ထိုင်းနယ်စပ်ပို့မယ့် တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ ယာဉ်မောင်း နှစ်ဦးကို ဖမ်းမိ

ထိုင်းနယ်စပ်ပို့မယ့် တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ ယာဉ်မောင်း နှစ်ဦးကို ဖမ်းမိ နေပြည်တော်၊အောက်တိုဘာ ၆-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဒိုက်ဦး-စစ်တောင်း-မုပ္ပလင် မဟာဗျူဟာလမ်းပေါ်မှာ မြဝတီမြို့ကိုပို့ဆောင်ပေးဖို့ ကားနှစ်စီးနဲ့ တင်ဆောင်လာတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ပို့ဆောင်ပေးတဲ့ ယာဉ်မောင်း နှစ်ဦးကို မနေ့ အောက်တိုဘာ ၅ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ဝေါမြို့မရဲစခန်းကနေ သိရပါတယ်။ “မန္တလေးက ခေါ်ဆောင်လာတာလို့သိရတယ်။ တရားဝင် အထောက်အထား တစ်ခုမှ မပါဘူး။ ထိုင်းနိုင်ငံနယ်စပ်ပေါက်ကို လိုက်ပို့ဖို့ခေါ်လာတာလို့သိရတယ်”လို့ ဝေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ ဝေါမြို့နယ်၊ အဗျားငှက်ချေးကျေးရွာအနီး စစ်တောင်း မဟာဗျူဟာလမ်းဆုံမှာ မသင်္ကာဖွယ် ယာဉ်တစ်စင်းကို လိုက်လံဖမ်းဆီးရာမှ ယာဉ်မောင်းသူ ကျော်လှိုင်(၅၄ နှစ်)နဲ့အတူယာဉ်ပေါ်ပါလာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး၂ ဦးကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်…

Read More

NLD မဲဆွယ်စည်းရုံးရေး ယာဉ်တန်းတိမ်မှောက် ယာဉ်ပေါ်ပါ လူ ၃၂ ယောက် ပြင်းထန်ဒဏ်ရာရ

NLD မဲဆွယ်စည်းရုံးရေး ယာဉ်တန်းတိမ်မှောက် ယာဉ်ပေါ်ပါ လူ ၃၂ ယောက် ပြင်းထန်ဒဏ်ရာရ သပိတ်ကျင်း ၊ အောက်တိုဘာ ၅-၂၀၂၀ ကိုတိုးကြီး (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်း-တကောင်းမြို့သွားတဲ့ကားလမ်း မိုင်တိုင်အမှတ် ၄၀/၂ နေရာမှာ ဒီကနေ့ နေ့လယ်ပိုင်းက ကြာညှပ်ကျေးရွာကနေ တကောင်းမြို့ကို မဲဆွယ်စည်းရုံးရေးထွက်လာခဲ့တဲ့ ထော်လာဂျီယာဉ်တစ်စီး တိမ်းမှောက်ခဲ့လို့ ယာဉ်ပေါ်ပါတဲ့ လူ ၃၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ခရမ်းစပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ” ဒဏ်ရာရှိသူ ကျား ၁၈ ယောက် ၊ မ ၁၄ ယောက် ၊ ပေါင်း ၃၂ ယောက်ဖြစ်တယ်။ ပြင်းထန်ဒဏ်ရာရရှိသူ ၆ ယောက်ကို အခုချက်ချင်း မဟာကရုဏာ လူမှုကူညီရေးအသင်းက ကား ၃ စီးနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို သွားရောက်ပို့ဆောင်နေပါပြီ” လို့…

