ကန်နီရွာက အန်အယ်လ်ဒီမြို့နယ်အလုပ်အမှုဆောင်ရဲ့အိမ်ဖျက်စီးခံရတာနဲ့ပတ်သက်လို့ သူတို့တတွေ ဘာပြောကြသလဲ

ကန်နီရွာက အန်အယ်လ်ဒီမြို့နယ်အလုပ်အမှုဆောင်ရဲ့အိမ်ဖျက်စီးခံရတာနဲ့ပတ်သက်လို့ သူတို့တတွေ ဘာပြောကြသလဲ

ပခုက္ကူ-အောက်တိုဘာ-၅-၂၀၂၀
နေလင်းဖြူ(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီရွာမှာ NLD ပါတီအလုပ်အမှုဆောင် ဦးမြင့်နိုင်ရဲ့နေအိမ်ကို အောက်တိုဘာ ၃ ရက်နေ့ညက ရာချီတဲ့လူအုပ်က ဖျက်စီးခဲ့ပါတယ်။ NLD ပါတီစည်းရုံးရေးသီချင်းတွေကို အသံချဲ့စက်နဲ့ဖွင့်ချိန် ဒေသခံ ကိုနေဝင်းဆိုသူက လာရောက်ပိတ်ခိုင်းရာက အချင်းများပြီးအပြန်အလှန်ထိုးနှက်တာတွေဖြစ်ခဲ့ကြတယ်လို့ ဖြစ်စဉ်မှာပါသူတွေအပြောအရ သိပါတယ်။ ဒီဖြစ်စဉ်မှာ အိမ်ရှင် ဦးမြင့်နိုင် ဓါးခုတ်ခံရသလို အသံချဲ့စက်လာရောက်ပိတ်ခိုင်းသူ ကိုနေဝင်းလည်း ထိုးနှက်ခံရတဲ့ဒဏ်ကြောင့် ပခုက္ကူဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရပါတယ်။

ဒီဖြစ်စဉ်မှာ ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ကားနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကားတွေလည်း ဖျက်စီးခံရသလို ဦးမြင့်နိုင်ရဲ့အိမ်နဲ့ အိမ်တွင်းပစ္စည်းတွေ ၊ ကားတွေ ၊ ဆိုင်ကယ်တွေ ပျက်စီးခဲ့ပါတယ်။

ဒီအကြောင်း နေအိမ်ဖျက်စီးခံရသူ ကိုမြင့်နိုင်နဲ့ အမှုဖွင့်ခံရပြီး ဆေးရုံတက်နေသူ ကိုနေဝင်းတို့ဘက်က ဘာတွေပြောထားသလဲ ?

ပခုက္ကူက ဗီအိုအမ်သတင်းထောက် ကိုနေလင်းဖြူပေးပိုးထားတဲ့ ရုပ်သံသတင်းကို ကြည့်ရှုနိုင်ပါပြီ။

#voiceofmyanmar #VOM #မြိုင် #ကန်နီရွာ # NLDအိမ်ဖျက်ခံရ

Zawgyi

ကန္နီ႐ြာက အန္အယ္လ္ဒီၿမိဳ႕နယ္အလုပ္အမႈေဆာင္ရဲ႕အိမ္ဖ်က္စီးခံရတာနဲ႔ပတ္သက္လို႔ သူတို႔တေတြ ဘာေျပာၾကသလဲ

ပခုကၠဴ-ေအာက္တိုဘာ-၅-၂၀၂၀
ေနလင္းျဖဴ(VOM)

မေကြးတိုင္း ၊ ပခုကၠဴခ႐ိုင္၊ ၿမိဳင္ၿမိဳ႕နယ္၊ ကန္နီ႐ြာမွာ NLD ပါတီအလုပ္အမႈေဆာင္ ဦးျမင့္ႏိုင္ရဲ႕ေနအိမ္ကို ေအာက္တိုဘာ ၃ ရက္ေန႔ညက ရာခ်ီတဲ့လူအုပ္က ဖ်က္စီးခဲ့ပါတယ္။ NLD ပါတီစည္း႐ုံးေရးသီခ်င္းေတြကို အသံခ်ဲ႕စက္နဲ႔ဖြင့္ခ်ိန္ ေဒသခံ ကိုေနဝင္းဆိုသူက လာေရာက္ပိတ္ခိုင္းရာက အခ်င္းမ်ားၿပီးအျပန္အလွန္ထိုးႏွက္တာေတြျဖစ္ခဲ့ၾကတယ္လို႔ ျဖစ္စဥ္မွာပါသူေတြအေျပာအရ သိပါတယ္။ ဒီျဖစ္စဥ္မွာ အိမ္ရွင္ ဦးျမင့္ႏိုင္ ဓါးခုတ္ခံရသလို အသံခ်ဲ႕စက္လာေရာက္ပိတ္ခိုင္းသူ ကိုေနဝင္းလည္း ထိုးႏွက္ခံရတဲ့ဒဏ္ေၾကာင့္ ပခုကၠဴေဆး႐ုံမွာ တက္ေရာက္ကုသမႈခံယူေနရပါတယ္။

ဒီျဖစ္စဥ္မွာ ခ႐ိုင္ရဲတပ္ဖြဲ႕မႉးရဲ႕ကားနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးရဲ႕ကားေတြလည္း ဖ်က္စီးခံရသလို ဦးျမင့္ႏိုင္ရဲ႕အိမ္နဲ႔ အိမ္တြင္းပစၥည္းေတြ ၊ ကားေတြ ၊ ဆိုင္ကယ္ေတြ ပ်က္စီးခဲ့ပါတယ္။

ဒီအေၾကာင္း ေနအိမ္ဖ်က္စီးခံရသူ ကိုျမင့္ႏိုင္နဲ႔ အမႈဖြင့္ခံရၿပီး ေဆး႐ုံတက္ေနသူ ကိုေနဝင္းတို႔ဘက္က ဘာေတြေျပာထားသလဲ ?

ပခုကၠဴက ဗီအိုအမ္သတင္းေထာက္ ကိုေနလင္းျဖဴေပးပိုးထားတဲ့ ႐ုပ္သံသတင္းကို ၾကည့္ရႈႏိုင္ပါၿပီ။

#voiceofmyanmar #VOM #ၿမိဳင္ #ကန္နီ႐ြာ # NLDအိမ္ဖ်က္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW