ပလက်ဝကိုပို့မယ့် ရိက္ခာဆန်အိတ် ၈၀၀ ကျော် တိုက်ပွဲထိတွေ့မှုတွေကြောင့် ပို့ဆောင်ဖို့ခက်ခဲနေ

ပလက်ဝကိုပို့မယ့် ရိက္ခာဆန်အိတ် ၈၀၀ ကျော် တိုက်ပွဲထိတွေ့မှုတွေကြောင့် ပို့ဆောင်ဖို့ခက်ခဲနေ

ပလက်ဝ ၊ အောက်တိုဘာ ၈-၂၀၂၀
ကိုတိုးကြီး(VOM)

ချင်းပြည်နယ်တောင်းပိုင်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းအကြားက နေရာဒေသ တော်တော်များမှာ အောက်တိုဘာလဆန်းပိုင်းကနေ တပ်မတော်နဲ့ အေအေတို့အကြား မကြာခဏ တိုက်ပွဲထိတွေ့မှု ဖြစ်နေတာကြောင့် ပလက်ဝဒေသမှာ စားသောက်ကုန်စည်တွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ စားသောက်ကုန်စည် ပြတ်လပ်နေတာကို ချင်းပြည်နယ်အစိုးရက အချိန်မီဖြည့်စွက်ပေးဖို့အတွက် ဆန်ရိက္ခာ အိတ် ၈၅၀ ကို ပလက်ဝနဲ့ အနီးစပ်ဆုံးနေရာတခုဖြစ်တဲ့ ဆမီးမြို့ကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။

ဆမီးမြို့နဲ့ ပလက်ဝမြို့တွေမှာ ဒီရက်ပိုင်းအတွင်း မိုးရွာသွန်းမှုဆက်တိုက်ဖြစ်နေသလို တိုက်ပွဲတွေဖြစ်တောတွေလည်း ရှိနေတဲ့အတွက် ဆမီးမြို့က ဆန်အိတ် ၈၅၀ ဟာ အခုချိန်ထိ ပလက်ဝမြို့ကို ပို့ဆောင်ပေးနိုင်တာ မရှိသေးဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

” ဒီမှာက ဆန်မရှိတော့ဘူး ၊ ဝယ်လို့လည်းမရဘူး၊ ဆန် ၁ အိတ်ကို ၇၅၀၀၀ လောက်အထိ ဈေးရှိတယ်၊ ရောင်းတဲ့သူမရှိလို့ အချင်းချင်း မျှတပြီးစားနေကြရတာလို့ ” ပလက်ဝမြို့ခံ ကိုကျော်ခိုင်လင်းက ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ့စလို့ ဒီကနေ့အချိန်ထိ ဆမီးနဲ့ ပလက်ဝအကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

ချင်းပြည်အစိုးရအဖွဲ့ ၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးထက် ပြောပြတာက ” ပလက်ဝမှာ ဆန်ရိက္ခာပြတ်နေတာ ဟုတ်တယ် ၊ ဖလှယ်ပြီး စားသောက်နေရတာ ၊ ဆန်ရိက္ခာတွေ အမြန်ဆုံးရရှိအောင် လုပ်နေပါတယ်”လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ကျေးရွာပေါင်း ၃၈၀ ကျော်ရှိပြီး လူဦးရေ ၁ သိန်းကျော်က ဒီရက်ပိုင်းအတွင်း ဆန်ရိက္ခာ ပြတ်လပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆမီးမြို့က ဆန်အိတ် ၈၅၀ ကျော်ဟာ ပလက်ဝမြို့ကို ရောက်လာမယ်ဆိုရင် ပလက်ဝရဲ့ ဆန်ရိက္ခာပြတ်လပ်နေရတဲ့အခြေအနေ လျော့နည်းသက်သာသွားမယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ #ဆန်ရိက္ခာ

Zawgyi

ပလက္ဝကိုပို႔မယ့္ ရိကၡာဆန္အိတ္ ၈၀၀ ေက်ာ္ တိုက္ပြဲထိေတြ႕မႈေတြေၾကာင့္ ပို႔ေဆာင္ဖို႔ခက္ခဲေန

ပလက္ဝ ၊ ေအာက္တိုဘာ ၈-၂၀၂၀
ကိုတိုးႀကီး(VOM)

ခ်င္းျပည္နယ္ေတာင္းပိုင္းနဲ႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းအၾကားက ေနရာေဒသ ေတာ္ေတာ္မ်ားမွာ ေအာက္တိုဘာလဆန္းပိုင္းကေန တပ္မေတာ္နဲ႔ ေအေအတို႔အၾကား မၾကာခဏ တိုက္ပြဲထိေတြ႕မႈ ျဖစ္ေနတာေၾကာင့္ ပလက္ဝေဒသမွာ စားေသာက္ကုန္စည္ေတြ ျပတ္လပ္ေနတယ္လို႔ သိရပါတယ္။

အဲ့ဒီ စားေသာက္ကုန္စည္ ျပတ္လပ္ေနတာကို ခ်င္းျပည္နယ္အစိုးရက အခ်ိန္မီျဖည့္စြက္ေပးဖို႔အတြက္ ဆန္ရိကၡာ အိတ္ ၈၅၀ ကို ပလက္ဝနဲ႔ အနီးစပ္ဆုံးေနရာတခုျဖစ္တဲ့ ဆမီးၿမိဳ႕ကို ပို႔ေဆာင္ထားၿပီးျဖစ္ပါတယ္။

ဆမီးၿမိဳ႕နဲ႔ ပလက္ဝၿမိဳ႕ေတြမွာ ဒီရက္ပိုင္းအတြင္း မိုး႐ြာသြန္းမႈဆက္တိုက္ျဖစ္ေနသလို တိုက္ပြဲေတြျဖစ္ေတာေတြလည္း ရွိေနတဲ့အတြက္ ဆမီးၿမိဳ႕က ဆန္အိတ္ ၈၅၀ ဟာ အခုခ်ိန္ထိ ပလက္ဝၿမိဳ႕ကို ပို႔ေဆာင္ေပးႏိုင္တာ မရွိေသးဘူးလို႔ ေဒသခံျပည္သူေတြက ေျပာပါတယ္။

” ဒီမွာက ဆန္မရွိေတာ့ဘူး ၊ ဝယ္လို႔လည္းမရဘူး၊ ဆန္ ၁ အိတ္ကို ၇၅၀၀၀ ေလာက္အထိ ေစ်းရွိတယ္၊ ေရာင္းတဲ့သူမရွိလို႔ အခ်င္းခ်င္း မွ်တၿပီးစားေနၾကရတာလို႔ ” ပလက္ဝၿမိဳ႕ခံ ကိုေက်ာ္ခိုင္လင္းက ေျပာပါတယ္။

​ေအာက္တိုဘာ ၁ ရက္ကေန႕စလို႔ ဒီကေန႔အခ်ိန္ထိ ဆမီးနဲ႔ ပလက္ဝအၾကား တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။

ခ်င္းျပည္အစိုးရအဖြဲ႕ ၊ စည္ပင္သာယာေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးစိုးထက္ ေျပာျပတာက ” ပလက္ဝမွာ ဆန္ရိကၡာျပတ္ေနတာ ဟုတ္တယ္ ၊ ဖလွယ္ၿပီး စားေသာက္ေနရတာ ၊ ဆန္ရိကၡာေတြ အျမန္ဆုံးရရွိေအာင္ လုပ္ေနပါတယ္”လို႔ ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ ေက်း႐ြာေပါင္း ၃၈၀ ေက်ာ္ရွိၿပီး လူဦးေရ ၁ သိန္းေက်ာ္က ဒီရက္ပိုင္းအတြင္း ဆန္ရိကၡာ ျပတ္လပ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဆမီးၿမိဳ႕က ဆန္အိတ္ ၈၅၀ ေက်ာ္ဟာ ပလက္ဝၿမိဳ႕ကို ေရာက္လာမယ္ဆိုရင္ ပလက္ဝရဲ႕ ဆန္ရိကၡာျပတ္လပ္ေနရတဲ့အေျခအေန ေလ်ာ့နည္းသက္သာသြားမယ္လို႔ ေဒသခံေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ပလက္ဝ #ဆန္ရိကၡာ

Related posts

Leave a Comment

VOM News

FREE
VIEW