သော အမှတ်တရဆောင်းပါးဖြစ်ပါတယ်။
Zawgyi
“ယႆာႏုဘာဝေတာ ယကၡာ၊ ေန၀ ဒေႆႏၲိ ဘီသနံ၊ ယဥွိေစဝါႏု႐ုၪၥေႏၲာ ရတၱႏၵိ၀ မတႏၵိေတာ “ အစခ်ီတဲ့ ေမတၱာသုတ္ပရိတ္ရားေတာ္ကို သံၿပိဳင္ညီညီ႐ြတ္ဖတ္ၿပီး သကၤန္းကိုယ္စီ သပၸါယ္စြာ႐ုံထားတဲ့ သံဃာ ၅၀၀ ေက်ာ္ေလာက္ မေကြးတိုင္း ပခုကၠဴၿမိဳ႕က လမ္းမေပၚမွာ ၂၀၀၇ စက္တင္ဘာ ၅ ရက္က စီတန္းႂကြခ်ီလာေနတာကို လမ္းေဘးဝဲယာက ေသာင္းခ်ီတဲ့ ဒကာဒကာမေတြ လက္အုပ္ခ်ီရွိခိုးေနတာကို ဒီေန႔ထိမ်က္စိထဲမထြက္ေသးပါဘူး။
သူတို႔ဘာလို႔ ဒီလိုေမတၱာပို႔ႂကြခ်ီလာၾကသလဲဆိုေတာ့ ၾသဂုတ္လဆန္းက စစ္အစိုးရကေန ေလာင္စာဆီေဈးေတြအဆမတန္ေဈးျမႇင့္ခဲ့လို႔ ႏိုင္ငံတဲ့အဝွမ္းမွာ ကုန္ေဈးႏုန္းေတြခုန္ပ်ံတက္ခဲ့လို႔ ျမန္မာျပည္သားေတြ အၾကပ္အတည္းျဖစ္ခဲ့တာကို အေျချပဳတယ္လို႔ဆိုရမွာပါ။ ပခုကၠဴသံဃာေတာ္ေတြ စီတန္းႂကြခ်ီေနခ်ိန္မွာ ေလာင္စာဆီေဈး က်ဆင္းေရးအတြက္ လူထုပူးေပါင္းဖို႔ တိုက္ပြဲဆင့္ေခၚခဲ့တဲ့ ကိုထင္ေက်ာ္၊ ခ်ီတက္ လမ္းေလွ်ာက္ခဲ့တဲ့ ကိုမင္းကိုႏိုင္တို႔ ၈၈ ေက်ာင္းသားေတြ လႈပ္ရွားမႈေၾကာင့္ ရန္ကုန္မွာ အဖမ္းခံခဲ့ၿပီးျဖစ္ပါတယ္။
ပခုကၠဴ သံဃာေတာ္ေတြေမတၱာပို႔ စီတန္းႂကြခ်ီတဲ့ေရွ႕ဆုံးမွာလဲ ေလာင္စာဆီေဈးႏုန္းက်ဆင္းေရးေတာင္းဆိုလို႔ ဖမ္းခံရသူေတြျပန္လႊတ္ေပးဖို႔ကုန္ေဈးႏုန္းက်ဆင္းေရးလုပ္ေပးဖို႔ ႏိုင္ငံတဝွမ္းမၿငိမ္းမခ်မ္းျဖစ္ေနတာေတြကို ေတြ႕ဆုံေဆြးေႏြးအေျဖရွာဖို႔ စတဲ့ေတာင္းဆိုခ်က္ဆိုင္းဘုတ္ကို ကိုင္ေဆာင္ႂကြခ်ီခဲ့တာပါ။ အားလုံးေသာသံဃာေတြရဲ႕ စိတ္ထဲမွာ ေမတၱာဓါတ္ေတြအျပည့္ကိန္းေအာင္းၿပီး ႐ြတ္ဖတ္ႂကြခ်ီေနတယ္ဆိုတာ ကိုယ္ေတာ္ေတြရဲ႕ မ်က္လုံးေတြကေန အဓိပၸါယ္ကို အလြယ္တကူဖတ္လို႔ရေနပါတယ္။
