ဗကသကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မနဲ့ အမရပူရတရားရုံးမှာ ရုံးထုတ်စစ်ဆေး

ဗကသကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မနဲ့ အမရပူရတရားရုံးမှာ ရုံးထုတ်စစ်ဆေး

မန္တလေး၊ အောက်တိုဘာ ၅ – ၂၀၂၀
ရှိုင်းအောင်(VOM)

ဗကသများအဖွဲ့ချုပ်က ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်တို့ ၂ ဦးကို စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၅၀၅(က)/၅၀၅(ခ)နဲ့ တရားစွဲထားတဲ့အမှုကို ဒီကနေ့မနက်ပိုင်းက အမရပူရမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ရှေ့မှာ ရခိုင်ပြည်နယ်အရေးနဲ့ တပ်မတော်ဆန့်ကျင်ကြောင်းစာသားပါတဲ့ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့အမှုကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ ၂ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မဟာအောင်မြေမြို့နယ်တရားရုံးကနေ ပုဒ်မ-၅၀၅(က)(ခ)နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ထားရတာလည်း ဖြစ်တဲ့အပြင် ချမ်အေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်တို့မှာပါ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဗကသကျောင်းသား

Zawgyi

ဗကသေက်ာင္းသား ၂ ဦးကို ႏိုင္ငံေတာ္အၾကည္ပ်က္ေစမႈပုဒ္မနဲ႔ အမရပူရတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆး

မႏၲေလး၊ ေအာက္တိုဘာ ၅ – ၂၀၂၀
ရႈိင္းေအာင္(VOM)

ဗကသမ်ားအဖြဲ႕ခ်ဳပ္က ကိုစိုးလွႏိုင္၊ ကိုေက်ာ္သီဟရဲေက်ာ္တို႔ ၂ ဦးကို စတစ္ကာကမ္ပိန္းျပဳလုပ္ခဲ့တဲ့အတြက္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ – ၅၀၅(က)/၅၀၅(ခ)နဲ႔ တရားစြဲထားတဲ့အမႈကို ဒီကေန႔မနက္ပိုင္းက အမရပူရၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။

အမရပူရၿမိဳ႕နယ္၊ ရတနာပုံတကၠသိုလ္ေရွ႕မွာ ရခိုင္ျပည္နယ္အေရးနဲ႔ တပ္မေတာ္ဆန႔္က်င္ေၾကာင္းစာသားပါတဲ့ စတစ္ကာကမ္ပိန္းျပဳလုပ္ခဲ့တဲ့အမႈကို ႐ုံးထုတ္စစ္ေဆးခဲ့တာျဖစ္ၿပီး ေအာက္တိုဘာ ၁၂ ရက္ေန႔မွာ ႐ုံးခ်ိန္းျပန္လည္ခ်ိန္းဆိုခဲ့တာ ျဖစ္ပါတယ္။

ကိုစိုးလွႏိုင္နဲ႔ ကိုေက်ာ္သီဟရဲေက်ာ္တို႔ ၂ဦးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက မဟာေအာင္ေျမၿမိဳ႕နယ္တရား႐ုံးကေန ပုဒ္မ-၅၀၅(က)(ခ)နဲ႔ ေထာင္ဒဏ္ ၂ႏွစ္ခ်မွတ္ခဲ့ထားရတာလည္း ျဖစ္တဲ့အျပင္ ခ်မ္ေအးသာစံၿမိဳ႕နယ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္တို႔မွာပါ တရားစြဲဆိုခံထားရတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ဗကသေက်ာင္းသား

Related posts

Leave a Comment

VOM News

FREE
VIEW