အီရန်ရဲ့ သန့်စင်ပြီးယူရေနီယံသိုလှောင်မှု ကန့်သတ်ချက်ထက် (၁၀) ဆပိုများနေ

အီရန်ရဲ့ သန့်စင်ပြီးယူရေနီယံသိုလှောင်မှု ကန့်သတ်ချက်ထက် (၁၀) ဆပိုများနေ

ဂျီနီဗာ၊ စက်တင်ဘာ-၅-၂၀၂၀
မျိုးဆက် (VOM)

အီရန်ရဲ့ သန့်စင်ပြီးယူရေနီယံသိုလှောင်ထားမှုဟာ နိုင်ငံတကာသဘောတူညီချက်အောက်မှာ ခွင့်ပြုထားတာထက် ၁၀ဆ ပိုများနေတယ်လို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အီရန်ရဲ့ သန့်စင်ပြီးယူရေနီယံသိုလှောင်ထားတဲ့ ပမာဏဟာ ၂၁၀၅ ကီလိုဂရမ်ထိ ရှိနေတယ်လို့ အိုင်အေအီးအေက ပြောပါတယ်။

အီရန်ကတော့ သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေဟာ ငြိမ်းချမ်းရေး ရည်ရွယ်ချက်တွေနဲ့သာ လုပ်ဆောင်နေတယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

နိုင်ငံအတွင်းက သံသယဖြစ်ဖွယ် နျူကလီးယားစက်ရုံဟောင်းနှစ်ခုထဲက တစ်ခုကို အိုင်အေအီးအေ တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးဖို့ အီရန်ကခွင့်ပြုလိုက်ပြီးနောက် ယူရေနီယံသိုလှောင်မှု ပမာဏနဲ့ပတ်သက်ပြီး အိုင်အေအီးအေက ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

နောက်ထပ် စက်ရုံဟောင်းအတွင်းက နမူနာတွေကိုလည်း အခုလအတွင်းမှာ ရယူသွားမယ်လို့ အိုင်အေအီးအေကပြောပါတယ်။

အီရန်ဟာ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ ဗြိတိန်၊ အမေရိကန်တို့နဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ ခုနှစ်နိုင်ငံတကာသဘောတူညီချက်တွေအောက်မှာရှိတဲ့ ကတိကဝတ်တွေကို ယခုနှစ်အတွင်း ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုတွေရှိခဲ့ပါတယ်။

ဒီချိုးဖောက်မှုတွေထဲမှာ နျူကလီးယားလက်နက်တွေမှာ အသုံးပြုဖို့လိုအပ်ချက်ပမာဏအထိ ယူရေနီယံသန့်စင်မှုမပြည့်ဝပေမယ့်လည်း စာချုပ်ပါသဘောတူညီချက်တွေက ခွင့်ပြုထားသည်ထက် ယူရေနီယံသန့်စင်သိုလှောင်တာတွေကို အီရန်က ပိုမိုလုပ်ဆောင်ခဲ့တာတွေလည်း ပါဝင်ပါတယ်။

Ref : BBC
Photo:AFP
#voiceofmyanmar #VOM #ဂျီနီဗာ

Zawgyi

အီရန္ရဲ႕ သန္႔စင္ျပီးယူေရနီယံသိုေလွာင္မႈ ကန္႔သတ္ခ်က္ထက္ (၁၀) ဆပိုမ်ားေန

ဂ်ီနီဗာ၊ စက္တင္ဘာ-၅-၂၀၂၀
မ်ိဳးဆက္ (VOM)

အီရန္ရဲ႕ သန္႔စင္ျပီးယူေရနီယံသိုေလွာင္ထားမႈဟာ နုုိင္ငံတကာသေဘာတူညီခ်က္ေအာက္မွာ ခြင္႔ျပဳထားတာထက္ ၁၀ဆ ပိုမ်ားေနတယ္လို႔ နိုင္ငံတကာအနုျမဴစြမ္းအင္ေအဂ်င္စီ (အိုင္ေအအီးေအ)က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အီရန္ရဲ႕ သန္႔စင္ျပီးယူေရနီယံသိုေလွာင္ထားတဲ႔ ပမာဏဟာ ၂၁၀၅ ကီလိုဂရမ္ထိ ရိွေနတယ္လို႔ အိုင္ေအအီးေအက ေျပာပါတယ္။

အီရန္ကေတာ႔ သူ႔ရဲ႕ န်ဴကလီးယားအစီအစဥ္ေတြဟာ ျငိမ္းခ်မ္းေရး ရည္ရြယ္ခ်က္ေတြနဲ႔သာ လုပ္ေဆာင္ေနတယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။

နိုင္ငံအတြင္းက သံသယျဖစ္ဖြယ္ န်ဴကလီးယားစက္ရံုေဟာင္းနွစ္ခုထဲက တစ္ခုကို အိုင္ေအအီးေအ တာ၀န္ရိွသူေတြ ၀င္ေရာက္စစ္ေဆးဖို႔ အီရန္ကခြင္႔ျပဳလိုက္ျပီးေနာက္ ယူေရနီယံသိုေလွာင္မႈ ပမာဏနဲ႔ပတ္သက္ျပီး အို္င္ေအအီးေအက ထုတ္ေဖာ္ေျပာဆိုလာတာျဖစ္ပါတယ္။

ေနာက္ထပ္ စက္ရံုေဟာင္းအတြင္းက နမူနာေတြကိုလည္း အခုလအတြင္းမွာ ရယူသြားမယ္လို႔ အိုင္ေအအီးေအကေျပာပါတယ္။

အီရန္ဟာ တရုတ္၊ ျပင္သစ္၊ ဂ်ာမနီ၊ ရုရွား၊ ျဗိတိန္၊ အေမရိကန္တို႔နဲ႔ ခ်ဳပ္ဆိုထားတဲ႔ ၂၀၁၅ ခုနွစ္နိုင္ငံတကာသေဘာတူညီခ်က္ေတြေအာက္မွာရိွတဲ႔ ကတိက၀တ္ေတြကို ယခုနွစ္အတြင္း ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္မႈေတြရိွခဲ႔ပါတယ္။

ဒီခ်ိဳးေဖာက္မႈေတြထဲမွာ န်ဴကလီးယားလက္နက္ေတြမွာ အသံုးျပဳဖို႔လိုအပ္ခ်က္ပမာဏအထိ ယူေရနီယံသန္႔စင္မႈမျပည္႔၀ေပမယ္႔လည္း စာခ်ဳပ္ပါသေဘာတူညီခ်က္ေတြက ခြင္႔ျပဳထားသည္ထက္ ယူေရနီယံသန္႔စင္သိုေလွာင္တာေတြကို အီရန္က ပိုမိုလုပ္ေဆာင္ခဲ႔တာေတြလည္း ပါ၀င္ပါတယ္။

Ref : BBC
Photo:AFP
#voiceofmyanmar #VOM #ဂ်ီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW