ဖျက်သိမ်းခံရတဲ့ အမျိုးသားအကျိုးစီးပွားကာကွယ်တဲ့ဥပဒေတွေ ပြန်ပြဋ္ဌာန်းမယ့် USDP

မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) အနေနဲ့ အာဏာပြန်ရရင် NLD လက်ထက်မှာ လွှတ်တော်က ဖျက်သိမ်းခံရတဲ့တိုင်းပြည်နဲ့အမျိုးသားအကျိုးစီးပွားအကာကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြန်လည်ပြဋ္ဌာန်းမယ်လို့ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဗီအိုအမ်နဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။

ဗီအိုအမ်ရဲ့ ပါတီနဲ့ ကိုယ်စားလှယ်လောင်းမိတ်ဆက်အစီအစဉ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုရွေးသလဲ၊ တပ်မတော်အငြိမ်းစားကိုယ်စားလှယ်လောင်း ဘယ်လောက်ပါလဲ၊ ပါတီရဲ့ ကတိကဝတ်တွေက ဘာတွေလဲ ဆိုတဲ့ အကြောင်းတွေကို မေးမြန်းထားတဲ့ ဒေါက်တာနန္ဒာလှမြင့်နဲ့ ဗီအိုအမ် အယ်ဒီတာချုပ် ကိုနေမျိုးလင်းတို့ ဆက်သွယ်မေးမြန်းချက်ရုပ်သံကို တင်ပြလိုက်ပါတယ်။

#voiceofmyanmar #VOM #USDP #ဒေါက်တာနန္ဒာလှမြင့် #ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက်

Zawgy






 

Related posts

Leave a Comment

VOM News

FREE
VIEW