အိုင်စီစီရှေ့နေချုပ်နဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို အမေရိကန်အရေးယူပိတ်ဆို့

အိုင်စီစီရှေ့နေချုပ်နဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို အမေရိကန်အရေးယူပိတ်ဆို့ ဝါရှင်တန်၊ စက်တင်ဘာ-၃-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်အစိုးရဟာ အိုင်စီစီရှေ့နေချုပ်နဲ့ Fatou Bensouda အပါအဝင် တရားရုံးက အခြားထိပ်တန်းတာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်ပါတယ်။ အိုင်စီစီဟာ အမေရိကန်နိုင်ငံသားတွေအပေါ် တရားစီရင်ဖို့ တရားမဝင်ကြိုးစားအားထုတ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စွပ်စွဲထားပါတယ်။ သည်ဟိဂ်အခြေစိုက် အိုင်စီစီတရားရုံးဟာ အာဖဂန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်းရှိမရှိကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေပါတယ်။ တရားရုံးကို စတင်ဖွဲ့စည်းစဉ်ကတည်းက တရားရုံးအပေါ် အမေရိကန်က ဝေဖန်မှုတွေပြုခဲ့ပြီး အမေရိကန်ဟာ အိုင်စီစီအဖွဲ့ဝင်မထားတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေဟာ အဆိုးရွားဆုံးရာဇဝတ်မှုတွေကို ကျူးလွန်ခံထားရသူတွေအတွက် တရားမျှတမှုရှိအောင်လုပ်ဆောင်ရေး အမေရိကန်ရဲ့ကတိကဝတ်တွေအပေါ် ရှက်ဖွယ်လိလိဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထိပ်တန်းအကြံပေးBalkees Jarrah ကဝေဖန်ပြောဆိုပါတယ်။ အိုင်စီစီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့ဖို့နဲ့ သူတို့ကို နိုင်ငံအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ဖို့ ခွင့်ပြုထားတဲ့အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း ဇွန်လအတွင်းမှာ အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Ref…

Read More

ကိုဗစ်ကူးစက်ခံရတဲ့ ပရဟိတသမားတွေကို ခွဲခြားဆက်ဆံခံနေရတာနဲ့ ပတ်သက်ပြီး မော်လမြိုင်က ပရဟိတခေါင်းဆောင် ကိုဘိုလိုဝင်းနဲ့ တွေ့ဆုံမေးမြန်းချက်

ကိုဗစ်ကူးစက်ခံရတဲ့ ပရဟိတသမားတွေကို ခွဲခြားဆက်ဆံခံနေရတာနဲ့ ပတ်သက်ပြီး မော်လမြိုင်က ပရဟိတခေါင်းဆောင် ကိုဘိုလိုဝင်းနဲ့ တွေ့ဆုံမေးမြန်းချက် နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀ ကောင်းလက်ျာ(VOM) မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ် ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ပရဟိတအဖွဲ့နှစ်ခုက လူငယ် ၄ ဦးရဲ့ မိသားစုဝင်တွေနဲ့ ပရဟိတလုပ်ကိုင်နေသူတွေရဲ့မိသားစုတွေကို ခွဲခြားဆက်ဆံမှုတွေ ကန့်သတ်ချုပ်ချယ်မ‌ှုတွေကို သူတို့နေထိုင်ရာ ရပ်ကွက်‌ဒေသခံအချို့က ပြုလုပ်နေတယ်ဆိုတဲ့ ပြဿနာနဲ့ပတ်သက်ပြီး မော်လမြိုင်မြို့ဘိုဘိုဝင်းလူမှုကယ်‌ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဦးဘိုဘိုဝင်းကို Voice Of Myanmarသတင်းထောက် ကိုကောင်းလက်ျာက မေးမြန်းထားတာဖြစ်ပါတယ်။ VOM- မော်လမြိုင်မှာ ကိုဗစ်ပိုးတွေ့တဲ့ ပရဟိတလုပ်ကိုင်နေသူ လူငယ် ၄ ဦးရဲ့ မိသားစုဝင်တွေကို ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံမှုတွလုပ်နေတဲ့ကိစ္စကို ရှင်းပြပေးပါ BBW – အခု ကလေးတွေက ဆေးရုံမှာ ကု‌သနေရတယ်။ ဒီကလေးတွေက ရောဂါဝေဒနာရှင်နဲ့ထိတွေ့ရာက ကူးစက်ခံထားရသူတွေပါ။ ဒါကို ပတ်ဝန်းကျင်က သူတို့မိသားစု‌ဝင်တွေကို ခွဲခြားဆက်ဆံမှုတွေလုပ်လာတယ်။အခုပြ…

