ပဲခူးတိုင်း‌မှာ လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း မသန်စွမ်းအရေး အဆိုတင်သွင်းမှုအနည်းငယ်သာရှိခဲ့

ပဲခူးတိုင်း‌မှာ လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း မသန်စွမ်းအရေး အဆိုတင်သွင်းမှုအနည်းငယ်သာရှိခဲ့

အောက်တိုဘာ ၁၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းလွှတ်‌တော် ဒုတိယသက်တမ်း ၅နှစ်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များရဲ့အဆို‌တင်သွင်း မေးမြန်းမှုတွေမှာ မသန်စွမ်းအရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အ
ကြိမ်ရေအနည်းဆုံးဖြစ်တယ်လို့ သင့်မြတ်သူများ၏ ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့( POPP) ရဲ့စစ်တမ်းတွေအရ သိရပါတယ်။

” အုတ်ဖိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်က အများပြည်သူသက်ဆိုင်တဲနေရာတွေမှာ မသန်စွမ်းသူတွေ ဝင်ထွက်သွားလာလွယ်ကူဖို့ ‌လျှောက်လမ်းတွေ ဘာတွေလုပ်ဖို့ အစီစဉ်ရှိ၊မရှိ မေးမြန်းဖူးတာမျိုးတော့ရှိတယ်။ အများအားဖြင့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းတေ‌ွများတာ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ဆိုင်တာအများဆုံးဖြစ်တယ်”လို့ POPPအဖွဲ့မှ ဦးမင်းသူရအောင်ကပြောပါတယ်။

သင့်မြတ်သူများ၏ ငြိမ်းချမ်းရေလမ်းစဉ်အဖွဲ့(POPP)ဟာ ဒုတိယအကြိမ် ပဲခူးတိုင်းလွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးကနေ ၁၅ ကြိမ်မြောက်အစည်းအဝေးအထိ သက်ဆိုင်ရာ မြို့နယ်ပေါင်း၂၈ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုတင်သွင်းမေးမြန်းမှုတွေကို စောင့်ကြည့်လေ့လာခဲ့တာလို့လည်း သိရပါတယ်။

” ပြောရမယ်ဆို မသန်စွမ်းအရေးဆောင်ရွက်သူတွေနဲ့ လွှတ‌်တော်ကိုယ်စားလှယ်တွေ ချိတ်ဆက်မှု အားနည်းတာလည်းပါမယ်။ ပွဲတွေလုပ်ရင် လာပေးဖို့ ဖိတ်ရင်တောင် စိတ်ပါဝင်စားတဲ့ ကိုယ်စားလှယ် ရှားလှတယ်” လို့ တောင်ငူမြို့ နယ် မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အတွင်းရေးမှူး ဒေါ်နီနီအောင်ကပြောပါတယ်။

ဒုတိယအကြိမ် ပဲခူးတိုင်းလွှတ်တော် ၅နှစ်သက်တမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လွှတ်တော်အတွင်းလုပ်ငန်းများဆောင်ရွက်မှုမှတ်တမ်းတွေကိုလည်း လာမယ့်
ရွေးကောက်ပွဲမတိုင်မီ အများပြည်သူကို ဖြန့်ဝေသွားဖို့ရှိတယ်လို့ POPP အဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီမှတ်တမ်းစာအုပ်ကို ထုတ်ဝေရတာဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေအနေနနဲ့ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်းရှိမရှိ မဲဆန္ဒရှင်ပြည်သူတွေအ‌နေနဲ့အကဲဖြတ်နိုင်စေဖို့အတွက် ဖြစ်တယ်လို့ POPP အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒုတိယအကြိမ် ပဲခူးတိုင်းလွှတ်တော်ကို၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ အဆိုမေးခွန်း၂၉ ခု၊ကြယ်ပွင့်ပြမေးခွန်း ၁၄၁ဝ ခုနဲ့ ကြယ်ပ‌ွင့်မပြ‌မေးခွန်း ၁၀၁၅ ခုမေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ POPP အဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

သင့်မြတ်သူများ၏ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့(POPP)အနေနဲ့ ပဲခူးတိုင်းလွှတ်တော်သက်တမ်း ၅ နှစ်ကာလအတွင်း၂၀၁၈ ခုနှစ်အောက်တိုဘာလက တစ်ကြိမ်၊၂၀၁၉ ခုနှစ် မတ်လက တစ်ကြိမ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက် မှတ်တမ်းစာအုပ်ကိုထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #မသန်စွမ်းအရေး

Zawgyi

ပဲခူးတိုင္း‌မွာ လႊတ္ေတာ္သက္တမ္း ၅ ႏွစ္အတြင္း မသန္စြမ္းအေရး အဆိုတင္သြင္းမႈအနည္းငယ္သာရွိခဲ့

ေအာက္တိုဘာ ၁၆-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္းလႊတ္‌ေတာ္ ဒုတိယသက္တမ္း ၅ႏွစ္တာကာလအတြင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕အဆို‌တင္သြင္း ေမးျမန္းမႈေတြမွာ မသန္စြမ္းအေရး ကိစၥေတြနဲ႔ ပတ္သက္ၿပီး အ
ႀကိမ္ေရအနည္းဆုံးျဖစ္တယ္လို႔ သင့္ျမတ္သူမ်ား၏ ၿငိမ္းခ်မ္းေရးလမ္းစဥ္အဖြဲ႕( POPP) ရဲ႕စစ္တမ္းေတြအရ သိရပါတယ္။