ဒီလို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းႂကြခ်ီေနတဲ့ ျမင္ကြင္းကို ဖ်က္စီးလိုက္တာကေတာ့ တပ္မ (၁၀၁) က ဗ်ဴဟာမႉး ခင္ေမာင္ေထြးနဲ႔ ခမရ (၂၃၅) က တပ္ရင္းမႉး မ်ိဳးသန႔္ဇင္ အပါအဝင္ တပ္သား (၂၀) ေလာက္ပဲျဖစ္ပါတယ္။
သံဃာအားလုံး ၿမိဳ႕လယ္ ေဆး႐ုံ၂႐ုံၾကား မီးပြိဳင့္ကိုေရာက္တဲ့အခ်ိန္မွာ ၿမိဳ႕နယ္သံဃမဟာနာယကက ဦးေတေဇာဆိုတဲ့ ဆရာေတာ္ေရာက္လာၿပီး ဒီေကာင္ဖမ္း ဟိုေကာင္ဖမ္းအမိန႔္ေပးေတာ့ စစ္တပ္က ေသနတ္ေတြမိုးေပၚေထာင္ေဖါက္ၿပီး ဝင္ဖမ္းေတာ့တာပါဘဲ။ သံဃာေတြဖ႐ိုဖရဲျဖစ္ကုန္ၿပီး ေတြ႕ရာအေပါက္ကေနအကုန္ေျပးရေတာ့တာပါဘဲ ။
အဲဒီအခ်ိန္မွာ စစ္သားေတြက ဘုန္းႀကီးေတြကို ဝင္ဖမ္းေတာ့ ဘယ္ကထြက္လာမွန္းမသိတဲ့ စြမ္းအားရွင္ေတြလည္း သူတို႔ဘက္ကဝင္ကူၿပီး သံဃာေတြကို ဝင္ဖမ္းၾကပါတယ္။ အဲဒီညေနမွာ အေနာက္တိုက္လို႔ေခၚတဲ့ သာသနဝိပုလာရာမတိုက္က ဦးဇင္း ဦးပညာစကၠနဲ႔ ဦးပညာနႏၵ၊ ေဗာဓိမ႑ိဳင္ေက်ာင္းတိုက္က ဦးစႏၵိမာတို႔ အဖမ္းခံခဲ့ရပါတယ္။ က်န္တဲ့ ကိုယ္ေတာ္ေတြကေတာ့ အနီးဆုံးေဆး႐ုံေတြ အလယ္တန္းေက်ာင္းေတြ နီးစပ္ရာအိမ္ေတြနဲ႔ အေရွ႕တိုက္ (မဟာဝိဇယာရာမ)ထဲ ဝင္ေျပးလြတ္ေျမာက္ခဲ့ၾကပါတယ္။
အခ်ိန္ကလည္း ညေနေစာင္းေနၿပီ အေရွ႕တိုက္ထဲကသံဃာအားလုံးစုၿပီး ဖမ္းထားတဲ့ ကိုယ္ေတာ္အားလုံးလႊတ္ေပးဖို႔ မလႊတ္ေပးရင္ ဆက္ၿပီးဆႏၵျပဖို႔ဆုံးျဖတ္ၾကတယ္။ အေရွ႕တိုက္ေျမာက္ဘက္မုခ္ေပါက္မွာ သံဃာအားလုံးစုၿပဳံေနတယ္ လမ္းတဖက္မွာေတာ့ အရပ္ဝတ္ရဲေတြ ႀကံ့ဖြတ္ေတြစီတန္းရပ္ေနတယ္။ အေရွ႕တိုက္ဘက္က သံဃာအုပ္နဲ႔ လူအုပ္က ႀကံဖြတ္အုပ္ဖက္ကို ခဲေတြနဲ႔ထုလိုက္ ဟိုကေနာက္ဆုတ္လိုက္ ေရွ႕တိုးလိုက္နဲ႔ အေတာ္မိုးခ်ဳပ္ထိလုပ္ေနခဲ့ၾကတယ္။ ေမွာင္လာေတာ့ အေရွ႕တိုက္က တိုက္အုပ္ဆရာေတာ္ေတြနဲ႔ ၿမိဳ႕ေပၚက ဆရာေတာ္ေတြကို အာဏာပိုင္ေတြက အလက(၃) ေက်ာင္းမွာပင့္ၿပီး ဖမ္းထားတဲ့ သံဃာေတြကိုလႊတ္ေပးမယ္ က်န္သံဃာေတြကို ထိမ္းေပးပါဆိုတဲ့ သေဘာတူညီခ်က္နဲ႔ ဖမ္းထားတဲ့ သံဃာ ၃ပါးလႊတ္ေပးခဲ့ပါတယ္။
ျပန္လြတ္တဲ့ သံဃာေတာ္ေတြေျပာျပခ်က္အရ သူတို႔ေဆး႐ုံအိမ္သာထဲဝင္ပုန္းေနတုန္းအဲဒီတုန္းက ပါဝါရွိတဲ့ အသင္းႀကီးရဲ႕အတြင္းေရးမႉးက “ဟိုထဲမွာ (၂) ေကာင္ပုန္းေနတယ္၊ ဖမ္းဖမ္း” ဆိုၿပီး ေျပာတယ္လို႔ သိရပါတယ္။ “ႏွစ္တစ္ ခင္ေမာင္ဝင္းဆိုတဲ့ လူမိုက္ကလည္း ငါတို႔ကို ဝင္႐ိုက္တယ္။ စစ္သားေတြကလည္း ေသနတ္ဒင္နဲ႔ထုတယ္။ ဒါေတြၿပီးမွ ရဲစခန္းထဲ လူဝတ္လဲၿပီး၊ အခ်ဳပ္ခန္းထဲ ထည့္ခဲ့တယ္ ေနာက္မွအထက္အမိန႔္ဝင္လာလို႔ သကၤန္းျပန္ဝတ္ေပးၿပီး လႊတ္ေပးလိုက္တာ” လို႔ေျပာပါတယ္။
ေနာက္ေန႔မနက္မွာ တိုင္းသာသာနာေရးဦးစီးနဲ႔ ခ႐ိုင္အဆင့္ဆင့္က တာဝန္ရွိသူေတြဟာ စာသင္တိုက္ေတြကို ဝင္ၿပီး လႈပ္ရွားမႈေတြမွာ မပါဖို႔ ဝင္ေလွ်ာက္ေတာ့တာပဲ။ ဒီမွာတင္ ေလာေလာလတ္လတ္ ခံထားရတဲ့ သံဃာ ေတာ္ေတြက မေက်နပ္လို႔ အလယ္တိုက္အေရာက္မွာ ဝန္းတံခါးပိတ္ၿပီး အာဏာပိုင္ (၁၃) ေယာက္ကို ဖမ္း လိုက္တယ္။ သူတို႔စီးတဲ့ ကားေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့တယ္။
ေနာက္ေန႔ေတြမွာေတာ့ ႏိုင္ငံပိုင္သတင္းစာေတြက ဒီျဖစ္စဥ္ေတြဟာ ႏိုင္ငံေရးတက္ႂကြသူေတြနဲ႔ မီဒီယာေတြေပါင္းၿပီး လုပ္ႀကံဖန္တီးတာပါလို႔ ေရးခဲ့ ေျပာခဲ့တယ္။ အဓိကျဖစ္တဲ့ ေမတၱာပို႔ႂကြခ်ီတဲ့ သံဃာေတာ္ေတြကို ဓာတ္တိုင္မွာ ႀကိဳးတုပ္ၿပီး ရက္ရက္စက္စက္ ႐ိုက္ခဲ့တာကိုေတာ့ တလုံးတပါဒမွ မေဖၚျပခဲ့ပါဘူး။
ဒီေနာက္ေတာ့ တႏိုင္ငံလုံးက သံဃာေတြက ပခုကၠဴသံဃာေတာ္ေတြေက်နပ္ေအာင္ အစိုးရကေတာင္းပန္ပို႔ မေတာင္းပန္ရင္ ပတၱနိကၠဳဇၨန ကံေဆာင္မယ္ေပ့ါ။ ဒါကို အာဏာကလြဲၿပီး ဘာမွ ဂ႐ုမစိုက္တဲ့ ငမိုက္သားေတြက မေတာင္းပန္ဘူးေလ။ ဒီေနာက္ေတာ့ ႏိုင္ငံအႏွံ႔ စက္တင္ဘာ (၁၈) မွာ “လူအခ်င္းခ်င္း နိပ္စက္ခ်င္း ကင္းရွင္းၾကပါေစ ဥပဒ္ရန္ေဘး ကင္းစင္ေဝး ၿငိမ္းေအးၾကပါေစ ဆင္းရဲလိုျခင္း အခ်င္းခ်င္း ကင္းရွင္းၾကပါေစ ဒို႔ေမတၱာစြမ္းကမာၻလႊမ္း ၿငိမ္းခ်မ္းၾကပါေစ ” ဆိုတဲ့ ေမတၱာပို႔သံေတြ ကမာၻကိုလႊမ္းသြားခဲ့တာပါ။ ေ႐ႊဝါေရာင္လို႔ ကမာၻကသိတဲ့ သံဃာလႈပ္ရွားမႈႀကီး ေပၚလာရေတာ့တာပါပဲ။
ဒီလိုသံဃလႈပ္ရွားမႈေပၚေနခ်ိန္မွာ ပခုကၠဴ မဟန ဦးေတေဇာလို နအဖအလိုက် ကျပအသုံးေတာ္ခံခဲ့တဲ့ ဘုန္းႀကီးေပၚလာသလို ပဲခူးမွာ ၾကခတ္ဝိုင္းဆရာေတာ္ ဦးေဇာတိပါလ ဆိုတဲ့ မင္းကိုးကြယ္ဆရာေတာ္က သံဃာနဲ႔ႏိုင္ငံေရးမအပ္စပ္ဆိုၿပီး သားသုံးသားရွင္းလင္းေရး ေစခိုင္းခ်က္ထြက္လာၿပီးတဲ့ေနာက္ သံဃာေတြကို ႏွိပ္ကြပ္ေတာ့တာပါဘဲ။
ဒီေနရာမွာ သံဃာနဲ႔ ႏိုင္ငံေရးမအပ္စပ္ဆိုတဲ့ စကားကိုက်ေနာ္နားလည္သေလာက္ လက္လွမ္းမွီသေလာက္ ရွင္းျပခ်င္ပါေသးတယ္။ ပခုကၠဴသံဃာေတာ္ေတြ ၿဖိဳခြင္းခံရတဲ့ စက္တင္ဘာ ၅ ရက္က ဦးေဆာင္ဆရာေတာ္တပါးကို အဖမ္းမခံရေအာင္ က်ေနာ္လိုက္ပို႔တုန္းသူေျပာတဲ့ စကားေလးအမွတ္ရမိပါတယ္။
“ဒကာရာ ဦးဇင္းတို႔က အိမ္ေတြဝင္ထြက္ ဆြမ္းခံေနေတာ့ ဒကာေတြ အေျခအေနသိတယ္။ အရင္က (၅) အိမ္ ေလာက္ ဆြမ္းခံရင္ က်ဳပ္တို႔သပိတ္ျပည့္ၿပီ။ အခု (၁၅) အိမ္ေလာက္ခံမွ တပါးစာ ဝ႐ုံေလာက္ရွိတယ္။ က်ဳပ္တို႔ ေခါင္းရိတ္ဖို႔ ဓားတေခ်ာင္းေတာင္ အပိုမဝယ္ႏိုင္ေတာ့ဘူးဗ်ာ။ ဒါ … ဒကာေတြ မြဲေနၿပီဆိုတာ က်ဳပ္တို႔သိလို႔ ေမတၱာပို႔တာပါ။ က်ဳပ္တို႔မွာ အျပစ္ရွိသလားဗ်ာ” တဲ့ ကိုင္း လူထုအေျခအေနကို အတြင္းက်က်သိေနေတာ့ သံဃာေတြေနလို႔ရမလား အဆင္ေျပတဲ့အိမ္ေတြပဲ ေ႐ြးဆြမ္းခံရမလား ဒီလိုပဲ ဝိုင္းကူေျဖရွင္းသင့္လား လူသားစိတ္ရွိသူတိုင္း ေျဖရွင္းေပးခ်င္စိတ္ရွိၾကမွာပါ။ သံဃာဆိုတာ ၿငိမ္းခ်မ္းေသာနည္းနဲ႔ ျပည္သူ႔ဘ၀ ေအးခ်မ္းသာယာေအာင္ ေမတၱာနဲ႔ ေျဖရွင္းတာ ဘုရားရွင္လက္ထက္ကတည္းက ရွိခဲ့တာပါ။
ဥပမာတခုေျပာရရင္ မဇၩိမေဒသမွာ ကပိလဝတ္နဲ႔ ေကာလိယ ႏွစ္ျပည္ေထာင္မင္းသားေတြက ေရာဟဏီျမစ္ကေရကို လုၾကတဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္ေပၚခဲ့ဘူးပါတယ္။ သူတို႔ရဲ႕ စိုက္ပ်ိဳးေျမေတြအတြက္ ဒီျမစ္ေရကို သူယူမယ္ ငါယူမယ္ ဆိုၿပီျငင္းၾကခုန္ၾကရာက စစ္ခင္းၾကမဲ့အေျခ အေနအထိ ေရာက္ေနခ်ိန္မွာ ဗုဒၶဘုရားရွင္ကိုယ္တိုင္ ဝင္ေျဖရွင္းေပးခဲ့လို႔ ေျပလည္ခဲ့ဘူးတဲ့ သာဓကေတြရွိခဲ့ပါတယ္။
ဒီလိုအလားတူပဲ ပုဂံေခတ္မွာဆိုရင္ ရွင္ဒိသာပါေမာက္လို႔ သံတမန္ေရးကြၽမ္းက်င္တဲ့ အရွင္သူျမတ္ အင္းဝေခတ္မွာ စႀကိဳသူျမတ္လို ပုဂၢိဳလ္ထူးေတြေၾကာင့္ ၿငိမ္းခ်မ္းေရးရခဲ့တဲ့ သာဓကေတြရွိခဲ့သလို ဒီဘက္ ကိုလိုနီေခတ္မွာလည္း ဦးဥတၱမလို ဦးဝိစာရလို႔ သာသန အာဇာနည္ေတြကေရာ့ ဘာေၾကာင့္အသက္ေပးၿပီး ႏိုင္ငံနဲ႔ ျပည္သူ႔အေရးလုပ္ခဲ့လဲဆိုတာေတြက အတုယူစရာေတြပါ။
