အာဖဂန်ရှိ စာသင်ကျောင်းတစ်ခုမှာ အသေခံဗုံးခွဲ ၁၈ ဦးသေဆုံး၊ ဒါဇင်များစွာ ဒဏ်ရာရ

ကဘူး၊ အောက်တိုဘာ-၂၅-၂၀၂၀
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးရှိ စာသင်ကျောင်းတစ်ခုပြင်ပမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဟာ အဆင့်မြင့်ပညာကျောင်းသားတွေကို သင်တန်းပေးနေတဲ့ ပုဂ္ဂလိက စာသင်ကျောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်မွန်းလွဲပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် လူအများအပြားကို ဆေးရုံတင်ထားရပြီး သေဆုံးသူဦးရေ တိုးမြင့်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒီတိုက်ခိုက်မှုကို နောက်ကွယ်ကနေ လုပ်ဆောင်ခဲ့တာလို့ အိုင်အက်စ်အဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်ထားပြီး တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

တာလီဘန်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ အစောပိုင်းကတည်းက ငြင်းဆိုထားပါတယ်။

အသေခံဗုံးခွဲသမားဟာ စာသင်ကျောင်းအတွင်းထိ ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။

ဒါပေမယ့် လုံခြုံရေးတွေက သူ့ကို သတိထားမိသွားတာကြောင့် စာသင်ကျောင်းပြင်ပမှာဘဲ သယ်ဆောင်လာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသေခံဖောက်ခွဲခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ကဘူး #အသေခံဗုံးခွဲ

Related posts

Leave a Comment

VOM News

FREE
VIEW