“ဒေါက်ဖိနပ်လျှောက်သံ”သီချင်း ဖျက်ဆိုထားတာကိုဖွင့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး တရားစွဲခံရ

နိုဝင်ဘာ ၆-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်မှာ NLD ပါတီရဲ့အောင်ရေးသီချင်းဖြစ်တဲ့ ‘ ဒေါက်ဖိနပ်လျှောက်သံ’ သီချင်းစာသားဖျက်ပြီးပြန်ဆိုထားတဲ့သီချင်းကို ဖွင့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးကို NLD ပါတီအောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက မြောင်းမြမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၄ရက်နေ့က တရားစွဲဆိုဖို့ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

”ပါတီရဲ့အောင်နိုင်ရေးသီချင်းကို ဖျက်ဆိုထားတဲ့ သီချင်းဖွင့်တာဟာ ပါတီကိုစော်ကားတာပဲဖြစ်ပါတယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါတယ်၊ ဒါ့ကြောင့်မို့လို့ပဲ တရားစွဲဆိုဖို့ လုပ်ဆောင်တာဖြစ်ပါတယ်”လို့ မြောင်းမြမြို့နယ် NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ထင်းပုံ‌ကျေးစုကျေးရွာမှာ အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းက ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ဦးတို့က နေအိမ်ရှေ့မှာ စာသားတွေဖျက်ပြီးပြန်လည်သီဆိုထား‌တဲ့ NLD ပါတီအောင်နိုင်ရေးသီချင်းကို ဆောင်းဘောက်နဲ့ဖွင့်ခဲ့တဲ့အတွက် အခုလိုတရားစွဲတာဖြစ်တယ်လို့ သိရပါတယ်။

သီချင်းစာသားဖျက်ပြီး သီဆိုထားတဲ့ ဒေါက်ဖိနပ်လျှောက်သံ သီချင်းဖွင့်နေတာကို ဖုန်းနဲ့ မှတ်တမ်းရိုက်ခဲ့တဲ့ NLDပါတီ ရပ်/ကျေးအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်မေဇင်ဖြိုးကိုလည်း ခြိမ်းခြောက်ခံရမှုတွေရှိနေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်မှာလည်း အောက်တိုဘာ ၂၅ ရက်က ဒေါက်ဖိနပ်လျှောက်သံသီချင်းစာသားဖျက်ပြီး ပြန်လည်သီဆိုလှည့်လည်ခဲ့တဲ့ကြံ့ခိုင်ရေးပါတီဝန်းရံသူအချို့ကို ဥပဒေကြောင်းအရ အရေးယူထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြောင်းမြ

Related posts

Leave a Comment

VOM News

FREE
VIEW