ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှု မြင့်တက်လာတဲ့အတွက် ကွာရန်တင်းစင်တာ မလုံလောက်တဲ့ပြသာနာ ရင်ဆိုင်နေရ

ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှု မြင့်တက်လာတဲ့အတွက် ကွာရန်တင်းစင်တာ မလုံလောက်တဲ့ပြသာနာ ရင်ဆိုင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၅-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်းမှာ ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှု မြှင့်တက်လာတာကြောင့် Quarantineစင်တာ မလုံလောက်တဲ့ပြသာနာ ရင်ဆိုင်နေရတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဓိက ပိုးရှိလူနာနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့ Contact Person တွေများလာတာကြောင့် ကွာရန်တင်းထားပြီး အသွားအလာကန့်သက်စောင့်ကြည့်ရတာ များလာတဲ့အတွက် အခုလိုရင်ဆိုင်လာရတာလည်း ဖြစ်ပါတယ်။

” ခုဆိုရင် ကွာရန်တင်းတွေပြည့်နေလို့ ကျနော်တို့ လှိုင်က ပိုးတွေ့လူနာနဲ့ contact person တွေကို မှော်ဘီ GTC ကို သွားရောက်ပို့ဆောင်နေရတယ်။ အဝေးကြီးပဲသွားရတယ်။ Qစင်တာတွေက အရင်ကဖွင့်ထားတာတွေကို အကုန်ပြည့်နေတာ။ “လို့ လှိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောပါတယ်။

လက်ရှိဖွင့်လှစ်ထားတဲ့ ကွာရန်တင်းစင်တာတွေမှာ ပြည်ပကနေ ပြန်ရောက်လာသူတွေနဲ့ ပြည်တွင်းကူးစက်မှု လူနာရဲ့ တိုက်ရိုက်ဆက်စပ်သူတွေကိုပါ ထည့်ထားရတဲ့အခြေအနေတွေကြောင့် ကွာရန်တင်းစင်တာ လိုအပ်မှုတွေရှိလာနေတယ်လို့ သိရပါတယ်။

” ကျမတို့မှာ ကွာရန်တင်း မလုံလောက်မှုတွေရှိနေတယ်။ ဒါကိုဖြေရှင်းဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကလည်း စီစဉ်နေတယ်လို့သိရတယ်။ စက်ရုံတစ်ရုံဆိုရင် လူက ထောင်ကျော်ရှိတယ်။ ဒီလူတွေကို တနေရာထဲ တစုတဝေးထဲထားဖို့ဆိုတာ ကျမတို့အစိုးရအတွက် နေရာ အခက်အခဲရှိတယ်။ ရှိတဲ့ Qတွေက ပြည်ပပြန်ရော ၊ ပြည်တွင်း အကုန်ထည့်ထားရတယ်။ ဒါကြောင့် အားလုံးကို Q ထည့်ဖို့မလွယ်ဘူး”လို့ မင်္ဂလာဒုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးကပြောပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းထဲကမြို့နယ်တွေမှာရှိတဲ့ အထက်တန်းကျောင်း ၊မူလတန်းကျောင်းတွေကို ကိုယ့်မြို့နယ်အလိုက် အရန် ကွာရန်တင်းစင်တာတွေပြုလုပ်ထားဖို့ ညွှန်ကြားမှုတချို့ရရှိထားတယ်လို့လည်း သိရပါတယ်။

အခုလက်ရှိ ရန်ကုန်တိုင်းမှာ ကိုဗစ်အတည်ပြုလူနာ (၅၃၇)ဦးအထိ ရှိနေပြီး Stay Home သက်မှတ်ထားတဲ့ မြို့နယ်တွေကတော့ အင်းစိန်မြို့နယ် အပါအဝင် မင်္ဂလာဒုံ၊ သာကေတ၊ ‌သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ လှိုင်မြို့နယ် စုစုပေါင်း ၇ မြို့နယ်ရှိပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းမွာ ကိုဗစ္ေရာဂါ ျပည္တြင္းကူးစက္မႈ ျမင့္တက္လာတဲ့အတြက္ ကြာရန္တင္းစင္တာ မလုံေလာက္တဲ႔ျပသာနာ ရင္ဆိုင္ေနရ