” အုတ္ဖိုၿမိဳ႕နယ္ တိုင္းေဒသႀကိီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာသူရေအာင္က အမ်ားျပည္သူသက္ဆိုင္တဲေနရာေတြမွာ မသန္စြမ္းသူေတြ ဝင္ထြက္သြားလာလြယ္ကူဖို႔ ‌ေလွ်ာက္လမ္းေတြ ဘာေတြလုပ္ဖို႔ အစီစဥ္ရွိ၊မရွိ ေမးျမန္းဖူးတာမ်ိဳးေတာ့ရွိတယ္။ အမ်ားအားျဖင့္ ၾကယ္ပြင့္ျပ၊ ၾကယ္ပြင့္မျပ ေမးခြန္းေတ‌ြမ်ားတာ၊ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြနဲ႔ဆုိင္တာအမ်ားဆုံးျဖစ္တယ္”လို႔ POPPအဖြဲ႕မွ ဦးမင္းသူရေအာင္ကေျပာပါတယ္။

သင့္ျမတ္သူမ်ား၏ ၿငိမ္းခ်မ္းေရလမ္းစဥ္အဖြဲ႕(POPP)ဟာ ဒုတိယအႀကိမ္ ပဲခူးတိုင္းလႊတ္ေတာ္ ပထမအႀကိမ္ပုံမွန္အစည္းအေဝးကေန ၁၅ ႀကိမ္ေျမာက္အစည္းအေဝးအထိ သက္ဆိုင္ရာ ၿမိဳ႕နယ္ေပါင္း၂၈ ၿမိဳ႕နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႔ အဆိုတင္သြင္းေမးျမန္းမႈေတြကို ေစာင့္ၾကည့္ေလ့လာခဲ့တာလို႔လည္း သိရပါတယ္။

” ေျပာရမယ္ဆို မသန္စြမ္းအေရးေဆာင္႐ြက္သူေတြနဲ႔ လႊတ‌္ေတာ္ကိုယ္စားလွယ္ေတြ ခ်ိတ္ဆက္မႈ အားနည္းတာလည္းပါမယ္။ ပြဲေတြလုပ္ရင္ လာေပးဖို႔ ဖိတ္ရင္ေတာင္ စိတ္ပါဝင္စားတဲ့ ကိုယ္စားလွယ္ ရွားလွတယ္” လို႔ ေတာင္ငူၿမိဳ႕ နယ္ မသန္စြမ္းသူမ်ားေရွ႕ေဆာင္အဖြဲ႕ အတြင္းေရးမႉး ေဒၚနီနီေအာင္ကေျပာပါတယ္။

ဒုတိယအႀကိမ္ ပဲခူးတိုင္းလႊတ္ေတာ္ ၅ႏွစ္သက္တမ္းကာလအတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕လႊတ္ေတာ္အတြင္းလုပ္ငန္းမ်ားေဆာင္႐ြက္မႈမွတ္တမ္းေတြကိုလည္း လာမယ့္
ေ႐ြးေကာက္ပြဲမတိုင္မီ အမ်ားျပည္သူကို ျဖန႔္ေဝသြားဖို႔ရွိတယ္လို႔ POPP အဖြဲ႕ကေန သိရပါတယ္။

အဲ့ဒီမွတ္တမ္းစာအုပ္ကို ထုတ္ေဝရတာဟာ ျပည္သူေတြ ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ ကိုယ္စားလွယ္ေတြအေနနနဲ႔ လုပ္ေဆာင္ရမယ့္ တာဝန္ဝတၱရားေတြကို ေက်ပြန္ေအာင္ ေဆာင္႐ြက္ႏိုင္ျခင္းရွိမရွိ မဲဆႏၵရွင္ျပည္သူေတြအ‌ေနနဲ ႔အကဲျဖတ္ႏိုင္ေစဖို႔အတြက္ ျဖစ္တယ္လို႔ POPP အဖြဲ႕က ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္။

ဒုတိယအႀကိမ္ ပဲခူးတိုင္းလႊတ္ေတာ္ကို၂၀၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က စတင္က်င္းပခဲ့ၿပီး ၁၅ ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးထိ အဆိုေမးခြန္း၂၉ ခု၊ၾကယ္ပြင့္ျပေမးခြန္း ၁၄၁ဝ ခုနဲ႔ ၾကယ္ပ‌ြင့္မျပ‌ေမးခြန္း ၁၀၁၅ ခုေမးျမန္းေဆြးေႏြးခဲ့ၾကတယ္လို႔ POPP အဖြဲ႕မွတ္တမ္းေတြအရ သိရပါတယ္။

သင့္ျမတ္သူမ်ား၏ၿငိမ္းခ်မ္းေရးလမ္းစဥ္အဖြဲ႕(POPP)အေနနဲ႔ ပဲခူးတိုင္းလႊတ္ေတာ္သက္တမ္း ၅ ႏွစ္ကာလအတြင္း၂၀၁၈ ခုႏွစ္ေအာက္တိုဘာလက တစ္ႀကိမ္၊၂၀၁၉ ခုႏွစ္ မတ္လက တစ္ႀကိမ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႔ ေဆာင္႐ြက္ခ်က္ မွတ္တမ္းစာအုပ္ကိုထုတ္ျပန္ခဲ့ၿပီးျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ပဲခူး #မသန္စြမ္းအေရး

Related posts

Leave a Comment

VOM News

FREE
VIEW