မန္တလေး ဇာတ်လောကသားတွေ ကိုဗစ်ဒဏ်ကို ဘယ်လိုရင်ဆိုင်နေကြသလဲ
Read More
လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက်
လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် မန္တလေး၊ စက်တင်ဘာ ၅ -၂၀၂၀ မကြာခင်မဲဆွယ်ကာလကိုရောက်တော့မှာဖြစ်ပေမယ့် ကိုဗစ်၁၉ ရောဂါပျံ့နှံ့မှုကြောင့် အရင်ရွေးကောက်ပွဲတွေလို လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီအခြေအနေတွေကြောင့် ဗီအိုအမ်သတင်းဌာနကနေ လွှတ်တော်အသီးသီးမှ ယှဉ်ပြိုင်ကြမယ့် ပါတီပေါင်းစုံက ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ဟာ ကိုဗစ် ၁၉ ရောဂါကို ကာကွယ်ရင်း မဲဆန္ဒရှင်တွေအနေနဲ့ မိမိအိမ်ထဲကနေ ကိုယ့်ဒေသက ဘယ်ကိုယ်စားလှယ်ကိုရွေးချယ်သင့်သလဲဆိုတာ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ အတွက် ပြည့်သူ့ပါတီကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် အသက် ၂၇ နှစ်အရွယ် တရားလွှတ်တော် ရှေ့နေ ဦးထွန်းဝင်းအောင်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီအစီအစဉ်ကို စိတ်ဝင်းစားတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ VOM 09-402652010 ကို ဆက်သွယ်နိုင်ပါတယ်။ #Voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်မိတ်ဆက် #ဦးထွန်းဝင်းအောင် Zawgyi လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက်…
Read More
ဘင်္ဂလားဒေ့ရှ်က ဗလီတစ်ခုမှာ ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံး၊ ဒါဇင်များစွာ အသက်အန္တရာယ်စိုးရိမ်ရ
ဘင်္ဂလားဒေ့ရှ်က ဗလီတစ်ခုမှာ ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံး၊ ဒါဇင်များစွာ အသက်အန္တရာယ်စိုးရိမ်ရ ဒါကာ၊ စက်တင်ဘာ-၅-၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗလီတစ်ခုမှာ သံသယဖြစ်ဖွယ် ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် လူ ၁၂ ဦးသေဆုံးသွားပြီး လူဒါဇင်များစွာလည်း အသက်အန္တရာယ်ရှိနိုင်တဲ့ မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ စက်တင်ဘာ ၅ ရက်မှာပြောပါတယ်။ Narayanganj ခရိုင်မှာရှိတဲ့ ဗလီတစ်ခုထဲမှာ ပေါက်ကွဲမှုဖြစ်ချိန်မှာတော့ သောကြာနေ့ညနေ ဝတ်ပြုကိုးကွယ်သူတွေဟာ မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ အရေးပေါ်ဌာန တာဝန်ရှိသူတွေကပြောပါတယ်။ ဒီပေါက်ကွဲမှုဟာ ဗလီမှာတပ်ဆင်ထားတဲ့ လေအေးပေးစက်တွေရဲ့ ဓါတ်ငွေ့ယိုစိမ့်မှုကနေ ဖြစ်ပေါ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက သံသယရှိနေပါတယ်။ ဓါငွေ့ယိုစိမ့်မှုဟာ ဗလီထဲကိုပြန့်နှံ့ခဲ့တယ်လို့ Narayanganj ခရိုင်မီးသတ်အကြီးအကဲ အဗ္ဗဒူလာအယ်လ်အာရီဖင်ကပြောပါတယ်။ ဝတ်ပြုသူတွေဟာ ပြတင်းပေါက်တွေ၊ တံခါးတွေကိုပိတ်ပြီး လေအေးပေးစက်တွေကို ဖွင့်လိုက်တဲ့အချိန်မှာ လျှစ်စစ်မီးပွားတစ်ခုကနေ ဗလီထဲမှာ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ သူကပြောပါတယ်။ ဒါကာရှိ မီးလောင်တာတွေကို အထူးကုသတဲ့ဆေးရုံကို…
Read More
ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှု မြင့်တက်လာတဲ့အတွက် ကွာရန်တင်းစင်တာ မလုံလောက်တဲ့ပြသာနာ ရင်ဆိုင်နေရ
ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှု မြင့်တက်လာတဲ့အတွက် ကွာရန်တင်းစင်တာ မလုံလောက်တဲ့ပြသာနာ ရင်ဆိုင်နေရ ရန်ကုန်၊ စက်တင်ဘာ ၅-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းမှာ ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှု မြှင့်တက်လာတာကြောင့် Quarantineစင်တာ မလုံလောက်တဲ့ပြသာနာ ရင်ဆိုင်နေရတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပြောပြချက်အရ သိရပါတယ်။ အဓိက ပိုးရှိလူနာနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့ Contact Person တွေများလာတာကြောင့် ကွာရန်တင်းထားပြီး အသွားအလာကန့်သက်စောင့်ကြည့်ရတာ များလာတဲ့အတွက် အခုလိုရင်ဆိုင်လာရတာလည်း ဖြစ်ပါတယ်။ ” ခုဆိုရင် ကွာရန်တင်းတွေပြည့်နေလို့ ကျနော်တို့ လှိုင်က ပိုးတွေ့လူနာနဲ့ contact person တွေကို မှော်ဘီ GTC ကို သွားရောက်ပို့ဆောင်နေရတယ်။ အဝေးကြီးပဲသွားရတယ်။ Qစင်တာတွေက အရင်ကဖွင့်ထားတာတွေကို အကုန်ပြည့်နေတာ။ “လို့ လှိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောပါတယ်။ လက်ရှိဖွင့်လှစ်ထားတဲ့ ကွာရန်တင်းစင်တာတွေမှာ ပြည်ပကနေ ပြန်ရောက်လာသူတွေနဲ့ ပြည်တွင်းကူးစက်မှု လူနာရဲ့ တိုက်ရိုက်ဆက်စပ်သူတွေကိုပါ…
Read More
အီရန်ရဲ့ သန့်စင်ပြီးယူရေနီယံသိုလှောင်မှု ကန့်သတ်ချက်ထက် (၁၀) ဆပိုများနေ
အီရန်ရဲ့ သန့်စင်ပြီးယူရေနီယံသိုလှောင်မှု ကန့်သတ်ချက်ထက် (၁၀) ဆပိုများနေ ဂျီနီဗာ၊ စက်တင်ဘာ-၅-၂၀၂၀ မျိုးဆက် (VOM) အီရန်ရဲ့ သန့်စင်ပြီးယူရေနီယံသိုလှောင်ထားမှုဟာ နိုင်ငံတကာသဘောတူညီချက်အောက်မှာ ခွင့်ပြုထားတာထက် ၁၀ဆ ပိုများနေတယ်လို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီရန်ရဲ့ သန့်စင်ပြီးယူရေနီယံသိုလှောင်ထားတဲ့ ပမာဏဟာ ၂၁၀၅ ကီလိုဂရမ်ထိ ရှိနေတယ်လို့ အိုင်အေအီးအေက ပြောပါတယ်။ အီရန်ကတော့ သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေဟာ ငြိမ်းချမ်းရေး ရည်ရွယ်ချက်တွေနဲ့သာ လုပ်ဆောင်နေတယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ နိုင်ငံအတွင်းက သံသယဖြစ်ဖွယ် နျူကလီးယားစက်ရုံဟောင်းနှစ်ခုထဲက တစ်ခုကို အိုင်အေအီးအေ တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးဖို့ အီရန်ကခွင့်ပြုလိုက်ပြီးနောက် ယူရေနီယံသိုလှောင်မှု ပမာဏနဲ့ပတ်သက်ပြီး အိုင်အေအီးအေက ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ နောက်ထပ် စက်ရုံဟောင်းအတွင်းက နမူနာတွေကိုလည်း အခုလအတွင်းမှာ ရယူသွားမယ်လို့ အိုင်အေအီးအေကပြောပါတယ်။ အီရန်ဟာ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ ဗြိတိန်၊ အမေရိကန်တို့နဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅…
Read More
ပဲခူးတိုင်းအတွင်းရှိ စားသောက်ဆိုင်အားလုံး ည ၉ နာရီထိသာဖွင့်ရမယ်
ပဲခူးတိုင်းအတွင်းရှိ စားသောက်ဆိုင်အားလုံး ည ၉ နာရီထိသာဖွင့်ရမယ် နေပြည်တော်၊စက်တင်ဘာ ၅-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းအတွင်းရှိ မြို့နယ်တွေမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ KTVဆိုင်တွေကို ည ၉ နာရီအထိသာ ဖွင့်ခွင့်ပေးထားတယ်လို့ ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။ ” တချို့ မြို့တွေမှာတော့ လက်ဖက်ရည်၊ စားသောက်ဆိုင်တွေ ပါဆယ်စနစ်သာ ‌ခွင့်ပြုတာလည်းရှိတယ်။ တစ်တိုင်းလုံးအနေနဲ့တော့ ည ၉ နာရီထိပဲ ရောင်းချခွင့်ပေးထားတယ်” လို့ ဝန်ကြီး ဦးထွန်းထွန်းဦးကပြောပါတယ်။ ကိုဗစ်ရောဂါ ပထမလှိုင်းကာလမှာ ကူးစက်သူအနည်းငယ်သာရှိ‌ပေမယ့်လည်း ဩဂုတ်လ တတိယပတ်ကစတင်ပြီး ပဲခူးတိုင်းအနောက်ခြမ်းနဲ့ အရှေ့ခြမ်းမှာ ကူးစက်ခံရသူတွေ များပြားလာတဲ့အတွက် အခုလို ကန့်သတ်မှုအချို့ ပြုလုပ်လာတာလည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်း Stay Homeအဖြစ် သတ်မှတ်ခံထားရတဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ကို ရန်ကုန်တိုင်း စတေဟုမ်းမြို့နယ်ကနေ လာမယ်ဆိုရင် စက်တင်ဘာ ၄…
Read More
ဘေရွတ်ပေါက်ကွဲမှု တစ်လကြာပြီးနောက် အပျက်အစီးတွေအောက်မှာ အသက်ရှင်သူတွေရှိတဲ့ လက္ခဏာတွေ့
ဘေရွတ်ပေါက်ကွဲမှု တစ်လကြာပြီးနောက် အပျက်အစီးတွေအောက်မှာ အသက်ရှင်သူတွေရှိတဲ့ လက္ခဏာတွေ့ ဘေရွတ်၊ စက်တင်ဘာ-၄-၂၀၂၀ မျိုးဆက်(VOM) လွန်ခဲ့တဲ့လက ပေါက်ကွမှုဖြစ်ပွားခဲ့တဲ့ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရှိ အပျက်အစီးတွေအောက်မှာ နှစ်ရက်ကြာရှာဖွေမှုများလုပ်ဆောင်ပြီးနောက်ပိုင်း အသက်ရှင်ကျန်ရစ်သူတွေကို တွေ့ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အပျက်အစီးများအောက်မှာ အသက်ရှင်သူတွေရှိနေနိုင်တဲ့ လက္ခဏာတွေကို အာရုံခံကိရိယာတွေနဲ့ ထောက်လှမ်းတွ့ရှိပြီးနောက် ကယ်ဆယ်ရေးသမားတွေက ရှာဖွေရေးတွေလုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒုတိယမြောက်နေ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တစ်စုံတစ်ရာတွေ့ရှိခြင်းမရှိဘဲ အဆုံးသတ်ခဲ့ရပါတယ်။ လူနှစ်ရာနီးပါးသေဆုံးခဲ့တဲ့ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်လပြည့်အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၄ ရက်မှာ နိုင်ငံတစ်ဝန်း တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကြပါတယ်။ အမိုးနီးယားနိုက်ထရိတ် တန်ချိန် ၂၇၅၀ ကြောင့်ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ လူထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေကို လူနေရပ်ကွက်နဲ့နီးတဲ့ ဆိပ်ကမ်းရှိ ဂိုဒေါင်တစ်ခုမှာ ဘေးကင်းလုံခြုံမှုမရှိဘဲ သိုလှောင်ထားတဲ့အပေါ် လက်ဘနွန်ပြည်သူတွေက အမျက်ဒေသထွက်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဘေရွတ်မှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူတွေကို ကျေနပ်အောင်စွမ်းဆောင်နိုင်ခြင်းမရှိပြီးနောက် သိပ်မကြာခင်မှာပဲ လက်ဘနွန်အစိုးရ…
Read More
နေပြည်တော်မှာ ကိုဗစ်အတည်ပြုလူနာ ၇ ယောက်နဲ့ ထိတွေ့ထားသူ ၃၀ ကျော်ကို စောင့်ကြည့်နေရ
နေပြည်တော်မှာ ကိုဗစ်အတည်ပြုလူနာ ၇ ယောက်နဲ့ ထိတွေ့ထားသူ ၃၀ ကျော်ကို စောင့်ကြည့်နေရ နေပြည်တော်၊ စက်တင်ဘာ ၅-၂၀၂၀ စွမ်းရဲထွဋ် (VOM) နေပြည်တော်မှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၇ ယောက်နဲ့ ထိတွေ့ထားသူ ၃၀ ကျော်ကို နေရာနှစ်ခုမှာ ကွာရန်တင်းထားစောင့်ကြည့်နေပြီဖြစ်တဲ့အတွက် အရမ်းကြီးစိတ်ပူစရာမရှိတော့ဘူးလို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကို ဒီကနေ့မနက်မှာ ပြောပါတယ်။ အဲ့ဒီ ပိုးတွေ့တဲ့ ၇ ယောက်အထဲက တစ်ယောက်ကတော့ ဒက္ခိဏသီရိမြို့နယ်ကဖြစ်ပြီး ပုဂ္ဂလိက ခြံဝန်ထမ်းတစ်ဦးဖြစ်တဲ့အပြင် သူ့မှာ အစာအိမ်အနာရောဂါရှိတဲ့အတွက် အဲ့ဒီ ရောဂါပြဖို့ ဆေးရုံရောက်လာချိန်မှာ အဖျားရှိတယ်ဆိုကာ Swab ယူစစ်ဆေးချိန်မှာပဲ ကိုဗစ်ပိုး Positive ဖြစ်နေတာကို သိလိုက်ရတာဖြစ်ပါတယ်။ “သူနဲ့ ပက်သက်တဲ့ Content က ၁၂ ယောက်လောက်ပဲရှိမယ်။ ၁၂-၁၅ ယောက်လောက်ပေါ့။ အဲ့ဒါက…
Read More
ရခိုင်မှာဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကို တစ်နိုင်ငံလုံးက စိုးရိမ်ပူပန်နေပေမယ့် AA ခေါင်းဆောင်တွေက နိုင်ငံရေးအမြတ်ထုတ်နေ
ရခိုင်မှာဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကို တစ်နိုင်ငံလုံးက စိုးရိမ်ပူပန်နေပေမယ့် AA ခေါင်းဆောင်တွေက နိုင်ငံရေးအမြတ်ထုတ်နေ နေပြည်တော်၊ စက်တင်ဘာ ၅-၂၀၂၀ ကိုလတ် (VOM) လပိုင်းအတွင်း ကူးစက်ဖြစ်ပွားမှု မြှင့်တက်လာတဲ့ ရခိုင်ပြည်နယ်အတွင်းက ကိုဗစ်ရောဂါကို တစ်နိုင်ငံလုံးက စိုးရိမ်ပူပန်နေပေမယ့် AA ခေါင်းဆောင်တွေကတော့ တလွဲတွေလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မနေ့ကနေပြည်တော်သမ္မတရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ “တစ်နိုင်ငံလုံးက လူတွေက စိုးရမ်းပူပန်ပြီးလုပ်နေတဲ့အချိန်မှာ AA ခေါင်းဆောင်တွေက စောက်တလွဲတွေ ပြောနေပြီး အဆင်မပြေဘူး၊ ပြောတာ ကြေညာချက်ကတစ်ခု အောက်မှာလုပ်တာက သက်သက် ပြောင်းပြန်တွေဖြစ်နေတယ်။ ဒီလိုမျိုး ကိုဗစ်ကာလမှာတောင်မှ နိုင်ငံရေးအမြတ်ထုတ်နေတယ်။ စစ်ရေးအမြတ်ထုတ်နေတယ်။ ဒါမျိုးတွေ မလုပ်သင့်ဘူးလို့ ကျနော်က ပြောချင်တယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။ တစ်နိုင်ငံလုံးမှာ ဒီကနေ့မနက်အချိန်ထိ ကိုဗစ် အတည်ပြုလူနာ ၁၂၁၆ ဦးထိ ရှိလာခဲ့ပြီး အဲ့ဒီအထဲက…
Read More
၂၀၀၇ ရွှေဝါရောင် သံဃလှုပ်ရှားမှု အဖြစ်မှန်
“ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒဿေန္တိ ဘီသနံ၊ ယဥှိစေဝါနုရုဉ္စန္တော ရတ္တန္ဒိ၀ မတန္ဒိတော “ အစချီတဲ့ မေတ္တာသုတ်ပရိတ်ရားတော်ကို သံပြိုင်ညီညီရွတ်ဖတ်ပြီး သင်္ကန်းကိုယ်စီ သပ္ပါယ်စွာရုံထားတဲ့ သံဃာ ၅၀၀ ကျော်လောက် မကွေးတိုင်း ပခုက္ကူမြို့က လမ်းမပေါ်မှာ ၂၀၀၇ စက်တင်ဘာ ၅ ရက်က စီတန်းကြွချီလာနေတာကို လမ်းဘေးဝဲယာက သောင်းချီတဲ့ ဒကာဒကာမတွေ လက်အုပ်ချီရှိခိုးနေတာကို ဒီနေ့ထိမျက်စိထဲမထွက်သေးပါဘူး။ သူတို့ဘာလို့ ဒီလိုမေတ္တာပို့ကြွချီလာကြသလဲဆိုတော့ သြဂုတ်လဆန်းက စစ်အစိုးရကနေ လောင်စာဆီဈေးတွေအဆမတန်ဈေးမြှင့်ခဲ့လို့ နိုင်ငံတဲ့အဝှမ်းမှာ ကုန်ဈေးနုန်းတွေခုန်ပျံတက်ခဲ့လို့ မြန်မာပြည်သားတွေ အကြပ်အတည်းဖြစ်ခဲ့တာကို အခြေပြုတယ်လို့ဆိုရမှာပါ။ ပခုက္ကူသံဃာတော်တွေ စီတန်းကြွချီနေချိန်မှာ လောင်စာဆီဈေး ကျဆင်းရေးအတွက် လူထုပူးပေါင်းဖို့ တိုက်ပွဲဆင့်ခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ ချီတက် လမ်းလျှောက်ခဲ့တဲ့ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေ လှုပ်ရှားမှုကြောင့် ရန်ကုန်မှာ အဖမ်းခံခဲ့ပြီးဖြစ်ပါတယ်။ ပခုက္ကူ သံဃာတော်တွေမေတ္တာပို့ စီတန်းကြွချီတဲ့ရှေ့ဆုံးမှာလဲ လောင်စာဆီဈေးနုန်းကျဆင်းရေးတောင်းဆိုလို့ ဖမ်းခံရသူတွေပြန်လွှတ်ပေးဖို့ကုန်ဈေးနုန်းကျဆင်းရေးလုပ်ပေးဖို့…
Read More
VOM News
FREE
VIEW