Read More

ဂျပန်နိုင်ငံကပြည်သူတွေကို အိုလံပစ်ပွဲမကျင်းပခင် COVID-19ကာကွယ်ဆေးထိုးပေးဖို့စီစဉ်

ဂျပန်နိုင်ငံကပြည်သူတွေကို အိုလံပစ်ပွဲမကျင်းပခင် COVID-19ကာကွယ်ဆေးထိုးပေးဖို့စီစဉ် စက်တင်ဘာလ ၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) ဂျပန်အစိုးရက COVID-19ကာကွယ်ဆေးထိုးချင်တဲ့ နိုင်ငံသားတွေကို အခမဲ့ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေပြီး အစိုးရကနေ သက်ကြီးရွယ်သူ နဲ့ ဆေးသက်ဆိုင်ရာဝန်ထမ်းများကို ဦးစားပေး ထိုးပေးသွားမှာဖြစ်တယ်လို့ South China Morning Postသတင်းဌာနကနေ ဖော်ပြထားတာဖြစ်ပါတယ်။ အဲ့ဒီလို ဦးစားပေးသူတွေကို ဆေးထိုးပေးပြီးနောက်ပိုင်းမှာ ကျန်တဲ့လူတွေကို ထက်ထိုးပေးမှာဖြစ်ပြီး တက်နိုင်သမျှ နိုင်ငံအတွင်းကလူတွေကို ကိုယ်ခံစွမ်းအားအမြန်ရရှိနိုင်ဖို့ အစိုးရကကုန်ကျစရိတ်ခံပြီး ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှ ကူးစက်ရောဂါဗေဒပညာရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေဟာ အစိုးရ ဦး ဆောင်တဲ့ အထူးအစည်းအဝေးတွေမှာ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ကိုဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။ ဂျပန်နိုင်ငံအစိုးရက အမေရိကန်ရဲ့ Pfizerဆေးကုမ္ပဏီ ၊ ဗြီတိန် ရဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတွေနဲ့ ညှိနိုင်းပြီး ၂၀၂၁မှာကျင်းပမယ့် ဂျပန်နိုင်ငံရဲ့ အိုလံပစ်ပွဲ မကျင်းပခင်အချိန်မှာ ပြည်သူတွေကို COVID-19ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အိုလံပစ်ပွဲဟာ လာမယ့်…

Read More

ရန်ကုန်မြို့က Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၇ မြို့နယ်က စားသောက်ဆိုင်တွေကို ပါဆယ်သာရောင်းချခွင့်ပြု

ရန်ကုန်မြို့က Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၇ မြို့နယ်က စားသောက်ဆိုင်တွေကို ပါဆယ်သာရောင်းချခွင့်ပြု ရန်ကုန် ၊ စက်တင်ဘာ ၃-၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်တိုင်းအတွင်းရှိ Stay at Homeအဖြစ်သက်မှတ်ထားတဲ့ မြို့နယ် ၇ မြို့နယ်က စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်အဖြစ်နဲ့သာ ပြန်လည်ရောင်းချဖို့ မေတ္တာရပ်ခံထားတယ်လို့ Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက VOM ကိုပြောပါတယ်။ ” လက်ဖက်ရည်ဆိုင်နဲ့စားသောက်ဆိုင်တွေကို ပါဆယ်ပဲရောင်းဖို့အတွက် မေတ္တာရပ်ခံထားတာပါ။ ဘယ်လောက်ကာလ ကြာမယ်ဆိုတာတော့ပြောမရသေးပါဘူး။ အမိန့်တစ်ရပ်အနေနဲ့ဆိုင်တွေကရောင်းမယ်ဆိုရင် ဖမ်းမယ်မဟုတ်ပါဘူး မေတ္တာရပ်ခံတာပါ ။ ဒီနေ့မှ အစဆိုတော့ တချို့ဆိုင်တွေက ကျန်နေအုံးမှာပါ ။ တဖြေးဖြေးချင်းဖြစ်လာမှာပါ ။ဗဟိုကနေပြီး Stay at Home လွတ်ပြီဆိုမှ ပုံမှန်ပြန်ဖြစ်မှာပါ”လို့ ဒေါက်တာကျော်စွာဦးကပြောပါတယ်။ ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနဟာ လတ်တလောပြန်လည်ဖြစ်ပွားနေတဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါ…

Read More

စစ်ကိုင်းတိုင်းမှာ သြဂုတ်လ တစ်လထဲ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၀၀ကျော်ရှိ

စစ်ကိုင်းတိုင်းမှာ သြဂုတ်လ တစ်လထဲ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၀၀ကျော်ရှိ မုံရွာ၊ စက်တင်ဘာ ၃ – ၂၀၂၀ ကိုတိုးကြီး ၊ (VOM) စစ်ကိုင်းတိုင်းမှာ ယာဉ်မတော်တဆမှုကြောင့် သြဂုတ်လ တစ်လထဲ သေဆုံးသူ ၄၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၁၃ ယောက်ရှိတယ်လို့ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊ ဒုတပ်ဖွဲ့ခွဲမှူး (မုံရွာ)ရုံးကနေ သိရပါတယ်။ “ အက်စီးဒင့်တစ်ခုဖြစ်ပြီဆိုရင် အဲ့ဒီအက်စီးဒင့်က ဘာကြောင့်ဖြစ်ရတာလဲ၊ လမ်းကြောင့်လား ၊ ယာဉ်ကြောင့်လား ဒါမှမဟုတ် လူကြောင့်လား အရင်စီစစ် အဖြေရှာရတယ် ၊ ယာဉ်မတော်တဆမှုဆိုတာ ရည်ရွယ်ချက်မပါတဲ့အတွက် နစ်နာမှု အသက်သာဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးရတယ် ” လို့ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ကိုကိုနိုင် ကပြောပါတယ် ။…

Read More

说要延期停火,真的会停火吗?

说要延期停火,真的会停火吗? Lei Lei Win(VOM) 北方民族武装同盟的果敢同盟军(MNTJP/MNDAA)、德昂民族解放军(TSLF/TNLA)、若开军(ULA/AA)昨天于9月1日发布了第七次70天单方面的停火协议。 德昂民族解放军(TNLA)的信息官Maing Aik Kyaw说:“我们过去曾发布过停火。这一次是我们三军联盟发表的的联合声明。主要目的是为了协商和平协议, 使停火更加有效。另一个是允许人民在选举期间自由投票;另一个原因是在缅甸再次发起了第二波预防新冠病毒行动,其目的是提高病毒预防措施的效力。” Maing Aik Kyaw说:“上个月,缅甸军方表示,若开邦不包括在停火声明中,如果要实现真正的停火协议,不仅民族武装要全部参与,也应该以若开邦(AA)减少战争,这样在协议上才能达到更好的效果。 作为联盟军,我们虽然宣布了单方面的停火协议,但如果在此期间我们被军方袭击,我们也将会反击。 缅甸政治分析家Khin Maung Myint分析了对北方三个民族军的看法,表示:“不仅人民应该知道,少数民族武装组织发布的一切消息,也应该让军方以及政府机构去接受,然后能够再进一步的交流。这样才会达到更好的效果。尤其是在新冠病毒广泛存在的时候,人民更想要得到停火、国家不在有战争。这样才能够做到充分的预防和控制新冠病毒的工作。” 武装部队总司令办公室发表声明,缅甸军方在上个月24日宣布,缅甸军方依据国际标准,在除了被列为有恐怖组织的地区,尤其是,政府已宣布的AA组织。其余的所有地区停止所有军事行动期限,从9月1日延长到30日。 分析军事和缅甸政治的作家U Maung Maung Soe说:“这就是军队和北方联盟之间已经宣布了两年多的事情。从政治上讲,停火宣言是一种表达对和平的共同愿望。但实际上,如果双方不停止战争,战争还会将持续。” 虽然延长了停火,实际上还有在发生战争。尤其是与政府认为的恐怖组织AA军队之间。 在宣布北部三个联盟之日,刚好是中华人民共和国,中国共产党政治局委员H.E. Mr. Yang Jiechi与缅甸政府官员会面之日。也在这日里距离腊戌12英里的Pan Kham村和周边村庄的人们,怕在村庄里发生战争,突然来到腊戌Mansu寺庙。然后腊戌的当地人表示怕影响这次的选举和安全。 #voiceofmyanmar #VOM #说要延期停火,真的会停火吗?

