ကချင်ပြည်နယ်က နေရပ်ပြန်စစ်ရှောင်တွေလိုချင်တဲ့ အပစ်ရပ်ကိစ္စ ကိုယ်စားလှယ်လောင်းတွေ လုပ်ပေးနိုင်မှာလား

ကချင်ပြည်နယ်က နေရပ်ပြန်စစ်ရှောင်တွေလိုချင်တဲ့ အပစ်ရပ်ကိစ္စ ကိုယ်စားလှယ်လောင်းတွေ လုပ်ပေးနိုင်မှာလား

အောက်တိုဘာ ၁၄-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်က မဲဆန္ဒရှင်ဆယ်တစ်သိန်းဝန်းကျင်မှာ စစ်ရှောင်စခန်း ၉၀ က မဲဆန္ဒရှင် ၂၅၀၀၀ လောက်ပါဝင်နေပြီး စစ်ရှောင်စခန်းအသီးသီးက ပြည်သူတွေကလည်း လာမယ့် ရွေးကောက်ပွဲကနေ သူတို့ဒေသမှာ တိုက်ပွဲတွေပြန်မဖြစ်ဖို့ အပစ်ရပ်လက်မှတ်ထိုးရေးကိစ္စ အကောင်အထည်ဖော်ပေးမယ့် ကိုယ်စားလှယ်တွေကို မျှော်လင့်နေကြပါတယ်။

ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအများစုက မဲဆန္ဒရှင်တွေကို စည်းရုံးကြတဲ့အခါ ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်မယ်လို့ အများဆုံးပြောပြီး မဲဆွယ်ကြတာဖြစ်ပါတယ်။

စစ်ရှောင်တွေ နေရပ်ပြန်ရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကို အဓိကပစ်မှတ်ထား မဲဆွယ်ပြီး ဝင်ပြိုင်နေတဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်နယ်တွင်းဆွေးနွေးပွဲတွေလုပ်ဖို့ အပစ်ရပ်ကိစ္စမှာ ပြည်သူတွေပါဝင်လာမှ ပိုထိရောက်မယ်လို့ ပြောဆိုထားကြပါတယ်။

ကချင်ပြည်နယ်မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းနဲ့ ပါတီပေါင်း ၁၉ ခုကနေ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နဲ့၊ ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၈၀ ရဲ့ အမည်စာရင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်သားရေးရာအတွက် ကိုယ်စားလှယ်လောင်း ၂၉ ဦး ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပြီး အဲ့ဒီကိုယ်စားလှယ်တွေထဲကနေ ကချင်ပြည်သူတွေ လိုလားတောင်းတနေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဘယ်လိုအကောင်အထည်ဖော်ပေးဖို့ မူဝါဒချထားသလဲဆိုတာကို မေးမြန်းရိုက်ကူးတင်ဆက်ထားပါတယ်။

#voiceofmyanmar #VOM #ကချင် #စစ်ရှောင် #ရွေးကောက်ပွဲ

Zawgyi

ကခ်င္ျပည္နယ္က ေနရပ္ျပန္စစ္ေရွာင္ေတြလိုခ်င္တဲ့ အပစ္ရပ္ကိစၥ ကိုယ္စားလွယ္ေလာင္းေတြ လုပ္ေပးႏိုင္မွာလား

ေအာက္တိုဘာ ၁၄-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္က မဲဆႏၵရွင္ဆယ္တစ္သိန္းဝန္းက်င္မွာ စစ္ေရွာင္စခန္း ၉၀ က မဲဆႏၵရွင္ ၂၅၀၀၀ ေလာက္ပါဝင္ေနၿပီး စစ္ေရွာင္စခန္းအသီးသီးက ျပည္သူေတြကလည္း လာမယ့္ ေ႐ြးေကာက္ပြဲကေန သူတို႔ေဒသမွာ တိုက္ပြဲေတြျပန္မျဖစ္ဖို႔ အပစ္ရပ္လက္မွတ္ထိုးေရးကိစၥ အေကာင္အထည္ေဖာ္ေပးမယ့္ ကိုယ္စားလွယ္ေတြကို ေမွ်ာ္လင့္ေနၾကပါတယ္။

ကခ်င္ျပည္နယ္အတြင္း ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းအမ်ားစုက မဲဆႏၵရွင္ေတြကို စည္း႐ုံးၾကတဲ့အခါ ၿငိမ္းခ်မ္းေရးကိစၥ ေဆာင္႐ြက္မယ္လို႔ အမ်ားဆုံးေျပာၿပီး မဲဆြယ္ၾကတာျဖစ္ပါတယ္။

စစ္ေရွာင္ေတြ ေနရပ္ျပန္ေရး၊ အပစ္အခတ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းကို အဓိကပစ္မွတ္ထား မဲဆြယ္ၿပီး ဝင္ၿပိဳင္ေနတဲ့ ကိုယ္စားလွယ္ေလာင္းေတြကေတာ့ ျပည္နယ္တြင္းေဆြးေႏြးပြဲေတြလုပ္ဖို႔ အပစ္ရပ္ကိစၥမွာ ျပည္သူေတြပါဝင္လာမွ ပိုထိေရာက္မယ္လို႔ ေျပာဆိုထားၾကပါတယ္။

ကခ်င္ျပည္နယ္မွာ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းနဲ႔ ပါတီေပါင္း ၁၉ ခုကေန ျပည္သူ႔လႊတ္ေတာ္ ၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔၊ ျပည္နယ္လႊတ္ေတာ္အတြက္ ကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၄၈၀ ရဲ႕ အမည္စာရင္း ထုတ္ျပန္ခဲ့ပါတယ္။

တိုင္းရင္သားေရးရာအတြက္ ကိုယ္စားလွယ္ေလာင္း ၂၉ ဦး ပါဝင္ယွဥ္ၿပိဳင္မယ္လို႔ သိရၿပီး အဲ့ဒီကိုယ္စားလွယ္ေတြထဲကေန ကခ်င္ျပည္သူေတြ လိုလားေတာင္းတေနတဲ့ အပစ္အခတ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ ဘယ္လိုအေကာင္အထည္ေဖာ္ေပးဖို႔ မူဝါဒခ်ထားသလဲဆိုတာကို ေမးျမန္း႐ိုက္ကူးတင္ဆက္ထားပါတယ္။

#voiceofmyanmar #VOM #ကခ်င္ #စစ္ေရွာင္ #ေရြးေကာက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW