တပ်နယ်မြေမှာ NLD အောင်နိုင်ရေး အင်အားပြယာဉ်တန်း ပထမဆုံးအကြိမ်လှည့်လည်

တပ်နယ်မြေမှာ NLD အောင်နိုင်ရေး အင်အားပြယာဉ်တန်း ပထမဆုံးအကြိမ်လှည့်လည် အောက်တိုဘာ ၁၁-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်မှာ တပ်နယ်မြေလို့လူသိများတဲ့ ဇေယျာသီရိမြို့နယ်ထဲမှာ NLD အောင်နိုင်ရေး အင်အားပြယာဉ်တန်းဟာ ဒီကနေ့မနက်ပိုင်းကက လူအင်အားအမြောက်အများနဲ့ ပထမဆုံးအကြိမ် လှည့်လည်ခဲ့ပါတယ်။ “ဘယ်သူမှ ပိုက်ဆံလည်း မပေးဘူး။ ကျွေးမွေးတာလည်း မရှိဘူး။ ကိုယ့်စရိတ်နဲ့ကိုယ် အားပေးတယ် ထောက်ခံတယ်၊ ၀န်းရံတယ်။ ကိုယ့် အမေကို ချစ်လို့။ အမေစုကိုချစ်လို့ ထောက်ခံတာ။ ကိုယ်စားလှယ် ဘယ်သူဆိုတာတော့ မသိဘူး”လို့ လှည့်လည်ရာမှာပါ၀င်တဲ့ စိမ်းစားပင်ကျေးရွာက ကိုခင်လေးက ပြောပါတယ်။ အဲ့ဒီအင်အားပြယာဉ်တန်းမှာ ထွန်းစက်၊ ဆိုင်ကယ်၊ ကားတွေနဲ့ လူအင်အား ၁၃၀၀ ကျော် လောက်ဟာ ရပ်ကွက်၊ကျေးရွာအချို့ကို လှည့်လည်ခဲ့တာလည်းဖြစ်ပါတယ်။ “ဒီမှာ ကြံ့ခိုင်ရေးပါတီကတော့ အစုစုလေးတွေနဲ့ လိုက်ပြောနေတာတော့ကြားမိတယ်။ ဦးသန်းဌေးလား ဘယ်သူလဲတော့မသိဘူး။ ဟိုနေ့ကတောင် ဟိုရှေ့ရွာမှာ ဟောပြောတာလုပ်သွားသေးတယ်။ သူတို့လည်း…

Read More

ပိုးတွေ့လူနာ ၁၉ ယောက်ရှိတဲ့ သိမ်ဇရပ်မြို့က နေရာ ၄ ခုကို လော့ခ်ဒေါင်းချ

ပိုးတွေ့လူနာ ၁၉ ယောက်ရှိတဲ့ သိမ်ဇရပ်မြို့က နေရာ ၄ ခုကို လော့ခ်ဒေါင်းချ အောက်တိုဘာ ၁၁-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းက ထုတ်ပြန်ချက်အရ Covid-19ပိုးတွေ့လူနာ ၁၉ ဦးအထိတွေ့ရှိခဲ့တဲ့အတွက် ဒေသတွင်းနေရာ ၄ ခုကို အဝင်အထွက် လက်မခံတော့ဘဲ လော့ခ်ဒေါင်း သက်မှတ်လိုက်တယ်လို့ သိမ်ဇရပ်အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်က ပြောပါတယ်။ ကနဦး အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားတစ်ဦးကလည်း စောင့်ကြည့်နေတုန်း ရောဂါပိုးတွေ့တာ။ ရန်ကုန်ကခိုးပြီးဝင်လာတဲ့ အမျိုးသမီးကိုလည်း သိသိချင်း ခေါ်ယူစောင့်ကြည့်ထားတာပါ။ ပိုးတွေ့လူနာအားလုံး ခိုးဝင်လာပြီးဖြစ်ခဲ့တာမဟုတ်ပါဘူး”လို့ ဦးတေဇာကြည်က ပြောပါတယ်။ အခုလက်ရှိ သိမ်ဇရပ်မြို့ပေါ်မှာ ကိုဗစ်ပိုးတွေ့လူနာ အမျိုးသား ၊ အမျိုးသမီး ၁၉ ဦးနဲ့ ထိတွေ့မိခဲ့သူ စုစုပေါင်း၂၁ ဦးကိုလည်း ကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်နေပြီး မြို့ပေါ်ရပ်ကွက်အချို့ကိုလည်း…

Read More

မြောက်ကိုရီးယား စစ်ရေးပြပွဲမှာ အကြီးစား တိုက်ချင်းပစ်ဒုံးပျံသစ်တွေ ထုတ်ဖော်ပြသ

မြောက်ကိုရီးယား စစ်ရေးပြပွဲမှာ အကြီးစား တိုက်ချင်းပစ်ဒုံးပျံသစ်တွေ ထုတ်ဖော်ပြသ ပြုံးယမ်း၊ အောက်တိုဘာ-၁၁-၂၀၂၀ မျိုးဆက်(VOM) မြောက်ကိုရီးယားနိုင်ငံဟာ အောက်တိုဘာ ၁၀ ရက်ကပြုလုပ်တဲ့ စစ်ရေးပြပွဲမှာ ယခင်ကမတွေ့ဖူးတဲ့ တိုက်ချင်းပစ်ဒုံးပျံတွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒါဟာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တာဝေးပစ် ဒုံးပျံတွေကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။ ၁၁ ဘီတပ်သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်မှာတင်ထားတဲ့ ဒုံးပျံကတော့ တစ်ကယ်ပစ်ခတ်နိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံး တိုက်ချင်းပစ်ဒုံးပျံဖြစ်နိုင်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားကစမ်းသပ်ခဲ့သမျှထဲမှာ အကွာအဝေးအမြင့်ဆုံး ပစ်ခတ်နိုင်တဲ့ Hwasong-15 ဒုံးပျံနဲ့ ရေငုပ်သင်္ဘောတွေပေါ်က ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးပျံသစ်ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ အခုနှစ်အစောပိုင်းက ကတိပြုထားခဲ့တဲ့အတိုင်း မဟာဗျူဟာမြောက် လက်နက်သစ်ကို စစ်ရေးပြပွဲမှာ ထုတ်ဖော်ပြသလာနိုင်တယ်လို့ အာဏာရအလုပ်သမားပါတီ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်အဖြစ်ပြုလုပ်တဲ့ အဲ့ဒီစစ်ရေးပြပွဲမတိုင်မီ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုထားခဲ့ပါတယ်။ စစ်ရေးပြပွဲမှာ ဒုံးပျံတွေ ထုတ်ဖော်ပြသတာကတော့ ၂၀၁၈…

Read More

တပ်မတော်နှင့်RCSS/SSAတို့ရဲ့ တိုက်ပွဲကိစွ ရှမ်းပြည်နယ်အစိုးရကနေ တာဝန်ယူဖြေရှင်းပေးဖို့ SNLDကိုယ်စားလှယ်လောင်းတွေ တောင်းဆို

တပ်မတော်နှင့်RCSS/SSAတို့ရဲ့ တိုက်ပွဲကိစွ ရှမ်းပြည်နယ်အစိုးရကနေ တာဝန်ယူဖြေရှင်းပေးဖို့ SNLDကိုယ်စားလှယ်လောင်းတွေ တောင်းဆို အောက်တိုဘာ ၁၁-၂၀၂၀ အေးချမ်းသူ(VOM) တပ်မတော်နဲ့ RCSS/SSAတို့ကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးနေတာတွေကို ရှမ်းပြည်နယ်အစိုးရကနေ တာဝန်ယူဖြေရှင်းပေးဖို့အတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုခဲ့ကြပါတယ်။ ကျောက်မဲမြို့နယ်၊ ပုံပိုးဒေသမှာ တပ်မတော်နဲ့ ရှမ်းလက်နက်ကိုင်ဖွဲ့(RCSS/SSA)တို့ စက်တင်ဘာ ၃၀ရက်နေ့ကနေ စတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ (၃၀၀၀)ခန့် စစ်ဘေးရှောင်ခဲ့ရတဲ့အတွက် အောက်တိုဘာ ၉ရက်နေ့မှာ SNLDကနေ ကျောက်မဲခရိုင်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၄)ဦး လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြတယ်၊ အစိုးရကို ဖြေရှင်းပေးဖို့တောင်းဆိုတာပါ။ အခု တိုက်ပွဲဖြစ်နေတာကို အစိုးရပဲ မကြားတာလား၊ မကြားချင်ဟန်ဆောင်နေတာလားတော့ မသိဘူး”လို့ SNLDပါတီမှ အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းထွန်းဉာဏ်က ပြောပါတယ်။ အခုလို တိုက်ပွဲတွေကိုရပ်တန့်ခြင်းမရှိဘဲ နှစ်ဖက်စစ်အင်အားဖြည့်တင်းမှုတွေရှိလာပြီ း စစ်ဘေးရှောင်အရေအတွက် သုံးထောင်ကျော်လာတဲ့အပြင် ဒဏ်ရာရရှိသူတွေနဲ့ အိုးအိမ်စွန့်ခွာအသက်လုပြေးနေရတဲ့သူတွေလည်းရှိလာတယ်လို့ ဦးစိုင်းထွန်းဉာဏ်ကပြောပါတယ်။…

Read More

ဘန်ကောက်မြို့အနီး ရထားနဲ့ဘတ်စ်ကား တိုက်မိ၊ လူ ၂၀ ဦးထက်မနည်းသေဆုံး

ဘန်ကောက်မြို့အနီး ရထားနဲ့ဘတ်စ်ကား တိုက်မိ၊ လူ ၂၀ ဦးထက်မနည်းသေဆုံး ဘန်ကောက်၊ အောက်တိုဘာ-၁၁-၂၀၂၀ မျိုးဆက်(VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးမှာ ခရီးသည်တွေကိုတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးနဲ့ ကုန်တင်ရထားတစ်စင်းတို့ ဒီကနေ့မနက်ပိုင်းက တိုက်မိခဲ့တာကြောင့် လူ ၂၀ ထက်မနည်းသေဆုံးသွားပြီး ဒါဇင်များစွာ ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမတော်တဆမှုဟာ မြို့တော်ဘန်ကောက်ရဲ့ အရှေ့ဘက် ကီလိုမီတာ ၅၀ အကွာ Chachoengsao ပြည်နယ်ရှိ Khlong Khwaeng Klan ဘူတာမှာ ဒေသစံတော်ချိန် မနက် ၈ နာရီက ဖြစ်ပွားခဲ့တာပါ။ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၆၀ ဦးတင်ဆောင်လာပြီး သူတို့ဟာ ဗုဒ္ဓဘာသာ ဘာသာရေးအခမ်းအနားတစ်ခုအတွက် Chachoengsao ပြည်နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းကို လာရောက်ကြတာဖြစ်တယ်လို့ ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးက ပြောပါတယ်။ ရထားနဲ့ဝင်တိုက်ချိန်မှာ ဘတ်စ်ကားဟာ ရထားသံလမ်းပေါ်ကို ရောက်ရှိနေပြီး အဲဒီနေရာမှာ သံလမ်းအတားအဆီးတွေမရှိဘူးလို့ ပြည်နယ်…

Read More

Stay Homeသက်မှတ်ထားတဲ့လမ်းအနီးက နေအိမ်တစ်အိမ်မှာ မယားဖြစ်သူကို ခင်ပွန်းက ဓားနဲ့ထိုးသတ်

Stay Homeသက်မှတ်ထားတဲ့လမ်းအနီးက နေအိမ်တစ်အိမ်မှာ မယားဖြစ်သူကို ခင်ပွန်းက ဓားနဲ့ထိုးသတ် အောက်တိုဘာ ၁၁-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ ဘိုတဲကုန်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ မနေ့ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းက လင်မယားချင်း ရန်ဖြစ်ရာမှ မယားဖြစ်သူကို ခင်ပွန်းက ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့ကျွန်းသာယာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ” စတေးဟုမ်း‌ လုပ်ထားတဲ့ လမ်းပိုင်းကပ်လျက်ကနေအိမ်မှာ ဖြစ်တာပါ။ ဇနီး‌မောင်နှံချင်းစကားများတော့ မိန်းကလေးက သနပ်ခါးတုံးနဲ့ပေါက်တယ်။ ဒါကို ခင်ပွန်းက ဓားနဲ့ထထိုးတာပါ။ ဆေးရုံပို့ပေမယ့် လမ်းမှာပဲဆုံးသွားတယ်”လို့ ကျွန်းသာယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးထွဋ်ဇော်က ပြောပါတယ်။ ခင်ပွန်းဖြစ်သူ အသက်(၁၈ နှစ်)အရွယ်နဲ့ ဇနီးဖြစ်သူ အသက်(၁၉ နှစ်)တို့ဇနီးမောင်နှံဟာ နေအိမ်မှာ အတူရှိနေချိန် စကားများရန်ဖြစ်ခဲ့ကြရာမှ ဇနီးဖြစ်သူက သနပ်ခါးတုံးနဲ့ခေါင်းကို ပစ်ပေါက်ခဲ့တာကြောင့် ခင်ပွန်းဖြစ်သူ မိုးချစ်(ခ)အောင်မိုး(ခ)တရုတ်က အရိုးအသွား ၈ လက်မခန့်ရှိတဲ့ ဓားဦးချွန်နဲ့ ထိုးသတ်ခဲ့တာဖြစ်တယ်လို့…

Read More

ကန့်ဘလူမြို့နယ်မှာ NLDပါတီ မဲဆွယ်တဲ့ကား ၁ စီး မီးလောင်၊ လူ ၁၅ ယောက် ဒဏ်ရာရ

ကန့်ဘလူမြို့နယ်မှာ NLDပါတီ မဲဆွယ်တဲ့ကား ၁ စီး မီးလောင်၊ လူ ၁၅ ယောက် ဒဏ်ရာရ အောက်တိုဘာ ၁၁-၂၀၂၀ ကိုတိုးကြီး (VOM) ကန့်ဘလူမြို့နယ်၊ ရွာမ – အင်းလယ်ကြီးသွားတဲ့ကားလမ်း၊ အင်းလယ်ကြီးကျေးရွာရဲ့ အနောက်ဘက် ၁ မိုင်အကွာနေရာမှာ မနေ့ အောက်တိုဘာ ၁၀ရက်နေ့ ညနေပိုင်းက NLD မဲဆွယ်စည်းရုံးရေး ယာဉ်တန်းထဲက ခြောက်ဘီးကားတစ်စီး မီးလောင်ခဲ့ပြီး လူ ၁၅ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်ကပြောပါတယ်။ အင်းလယ်ကြီးကျေးရွာမှာနေတဲ့ ဦးအောင်ထွန်းဆိုသူက NLD ပါတီ မဲဆွယ်စည်းရုံးရေး အတွက် ကားပေါ်မှာ အသံချဲ့စက်၊ မီးစက်နဲ့ ပါတီဝန်းရံထောက်ခံသူ လူ ၂၀ ယောက်ကို တင်ဆောင်ပြီး မောင်းနှင်လာခဲ့ရာ အသံချဲ့စက်ဖွင့်ဖို့ မီးစက်နိုးတဲ့အခါ မီးစက်ဒိုင်နမိုကနေ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”…

Read More
VOM News

FREE
VIEW