ဒီေတာ့ က်ေနာ့္တို႔ ႏိုင္ငံမွာ အာဏာရွင္ဆိုသူေတြ ရွိေနေသးသေ႐ြ႕ ေျမရွိလွ်က္ေျပးေနရသူေတြ အေမရွိလွ်က္ေဝးေနရသူေတြ။ မတရား ေစာ္ကားခံရမႈေတြ၊ ဖိႏွိပ္ခံရတာေတြ ရွိေနဦးမွာ မလြဲပါဘူး။ ဒါေတြကို သံဃာထုအပါအဝင္ လူထုက ကိုယ့္ရပိုင္ခြင့္အတြက္ နည္းလမ္းေပါင္းစုံနဲ႔ တိုက္ပြဲဝင္ေနရဦးမွာပါ။
လူဦးေရ သန္း (၆၀) ေက်ာ္တဲ့ ျပည္သူက လက္တဆုပ္စာအာဏာရွင္ကို မႏိုင္ဘူးဆိုတာ ရာဇဝင္႐ိုင္းပါတယ္။ ခုအစိုးရသစ္က လုပ္ေနပါတဲ့ဆိုတဲ့ ေ႐ႊရည္စိမ္ၿငိမ္းခ်မ္းေရး မျဖစ္စေလာက္ျပဳျပင္ေျပာင္းလဲမႈေလးေတြမွာ ေမ်ာမေနေစခ်င္ပါဘူး။ က်ေနာ္တို႔ ရည္႐ြယ္ခ်က္ပန္းတိုင္ဟာ အာဏာရွင္ ျမန္မာ့ေျမေပၚက အၿပီးတိုင္ခ်ဳပ္ၿငိမ္းေရးဆိုတာကို အစဥ္ေရွးရႈၿပီး ခ်ိနဲ႔သူကိုေဖးကူ၊ အားနည္းသူကို လက္တြဲ၊ စည္းလုံးညီညာတဲ့ စိတ္ဓာတ္ေတြနဲ႔ တိုင္းျပည္အတြက္ ဘာသာသာသနာအတြက္ အျမန္တိုက္ ပြဲဝင္သြားၾကပါစို႔လို႔ တိုက္တြန္းလိုပါတယ္။
ေခတ္အဆက္ဆက္က အာဏာရွင္တိုက္ပြဲေတြမွာ က်ဆုံးခဲ့တဲ့ အာဇာနည္ ရဲေဘာ္အေပါင္း၊ စက္တင္ဘာ သံဃာ့လႈပ္ရွားမႈအတြင္း က်ဆုံးသြားတဲ့ ရဟန္းရွင္လူ ေက်ာင္းသားျပည္သူအေပါင္းနဲ႔ ေထာင္တြင္း အက်ဥ္းခ်ခံ ထားရတဲ့ ရဲေဘာ္အေပါင္းကို ဒီေဆာင္းပါးနဲ႔ ဦးၫြတ္အေလးျပဳလိုက္ပါရေစ။
ပခုကၠဴ သံဃလႈပ္ရွားမႈ ကာလက ထြက္ေပၚလာတဲ့ကဗ်ာေလးနဲ႔ က်ေနာ့္ေဆာင္းပါးကို အဆုံးသတ္လိုက္ပါတယ္။
ဘိကၡဳသစၥာ
ျပည္သူ႔ သကၤန္း၊ ျပည္သူ႔ဆြမ္းျဖင့္
သခၤန္းေက်ာင္းမွာ ၊ေနတုံပါလည္း
ျမန္မာျပည္ဝွမ္း၊ တရားစြမ္းျဖင့္
ခ်မ္းသာေအာင္မွ၊ မဆုံးမလွ်င္
သံဃာ့တာဝန္၊မေက်ပြန္မို႔
တာဝန္ေက်ပ ၊ဆႏၵျပသည္
မွန္ပ ဆြမ္းဖိုး၊ ေက်ေစေသာဝ္ ။ ။
ဇာနည္(ပခုကၠဴ)
သာသသနာ့ဥေသွ်ာင္ အဖြဲ႕မွထုတ္ေဝခဲ့တဲ့ စက္တင္ဘာ ေ႐ႊဝါေရာင္ အမွတ္တရ စာအုပ္အတြက္ ေရးသားခဲ့ေသာ အမွတ္တရေဆာင္းပါးျဖစ္ပါတယ္။