သထုံမြို့မှာ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်အတွင်းမထည့်ဘဲ မဲပုံးထဲကို တိုက်ရိုက်ထည့်တာတွေရှိနေ
အောက်တိုဘာ ၃၀-၂၀၂၀ ကောင်းလက်ျာ(VOM) သထုံမြို့၊ ကြက်တူရွေးသောင်ကျေးရွာအုပ်စု၊ ဝါးခုတ်တောမဲရုံမှာ အောက်တိုဘာ၂၉ ရက်နေ့က ကြိုတင်ဆန္ဒမဲပေးခဲ့ကြရာမှာ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်ထဲမထည့်ဘဲ မဲပုံးထဲကို တိုက်ရိုက်ထည့်‌နေတယ်လို့ သထုံမြို့နယ် ပြည်ခိုင်ဖြိုး(USDP)ပါတီကနေ သိရပါတယ်။ ကျေးရွာရှိ အသက် ၆၀နဲ့အထက် မဲဆန္ဒရှင်တွေ ဝါးခုတ်တောမဲရုံကိုလာရောက်ပြီး ဆန္ဒမဲပေးရာမှာ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်မပေးဘဲ ကျေးရွာကော်မရှင်က ထုတ်ပေးခဲ့တာဖြစ်ပြီး မဲပေးသူတွေက ချိတ်ပိတ်ထားတဲ့ မဲပုံးထဲကို စာအိတ်မပါဘဲ ထည့်သွင်းခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ” သတင်းရလို့ ကျွန်တော်ကိုယ်တိုင်လိုက်သွားတဲ့အခါ ကော်မရှင်က နေအိမ်ကိုလိုက်ထည့်ခိုင်းမှ စာအိတ်ပေးမယ်လို့ပြောတယ်။ ဒါကြောင့် မြို့နယ်ကော်မရှင်ကို အသိပေးခဲ့တာပါ။ မဲပြန်‌ပေးမလား။ ဒီအတိုင်းထားမလားဆိုတာ စောင့်ကြည့်နေပါတယ်”လို့ သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စောမျိုးမင်းဌေးကပြောပါတယ်။ စာအိတ်ကို‌မပေးမိကြောင်းနဲ့ကြိုတင်မဲလက်မှတ်တွေကို မဲပုံးထဲကို တိုက်ရိုက်ထည့်ခိုင်းမိတယ်လို့ ပြောဆိုဝန်ခံခဲ့ပြီး ပထမဦဆုံးအတွေ့ကြုံအရ မှားယွင်းနိုင်တယ်လို့ယူဆကြောင်း သထုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်ခင်သန်းနွဲ့က ပြောပါတယ်။ ” ဌာနဆိုင်ရာတွေ ကော်မရှင်တာဝန်ရှိသူတွေ…
Read More
ပြင်သစ်မှာ လည်လှီးသတ်ဖြတ်တဲ့ အကြမ်းဖက်မှုအပြီး နိုင်ငံတစ်ဝန်းမှာ လုံခြုံရေးအမြင့်ဆုံး တိုးမြှင့်
ပါရီ၊ အောက်တိုဘာ-၃၀-၂၀၂၀ မျိုးဆက် (VOM) ပြင်သစ်နိုင်ငံ ဘုရားကျောင်းတစ်ခုမှာ အောက်တိုဘာ ၂၉ ရက်က ဖြစ်ပွားခဲ့တဲ့ ဓါးကိုင်တိုက်ခိုက်တဲ့ အကြမ်းဖက်မှုကြောင့် လူသုံးဦးသေဆုံးသွားပြီးနောက် နိုင်ငံတစ်ဝန်းမှာ လုံခြုံရေးကို အမြင့်ဆုံးအထိ တိုးမြှင့်လိုက်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတစ်ဦးဟာ ခေါင်းပြတ်လုနီးနီးထိ လည်လှီးသတ်ဖြတ်ခံခဲ့ ရတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အစ္စလာမစ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြင်သစ်သမ္မတ မာခရိုက ပြောပါတယ်။ အသက် ၂၁ နှစ်အရွယ် အကြမ်းဖက်သမားဟာ ဥရောပကိုမကြာသေးမီက ရောက်ရှိလာတဲ့ တူနီးရှားနိုင်ငံသား တစ်ဦးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေလိုမျိုး အများပြည်သူနေရာတွေကို ကာကွယ်ဖို့ ဖြန့်ကြက်ချထားတဲ့ တပ်ဖွဲ့ဝင်ဦးရေကို ၃၀၀၀ ကနေ ၇၀၀၀ အထိတိုးမြှင့်သွားမှာဖြစ်ပြီး အကြမ်းဖက်တိုဖျက်ရေးတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သမ္မတမာခရိုကဆိုပါတယ်။ ပါရီမြို့အနောက်မြောက်ပိုင်း စာသင်ကျောင်းတစ်ခုမှာ ယခုလအစောပိုင်းမှာ အလားတူတိုက်ခိုက်မှု သေဆုံးသူကျောင်းဆရာဟာ ကျောင်းသားအချို့ကို တမန်တော်မိုဟာမက်ရဲ့ ကာတွန်းပုံကို ပြသပြီးနောက်…
Read More
ရန်ကင်းကလေးဆေးရုံ ကိုဗစ်ကူးစက်ခံရသူ ၅ဝ ကျော်အထိ ရှိလာ
ရန်ကုန်-အောက်တိုဘာ၃၀-၂၀၂၀ ထက်ခေါင်လင်း(VOM) ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ကလေးငယ်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အားလုံးပေါင်း ၅ဝ ကျော် ကူးစက်ခံနေရပြီဖြစ်တယ်လို့ ရန်ကင်းကလေးဆေးရုံက သိရပါတယ်။ ကိုဗစ် ဒုတိယလှိုင်း စတင်ဖြစ်ပေါ်စဉ်ကတည်းက တဖြည်းဖြည်းနဲ့ ဆေးရုံကို လာပြတဲ့ ကလေးလူနာနဲ့ မိသားစုတွေထဲက တယောက်စ၊ နှစ်ယောက်စ စတင်တွေ့ရှိခဲ့ရာကနေ ယခုရက်ပိုင်းအထိ အဆိုပါ ကိန်းဂဏန်းအထိ ရောက်ရှိလာတာလို့ ရန်ကင်းကလေးဆေးရုံက လက်ထောက်ဆေးရုံအုပ် ဒေါက်တာမင်းသန့်က ပြောပါတယ်။ ဒေါက်တာမင်းသန့်က “ဆေးရုံကို ဖျားလို့၊ နာလို့ လာပြတဲ့ ကလေးတွေကို သံသယရှိလို့ စစ်လိုက်တဲ့အခါ တွေ့တာပါ။ နောက်ပြီး ကျန်းမာရေး ဝန်ထမ်းဆရာ၊ ဆရာမတွေ ကူးစက်တယ်ဆိုတာကလည်း အဲ့ဒီလိုကလေးတွေနဲ့ ထိတွေ့မိတဲ့ သူတချို့ကို စစ်ရာကတွေ့တယ်။ ပြောချင်တာက အခု ပမာဏက တပြိုင်နက်ထဲ ဖြစ်တာမျိုးမဟုတ်ဘူး” လို့ ဆိုပါတယ်။ ယခု…
Read More
မွန်ပြည်နယ်မှာ မွန်ပါတီပဲနိုင်ရမယ်ဆိုတဲ့ မွန်ညီညွတ်ရေးပါတီ
Read More
ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီစည်းရုံးရေးမှူးကို အယောင်ဆောင်မှုနဲ့ တပ်ကဖမ်းဆီးအရေးယူထား
အောက်တိုဘာ ၃၀ ၊ ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ပုံနွှဲ့ကျေးရွာအုပ်စု ​မန်မော်ကျေးရွာနေ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးမှုး တစ်ယောက်ကို ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၈ ညနေပိုင်း အချိန်က ဟုမ္မလင်းအ​ခြေစိုက် ခြေလျင်တပ်ရင်း တပ်စိပ် ၁ စိပ်ဟာ မန်မော်ကျေးရွာနေ ဦးမောင်သိန်းဆိုသူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေတဲ့အခါ စစ်ယူနီဖောင်းတွေတွေ့ရှိခဲ့ရတယ်ဆိုပြီး ပြည်သူ့ဝန်ထမ်း တစ်ယောက်လို အယောင်ဆောင်ဖို့အတွက် စစ်အသုံးအဆောင် ပစ္စည်းတွေ လက်ဝယ်ထားတယ်ဆိုပြီးဖမ်းဆီး အရေးယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” တပ်မတော် အရာရှိ တစ်ယောက်က တရားလို ပြုလုပ်ပြီး ဦးမောင်သိန်းကို အမှုဖွင့် တိုင်တန်းထားတာဖြစ်တယ်၊ စစ်အသုံးအဆောင် ပစ္စည်းတွေ လက်ဝယ်တွေ့ရှိလို့ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ဖြစ်တယ် ” လို့…
Read More
VOM News
FREE
VIEW