ရန္ကုန္၊ စက္တင္ဘာ ၅-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တိုင္းမွာ ကိုဗစ္ကပ္ေရာဂါ ျပည္တြင္းကူးစက္မႈ ျမွင့္တက္လာတာေၾကာင့္ Quarantineစင္တာ မလုံေလာက္တဲ႔ျပသာနာ ရင္ဆိုင္ေနရတယ္လို႔ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

အဓိက ပိုး႐ွိလူနာနဲ႔ တိုက္႐ိုက္ထိေတြ႔မႈ႐ွိတဲ့ Contact Person ေတြမ်ားလာတာေၾကာင့္ ကြာရန္တင္းထားၿပီး အသြားအလာကန္႔သက္ေစာင့္ၾကည့္ရတာ မ်ားလာတဲ့အတြက္ အခုလိုရင္ဆိုင္လာရတာလည္း ျဖစ္ပါတယ္။

” ခုဆိုရင္ ကြာရန္တင္းေတြျပည့္ေနလို႔ က်ေနာ္တို႔ လိႈင္က ပိုးေတြ႔လူနာနဲ႔ contact person ေတြကို ေမွာ္ဘီ GTC ကို သြားေရာက္ပို႔ေဆာင္ေနရတယ္။ အေဝးႀကီးပဲသြားရတယ္။ Qစင္တာေတြက အရင္ကဖြင့္ထားတာေတြကို အကုန္ျပည့္ေနတာ။ “လို႔ လိႈင္ၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေက်ာ္ထြန္းကေျပာပါတယ္။

လက္႐ွိဖြင့္လွစ္ထားတဲ့ ကြာရန္တင္းစင္တာေတြမွာ ျပည္ပကေန ျပန္ေရာက္လာသူေတြနဲ႔ ျပည္တြင္းကူးစက္မႈ လူနာရဲ႕ တိုက္႐ိုက္ဆက္စပ္သူေတြကိုပါ ထည့္ထားရတဲ့အေျခအေနေတြေၾကာင့္ ကြာရန္တင္းစင္တာ လိုအပ္မႈေတြ႐ွိလာေနတယ္လို႔ သိရပါတယ္။

” က်မတို႔မွာ ကြာရန္တင္း မလုံေလာက္မႈေတြ႐ွိေနတယ္။ ဒါကိုေျဖ႐ွင္းဖို႔ ရန္ကုန္တိုင္း အစိုးရအဖြဲ႔ ကလည္း စီစဥ္ေနတယ္လို႔သိရတယ္။ စက္႐ုံတစ္႐ုံဆိုရင္ လူက ေထာင္ေက်ာ္႐ွိတယ္။ ဒီလူေတြကို တေနရာထဲ တစုတေဝးထဲထားဖို႔ဆိုတာ က်မတို႔အစိုးရအတြက္ ေနရာ အခက္အခဲ႐ွိတယ္။ ႐ွိတဲ့ Qေတြက ျပည္ပျပန္ေရာ ၊ ျပည္တြင္း အကုန္ထည့္ထားရတယ္။ ဒါေၾကာင့္ အားလုံးကို Q ထည့္ဖို႔မလြယ္ဘူး”လို႔ မဂၤလာဒုံၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသႏၱာမိုးကေျပာပါတယ္။

ဒါေၾကာင့္ ရန္ကုန္တိုင္းထဲကၿမိဳ႕နယ္ေတြမွာ႐ွိတဲ့ အထက္တန္းေက်ာင္း ၊မူလတန္းေက်ာင္းေတြကို ကိုယ့္ၿမိဳ႕နယ္အလိုက္ အရန္ ကြာရန္တင္းစင္တာေတြျပဳလုပ္ထားဖို႔ ၫႊန္ၾကားမႈတခ်ိဳ႕ရ႐ွိထားတယ္လို႔လည္း သိရပါတယ္။

အခုလက္႐ွိ ရန္ကုန္တိုင္းမွာ ကိုဗစ္အတည္ျပဳလူနာ (၅၃၇)ဦးအထိ ႐ွိေနၿပီး Stay Home သက္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြကေတာ့ အင္းစိန္ျမိဳ႔နယ္ အပါအဝင္ မဂၤလာဒုံ၊ သာေကတ၊ ‌သဃၤန္းကၽြန္း၊ ပုဇြန္ေတာင္၊ ေျမာက္ဥကၠလာပၿမိဳ့နယ္နဲ႔ လွိုင္ၿမိဳ့နယ္ စုစုေပါင္း ၇ ၿမိဳ႔နယ္႐ွိပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW