ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ရပြီးတဲ့ တလအတွင်း ပါတီတချို့ နှောင့်ယှက်ခံရမှုနဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုများ

 

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ရပြီးတဲ့ တလအတွင်း ပါတီတချို့ နှောင့်ယှက်ခံရမှုနဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုများ

 

အောက်တိုဘာ ၈-၂၀၂၀

ဆွေလင်းထွန်း + နေလင်း  (VOM)

 

စက်တင်ဘာ ၈ရက်ကနေ ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့အတွင်း နိုင်ငံရေးပါတီတချို့မှာ ဆိုင်းဘုတ်တွေဖျက်ခံရသလို မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုမှာ  တလအတွင်း နှောင့်ယှက်ခံရတဲ့ဖြစ်စဉ်တွေ VOM က သိရှိထားတာတော့ ၆၀ကျော် ရှိခဲ့ပေမယ့် နိုင်ငံရေးပါတီတချို့ကတော့ ဒီထက်များတယ်လို့ ဆိုကြပါတယ်။

 

ဗီအိုအမ်က စုဆောင်းထားတဲ့အချက်အလက်တွေအရ

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ၁ကြိမ်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ၁ကြိမ်၊ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP) ၄ကြိမ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၈ကြိမ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ၂ကြိမ်၊ပြည်သူ့ပါတီ(PP) ၄ကြိမ်၊ ရခိုင်အမျိုးသားပါတီ(ANP) ၁ကြိမ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ၁ကြိမ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ၁ကြိမ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၄၁ကြိမ် ဆိုင်းဘုတ်ဖြုတ်ချ၊ ဖျက်စီးခံရတာကို သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာမှာတွေ့ရှိသလောက် စုဆောင်းထားတာဖြစ်ပါတယ်။

 

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ရဲ့ နေပြည်တော်မဲဆွယ်ပွဲမှာ NLD  တံဆိပ်ပါတီရှပ်ဝတ်ထားတဲ့ ကျွဲကျောင်းသားတွေက လေးခွနဲ့ပစ်လို ခိုက်ရန်ဖြစ်ပွားတာ တကြိမ်ရှိခဲ့သလိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မဲဆွယ်ယာဉ်တန်းကို လေးခွနဲ့ ပစ်ခံရလို့ ကားမှန်ကွဲသွားတဲ့ ဖြစ်စဉ်လည်း နေပြည်တော်နယ်မြေမှာဖြစ်ခဲ့ပါသေးတယ်။

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကတော့ သူတို့ဆိုင်းဘုတ်တွေ တိုင်းဒေသကြီး ၇ ခုက နေရာတော်တော်များများမှာ ဖျက်စီးခံရမှုနဲ့ ယာဉ်တန်းသွားလာမှုကို နှောက်ယှက်ဟန့်တားမှုရှိကြောင်းနဲ့  ဒီလိုကိုစ္စရပ်တွေအတွက် အောင်လံ၊ မြင်းခြံ၊ တောင်သာ၊ နေပြည်တော်၊ မိတ္ထီလာ မြို့တွေမှာ  USDP ပါတီမဲဆွယ်စည်းရုံးရေးပြုလုပ်နေချိန်မှာ နှောက်ယှက်ဟန့်တားမှုတွေပြုလုပ်ခဲ့တာကြောင့် တရားစွဲဆိုထားတာတွေရှိပါတယ်လို့  ပြည်ခိုင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

 

“ကျတော်တို့ထင်တာ ၂၀၁၀ မှာလည်း ဒီလိုမဖြစ်ခဲ့ဘူး၊ ၂၀၁၅ မှာလည်းဒီလိုမဖြစ်ခဲ့ဘူး၊ သံသယကြီးထွားစေတာကတော့ သတင်းဌာနတစ်ခုမှာတွေ့တဲ့ပါတီတစ်ခုရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ပြောချက်အရ ကျတော်ပြန်ပြောရမယ်ဆိုရင် သူတို့ရဲ့ပါတီမဲဆွယ်စည်းရုံးမှု ကောင်တာပြန်လုပ်ရမယ်ဆိုတဲ့ညွှန်ကြားချက်အပေါ်မှာ  အခြေခံတယ်လို့ထင်တယ်၊  နှောက်ယှက်တဲ့နေရာတိုင်းမှာ  အနီရောင်ဝတ်ဆင်ထားတဲ့ ခွတ်ဒေါင်းတံဆိပ်ပါ လူတွေပဲဖြစ်နေတာ အံ့အားသင့်စရာကောင်းတယ်”လို့  ဦးသိန်းထွန်းဦးက ပြောပါတယ်။

 

ဦးသိန်းထွန်းဦးပြောတဲ့ အဲဒီကိစ္စအတွက် အန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကိုမေးကြည့်တော့ “ သူများပါတီကို ဖျက်လို့ဖျက်ဆီးလုပ်တဲ့ ကိစ္စကျနော်တို့ပါတီဝင်တွေက လုံးဝမလုပ်ပါဘူး အကယ်လို့လုပ်တယ်ဆိုရင် တည်ဆဲဥပဒေအရလည်း အရေးယူပါ ကျနော်တို့ပါတီကလည်း ပါတီစည်းကမ်းနဲ့ အရေးယူပါ့မယ်၊ ကျနော်တို့ပါတီဆိုင်းဘုတ်တွေလည်း နေရာ ၂၀ လောက်ဖျက်ဆီးခံရတာတွေရှိပါတယ်။  လို့ ဆိုပါတယ်။

 

NLD  ပါတီရဲ့ ကိုယ်စားလှယ်လောင်းမိတ်ဆက်ဆိုင်းဘုတ်တွေ မှော်ဘီ အမှတ် ၅၁၀ တင့်ကားတပ်ရင်းရှေ့မှာ ထောင်ထားတဲ့ကိစ္စကို တပ်မတော်က ၂ကြိမ်ကန့်ကွက်တာလည်းတွေ့ရပါတယ်။ မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာမှာတော့ အန်အယ်လ်ဒီပါတီစည်းရုံးရေးမှူးအိမ်ကနေ စည်းရုံးရေးသီချင်းတွေ ကျယ်လောင်စွာဖွင့်လို့ဆိုပြီး ရွာခံ လူ ၁၀၀ကျော်က အဲဒီအန်အယ်ဒီလ်ပါတီဝင်ရဲ့အိမ်နဲ့ ကားတွေကို ဖျက်ဆီးတာခံခဲ့ရပါသေးတယ်။

 

ပြည်ခိုင်ဖြိုးပါတီကတော့å မန္တလေးမှာစိုက်ထူတဲ့ ဆိုင်းဘုတ်တခုမှာ မန္တလေး တက္ကသိုလ်နောက်ခံနဲ့ ကြော်ငြာထားတာကြောင့် မန္တလေးတက္ကသိုလ်ဆရာဆရာမများသမဂ္ဂကနဲ့ ဗကသများအဖွဲ့ချုပ်က စာထုတ်ကန့်ကွက်ထားပါတယ်။

 

တိုင်းရင်းသားဒေသတွေမှာတော့ တအာင်း(ပလောင်) အမျိုးသားပါတီ(TNP) ကိုယ်စားလှယ်လောင်းများ မဲလာ ဆွယ်တာကို လက်ခံရင် ကျေးရွာ ဥက္ကဋ္ဌတွေကို ဒဏ်ငွေ ၁၀ သိန်း ပေးရမယ်လို့  RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက စာပို့ထားတာအပြင် လမ်းခရီးမှာကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးကို အာမမခံကြောင်း ပြောဆိုတာတွေ့ရပါသေးတယ်။

 

#voiceofmyanmar #VOM #မဲဆွယ်စည်းရုံးမှုနှောင့်ယှက်ဖျက်ဆီး

Zawgy

ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးခြင့္ရၿပီးတဲ့ တလအတြင္း ပါတီတခ်ိဳ႕ ေႏွာင့္ယွက္ခံရမႈနဲ႔ ဆိုင္းဘုတ္ဖ်က္ဆီးခံရမႈမ်ား

ေအာက္တိုဘာ ၈-၂၀၂၀
ေဆြလင္းထြန္း + ေနလင္း (VOM)

စက္တင္ဘာ ၈ရက္ကေန ဒီေန႔ ေအာက္တိုဘာ ၈ ရက္ေန႔အတြင္း ႏိုင္ငံေရးပါတီတခ်ိဳ႕မွာ ဆိုင္းဘုတ္ေတြဖ်က္ခံရသလို မဲဆြယ္စည္း႐ုံးေရးလႈပ္ရွားမႈမွာ တလအတြင္း ေႏွာင့္ယွက္ခံရတဲ့ျဖစ္စဥ္ေတြ VOM က သိရွိထားတာေတာ့ ၆၀ေက်ာ္ ရွိခဲ့ေပမယ့္ ႏိုင္ငံေရးပါတီတခ်ိဳ႕ကေတာ့ ဒီထက္မ်ားတယ္လို႔ ဆိုၾကပါတယ္။

ဗီအိုအမ္က စုေဆာင္းထားတဲ့အခ်က္အလက္ေတြအရ
ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ(UNDP) ၁ႀကိမ္၊ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP) ၁ႀကိမ္၊ တအာင္း(ပေလာင္)အမ်ိဳးသားပါတီ(TNP) ၄ႀကိမ္၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP) ၈ႀကိမ္၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP) ၂ႀကိမ္၊ ျပည္သူ႔ပါတီ(PP) ၄ႀကိမ္၊ ရခိုင္အမ်ိဳးသားပါတီ(ANP) ၁ႀကိမ္၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ(SNDP) ၁ႀကိမ္၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD) ၁ႀကိမ္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ၄၁ႀကိမ္ ဆိုင္းဘုတ္ျဖဳတ္ခ်၊ ဖ်က္စီးခံရတာကို သတင္းမီဒီယာနဲ႔ ဆိုရွယ္မီဒီယာမွာေတြ႕ရွိသေလာက္ စုေဆာင္းထားတာျဖစ္ပါတယ္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP) ရဲ႕ ေနျပည္ေတာ္မဲဆြယ္ပြဲမွာ NLD တံဆိပ္ပါတီရွပ္ဝတ္ထားတဲ့ ကြၽဲေက်ာင္းသားေတြက ေလးခြနဲ႔ပစ္လို ခိုက္ရန္ျဖစ္ပြားတာ တႀကိမ္ရွိခဲ့သလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) မဲဆြယ္ယာဥ္တန္းကို ေလးခြနဲ႔ ပစ္ခံရလို႔ ကားမွန္ကြဲသြားတဲ့ ျဖစ္စဥ္လည္း ေနျပည္ေတာ္နယ္ေျမမွာျဖစ္ခဲ့ပါေသးတယ္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)ကေတာ့ သူတို႔ဆိုင္းဘုတ္ေတြ တိုင္းေဒသႀကီး ၇ ခုက ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဖ်က္စီးခံရမႈနဲ႔ ယာဥ္တန္းသြားလာမႈကို ေႏွာက္ယွက္ဟန႔္တားမႈရွိေၾကာင္းနဲ႔ ဒီလိုကိုစၥရပ္ေတြအတြက္ ေအာင္လံ၊ ျမင္းၿခံ၊ ေတာင္သာ၊ ေနျပည္ေတာ္၊ မိတၳီလာ ၿမိဳ႕ေတြမွာ USDP ပါတီမဲဆြယ္စည္း႐ုံးေရးျပဳလုပ္ေနခ်ိန္မွာ ေႏွာက္ယွက္ဟန႔္တားမႈေတြျပဳလုပ္ခဲ့တာေၾကာင့္ တရားစြဲဆိုထားတာေတြရွိပါတယ္လို႔ ျပည္ခိုင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာပါတယ္။

“က်ေတာ္တို႔ထင္တာ ၂၀၁၀ မွာလည္း ဒီလိုမျဖစ္ခဲ့ဘူး၊ ၂၀၁၅ မွာလည္းဒီလိုမျဖစ္ခဲ့ဘူး၊ သံသယႀကီးထြားေစတာကေတာ့ သတင္းဌာနတစ္ခုမွာေတြ႕တဲ့ပါတီတစ္ခုရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးရဲ႕ေျပာခ်က္အရ က်ေတာ္ျပန္ေျပာရမယ္ဆိုရင္ သူတို႔ရဲ႕ပါတီမဲဆြယ္စည္း႐ုံးမႈ ေကာင္တာျပန္လုပ္ရမယ္ဆိုတဲ့ၫႊန္ၾကားခ်က္အေပၚမွာ အေျခခံတယ္လို႔ထင္တယ္၊ ေႏွာက္ယွက္တဲ့ေနရာတိုင္းမွာ အနီေရာင္ဝတ္ဆင္ထားတဲ့ ခြတ္ေဒါင္းတံဆိပ္ပါ လူေတြပဲျဖစ္ေနတာ အံ့အားသင့္စရာေကာင္းတယ္”လို႔ ဦးသိန္းထြန္းဦးက ေျပာပါတယ္။

ဦးသိန္းထြန္းဦးေျပာတဲ့ အဲဒီကိစၥအတြက္ အန္အယ္လ္ဒီပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ကိုေမးၾကည့္ေတာ့ “ သူမ်ားပါတီကို ဖ်က္လို႔ဖ်က္ဆီးလုပ္တဲ့ ကိစၥက်ေနာ္တို႔ပါတီဝင္ေတြက လုံးဝမလုပ္ပါဘူး အကယ္လို႔လုပ္တယ္ဆိုရင္ တည္ဆဲဥပေဒအရလည္း အေရးယူပါ က်ေနာ္တို႔ပါတီကလည္း ပါတီစည္းကမ္းနဲ႔ အေရးယူပါ့မယ္၊ က်ေနာ္တို႔ပါတီဆိုင္းဘုတ္ေတြလည္း ေနရာ ၂၀ ေလာက္ဖ်က္ဆီးခံရတာေတြရွိပါတယ္။ လို႔ ဆိုပါတယ္။

NLD ပါတီရဲ႕ ကိုယ္စားလွယ္ေလာင္းမိတ္ဆက္ဆိုင္းဘုတ္ေတြ ေမွာ္ဘီ အမွတ္ ၅၁၀ တင့္ကားတပ္ရင္းေရွ႕မွာ ေထာင္ထားတဲ့ကိစၥကို တပ္မေတာ္က ၂ႀကိမ္ကန႔္ကြက္တာလည္းေတြ႕ရပါတယ္။ မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ ကန္နီ႐ြာမွာေတာ့ အန္အယ္လ္ဒီပါတီစည္း႐ုံးေရးမႉးအိမ္ကေန စည္း႐ုံးေရးသီခ်င္းေတြ က်ယ္ေလာင္စြာဖြင့္လို႔ဆိုၿပီး ႐ြာခံ လူ ၁၀၀ေက်ာ္က အဲဒီအန္အယ္ဒီလ္ပါတီဝင္ရဲ႕အိမ္နဲ႔ ကားေတြကို ဖ်က္ဆီးတာခံခဲ့ရပါေသးတယ္။

ျပည္ခိုင္ၿဖိဳးပါတီကေတာ့å မႏၲေလးမွာစိုက္ထူတဲ့ ဆိုင္းဘုတ္တခုမွာ မႏၲေလး တကၠသိုလ္ေနာက္ခံနဲ႔ ေၾကာ္ျငာထားတာေၾကာင့္ မႏၲေလးတကၠသိုလ္ဆရာဆရာမမ်ားသမဂၢကနဲ႔ ဗကသမ်ားအဖြဲ႕ခ်ဳပ္က စာထုတ္ကန႔္ကြက္ထားပါတယ္။

တိုင္းရင္းသားေဒသေတြမွာေတာ့ တအာင္း(ပေလာင္) အမ်ိဳးသားပါတီ(TNP) ကိုယ္စားလွယ္ေလာင္းမ်ား မဲလာ ဆြယ္တာကို လက္ခံရင္ ေက်း႐ြာ ဥကၠ႒ေတြကို ဒဏ္ေငြ ၁၀ သိန္း ေပးရမယ္လို႔ RCSS ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီက စာပို႔ထားတာအျပင္ လမ္းခရီးမွာ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရးကို အာမမခံေၾကာင္း ေျပာဆိုတာေတြ႕ရပါေသးတယ္။

#voiceofmyanmar #VOM #မဲဆြယ္စည္း႐ုံးမႈေႏွာင့္ယွက္ဖ်က္ဆီး

 

Related posts

Leave a Comment

VOM News

FREE
VIEW