စစ်ကိုင်း ရဲတပ်ရင်း ၁၆ မှာ တာဝန်ထမ်းဆောင်ဖို့ ရန်ကုန်က ရောက်လာတဲ့ ရဲတပ်သား ၇ ဦးမှာ COVID-19 ရောဂါပိုးတွေ့

စစ်ကိုင်း ရဲတပ်ရင်း ၁၆ မှာ တာဝန်ထမ်းဆောင်ဖို့ ရန်ကုန်က ရောက်လာတဲ့ ရဲတပ်သား ၇ ဦးမှာ COVID-19 ရောဂါပိုးတွေ့

စစ်ကိုင်း၊ အောက်တိုဘာ- ၁ -၂၀၂၀
ရှိုင်းအောင်(VOM)

ရန်ကုန်မြို့ကနေ စစ်ကိုင်းမြို့နက်အတွင်းမှာရှိတဲ့ ရဲတပ်ရင်း ၁၆ မှာ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတဲ့ ရဲ့တပ်သား ၉ ဦးထဲက ၇ ဦးဟာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါက်တာသော်တာထက်က VOM ကိုပြောပါတယ်။

“သူတို့က ရန်ကုန်ကနေ စစ်ကိုင်းကို ၂၂ ရက်နေ့ကရောက်လာတယ် ၉ ဦးစလုံးကိုစစ်တာ ၂ ဦးကတော့ ပိုးမတွေ့ဘူး ပိုးမတွေ့တဲ့သူ ၂ ဦးကိုလည်း ဒုတိယအကြိမ် စစ်ဆေးသွားအုံးမှာပါ” လို့ ဒေါက်တာသော်တာထက်ကပြောပါတယ်။

အခု COVID-19 ရောဂါပိုးတွေ့ရှိတဲ့ ရဲတပ်သား ၇ ဦးဟာ ရန်ကုန်တိုင်းအတွင်းက ကမာရွတ်မြို့နယ်၊ အလုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ပန်းပဲတန်းမြို့နယ် တွေကနေ စစ်ကိုင်းမြို့နယ်အတွင်းက တပ်ရင်း ၁၆ မှာ တာဝန်ထမ်းဆောင်ဖို့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရောက်ရှိလာတာဖြစ်ပါတယ်။

ပိုးတွေ့ခဲ့တဲ့ ရဲတပ်သား ၇ ဦးကိုတော့ စစ်ကိုင်းမြို့ ခုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး သူတို့ ၇ ဦးနဲ့အတူတူရဲ့တပ်ရင်း ၁၆ မှာ Quarantine ဝင်ခဲ့တဲ့သူနှစ်ဦးကိုတော့ Quarantine စင်တာမှာပဲဆက်လက်ထားရှိမှာဖြစ်ပြီး နောက်ထပ် ၁၀ ရက်အကြာမှာ ဆေးစစ်ချက်နမူနာယူပြီး ဒုတိယအကြိမ်စစ်ဆေးမယ်လို့ သိရပါတယ်။

ပိုးတွေ့တဲ့သူတွေဟာ ရောက်ရောက်ချင်းကွာရန်တင်းစင်တာမှာထားတာမို့ တခြားလူတွေနဲ့ ထိစပ်မှုမရှိပေမယ့်ရဲ တပ်ရင်း ၁၆ဟာ စစ်ကိုင်းအနောက်ဘက် ၅ မိုင်ကျော်ကျော်လောက်မှာရှိတာမို့ ရဲတပ်ရင်းထဲမှာ ပိုးသတ်ဆေးဖျန်းတာတွေလုပ်ဆောင်ထားပါတယ်။

လုံခြုံရေးယူရတဲ့ ရဲဝန်ထမ်းတွေဟာ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတာမှာ ကျမ္မာရေးဝန်ထမ်းတွေပြီးရင် ထိတွေ့ရတာအများစုမို့ ကူးစက်ခံရဖို့နီးစပ်တဲ့အတွက် သတိထားလုပ်ကိုင်နေတဲ့ကြားကပဲ မနေ့က ရန်ကုန်တိုင်းမှာ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူး ရောဂါပိုးကူးစက်ခံရပြီး ကွယ်လွန်ခဲ့ပါသေးတယ်။

လက်ရှိစစ်ကိုင်းမြို့နယ်အတွင်းမှာ ပိုးတွေ့လူနာ ၉ ဦးရှိနေပြီဖြစ်ပြီး အရင်ပိုးတွေ့လူနာ ၂ ဦးကတော့ ရောဂါပိုးလက္ခာ Negative ထွက်တဲ့အတွက် ဒီရက်ပိုင်းမှာပဲ ဆေးရုံက ဆင်းခွင့်ရတော့မယ်လို့ ဒေါက်တာသော်တာထက်က ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၆၈ ဦးထိရှိနေပြီး စစ်ကိုင်းမြို့နယ်မှာ ပိုးတွေ့လူနာ ၉ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ-၁၃၃၇၃ ဦး၊ရောဂါပျောက်ဆုံးပြီး ဆေးရုံဆင်းခွင့်ရသူ ၃၇၅၅ ဦး၊ သေဆုံးလူနာ ၃၁၀ ဦး အထိ ရှိလာနေပြီဖြစ်ပါတယ်။

#VOM #VoiceofMyanmar #COVID-19 #ရဲတပ်ရင်း၁၆

Zawgyi

စစ္ကိုင္း ရဲတပ္ရင္း ၁၆ မွာ တာဝန္ထမ္းေဆာင္ဖို႔ ရန္ကုန္က ေရာက္လာတဲ့ ရဲတပ္သား ၇ ဦးမွာ COVID-19 ေရာဂါပိုးေတြ႕

စစ္ကိုင္း၊ ေအာက္တိုဘာ- ၁ -၂၀၂၀
ရႈိင္းေအာင္(VOM)

ရန္ကုန္ၿမိဳ႕ကေန စစ္ကိုင္းၿမိဳ႕နက္အတြင္းမွာရွိတဲ့ ရဲတပ္ရင္း ၁၆ မွာ တာဝန္ထမ္းေဆာင္ဖို႔ ေရာက္ရွိလာတဲ့ ရဲ႕တပ္သား ၉ ဦးထဲက ၇ ဦးဟာ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့တယ္လို႔ စစ္ကိုင္းခ႐ိုင္က်န္းမာေရးဦးစီးဌာနက ဦးစီးအရာရွိ ေဒါက္တာေသာ္တာထက္က VOM ကိုေျပာပါတယ္။

“သူတို႔က ရန္ကုန္ကေန စစ္ကိုင္းကို ၂၂ ရက္ေန႔ကေရာက္လာတယ္ ၉ ဦးစလုံးကိုစစ္တာ ၂ ဦးကေတာ့ ပိုးမေတြ႕ဘူး ပိုးမေတြ႕တဲ့သူ ၂ ဦးကိုလည္း ဒုတိယအႀကိမ္ စစ္ေဆးသြားအုံးမွာပါ” လို႔ေဒါက္တာေသာ္တာထက္ကေျပာပါတယ္.

အခု COVID-19 ေရာဂါပိုးေတြ႕ရွိတဲ့ ရဲတပ္သား ၇ ဦးဟာ ရန္ကုန္တိုင္းအတြင္းက ကမာ႐ြတ္ၿမိဳ႕နယ္၊ အလုံၿမိဳ႕နယ္၊ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ ပန္းပဲတန္းၿမိဳ႕နယ္ ေတြကေန စစ္ကိုင္းၿမိဳ႕နယ္အတြင္းက တပ္ရင္း ၁၆ မွာ တာဝန္ထမ္းေဆာင္ဖို႔ စက္တင္ဘာလ ၂၂ ရက္ေန႔မွာ ေရာက္ရွိလာတာျဖစ္ပါတယ္။

ပိုးေတြ႕ခဲ့တဲ့ ရဲတပ္သား ၇ ဦးကိုေတာ့ စစ္ကိုင္းၿမိဳ႕ ခုတင္ ၂၀၀ ဆံ့ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနတာျဖစ္ၿပီး သူတို႔ ၇ ဦးနဲ႔အတူတူရဲ႕တပ္ရင္း ၁၆ မွာ Quarantine ဝင္ခဲ့တဲ့သူႏွစ္ဦးကိုေတာ့ Quarantine စင္တာမွာပဲဆက္လက္ထားရွိမွာျဖစ္ၿပီး ေနာက္ထပ္ ၁၀ ရက္အၾကာမွာ ေဆးစစ္ခ်က္နမူနာယူၿပီး ဒုတိယအႀကိမ္စစ္ေဆးမယ္လို႔ သိရပါတယ္။

ပိုးေတြ႕တဲ့သူေတြဟာ ေရာက္ေရာက္ခ်င္းကြာရန္တင္းစင္တာမွာထားတာမို႔ တျခားလူေတြနဲ႔ ထိစပ္မႈမရွိေပမယ့္ရဲ တပ္ရင္း ၁၆ဟာ စစ္ကိုင္းအေနာက္ဘက္ ၅ မိုင္ေက်ာ္ေက်ာ္ေလာက္မွာရွိတာမို႔ ရဲတပ္ရင္းထဲမွာ ပိုးသတ္ေဆးဖ်န္းတာေတြလုပ္ေဆာင္ထားပါတယ္။

လုံၿခဳံေရးယူရတဲ့ ရဲဝန္ထမ္းေတြဟာ ျပည္သူေတြနဲ႔ ထိေတြ႕ဆက္ဆံရတာမွာ က်မၼာေရးဝန္ထမ္းေတြၿပီးရင္ ထိေတြ႕ရတာအမ်ားစုမို႔ ကူးစက္ခံရဖို႔နီးစပ္တဲ့အတြက္ သတိထားလုပ္ကိုင္ေနတဲ့ၾကားကပဲ မေန႔က ရန္ကုန္တိုင္းမွာ ေမွာ္ဘီၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ေရာဂါပိုးကူးစက္ခံရၿပီး ကြယ္လြန္ခဲ့ပါေသးတယ္။

လက္ရွိစစ္ကိုင္းၿမိဳ႕နယ္အတြင္းမွာ ပိုးေတြ႕လူနာ ၉ ဦးရွိေနၿပီျဖစ္ၿပီး အရင္ပိုးေတြ႕လူနာ ၂ ဦးကေတာ့ ေရာဂါပိုးလကၡာ Negative ထြက္တဲ့အတြက္ ဒီရက္ပိုင္းမွာပဲ ေဆး႐ုံက ဆင္းခြင့္ရေတာ့မယ္လို႔ ေဒါက္တာေသာ္တာထက္က ေျပာပါတယ္။

လက္ရွိအခ်ိန္ထိ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၆၈ ဦးထိရွိေနၿပီး စစ္ကိုင္းၿမိဳ႕နယ္မွာ ပိုးေတြ႕လူနာ ၉ ဦး ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အခုလက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ-၁၃၃၇၃ ဦး၊ေရာဂါေပ်ာက္ဆုံးၿပီး ေဆး႐ုံဆင္းခြင့္ရသူ ၃၇၅၅ ဦး၊ ေသဆုံးလူနာ ၃၁၀ ဦး အထိ ရွိလာေနၿပီျဖစ္ပါတယ္။

#VOM #VoiceofMyanmar #COVID-19 #ရဲတပ္ရင္း၁၆

Related posts

Leave a Comment

VOM News

FREE
VIEW