Read More

လွှတ်တော် (၃)ရပ်လုံးအတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်

လွှတ်တော် (၃)ရပ်လုံးအတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ် နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀ ကိုလတ် (VOM) လွှတ်တော် (၃)ရပ်လုံးအတွက် ၂၀၂၀ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အကြောင်း နောက်ဆုံးအတည်ပြုစာရင်းကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မနေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန် ပြောခဲ့တာဖြစ်ပါတယ်။ “နောက်ဆုံး အတည်ပြုထားတဲ့ စာရင်းအရဆိုရင် လွှတ်တော် (၃)ရပ်ပေါင်းမှာဆိုရင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၆၆၈၉ ဦးနဲ့ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၈၀ ဦး ဖြစ်ပါတယ်။ စုစုပေါင်းဆိုရင် ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော်သုံးရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦးဟာ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရကြပါတယ်”လို့ ဦးမြင့်နိုင်ကပြောပါတယ်။ အဲ့ဒီစာရင်းမှာ…

Read More

‘ဝ’ ပြည်နယ်က မြို့နယ် ၅ ခုနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲရှိနေ

‘ဝ’ ပြည်နယ်က မြို့နယ် ၅ ခုနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲရှိနေ နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀  စွမ်းရဲထွဋ် (VOM) ရွေးကောက်ပွဲ ကျင်ပနိုင်ခဲ့ခြင်းမရှိသေးတဲ့ ‘ဝ’ ပြည်နယ်က မြို့နယ် ၅ ခုနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲရှိနေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မနေ့ စက်တင်ဘာလ ၂ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာဖြစ်ပါတယ်။ “အဓိကကတော့ ၂၀၁၀ မှာတုန်းကလည်း မကျင်းပခဲ့ဖူးဘူး။ ၂၀၁၅ မှာလည်း မကျင်းပခဲ့တဲ့ ‘ဝ’ ပြည် နယ်က ၅ မြို့နယ်။ နောက် ရခိုင်ပြည်နယ်က မဲဆန္ဒနယ်အချို့ပေါ့။ ဒါလေးတွေကတော့ တစ်ချို့ နေရာတွေကတော့ လုံခြုံရေးရယူပြီးတော့ ကျင်းပနိုင်တဲ့အခြေအနေရှိတယ်။ တစ်ချို့နေရာတွေကျတော့ မြို့နယ်တစ်ခုလုံးကို ကျင်းပနိုင်တဲ့အခြေအနေမရှိဘူး” လို့…

Read More

မြစ်ကြီးနားမြို့နဲ့ ဗန်းမော်ဆေးရုံမှာ Covid-19 ရောဂါရှာဖွေတဲ့စက် တပ်ဆင်မယ်

မြစ်ကြီးနားမြို့နဲ့ ဗန်းမော်ဆေးရုံမှာ Covid-19 ရောဂါရှာဖွေတဲ့စက် တပ်ဆင်မယ် မြစ်ကြီးနား၊ စက်တင်ဘာ ၃-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားဆေးရုံနဲ့ ဗန်းမော်ဆေးရုံတို့မှာ Covid-19 ရောဂါရှာဖွေဖို့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်တဲ့ (Gene X pert)စက်ကို စက်တင်ဘာလအတွင်း တပ်ဆင်သွားမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးကပြောပါတယ်။ တပ်ဆင်မယ့် စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သင်တန်းတက်ထားတဲ့ ရောဂါဗေဒဆရာဝန်၊ မြစ်ကြီးနားဆေးရုံက အကြီးအကဲနဲ့ ပြည်နယ်ကျန်းမာရေးမှူးတို့ဟာ သြဂုတ်လ ၂၆ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ကို လာရောက်ရှင်းပြသွားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားဆေးရုံအသစ်ကြီးက ၄ ထပ်ဆောင်မှာ တပ်ဆင်ဖို့အတွက် အခန်းဖွဲ့စည်းပုံများ ပြင်ဆင်ပြီးနေပြီလို့ သိရပါတယ်။ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါက်တာနော်ရှဲလ်တာကို အဲ့ဒီစက်တပ်ဆင်မယ့်အကြောင်း မေးမြန်းရာမှာတော့ “ ဟုတ်ပါတယ်၊ ဒေါက်တာအေးသိန်းတို့ ဆောင်ရွက်နေကြတယ် ၊ မကြာတော့ဘူး ဖွင့်တောင်ဖွင့်တော့မယ်။ “ လို့ ပြောပါတယ်။ ရောဂါစမ်းသပ်တဲ့ စက်တပ်ဆင်ဖို့အတွက် စက်…

Read More

နန်ဆန်ယန်အပါအဝင် ရွာသုံးရွာက နေရပ်ပြန်စစ်ရှောင်တွေကို နေအိမ်နဲ့ ဆိုလာမီး ထောက်ပံ့မယ်

နန်ဆန်ယန်အပါအဝင် ရွာသုံးရွာက နေရပ်ပြန်စစ်ရှောင်တွေကို နေအိမ်နဲ့ ဆိုလာမီး ထောက်ပံ့မယ် မြစ်ကြီးနား၊ စက်တင်ဘာ ၂-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်က နန်ဆန်ယန်၊ ဒတ်ဘတ်ယန်နဲ့ တာလောကြီး ကျေးရွာတွေက နေရပ်ပြန် စစ်ရှောင်အိမ်ထောင်စု ၁၉၀ ကျော်ရဲ့ ပျက်စီးနေတဲ့ နေအိမ်တွေကို ပြန်ဆောက်ပေးသွားမှာဖြစ်သလို တစ်အိမ်ကို ၂ သိန်း ၇ သောင်းတန်းဖိုရှိတဲ့ ဆိုလာနဲ့ ဘတ်ထရီမီးချောင်းအစုံကိုလည်း ထောက်ပံ့ပေးသွာမှာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။ ပျက်စီးသွားတဲ့အိမ်အတွက် ငွေကျပ် ၇၅ သိန်းတန် အိမ်အသစ် တည်ဆောက်ပေးမှာဖြစ်ပြီး တစ်ဝက်တစ်ပျက် ပျက်စီးခဲ့တဲ့ အိမ်တွေအတွက် ပြင်ဆင်စရိတ် ငွေကျပ် ၃၅ သိန်းကိုအိမ်ပိုင်ရှင်ဆီ ပေးအပ်သွားမယ်လို့ သိရပါတယ်။ နေရပ်ပြန်စစ်ရှောင် မိသားစုတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနဲ့ ကော်မတီ ၉ ခု ဖွဲ့စည်းထားပြီး ရေ ၊ မီး…

Read More
VOM News

FREE
VIEW