Read More

ချင်းပြည်နယ်ရဲ့ ဒုတိယအကြိမ်မဲစာရင်းမှာ မဲဆန္ဒရှင် ၁ သောင်းကျော်လျော့နည်းသွား

ချင်းပြည်နယ်ရဲ့ ဒုတိယအကြိမ်မဲစာရင်းမှာ မဲဆန္ဒရှင် ၁ သောင်းကျော်လျော့နည်းသွား ဟားခါး ၊ အောက်တိုဘာ ၅-၂၀၂၀ ကိုတိုးကြိး (VOM) ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ် ထုတ်ပြန်ကြေငြာတဲ့ မဲဆန္ဒရှင် စာရင်းတွေမှာ ပထမအကြိမ် ထုတ်ပြန်ချိန်က မဲဆန္ဒရှင် စာရင်း အရေအတွက်ထက် မဲဆန္ဒရှင် ၁ သောင်းကျော်လျော့နည်းနေသွားတယ်လို့ ချင်းပြည်နယ် ရွေးကောာက်ပွဲ ကော်မရှင်ကနေ သိရပါတယ်။ မဲဆန္ဒရှင် မဲစာရင်းတွေ လျော့နည်းသွားရတာဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအကြား စစ်ရေးထိတွေ့မှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး တိုက်ပွဲရှောင်သူတချို့ဟာ နေရပ်စွန့်ခွာပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြောင်းရွှေ့သွားတာဖြစ်တယ်လို့ သိရပါတယ်။ “ ပလက်ဝမြို့ဘက်က တိုက်ပွဲရှောင်သူတွေဟာ အခြားတိုင်းနဲ့ ပြည်နယ်တွေကို နေရပ်စွန့်ခွာပြီး အပြီးပြောင်းသွားတာကြောင့် ၊ မဲဆန္ဒရှင် အရေအတွက် လျော့နည်းသွားတာလည်း ပါတယ် ” လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကျော်လင်းက…

Read More

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးဝေဖြိုး ( မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ )

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးဝေဖြိုး ( မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ) အောက်တိုဘာ ၅ ရက် ၂၀၂၀ ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၁၂ယောက်သေဆုံးပြီး ၁သောင်းရှစ်ထောင်နီးပါးကူးစက်ခံနေရတဲ့ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနက အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ ဒီကနေ့ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မြင်းခြံမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဝေဖြိုးနဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ #ဝေဖြိုး Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးဝေဖြိုး ( မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ )…

Read More

ရန်ကုန်တိုင်းအစိုးရရုံးကို Lockdown ချ

ရန်ကုန်တိုင်းအစိုးရရုံးကို Lockdown ချ ရန်ကုန်၊အောက်တိုဘာ ၅-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းလုံခြုံရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ COVID-19 သံသယ လက္ခဏာတွေ့ရှိခဲ့ပြီးနောက် ဒီကနေ့မနက်ပိုင်းကစပြီး ရန်ကုန်တိုင်းအစိုးရဖွဲ့ရုံးကို Lockdownချလိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “ဒီမနက်ကစပြီး လော့ခ်ဒေါင်းချတာပါ။ အပြင်ရောက်နေတဲ့သူတွေလည်း အထဲကိုဝင်လို့မရဘူး။ အထဲကသူတွေလည်း အပြင်ထွက်လို့မရဘူး၊ လုံခြုံရေးလည်း တင်းကျပ်ထားတယ်၊ ဝင်လို့မရဘူး ဝင်ရင်နာမည်စာရင်းပေးရတယ်။ အထက်အရာရှိဆီ သတင်းပို့ရတယ်။ လိုအပ်တဲ့ပစွည်းကတော့ ဂိတ်ဝမှာသွားယူလို့ရတယ်”လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ လက်ရှိအခြေအနေမှာတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ လုံခြုံရေးတင်းကျပ်တာတွေ ပြုလုပ်ထားပြီး အပြင်ကို တာဝန်နဲ့ရောက်ရှိနေတဲ့ ဝန်ထမ်းတွေကိုလည်း အထဲပေးမဝင်တော့တာဖြစ်တယ်လို့ ရဲအရာရှိကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးကို Lockdownချထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျကို ဆက်သွယ်မေးမြန်း ရာမှာတော့”ကြားတော့ ကြားတယ် ဟုတ်မဟုတ်တော့ မသိသေးဘူး၊ ကျွန်တော်လည်း အဲ့ဒီဘက်မရောက်တာကြာပြီ”လို့ ပြောပါတယ်။ ရန်ကုန်မြို့၊ ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီးရဲ့မိသားစုဝင်တွေဟာလည်း အောက်တိုဘာ၃ရက်နေ့က ကိုဗစ်ရောဂါကူးစက်ခံရတဲ့အတွက်…

Read More

ကန်နီရွာက အန်အယ်လ်ဒီမြို့နယ်အလုပ်အမှုဆောင်ရဲ့အိမ်ဖျက်စီးခံရတာနဲ့ပတ်သက်လို့ သူတို့တတွေ ဘာပြောကြသလဲ

ကန်နီရွာက အန်အယ်လ်ဒီမြို့နယ်အလုပ်အမှုဆောင်ရဲ့အိမ်ဖျက်စီးခံရတာနဲ့ပတ်သက်လို့ သူတို့တတွေ ဘာပြောကြသလဲ ပခုက္ကူ-အောက်တိုဘာ-၅-၂၀၂၀ နေလင်းဖြူ(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီရွာမှာ NLD ပါတီအလုပ်အမှုဆောင် ဦးမြင့်နိုင်ရဲ့နေအိမ်ကို အောက်တိုဘာ ၃ ရက်နေ့ညက ရာချီတဲ့လူအုပ်က ဖျက်စီးခဲ့ပါတယ်။ NLD ပါတီစည်းရုံးရေးသီချင်းတွေကို အသံချဲ့စက်နဲ့ဖွင့်ချိန် ဒေသခံ ကိုနေဝင်းဆိုသူက လာရောက်ပိတ်ခိုင်းရာက အချင်းများပြီးအပြန်အလှန်ထိုးနှက်တာတွေဖြစ်ခဲ့ကြတယ်လို့ ဖြစ်စဉ်မှာပါသူတွေအပြောအရ သိပါတယ်။ ဒီဖြစ်စဉ်မှာ အိမ်ရှင် ဦးမြင့်နိုင် ဓါးခုတ်ခံရသလို အသံချဲ့စက်လာရောက်ပိတ်ခိုင်းသူ ကိုနေဝင်းလည်း ထိုးနှက်ခံရတဲ့ဒဏ်ကြောင့် ပခုက္ကူဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရပါတယ်။ ဒီဖြစ်စဉ်မှာ ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ကားနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကားတွေလည်း ဖျက်စီးခံရသလို ဦးမြင့်နိုင်ရဲ့အိမ်နဲ့ အိမ်တွင်းပစ္စည်းတွေ ၊ ကားတွေ ၊ ဆိုင်ကယ်တွေ ပျက်စီးခဲ့ပါတယ်။ ဒီအကြောင်း နေအိမ်ဖျက်စီးခံရသူ ကိုမြင့်နိုင်နဲ့ အမှုဖွင့်ခံရပြီး ဆေးရုံတက်နေသူ ကိုနေဝင်းတို့ဘက်က ဘာတွေပြောထားသလဲ ? ပခုက္ကူက ဗီအိုအမ်သတင်းထောက် ကိုနေလင်းဖြူပေးပိုးထားတဲ့ ရုပ်သံသတင်းကို…

Read More

စစ်တောင်းတံတားပေါ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေ

စစ်တောင်းတံတားပေါ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေ ပဲခူး၊ စက်တင်ဘာ ၅-၂၀၂၀ သိင်္ဂီ(VOM) ပဲခူးတိုင်းကို ဖြတ်သန်းသွာလာမယ့် ကုန်တင်ယာဉ်မောင်းသူတွေကို ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိ Test Kit ဖြင့်စစ်ဆေးပေးနေတဲ့အတွက် မွန်ပြည်နယ်၊ စစ်တောင်းတံတားမှာ ကားတွေပိတ်မိနေသလို ပဲခူး၊ ရန်ကုန်ဘက်တွေမှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ Test Kit နဲ့ စစ်ဆေးမှုကို ပဲခူးတိုင်းထဲက ရန်ကုန်အထွက် ပဲခူးအဝင် ၊ဝေါ စစ်ဆေးရေးဂိတ်အပါအဝင် နေရာ ၅ ခုနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး မွန်ပြည်နယ်ဘက်ကနေ လာရောက်မယ့် ကားတွေကိုလည်း ပြည်နယ်အစိုးရဘက်ကနေ ကိုဗစ်စစ်ဆေးမှု လုပ်ဆောင်နေတာဖြစ်ပါတယ်။ ” အခုလက်ရှိလည်းပိတ်နေတယ်။ ကားပိတ်တာတွေပြေလည်အောင်တော့ ဖြေရှင်းနေတယ်။ စစ်ဆေးတဲ့အထဲမှာ ပိုးတွေ့တာရှိတယ်။ မွန်ပြည်နယ်ကိုသွားမယ့်ကားတွေက ပဲခူးတိုင်းထဲမှာ ပိတ်နေတာရှိတယ်။ ရန်ကုန်ကအထွက် ပဲခူးအဝင်မှာ စစ်တယ်။ ပဲခူးထဲမှာရှိနေတဲ့ကားတွေက ဝေါမှာလည်းစစ်တယ်။ ကားတွေလည်း ပိတ်မိတာရှိတယ်။တောက်လျှောက်တော့ စစ်နေတယ်”လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး…

Read More

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအောင်နိုင်စိုး ( တံတားဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ)

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအောင်နိုင်စိုး ( တံတားဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) အောက်တိုဘာ ၅ ရက် ၂၀၂၀ ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၁၂ယောက်သေဆုံးပြီး ၁သောင်းရှစ်ထောင်နီးပါးကူးစက်ခံနေရတဲ့ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ ဒီကနေ့ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မြို့တံတားဦးနယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးအောင်နိုင်စိုးနဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် # Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအောင်နိုင်စိုး ( တံတားဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း…

Read More

စစ်ကိုင်းမှာ ကုန်တင်ယာဉ်မောင်းသူ ၁၇၀နီးပါး ကိုဗစ်ရောဂါပိုးစစ်ဆေးပြီးနောက် ယာဉ်မောင်း၁ဦးမှာ ကိုဗစ်ပိုးတွေ့

စစ်ကိုင်းမှာ ကုန်တင်ယာဉ်မောင်းသူ ၁၇၀နီးပါး ကိုဗစ်ရောဂါပိုးစစ်ဆေးပြီးနောက် ယာဉ်မောင်း၁ဦးမှာ ကိုဗစ်ပိုးတွေ့ စစ်ကိုင်း အောက်တိုဘာ ၅ -၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့၊ ပါရမီရပ်ရှိ နှစ် (၇၀၀)ဘောလုံးကွင်းထဲမှာ ဒီကနေ့မနက်ပိုင်းက ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၁၆၅ ဦးကို COVID -19ရောဂါပိုး စစ်ဆေးပြီးနောက် ယာဉ်မောင်းတစ်ဦးမှာ COVID -19 ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ COVID -19 ရောဂါပိုးတွေ့သူဟာ မန္တလေး-ကောလင်း ပြေးဆွဲနေတဲ့ ကောလင်းမြို့နေ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ရဲ့ယာဉ်နောက်လိုက်မှာတော့ COVID -19 ရောဂါပိုးတွေ့ရှိရခြင်း မရှိခဲ့ဘူးလို့ စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောပါတယ်။ ”ကုန်တင် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံချက်ယူပြီး နှစ် ၇၀၀ ကွင်းမှာ ကျန်းမာရေးဦးစီးဌာနက Test Kit စမ်းသပ်ကိရိယာ…

Read More

ဗကသကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မနဲ့ အမရပူရတရားရုံးမှာ ရုံးထုတ်စစ်ဆေး

ဗကသကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မနဲ့ အမရပူရတရားရုံးမှာ ရုံးထုတ်စစ်ဆေး မန္တလေး၊ အောက်တိုဘာ ၅ – ၂၀၂၀ ရှိုင်းအောင်(VOM) ဗကသများအဖွဲ့ချုပ်က ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်တို့ ၂ ဦးကို စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၅၀၅(က)/၅၀၅(ခ)နဲ့ တရားစွဲထားတဲ့အမှုကို ဒီကနေ့မနက်ပိုင်းက အမရပူရမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ရှေ့မှာ ရခိုင်ပြည်နယ်အရေးနဲ့ တပ်မတော်ဆန့်ကျင်ကြောင်းစာသားပါတဲ့ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့အမှုကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ ၂ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မဟာအောင်မြေမြို့နယ်တရားရုံးကနေ ပုဒ်မ-၅၀၅(က)(ခ)နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ထားရတာလည်း ဖြစ်တဲ့အပြင် ချမ်အေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်တို့မှာပါ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ဗကသကျောင်းသား Zawgyi ဗကသကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မနဲ့ အမရပူရတရားရုံးမှာ ရုံးထုတ်စစ်ဆေး…

Read More
VOM News

FREE
VIEW