အမှုတူ ပုဒ်မတူ ပြစ်ဒဏ်မတူသည့် တရားရုံးဆုံးဖြတ်ချက်ကို ပြည်သူများမကျေနပ်

အမှုတူ ပုဒ်မတူ ပြစ်ဒဏ်မတူသည့် တရားရုံးဆုံးဖြတ်ချက်ကို ပြည်သူများမကျေနပ်

ဖားကန့်၊ အောက်တိုဘာ ၈-၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တရားရုံးမှာ မနေ့ အောက်တိုဘာ ၇ ရက်နေ့ညနေပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေချိုးဖောက်သူတဦးကို ငွေဒဏ်နဲ့အပြစ်ပေးပြီး အမှုကိုစီရင်ခဲ့တယ်လို့ အမှုမှာပါဝင်သူတွေဆီကနေ သိရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ချိုးဖောက်သူဟာ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်က ဦးအားတီးဖြစ်ပြီး တရားလိုပြုလုပ်တိုင်တန်းသူက ဖားကန့်မြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ဖြစ်တယ်လို့ သိရပါတယ်။

ဦးအားတီကို ရာဇသတ်ကြီးပုဒ်မ-၂၉၄/၃၅၃ နဲ့ စက်တင်ဘာ (၂၀)ရက်နေ့က ဖားကန့်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရားရုံးကို အမှုစွဲတင်ရာမှာ အရင်စွဲထားတဲ့ပုဒ်မတွေဟာ သဘာဝဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲမှုဥပဒေထဲမှာ အကျုံးဝင်နေတာကြောင့် မူလစွဲဆိုထားတဲ့ပုဒ်မတွေကိုဖြုတ်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ-၂၆ နဲ့ ၃၀(က) တို့နဲ့ ပြောင်းလဲစွဲဆိုခဲ့ရတယ်လို့ ဖားကန့်မြို့နယ်တရားရုံးကပြောပါတယ်။

“အမှုကို အောက်တိုဘာ ၇ရက်နေ့က ဖားကန့်မြို့နယ်တရားရုံးက စတင်ကြားနာစစ်ဆေးခဲ့ပါတယ်၊ ကျွန်တော့ကို စစ်တာတော့ ဆဲတာ ဟုတ်သလား ၊ဘယ်လိုဆဲလဲ ဘာလဲ ဒီလောက်ပဲစစ်တာပါ ။ တဖက်က ရှေ့နေနဲ့ဆိုတော့ လှည့်ပတ်ဝေ့ဝိုက်မေးတာပေါ့ဗျာ ။ လာကြိုတာတောင် လာကြိုတာမဟုတ်ဘူး၊ လမ်းကြုံတာ ဖြစ်သွားတယ်ဗျာ ။ နောက်ဆုံး ပုဒ်မနှစ်ခုကို ဒဏ်ငွေ ၁၅သိန်းနဲ့ပြီးသွားတယ်”လို့ တရားလိုဖြစ်သူ ဦးမောင်ကြီးကပြောပါတယ်။

ဦးမောင်ကြီးဟာ သူအမှုဖွင့်ထားတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး တရားရုံးမှာ ကြေအေးကြောင်း လက်မှတ်ထိုးခဲ့တာ မရှိခဲ့ဘူးလို့လည်း ပြောပါတယ် ။

“အပြင်မှာတော့ မြို့မိမြို့ဖရယ် ရိုးရာလူကြီးတွေနဲ့ ကျွန်တော့ကို လာတောင်းပန်တာရှိတယ် ။ အဲ့ဒီလိုပေါ့ အဖက်ဖက်က ဖိအားတွေရော ကျွန်တော့အတွက် အန္တရာယ်ရှိနိုင်တာရောကြောင့်ကျနော်ကျေနပ်လိုက်တယ်။ ဖွင့်ထားတဲ့အမှုတွဲမှာတော့ ဒါကို ကျေအေးကြောင်းတော့ လက်မှတ်မထိုးထားဘူး ။ တရားရုံးမှာပဲ ဥပဒေအတိုင်း လုပ်ကြရအောင်လို့ပဲ ပြောလိုက်တယ်”လို့ ဦးမောင်ကြီးကပြောပါတယ်။

ဦးမောင်ကြီးစွဲဆိုတဲ့ ပုဒ်မလေးခုမှာ ပုဒ်မနှစ်ခုကို တရားရုံးကမစစ်ဘဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ နှစ်ခုကိုသာ စစ်ဆေးမေးမြန်းပြီး အဲ့ဒီပုဒ်မ နှစ်ခုအတွက် ငွေဒဏ် (၁၅)သိန်းသာပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ်တရားရုံးကို VOMက မေးမြန်းခဲ့ရာမှာတော့ အမှုက မပြီးသေးဘူးလို့ ပြောပါတယ်။

” ပထမ ပုဒ်မ -၂၉၄/၃၅၃ နဲ့ဖွင့်ထားတာပါ။ ဦးမောင်ကြီး ဆောင်ရွက်နေတာကလည်း ကိုဗစ်-၁၉ နဲ့ ပတ်သတ်ပြီးဆောင်ရွက်နေတာဖြစ်လို့ သဘာဝဘေး/စီဥပဒေထဲမှာ အကျုံးဝင်သွားတယ်။ ဒါကြောင့် သဘာဘေးနဲ့ စွဲဆိုဖို့ တင်လိုက်တာပါ ၊ ပုဒ်မ ၂၆ က ဆယ်သိန်း၊ ၃၀(က)က ငါးသိန်း ပေါ့ ။ ကျနော်တို့ဘက်ကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ “လို့ ဖားကန့်မြို့နယ် ဥပဒေအရာရှိ ဦးကျော်သူက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့အထိတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ်ဥပဒေရုံးက အထက်ကို အယူခံတက်တာမျိုးတော့ မရှိသေးပါဘူး။

ဖားကန့်မြို့နယ်တရားရုံးမှာ စက်တင်ဘာ တတိယပတ်က အလားတူဖြစ်စဉ်မျိုး ဖြစ်ခဲ့ပါတယ်။ မရှီကထောင်ရပ်ကွက်ရှိ မောင်လင်းမင်းဟိန်းဆိုသူဟာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ-၂၆ နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် (၃)လ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၆နဲ့ ထောင်ဒဏ် (၃)လ ပြစ်ဒဏ်ချမှတ်ခံရတဲ့ မရှီကထောင်ရပ်ကွက်က မောင်းလင်းမင်းဟိန်း နဲ့ အောက်တိုဘာ ၇ ရက်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ် ၂၆ နဲ့ ငွေဒဏ် (၁၀)သိန်း ပြစ်ဒဏ်ချမှတ်ခံရတဲ့ အေးမြသာယာရပ်ကွက်က ဦးအားတီတို့ဟာ အမှုတူ၊ ပုဒ်မတူ ဖြစ်နေပေမယ့် ပြစ်ဒဏ်ချမှတ်မှု မျှတမှုမရှိဘဲ ကွဲလွဲနေတာဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ-၂၆ ဟာ ” မည်သူမဆို ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန ၊အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတရပ်ရပ် ဆောင်ရွက်သည်ကို နှောင့်ယှက်ခြင်း ၊ တားဆီးခြင်း ၊ဟန့်တားခြင်း ၊ လက်ရောက်မှုကြူးလွန်ခြင်း သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်ထက် ပြုမူခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၂နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည်”လို့ ဥပဒေမှာ အတိအလင်းပြဌာန်းထားတာဖြစ်ပါတယ်။

ဦးအားတီကို ပြစ်မှုထင်ရှားတာကြောင့် ဒဏ်ငွေ ၅ သိန်း ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)ကလည်း ဥပဒေမှာပြဋ္ဌာန်းထားတာက ” မည်သူမဆို အောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတရပ်ရပ်ကို ဆောင်ရွက်ရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန ၊အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက်တရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်း”လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

အခုလို ပြစ်ဒဏ်စီရင်ချက်ချမှတ်တာတွေမှာ ကွဲလွဲနေတာနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်နေတဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ လုပ်အားပေးသူများ ၊ပရဟိတအသင်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေက ကျေနပ်မှုမရှိကြဘူးလို့လည်း သိရပါတယ်။

“ပုဒ်မက အတူတူပဲလေ ။ လောပန်း အားတီက ပုဒ်မတစ်ခုတောင် ပိုနေသေးတယ် ။ဟိုကောင်လေးကိုကျတော့ ထောင်သုံးလချပြီး လောပန်းကိုကျတော့ ဒဏ်ငွေဆယ်သိန်းပဲ ရိုက်တယ်ဆိုတော့ မျှတလား၊မမျှတလား စဉ်းစားပေါ့။ ပုဒ်မနှစ်ခုလုံးက ထောင်ချလို့ရတာတွေချည်းပဲကို ငွေဒဏ်ပဲချလိုက်တယ်၊ အဲဒီတရားရုံးဆုံးဖြတ်ချက်က သက်ရောက်မှုတွေရှိတယ်။ မနေ့ကအထိ သူ့ရွာ ကိုယ့်ရွာတွေမှာ ဒီရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ကြ စစ်ဆေးကြ ၊ Mask တွေပေး လက်တွေဆေးခိုင်းပေါ့ ။ ဒီနေ့အဲ့ဒါတွေ ဘာမှမရှိတော့ဘူး။ သူတို့ဘယ်လောက်ကာကွယ်နေလဲ၊ ဥပဒေချိုးဖောက်တဲ့လူတွေကို ဒီပုံစံအပြစ်ပေးနေတော့ အောက်က အသက်စွန့်ပြီးလုပ်ရတဲ့လူတွေ သေရောပေါ့ ။ စိတ်ဓါတ်ကျကုန်ပြီလေ “လို့ ဖားကန့်မြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက ပြောပါတယ် ။

ဖားကန့်တနယ်လုံးက ပရဟိတသမားတွေ ၊လူမှုကူညီရေးအသင်းတွေ ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ ကြိုးပမ်းလုပ်ဆောင်မှုတွေကို တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ မထီမဲ့မြင်ပြုရာ ကျတယ်လို့လည်း မြို့နယ်ဥပဒေအထောက်ကူပြုအဖွဲ့ဥက္ကဋ္ဌက သုံးသပ်ပြောဆိုခဲ့တာဖြစ်ပါတယ် ။

#voiceofmyanmar #VOM #ဖားကန့်

Zawgyi

အမႈတူ ပုဒ္မတူ ျပစ္ဒဏ္မတူသည့္ တရား႐ုံးဆုံးျဖတ္ခ်က္ကို ျပည္သူမ်ားမေက်နပ္

ဖားကန္႔၊ ေအာက္တိုဘာ ၈-၂၀၂၀
ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္တရား႐ုံးမွာ မေန႔ ေအာက္တိုဘာ ၇ ရက္ေန႔ညေနပိုင္းက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒခ်ိဳးေဖာက္သူတဦးကို ေငြဒဏ္နဲ႔အျပစ္ေပးၿပီး အမႈကိုစီရင္ခဲ့တယ္လို႔ အမႈမွာပါဝင္သူေတြဆီကေန သိရပါတယ္။

သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒကို ခ်ိဳးေဖာက္သူဟာ ဖားကန႔္ၿမိဳ႕၊ ေအးျမသာယာရပ္ကြက္က ဦးအားတီးျဖစ္ၿပီး တရားလိုျပဳလုပ္တိုင္တန္းသူက ဖားကန႔္ၿမိဳ႕ ၿမိဳ႕မရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ႀကီး ျဖစ္တယ္လို႔ သိရပါတယ္။

ဦးအားတီကို ရာဇသတ္ႀကီးပုဒ္မ-၂၉၄/၃၅၃ နဲ႔ စက္တင္ဘာ (၂၀)ရက္ေန႔က ဖားကန႔္ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

တရား႐ုံးကို အမႈစြဲတင္ရာမွာ အရင္စြဲထားတဲ့ပုဒ္မေတြဟာ သဘာဝေဘးအႏၲရာယ္ဆိုင္ စီမံခန႔္ခြဲမႈဥပေဒထဲမွာ အက်ဳံးဝင္ေနတာေၾကာင့္ မူလစြဲဆိုထားတဲ့ပုဒ္မေတြကိုျဖဳတ္ၿပီး သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာ ဥပေဒပုဒ္မ-၂၆ နဲ႔ ၃၀(က) တို႔နဲ႔ ေျပာင္းလဲစြဲဆိုခဲ့ရတယ္လို႔ ဖားကန႔္ၿမိဳ႕နယ္တရားရံုးကေျပာပါတယ္။

“အမႈကို ေအာက္တိုဘာ ၇ရက္ေန႔က ဖားကန႔္ၿမိဳ႕နယ္တရား႐ုံးက စတင္ၾကားနာစစ္ေဆးခဲ့ပါတယ္၊ ကၽြန္ေတာ့ကို စစ္တာေတာ့ ဆဲတာ ဟုတ္သလား ၊ဘယ္လိုဆဲလဲ ဘာလဲ ဒီေလာက္ပဲစစ္တာပါ ။ တဖက္က ေရွ႕ေနနဲ႔ဆိုေတာ့ လွည့္ပတ္ေဝ့ဝိုက္ေမးတာေပါ့ဗ်ာ ။ လာႀကိဳတာေတာင္ လာႀကိဳတာမဟုတ္ဘူး၊ လမ္းႀကဳံတာ ျဖစ္သြားတယ္ဗ်ာ ။ ေနာက္ဆုံး ပုဒ္မႏွစ္ခုကို ဒဏ္ေငြ ၁၅သိန္းနဲ႔ၿပီးသြားတယ္”လို႔ တရားလိုျဖစ္သူ ဦးေမာင္ႀကီးကေျပာပါတယ္။

ဦးေမာင္ႀကီးဟာ သူအမႈဖြင့္ထားတဲ့ ပုဒ္မေတြနဲ႔ပတ္သက္ၿပီး တရား႐ုံးမွာ ေၾကေအးေၾကာင္း လက္မွတ္ထိုးခဲ့တာ မရွိခဲ့ဘူးလို႔လည္း ေျပာပါတယ္ ။

“အျပင္မွာေတာ့ ၿမိဳ႕မိၿမိဳ႕ဖရယ္ ႐ိုးရာလူႀကီးေတြနဲ႔ ကၽြန္ေတာ့ကို လာေတာင္းပန္တာရွိတယ္ ။ အဲ့ဒီလိုေပါ့ အဖက္ဖက္က ဖိအားေတြေရာ ကၽြန္ေတာ့အတြက္ အႏၲရာယ္ရွိႏိုင္တာေရာေၾကာင့္က်ေနာ္ေက်နပ္လိုက္တယ္။ ဖြင့္ထားတဲ့အမႈတြဲမွာေတာ့ ဒါကို ေက်ေအးေၾကာင္းေတာ့ လက္မွတ္မထိုးထားဘူး ။ တရား႐ုံးမွာပဲ ဥပေဒအတိုင္း လုပ္ၾကရေအာင္လို႔ပဲ ေျပာလိုက္တယ္”လို႔ ဦးေမာင္ႀကီးကေျပာပါတယ္။

ဦးေမာင္ႀကီးစြဲဆိုတဲ့ ပုဒ္မေလးခုမွာ ပုဒ္မႏွစ္ခုကို တရားရံုးကမစစ္ဘဲ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈပုဒ္မ ႏွစ္ခုကိုသာ စစ္ေဆးေမးျမန္းၿပီး အဲ့ဒီပုဒ္မ ႏွစ္ခုအတြက္ ေငြဒဏ္ (၁၅)သိန္းသာေပးေဆာင္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ဖားကန႔္ၿမိဳ႕နယ္တရား႐ုံးကို VOMက ေမးျမန္းခဲ့ရာမွာေတာ့ အမႈက မၿပီးေသးဘူးလို႔ ေျပာပါတယ္။

” ပထမ ပုဒ္မ -၂၉၄/၃၅၃ နဲ႔ဖြင့္ထားတာပါ။ ဦးေမာင္ႀကီး ေဆာင္႐ြက္ေနတာကလည္း ကိုဗစ္-၁၉ နဲ႔ ပတ္သတ္ၿပီးေဆာင္႐ြက္ေနတာျဖစ္လို႔ သဘာဝေဘး/စီဥပေဒထဲမွာ အက်ဳံးဝင္သြားတယ္။ ဒါေၾကာင့္ သဘာေဘးနဲ႔ စြဲဆိုဖို႔ တင္လိုက္တာပါ ၊ ပုဒ္မ ၂၆ က ဆယ္သိန္း၊ ၃၀(က)က ငါးသိန္း ေပါ့ ။ က်ေနာ္တို႔ဘက္ကေတာ့ လုပ္ထုံးလုပ္နည္းနဲ႔အညီ ဆက္လက္ေဆာင္႐ြက္သြားမွာပါ “လို႔ ဖားကန႔္ၿမိဳ႕နယ္ ဥပေဒအရာရွိ ဦးေက်ာ္သူက ေျပာပါတယ္။

ေအာက္တိုဘာ ၈ ရက္ေန႔အထိေတာ့ ဒီအမႈနဲ႔ပတ္သက္ၿပီး ဖားကန႔္ၿမိဳ႕နယ္ဥပေဒ႐ုံးက အထက္ကို အယူခံတက္တာမ်ိဳးေတာ့ မရွိေသးပါဘူး။

ဖားကန႔္ၿမိဳ႕နယ္တရား႐ုံးမွာ စက္တင္ဘာ တတိယပတ္က အလားတူျဖစ္စဥ္မ်ိဳး ျဖစ္ခဲ့ပါတယ္။ မရွီကေထာင္ရပ္ကြက္ရွိ ေမာင္လင္းမင္းဟိန္းဆိုသူဟာ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာ ဥပေဒပုဒ္မ-၂၆ နဲ႔ တရားစြဲဆိုခံခဲ့ရျပီး ေထာင္ဒဏ္ (၃)လ ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာဥပေဒပုဒ္မ ၂၆နဲ႔ ေထာင္ဒဏ္ (၃)လ ျပစ္ဒဏ္ခ်မွတ္ခံရတဲ့ မရွီကေထာင္ရပ္ကြက္က ေမာင္းလင္းမင္းဟိန္း နဲ႔ ေအာက္တိုဘာ ၇ ရက္ေန႔က သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္ ၂၆ နဲ႔ ေငြဒဏ္ (၁၀)သိန္း ျပစ္ဒဏ္ခ်မွတ္ခံရတဲ့ ေအးျမသာယာရပ္ကြက္က ဦးအားတီတို႔ဟာ အမႈတူ၊ ပုဒ္မတူ ျဖစ္ေနေပမယ့္ ျပစ္ဒဏ္ခ်မွတ္မႈ မွ်တမႈမရွိဘဲ ကြဲလြဲေနတာျဖစ္ပါတယ္။

သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာ ဥပေဒပုဒ္မ-၂၆ ဟာ ” မည္သူမဆို ဤဥပေဒအရ တာဝန္ေပးအပ္ျခင္းခံရသည့္ ဌာန ၊အဖြဲ႕အစည္း သို႔မဟုတ္ ပုဂၢိဳလ္အား သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈတရပ္ရပ္ ေဆာင္႐ြက္သည္ကို ေႏွာင့္ယွက္ျခင္း ၊ တားဆီးျခင္း ၊ဟန႔္တားျခင္း ၊ လက္ေရာက္မႈၾကဴးလြန္ျခင္း သို႔မဟုတ္ ျပစ္မႈမကင္းေသာ အႏိုင္ထက္ ျပဳမူျခင္းျပဳေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူကို ၂ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ ျဖစ္ေစ ၊ ေငြဒဏ္ျဖစ္ေစ ၊ဒဏ္ႏွစ္ရပ္လုံးကို ျဖစ္ေစ ခ်မွတ္ရမည္”လို႔ ဥပေဒမွာ အတိအလင္းျပဌာန္းထားတာျဖစ္ပါတယ္။

ဦးအားတီကို ျပစ္မႈထင္ရွားတာေၾကာင့္ ဒဏ္ေငြ ၅ သိန္း ေပးေဆာင္ဖို႔ အမိန႔္ခ်မွတ္ခဲ့တဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၃၀(က)ကလည္း ဥပေဒမွာျပ႒ာန္းထားတာက ” မည္သူမဆို ေအာက္ေဖာ္ျပပါ ျပဳလုပ္မႈ သို႔မဟုတ္ ပ်က္ကြက္မႈ တရပ္ရပ္ကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူကို တႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ ၊ေငြဒဏ္ျဖစ္ေစ ဒဏ္ႏွစ္ရပ္လုံးကို ျဖစ္ေစ ခ်မွတ္ရမည္။ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈတရပ္ရပ္ကို ေဆာင္႐ြက္ရန္ ဤဥပေဒအရ တာဝန္ေပးအပ္ျခင္းခံရသည့္ ဌာန ၊အဖြဲ႕အစည္း သို႔မဟုတ္ ပုဂၢိဳလ္၏ ၫႊန္ၾကားခ်က္တရပ္ရပ္ကို လိုက္နာရန္ ပ်က္ကြက္ျခင္း”လို႔ ျပ႒ာန္းထားတာျဖစ္ပါတယ္။

အခုလို ျပစ္ဒဏ္စီရင္ခ်က္ခ်မွတ္တာေတြမွာ ကြဲလြဲေနတာနဲ႔ပတ္သက္ၿပီး ဖားကန႔္ၿမိဳ႔နယ္အတြင္းမွာ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္မႈဆိုင္ရာလုပ္ငန္းမ်ား လုပ္ေဆာင္ေနတဲ့ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား ၊ လုပ္အားေပးသူမ်ား ၊ပရဟိတအသင္းေတြမွာ ဝင္ေရာက္လုပ္ကိုင္ေနသူေတြက ေက်နပ္မႈမရွိၾကဘူးလို႔လည္း သိရပါတယ္။

“ပုဒ္မက အတူတူပဲေလ ။ ေလာပန္း အားတီက ပုဒ္မတစ္ခုေတာင္ ပိုေနေသးတယ္ ။ဟိုေကာင္ေလးကိုက်ေတာ့ ေထာင္သုံးလခ်ၿပီး ေလာပန္းကိုက်ေတာ့ ဒဏ္ေငြဆယ္သိန္းပဲ ႐ိုက္တယ္ဆိုေတာ့ မွ်တလား၊မမွ်တလား စဥ္းစားေပါ့။ ပုဒ္မႏွစ္ခုလုံးက ေထာင္ခ်လို႔ရတာေတြခ်ည္းပဲကို ေငြဒဏ္ပဲခ်လိုက္တယ္၊ အဲဒီတရား႐ုံးဆုံးျဖတ္ခ်က္က သက္ေရာက္မႈေတြရွိတယ္။ မေန႔ကအထိ သူ႔႐ြာ ကိုယ့္႐ြာေတြမွာ ဒီေရာဂါနဲ႔ပတ္သက္ၿပီး ကာကြယ္ၾက စစ္ေဆးၾက ၊ Mask ေတြေပး လက္ေတြေဆးခိုင္းေပါ့ ။ ဒီေန႔အဲ့ဒါေတြ ဘာမွမရွိေတာ့ဘူး။ သူတို႔ဘယ္ေလာက္ကာကြယ္ေနလဲ၊ ဥပေဒခ်ိဳးေဖာက္တဲ့လူေတြကို ဒီပုံစံအျပစ္ေပးေနေတာ့ ေအာက္က အသက္စြန႔္ၿပီးလုပ္ရတဲ့လူေတြ ေသေရာေပါ့ ။ စိတ္ဓါတ္က်ကုန္ျပီေလ “လို႔ ဖားကန႔္ၿမိဳ႕နယ္ ဥပေဒအေထာက္အကူျပဳအဖြဲ႕ဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းထြန္းက ေျပာပါတယ္ ။

ဖားကန႔္တနယ္လုံးက ပရဟိတသမားေတြ ၊လူမႈကူညီေရးအသင္းေတြ ၊ သက္ဆိုင္ရာ တာဝန္ရွိသူေတြရဲ႕ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္မႈဆိုင္ရာ ႀကိဳးပမ္းလုပ္ေဆာင္မႈေတြကို တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ဟာ မထီမဲ့ျမင္ျပဳရာ က်တယ္လို႔လည္း ၿမိဳ႕နယ္ဥပေဒအေထာက္ကူျပဳအဖြဲ႕ဥကၠ႒က သုံးသပ္ေျပာဆိုခဲ့တာျဖစ္ပါတယ္ ။

#voiceofmyanmar #VOM #ဖားကန္႔

Related posts

Leave a Comment

VOM News

FREE
VIEW