ရန်ကုန်တိုင်းအစိုးရရုံးကို Lockdown ချ

ရန်ကုန်တိုင်းအစိုးရရုံးကို Lockdown ချ

ရန်ကုန်၊အောက်တိုဘာ ၅-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းလုံခြုံရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ COVID-19 သံသယ လက္ခဏာတွေ့ရှိခဲ့ပြီးနောက် ဒီကနေ့မနက်ပိုင်းကစပြီး ရန်ကုန်တိုင်းအစိုးရဖွဲ့ရုံးကို Lockdownချလိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

“ဒီမနက်ကစပြီး လော့ခ်ဒေါင်းချတာပါ။ အပြင်ရောက်နေတဲ့သူတွေလည်း အထဲကိုဝင်လို့မရဘူး။ အထဲကသူတွေလည်း အပြင်ထွက်လို့မရဘူး၊ လုံခြုံရေးလည်း တင်းကျပ်ထားတယ်၊ ဝင်လို့မရဘူး ဝင်ရင်နာမည်စာရင်းပေးရတယ်။ အထက်အရာရှိဆီ သတင်းပို့ရတယ်။ လိုအပ်တဲ့ပစွည်းကတော့ ဂိတ်ဝမှာသွားယူလို့ရတယ်”လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ လုံခြုံရေးတင်းကျပ်တာတွေ ပြုလုပ်ထားပြီး အပြင်ကို တာဝန်နဲ့ရောက်ရှိနေတဲ့ ဝန်ထမ်းတွေကိုလည်း အထဲပေးမဝင်တော့တာဖြစ်တယ်လို့ ရဲအရာရှိကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးကို Lockdownချထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျကို ဆက်သွယ်မေးမြန်း
ရာမှာတော့”ကြားတော့ ကြားတယ် ဟုတ်မဟုတ်တော့ မသိသေးဘူး၊ ကျွန်တော်လည်း အဲ့ဒီဘက်မရောက်တာကြာပြီ”လို့ ပြောပါတယ်။

ရန်ကုန်မြို့၊ ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီးရဲ့မိသားစုဝင်တွေဟာလည်း အောက်တိုဘာ၃ရက်နေ့က ကိုဗစ်ရောဂါကူးစက်ခံရတဲ့အတွက် ဆေးကုသမှုခံယူနေရတဲ့အပြင် မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးတစ်ဦးကလည်း ကိုဗစ်ပိုးတွေ့ရှိပြီး ရောဂါအခံနဲ့ဆေးကုသရင်းသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

Photo – ရန်ကုန်တိုင်းအစိုးရအဖွဲ့
#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #တိုင်းအစိုးရရုံး #လော့ခ်ဒေါင်းချ

Zawgyi

ရန္ကုန္တိုင္းအစုိးရ႐ုံးကုိ Lockdown ခ်

ရန္ကုန္၊ေအာက္တိုဘာ ၅-၂၀၂၀
ေအးခ်မ္းသူ(VOM)

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ရဲ့ ယာဥ္တန္းလုံျခဳံေရးအဖြဲ႕မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးဟာ COVID-19 သံသယ လကၡဏာေတြ႔႐ွိခဲ့ၿပီးေနာက္ ဒီကေန႔မနက္ပိုင္းကစၿပီး ရန္ကုန္တုိင္းအစုိးရဖြဲ႔႐ုံးကုိ Lockdownခ်လုိက္ၿပီျဖစ္တယ္လို႔ ရန္ကုန္တိုင္းရဲတပ္ဖြဲ႔ကေန သိရပါတယ္။

“ဒီမနက္ကစၿပီး ေလာ့ခ္ေဒါင္းခ်တာပါ။ အျပင္ေရာက္ေနတဲ့သူေတြလည္း အထဲကုိဝင္လုိ႔မရဘူး။ အထဲကသူေတြလည္း အျပင္ထြက္လုိ႔မရဘူး၊ လုံျခံဳေရးလည္း တင္းက်ပ္ထားတယ္၊ ဝင္လုိ႔မရဘူး ဝင္ရင္နာမည္စာရင္းေပးရတယ္။ အထက္အရာ႐ွိဆီ သတင္းပုိ႔ရတယ္။ လုိအပ္တဲ့ပစြည္းကေတာ့ ဂိတ္ဝမွာသြားယူလုိ႔ရတယ္”လို႔ ရန္ကုန္တိုင္းရဲတပ္ဖြဲ႔မွ ရဲအရာ႐ွိတစ္ဦးကေျပာပါတယ္။

လက္႐ွိအေျခအေနမွာေတာ့ ရန္ကုန္တိုင္းအစုိးရအဖြဲ႔႐ုံးမွာ လုံျခဳံေရးတင္းက်ပ္တာေတြ ျပဳလုပ္ထားၿပီး အျပင္ကို တာဝန္နဲ႔ေရာက္႐ွိေနတဲ့ ဝန္ထမ္းေတြကိုလည္း အထဲေပးမဝင္ေတာ့တာျဖစ္တယ္လို႔ ရဲအရာရွိကေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစုိးရဖြဲ႔႐ုံးကို Lockdownခ်ထားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဒဂုံၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္ေဇယ်ကို ဆက္သြယ္ေမးျမန္း
ရာမွာေတာ့”ၾကားေတာ့ ၾကားတယ္ ဟုတ္မဟုတ္ေတာ့ မသိေသးဘူး၊ ကၽြန္ေတာ္လည္း အဲ့ဒီဘက္မေရာက္တာၾကာၿပီ”လို႔ ေျပာပါတယ္။

ရန္ကုန္ၿမိဳ႔၊ ထန္းတပင္ၿမိဳ႔နယ္ရဲတပ္ဖြဲ႕က ရဲတပ္ၾကပ္ႀကီးရဲ႔မိသားစုဝင္ေတြဟာလည္း ေအာက္တိုဘာ၃ရက္ေန႔က ကိုဗစ္ေရာဂါကူးစက္ခံရတဲ့အတြက္ ေဆးကုသမႈခံယူေနရတဲ့အျပင္ ေမွာ္ဘီၿမိဳ႔နယ္ရဲတပ္ဖြဲ႔မွဴးရံုးက ရဲမွဴးတစ္ဦးကလည္း ကိုဗစ္ပိုးေတြ႕ရွိၿပီး ေရာဂါအခံနဲ႔ေဆးကုသရင္းေသဆံုးခဲ့တာလည္းျဖစ္ပါတယ္။

Photo – ရန္ကုန္တိုင္းအစိုးရအဖဲြ႕
#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #တိုင္းအစိုးရရံုး #ေလာ့ခ္ေဒါင္းခ်

Related posts

Leave a Comment

VOM News

FREE
VIEW