ပဲခူးတိုင်းအတွင်းရှိ စားသောက်ဆိုင်အားလုံး ည ၉ နာရီထိသာဖွင့်ရမယ်

ပဲခူးတိုင်းအတွင်းရှိ စားသောက်ဆိုင်အားလုံး ည ၉ နာရီထိသာဖွင့်ရမယ်

နေပြည်တော်၊စက်တင်ဘာ ၅-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်တွေမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ KTVဆိုင်တွေကို ည ၉ နာရီအထိသာ ဖွင့်ခွင့်ပေးထားတယ်လို့ ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။

” တချို့ မြို့တွေမှာတော့ လက်ဖက်ရည်၊ စားသောက်ဆိုင်တွေ ပါဆယ်စနစ်သာ ‌ခွင့်ပြုတာလည်းရှိတယ်။ တစ်တိုင်းလုံးအနေနဲ့တော့ ည ၉ နာရီထိပဲ ရောင်းချခွင့်ပေးထားတယ်” လို့ ဝန်ကြီး ဦးထွန်းထွန်းဦးကပြောပါတယ်။

ကိုဗစ်ရောဂါ ပထမလှိုင်းကာလမှာ ကူးစက်သူအနည်းငယ်သာရှိ‌ပေမယ့်လည်း ဩဂုတ်လ
တတိယပတ်ကစတင်ပြီး ပဲခူးတိုင်းအနောက်ခြမ်းနဲ့ အရှေ့ခြမ်းမှာ ကူးစက်ခံရသူတွေ များပြားလာတဲ့အတွက် အခုလို ကန့်သတ်မှုအချို့ ပြုလုပ်လာတာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း Stay Homeအဖြစ် သတ်မှတ်ခံထားရတဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ကို ရန်ကုန်တိုင်း စတေဟုမ်းမြို့နယ်ကနေ လာမယ်ဆိုရင် စက်တင်ဘာ ၄ ရက်‌ နေ့ကစတင်ပြီး၂၁ ရက် ကွာရန်တင်းဝင်‌ပေးရမှာဖြစ်သလို စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေကိုလည်း ည ၉ နာရီအထိသာ ရောင်းချရမှာဖြစ်ပါတယ်။

” တောင်ငူမြို့မှာဆိုရင် စားသောက်ဆိုင်တွေကို ပါဆယ်စနစ်ပဲ ရောင်းခွင့်ပေးထားတာ
တစ်ပတ်လောက်ရှိပြီ။ ကေတီဗွ‌ီတွေကတော့ ဖွင့်ခွင့်ပိတ်ထားပြီးသားပါ။ မြို့ကို ရခိုင်နဲ့ ရန်ကုန်ကလာရင် အုပ်ချုပ်ရေးဌာနကို အသိပေးရမယ်”လို့ တောင်ငူမြို့နယ်အုပ်ချုပ်ရေးဦးစီးမှူးဦးထွန်းထွန်းဝင်းက ရှင်းပြပါတယ်။

ပဲခူးတိုင်း၊ ပြည်မြို့၊ ကဝမြို့၊ ဝေါမြို့၊ ဒိုက်ဦးနဲ့ တောင်ငူမြို့နယ်တွေမှာ ကိုဗစ်ပိုးတွေ့လူနာ ၄၀ နီးပါးရှိခဲ့ပြီးနောက်ပိုင်း မြို့နယ်၂၈ မြို့နယ်လုံးကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့အပြင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ကေတီဗွီတွေကိုလည်း ညကိုးနာရီထိသာ ဖွင့်လှစ်ခွင့်ပြုတော့တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပဲခူး

Zawgyi

ပဲခူးတိုင္းအတြင္းရွိ စားေသာက္ဆိုင္အားလံုး ည ၉ နာရီထိသာဖြင့္ရမယ္

ေနျပည္ေတာ္၊စက္တင္ဘာ ၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္းအတြင္းရွိ ၿမိဳ႕နယ္ေတြမွာ ဖြင့္ထားတဲ့ စားေသာက္ဆိုင္၊ လက္ဖက္ရည္ဆိုင္နဲ႔ KTVဆိုင္ေတြကို ည ၉ နာရီအထိသာ ဖြင့္ခြင့္ေပးထားတယ္လို႔ ပဲခူးတိုင္း လူဝင္မႈႀကီးၾကပ္ေရးနဲ႔လူ႔စြမ္းအားရင္းျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီး ဦးထြန္းထြန္းဦးက ေျပာပါတယ္။

” တခ်ိဳ႕ ၿမိဳ႕ေတြမွာေတာ့ လက္ဖက္ရည္၊ စားေသာက္ဆိုင္ေတြ ပါဆယ္စနစ္သာ ‌ခြင့္ျပဳတာလည္းရွိတယ္။ တစ္တိုင္းလုံးအေနနဲ႔ေတာ့ ည ၉ နာရီထိပဲ ေရာင္းခ်ခြင့္ေပးထားတယ္” လို႔ ဝန္ႀကီး ဦးထြန္းထြန္းဦးကေျပာပါတယ္။

ကိုဗစ္ေရာဂါ ပထမလႈိင္းကာလမွာ ကူးစက္သူအနည္းငယ္သာရွိ‌ေပမယ့္လည္း ဩဂုတ္လ
တတိယပတ္ကစတင္ၿပီး ပဲခူးတိုင္းအေနာက္ျခမ္းနဲ႔ အေရွ႕ျခမ္းမွာ ကူးစက္ခံရသူေတြ မ်ားျပားလာတဲ့အတြက္ အခုလို ကန႔္သတ္မႈအခ်ိဳ႕ ျပဳလုပ္လာတာလည္းျဖစ္ပါတယ္။

ရန္ကုန္တိုင္းအတြင္း Stay Homeအျဖစ္ သတ္မွတ္ခံထားရတဲ့ ပဲခူးတိုင္းအေနာက္ျခမ္း၊ ျပည္ၿမိဳ႕နယ္ကို ရန္ကုန္တိုင္း စေတဟုမ္းၿမိဳ႕နယ္ကေန လာမယ္ဆိုရင္ စက္တင္ဘာ ၄ ရက္‌ ေန႔ကစတင္ၿပီး၂၁ ရက္ ကြာရန္တင္းဝင္‌ေပးရမွာျဖစ္သလို စားေသာက္ဆိုင္ေတြ လက္ဖက္ရည္ဆိုင္ေတြကိုလည္း ည ၉ နာရီအထိသာ ေရာင္းခ်ရမွာျဖစ္ပါတယ္။

” ေတာင္ငူၿမိဳ႔မွာဆိုရင္ စားေသာက္ဆိုင္ေတြကို ပါဆယ္စနစ္ပဲ ေရာင္းခြင့္ေပးထားတာ
တစ္ပတ္ေလာက္ရွိၿပီ။ ေကတီဗြ‌ီေတြကေတာ့ ဖြင့္ခြင့္ပိတ္ထားၿပီးသားပါ။ ၿမိဳ႕ကို ရခိုင္နဲ႔ ရန္ကုန္ကလာရင္ အုပ္ခ်ဳပ္ေရးဌာနကို အသိေပးရမယ္”လို႔ ေတာင္ငူၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးမႉးဦးထြန္းထြန္းဝင္းက ရွင္းျပပါတယ္။

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၊ ကဝၿမိဳ႕၊ ေဝါၿမိဳ႕၊ ဒိုက္ဦးနဲ႔ ေတာင္ငူၿမိဳ႕နယ္ေတြမွာ ကိုဗစ္ပိုးေတြ႕လူနာ ၄၀ နီးပါးရွိခဲ့ၿပီးေနာက္ပိုင္း ၿမိဳ႕နယ္၂၈ ၿမိဳ႕နယ္လုံးကို ညမထြက္ရ အမိန႔္ထုတ္ျပန္ထားတဲ့အျပင္ စားေသာက္ဆိုင္၊ လက္ဖက္ရည္ဆိုင္နဲ႔ ေကတီဗြီေတြကိုလည္း ညကိုးနာရီထိသာ ဖြင့္လွစ္ခြင့္ျပဳေတာ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW