ဘင်္ဂလားဒေ့ရှ်က ဗလီတစ်ခုမှာ ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံး၊ ဒါဇင်များစွာ အသက်အန္တရာယ်စိုးရိမ်ရ

ဘင်္ဂလားဒေ့ရှ်က ဗလီတစ်ခုမှာ ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံး၊ ဒါဇင်များစွာ အသက်အန္တရာယ်စိုးရိမ်ရ

ဒါကာ၊ စက်တင်ဘာ-၅-၂၀၂၀
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗလီတစ်ခုမှာ သံသယဖြစ်ဖွယ် ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် လူ ၁၂ ဦးသေဆုံးသွားပြီး လူဒါဇင်များစွာလည်း အသက်အန္တရာယ်ရှိနိုင်တဲ့ မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ စက်တင်ဘာ ၅ ရက်မှာပြောပါတယ်။

Narayanganj ခရိုင်မှာရှိတဲ့ ဗလီတစ်ခုထဲမှာ ပေါက်ကွဲမှုဖြစ်ချိန်မှာတော့ သောကြာနေ့ညနေ ဝတ်ပြုကိုးကွယ်သူတွေဟာ မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ အရေးပေါ်ဌာန တာဝန်ရှိသူတွေကပြောပါတယ်။

ဒီပေါက်ကွဲမှုဟာ ဗလီမှာတပ်ဆင်ထားတဲ့ လေအေးပေးစက်တွေရဲ့ ဓါတ်ငွေ့ယိုစိမ့်မှုကနေ ဖြစ်ပေါ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက သံသယရှိနေပါတယ်။ ဓါငွေ့ယိုစိမ့်မှုဟာ ဗလီထဲကိုပြန့်နှံ့ခဲ့တယ်လို့ Narayanganj ခရိုင်မီးသတ်အကြီးအကဲ အဗ္ဗဒူလာအယ်လ်အာရီဖင်ကပြောပါတယ်။

ဝတ်ပြုသူတွေဟာ ပြတင်းပေါက်တွေ၊ တံခါးတွေကိုပိတ်ပြီး လေအေးပေးစက်တွေကို ဖွင့်လိုက်တဲ့အချိန်မှာ လျှစ်စစ်မီးပွားတစ်ခုကနေ ဗလီထဲမှာ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ သူကပြောပါတယ်။

ဒါကာရှိ မီးလောင်တာတွေကို အထူးကုသတဲ့ဆေးရုံကို တင်ပို့လိုက်တဲ့ ၃၇ ဦးထဲက ၁၂ ဦးသေဆုံးသွားပြီး ကျန်တဲ့သူတွေလည်း စိုးရိမ်ဖွယ်အခြေအနေရှိနေပြီး လူနာတွေဟာ ခန္ဓာကိုယ် ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ မီးလောင်ခံထားရတယ်လို့ ဆေးရုံပြောရေးဆိုခွင့်ရှိသူ Samanta Lal Sen ကပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဒါဏ်ရာရသူ စုစုပေါင်း ၄၅ ဦးရှိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref : CNA
Photo:AP
#voiceofmyanmar #VOM #ဒါကာ

Zawgyi


ဒါကာ၊ စက်တင်ဘာ-၅-၂၀၂၀
မျိုးဆက် (VOM)






Ref : CNA
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW