မြောက်ကိုရီးယား စစ်ရေးပြပွဲမှာ အကြီးစား တိုက်ချင်းပစ်ဒုံးပျံသစ်တွေ ထုတ်ဖော်ပြသ

မြောက်ကိုရီးယား စစ်ရေးပြပွဲမှာ အကြီးစား တိုက်ချင်းပစ်ဒုံးပျံသစ်တွေ ထုတ်ဖော်ပြသ

ပြုံးယမ်း၊ အောက်တိုဘာ-၁၁-၂၀၂၀
မျိုးဆက်(VOM)

မြောက်ကိုရီးယားနိုင်ငံဟာ အောက်တိုဘာ ၁၀ ရက်ကပြုလုပ်တဲ့ စစ်ရေးပြပွဲမှာ ယခင်ကမတွေ့ဖူးတဲ့ တိုက်ချင်းပစ်ဒုံးပျံတွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒါဟာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တာဝေးပစ် ဒုံးပျံတွေကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။

၁၁ ဘီတပ်သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်မှာတင်ထားတဲ့ ဒုံးပျံကတော့ တစ်ကယ်ပစ်ခတ်နိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံး တိုက်ချင်းပစ်ဒုံးပျံဖြစ်နိုင်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားကစမ်းသပ်ခဲ့သမျှထဲမှာ အကွာအဝေးအမြင့်ဆုံး ပစ်ခတ်နိုင်တဲ့ Hwasong-15 ဒုံးပျံနဲ့ ရေငုပ်သင်္ဘောတွေပေါ်က ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးပျံသစ်ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ အခုနှစ်အစောပိုင်းက ကတိပြုထားခဲ့တဲ့အတိုင်း မဟာဗျူဟာမြောက် လက်နက်သစ်ကို စစ်ရေးပြပွဲမှာ ထုတ်ဖော်ပြသလာနိုင်တယ်လို့ အာဏာရအလုပ်သမားပါတီ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်အဖြစ်ပြုလုပ်တဲ့ အဲ့ဒီစစ်ရေးပြပွဲမတိုင်မီ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုထားခဲ့ပါတယ်။

စစ်ရေးပြပွဲမှာ ဒုံးပျံတွေ ထုတ်ဖော်ပြသတာကတော့ ၂၀၁၈ ခုနှစ်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ကင်ဂျုံအန်တို့ တွေ့ဆုံမှုတွေစတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Ref: CNA
Photo: AP
#voiceofmyanmar #VOM #ပြုံးယမ်း

Zawgyi

ေျမာက္ကိုရီးယား စစ္ေရးျပပြဲမွာ အၾကီးစား တိုက္ခ်င္းပစ္ဒံုးပ်ံသစ္ေတြ ထုတ္ေဖာ္ျပသ

ျပံဳးယမ္း၊ ေအာက္တိုဘာ-၁၁-၂၀၂၀
မ်ိဳးဆက္(VOM)

ေျမာက္ကိုရီးယားနိုင္ငံဟာ ေအာက္တိုဘာ ၁၀ ရက္ကျပဳလုပ္တဲ႔ စစ္ေရးျပပြဲမွာ ယခင္ကမေတြ႔ဖူးတဲ႔ တိုက္ခ်င္းပစ္ဒံုးပ်ံေတြကို ထုတ္ေဖာ္ျပသလိုက္ပါတယ္။ ဒါဟာ နွစ္နွစ္အတြင္း ပထမဆံုးအၾကိမ္အျဖစ္ တာေ၀းပစ္ ဒံုးပ်ံေတြကို ထုတ္ေဖာ္ျပသလိုက္တာျဖစ္ပါတယ္။

၁၁ ဘီတပ္သယ္ယူပို႔ေဆာင္ေရးယာဥ္ေပၚမွာတင္ထားတဲ႔ ဒံုးပ်ံကေတာ႔ တစ္ကယ္ပစ္ခတ္နိုင္မယ္ဆိုရင္ ကမၻာေပၚမွာ အၾကီးဆံုး တိုက္ခ်င္းပစ္ဒံုးပ်ံျဖစ္နိုင္တယ္လို႔ ေလ႔လာသူေတြကဆုိပါတယ္။

ဒါ႔အျပင္ ေျမာက္ကိုရီးယားကစမ္းသပ္ခဲ႔သမွ်ထဲမွာ အကြာအေ၀းအျမင္႔ဆံုး ပစ္ခတ္နိုင္တဲ႔ Hwasong-15 ဒံုးပ်ံနဲ႔ ေရငုပ္သေဘၤာေတြေပၚက ပစ္ခတ္နိုင္တဲ႔ တိုက္ခ်င္းပစ္ဒံုးပ်ံသစ္ကိုလည္း ထုတ္ေဖာ္ျပသခဲ႔ပါတယ္။

ကင္ဂ်ံဳအန္ဟာ အခုနွစ္အေစာပိုင္းက ကတိျပဳထားခဲ႔တဲ႔အတိုင္း မဟာဗ်ဴဟာေျမာက္ လက္နက္သစ္ကို စစ္ေရးျပပြဲမွာ ထုတ္ေဖာ္ျပသလာနုိင္တယ္လို႔ အာဏာရအလုပ္သမားပါတီ တည္ေထာင္ျခင္း ၇၅ နွစ္ျပည္႔အျဖစ္ျပဳလုပ္တဲ႔ အဲ့ဒီစစ္ေရးျပပြဲမတိုင္မီ အေမရိကန္နဲ႔ ေတာင္ကိုရီးယား တာ၀န္္ရိွသူေတြက ခန္႔မွန္းေျပာဆိုထားခဲ႔ပါတယ္။

စစ္ေရးျပပြဲမွာ ဒံုးပ်ံေတြ ထုတ္ေဖာ္ျပသတာကေတာ႔ ၂၀၁၈ ခုနွစ္မွာ အေမရိကန္သမၼတေဒၚနယ္ထရန္႔အပါအ၀င္ နိုင္ငံတကာေခါင္းေဆာင္ေတြနဲ႔ ကင္ဂ်ံဳအန္တို႔ ေတြ႔ဆံုမႈေတြစတင္ျပီးေနာက္ပိုင္း ပထမဆံုးအၾကိ္မ္ျဖစ္ပါတယ္။

Ref: CNA
Photo: AP
#voiceofmyanmar #VOM #ျပံဳးယမ္း

Related posts

Leave a Comment

VOM News

FREE
VIEW