တရုတ်နိုင်ငံမှာ ဘရူဆဲလ်လိုးစစ် ဘက်တီးရီးယားရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ခံနေရ

ပေကျင်း၊ နိုဝင်ဘာ-၆-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရဲ့မြို့တော် လန်ကျိုးက လူ ခြောက်ထောင်ကျော်မှာ ဘရူဆဲလ်လိုးစစ်လို့ခေါ်တဲ့ ဘက်တီးရီးယားရောဂါတစ်မျိုး အစုလိုက်အပြုံလိုက် ကူးစက်ခံနေရပြီး ဒါဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကာကွယ်ဆေးစက်ရုံတစ်ခုကနေ ဗိုင်းရပ်စ်ယိုစိမ့်မှုကြောင့် ဖြစ်ပေါ်လာတာလို့ ဒေသန္တရအစိုးရက ပြောပါတယ်။ အစိုးရဟာ မြို့နေလူထု ၅၅၇၂၅ ဦးကို ကျန်းမာရေးစစ်ဆေးခဲ့ရာ လက်ရှိအချိန်ထိ လူပေါင်း ၆၆၂၀ ဦးမှာ ဘရူဆဲလ်လိုးစစ် ရောဂါကူးစက်ခံနေရတယ်လို့ လန်ကျိုးအစိုးရက သတင်းစာရှင်းလင်းပွဲမှာပြောတယ်လို့ တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီရောဂါကူးစက်မှုဟာ စက်တင်ဘာ ၁၄ ရက်မှာ ၃၂၄၅ ဦးရှိရာကနေ ခုလိုအများအပြား ကူးစက်မှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။ တုပ်ကွေးလို လက္ခဏာတွေရှိတဲ့ ဘရူဆဲလ်လိုးစစ်ရောဂါဟာ တိရိစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့မှု ၊ ဗိုင်းရပ်စ်ပါတဲ့ တိရိစ္ဆာန်ထုတ်ကုန်တွေကို စားသုံးတာတွေနဲ့ လေထဲကတစ်ဆင့် လူတွေကို ကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်မာရေးအဖွဲ့က ထုတ်ပြန်ထားပြီး အချို့သော…

Read More

မြို့နယ်ကျော်ပြီး ကြိုတင်မဲ ၂ ခါပေးသူကို ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်

နိုဝင်ဘာ ၆-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ထုံးကြီးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာမှာနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ထဲမှာ ကြိုတင်မဲ ၂ ခါပေးထားတာကို စီစစ်တွေ့ခဲ့ရတဲ့အတွက် ပြည်ခိုင်ဖြိုးပါတီက တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတယ်လို့ သိရပါတယ်။ “နယ်ကျော်လွန်ပြီး ကြိုတင်မဲ ၂ ခါပေးတဲ့ ဒေါ်မြင့်မာကို ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်ပိုက တရားလိုလုပ်ပြီး နိုဝင်ဘာ ၅ ရက်နေ့က အမှုဖွင့်တာဖြစ်တယ်၊ ရဲစခန်း(ပ)၂၂၅/၂၀၂၀၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(စ)အရအမှုဖွင့်ထားတာဖြစ်တယ်”လို့ မင်းကင်းမြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်ကပြောပါတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေအရ အမှုဖွင့်ခံထားရသူ အသက် (၄၇) နှစ်အရွယ် အမျိုးသမီးဟာ နိုဝင်ဘာ ၃ ရက်နေ့က ကနီမြို့၊အမှတ် (၃) ရပ်ကွက်က ကြိုတင်မဲရုံးမှာ ဆန္ဒမဲစာရင်း အမှတ်စဉ် (၅၈၉) နဲ့ ကြိုတင်မဲ ပေးထားခဲ့ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာ…

Read More

သန်လျင်မှာ ဒု-မဲရုံမှုးတာဝန်ထမ်းဆောင်မယ့် အလယ်တန်းပြဆရာမ ကိုဗစ်ရောဂါနဲ့ကွယ်လွန်

နိုဝင်ဘာ ၆-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဖို့မြေမူလတန်းကျောင်းက ဒု-မဲရုံမှုးအဖြစ်တာဝန်ထမ်းမယ့် အလယ်တန်းပြဆရာမတစ်ဦး ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကနေ သိရပါတယ်။ “ဟုတ်ပါတယ် သေဆုံးတာ၊ ဒါပေမယ့် ဒု-မဲရုံးမှူးတာဝန်မထမ်းဆောင်ရသေးဘူး”လို့ ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးသိန်းလှိုင်က VOMကိုပြောပါတယ်။ ဖို့မြေမူလတန်းကျောင်းက အလယ်တန်းပြဆရာမတစ်ဦးဟာ လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ ထန်းတပင်ကုန်းရပ်ကွက်မဲရုံ(၁)မှာ ဒု-မဲရုံမှုးအဖြစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး နိုဝင်ဘာလ ၄ရက်နေ့ နေ့လယ်ပိုင်းက သန်လျင်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ Photo-ThanLyin(IPRD) #voiceofmyanmar #VOM #သန်လျင် #ကိုဗစ် #သေဆုံး

Read More

ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံး ပေါက်ကွဲမှုဖြစ်ပွား

နိုဝင်ဘာ ၆-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး-၇ရှိ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးဝင်း အဆောက်အဦးတစ်ခုဘေးမှာ ဒီကနေ့နေ့လယ်၂ နာရီ ၄၀ မိနစ်ခန့်က ပေါက်ကွဲ မှုတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ” လက်တလော ဘာပေါက်ကွဲတာလည်း စုံစမ်းနေဆဲပဲ။ အခုသိရ‌သလောက်ထိ လူထိခိုက် မှုမရှိဘူး။ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေရောက်နေပြီ”လို့ အခင်းဖြစ်နေရာကိုရောက်နေတဲ့ ဒေသခံဦးသန်းဝင်းနိုင်က ပြောပါတယ်။ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံး ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကော်မရှင်တာဝန်ရှိသူတွေကို ဆက်သွယ်စုံစမ်‌းနေပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ Photo – သန်းဝင်းနိုင် #voiceofmyanmar #VOM #ပဲခူး #ရွေးကောက်ပွဲကော်မရှင်ရုံး #ပေါက်ကွဲမှုဖြစ်

Read More

ရန်ကုန်တိုင်းက ရခိုင်နဲ့ကရင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ စိတ်ဝင်စားစရာ

နိုဝင်ဘာ-၆-၂၀၂၀ ဆွေလင်းထွန်း(VOM)   ရန်ကုန်တိုင်းအတွင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၁ ဦးမှာ နာမည်ကြီးနိုင်ငံရေးသမားတွေပါတာမို့  အကြိတ်အနယ်ယှဉ်ပြိုင်ကြရမယ့်နေရာဖြစ်ပါတယ်။   ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၅ ဦးအနက် ဒေါ်ထုမေဟာ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ယခင်ကရခိုင်ဒီမိုကရေစီအဖွဲချုပ်ပါတီဝင်တဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ နှစ်ခြမ်းကွဲခဲ့ပြီးနောက်ပိုင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဝင်ရောက်ဖို့ လုပ်ခဲ့ပေမယ့် ရခိုင်အမျိုးသားပါတီက ထွက်ခွင့်မပေးခဲ့တဲ့အတွက် ခုရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလအနေနဲ့ပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ရန်ကုန်ရောက်ရခိုင်လူငယ်တွေ တည်ထောင်ထားတဲ့ Scholor Institute မှာ အင်္ဂလိပ်စာ ဆရာမတဦးအဖြစ် ပညာဒါနသင်ကြားပေးနေတဲ့အပြင် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးလှုပ်ရှားမှု(Shwe Gas Movement) မှာ ညှိနှိုင်းရေးမှုးတဦးအနေနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမဲပေးခွင့်ရှိတဲ့ ရခိုင်တိုင်းရင်းသား ၇၃၀၀၀…

Read More

ထိုင်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး ဆန္ဒပြသူတွေ လက်မခံ

ဘန်ကောက်၊ နိုဝင်ဘာ-၆-၂၀၂၀ မျိုးဆက် (VOM) ထိုင်းအစိုးရနဲ့အတူဖွဲ့စည်းမယ့် ပြန်လည်သင့်မြတ်ရေးကော်မတီမှာ ပူးပေါင်းပါဝင်ပြီး တွေ့ဆုံဆွေးနွေးရေးကို ထိုင်းဆန္ဒပြအုပ်စုက ငြင်းဆန်လိုက်ပါတယ်။ ထိုင်းလူငယ်တွေဦးဆောင်ပြီး ဘန်ကောက်မှာပြုလုပ်နေတဲ့ ဆန္ဒပြမှုတွေကို လျော့ပါးစေရန်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရေးကို အောက်တိုဘာ ၂၇ ရက်မှာကျင်းပတဲ့ ထိုင်းပါလီမန် အထူးအစည်းအဝေးမှာ အဆိုပြုခဲ့ပါတယ်။ အဲ့ဒီကော်မတီဖွဲ့စည်းတာဟာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာအတွက် အချိန်ဖြုန်းတဲ့ နိုင်ငံရေးပြပွဲတစ်ခုသာဖြစ်ကြောင်း ၊ ဝန်ကြီးချုပ်ပရာယွတ် တာဝန်ထမ်းဆောင်နေသမျှကာလပတ်လုံး ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဆန္ဒပြသူတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရအနေနဲ့ ပြန်လည်သင့်မြတ်ရေးကော်မတီဖွဲ့စည်းဖို့အတွက် အဖွဲ့ဝင်ရွေးချယ်တာတွေကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ထိုင်းလူငယ်တွေကတော့ ဆန္ဒပြပွဲတွေကို ဆက်လက်ပြုလုပ်ဖို့ စီစဉ်ထားပြီး သူတို့ရဲ့ တောင်းဆိုမှုတွေထဲမှာ ဝန်ကြီးချုပ် ပရာယွတ်နှုတ်ထွက်ပေးရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးတို့ပါဝင်နေပါတယ်။ Ref : NHK Photo: Reuters #voiceomyanmar #VOM #ဘန်ကောက်

Read More

“ဒေါက်ဖိနပ်လျှောက်သံ”သီချင်း ဖျက်ဆိုထားတာကိုဖွင့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး တရားစွဲခံရ

နိုဝင်ဘာ ၆-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်မှာ NLD ပါတီရဲ့အောင်ရေးသီချင်းဖြစ်တဲ့ ‘ ဒေါက်ဖိနပ်လျှောက်သံ’ သီချင်းစာသားဖျက်ပြီးပြန်ဆိုထားတဲ့သီချင်းကို ဖွင့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးကို NLD ပါတီအောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက မြောင်းမြမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၄ရက်နေ့က တရားစွဲဆိုဖို့ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ”ပါတီရဲ့အောင်နိုင်ရေးသီချင်းကို ဖျက်ဆိုထားတဲ့ သီချင်းဖွင့်တာဟာ ပါတီကိုစော်ကားတာပဲဖြစ်ပါတယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါတယ်၊ ဒါ့ကြောင့်မို့လို့ပဲ တရားစွဲဆိုဖို့ လုပ်ဆောင်တာဖြစ်ပါတယ်”လို့ မြောင်းမြမြို့နယ် NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ထင်းပုံ‌ကျေးစုကျေးရွာမှာ အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းက ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ဦးတို့က နေအိမ်ရှေ့မှာ စာသားတွေဖျက်ပြီးပြန်လည်သီဆိုထား‌တဲ့ NLD ပါတီအောင်နိုင်ရေးသီချင်းကို ဆောင်းဘောက်နဲ့ဖွင့်ခဲ့တဲ့အတွက် အခုလိုတရားစွဲတာဖြစ်တယ်လို့ သိရပါတယ်။ သီချင်းစာသားဖျက်ပြီး သီဆိုထားတဲ့ ဒေါက်ဖိနပ်လျှောက်သံ သီချင်းဖွင့်နေတာကို ဖုန်းနဲ့ မှတ်တမ်းရိုက်ခဲ့တဲ့…

Read More

မိုင်မန်ကျေးရွာမှာ တပ်မတော်သားတွေနဲ့ မဲရုံဝန်ထမ်းတွေ ကြိုတင်မဲစပေး

နိုဝင်ဘာ ၆-၂၀၂၀ အေးချမ်းသူ(VOM) မူဆယ်မြို့နယ်၊ မိုင်မန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက တပ်မတော်သား၊ပြည်သူ့စစ်နဲ့ မဲရုံဝန်ထမ်းတွေ ကြိုတင်ဆန္ဒမဲ စတင်ပေးခဲ့ကြပါတယ်။ မူဆယ်မြို့နယ်၊ မိုင်မန်ကျေးရွာအုပ်စုမှာ မဲဆန္ဒရှင် ၁ ထောင်ကျော်ရှိပြီး မိုင်မန်ကျေးရွာ စာသင်ကျောင်းမဲရုံတစ်ရုံထဲသာရှိတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ဒေါ်ဘောက်ရှာကVOMကိုပြောပါတယ်။ ” တပ်မတော်သား မဲဆန္ဒရှင် ၆၃ ဦး၊ ဗမာတိုင်းရင်းသား မဲဆန္ဒရှင် ၇၃ ဦးနဲ့ ကချင်တိုင်းရင်းသား မဲဆန္ဒရှင် ၈၇၀ ဦးရှိတယ်၊ လီဆူတိုင်းရင်းသား ၅၂ ဦးနဲ့ ကျန်တဲ့သူတွေကတော့ မြန်မာနိုင်ငံသား၊ တရုတ်လူမျိုးတွေဖြစ်တယ်”လို့ ဒေါ်ဘောက်ရှာကပြောပါတယ်။ လက်ရှိမှာတော့ တပ်မတော်သား၊ မဲရုံဝန်ထမ်းနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အပါအဝင် ကြိုတင်မဲလာရောက်ပေးသူ စုစုပေါင်း ၆၀ဦးသာရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မူဆယ် #တပ်မတော်သား #မဲရုံဝန်ထမ်း #ကြိုတင်မဲပေး

Read More

ကွာရန်တင်းဝင်နေတဲ့ ဘိုးဘွားရိပ်သာက အဖိုး၊အဖွားတွေ ကိုယ်တိုင်တံဆိပ်တုံးထုနှိပ်ပြီး ကြိုတင်မဲပေးခွင့်မရရှိခဲ့

နိုဝင်ဘာ ၆-၂၀၂၀ သိင်္ဂီထွန်း (VOM ) ပြည်မြို့ပေါ် ရပ်ကွက်တွေမှာ ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့မနက်ပိုင်းကနေစပြီး ကျန်းမာရေးမကောင်းသူတွေ ၊ ဘိုးဘွားရိပ်က ဘိုးဘွားတွေ၊ ကွာရန်တင်းဝင်နေသူတွေကို နေထိုင်ရာအရောက် ကြိုတင်မဲတွေ လိုက်လံကောက်ခံနေပြီဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ဘိုးဘွားရိပ်သာက အဖိုး၊အဖွား နဲ့ ကွာရန်တင်း ဝင်နေရသူတွေကတော့ ဆန္ဒမဲထည့်ချင်တဲ့ ပါတီကိုသာ ရွေးချယ်ပေးရပြီး တံဆိပ်တုံးထုနှိပ်ခြင်းကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ဆောင်ပေးတာကိုတွေ့ရပါတယ်။ ခုလိုလုပ်ဆောင်တာဟာ ကိုဗစ်ရောဂါကူးစက်မှုမရှိစေရေး ဘေးကင်းလုံခြုံအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ပြုလုပ်တာဖြစ်ကြောင်းနဲ့ ၊ ရွေးချယ်မှုကိုတော့ ကာယကံရှင် မဲဆန္ဒရှင်စိတ်ဆန္ဒအတိုင်းသာဖြစ်တယ်လို့ သိရပါတယ်။ “ကျနော်တို့က ကွာရန်တင်းထဲမှာပါတဲ့ မဲပေးသူ မဲစာရင်းယူလာတယ်။ မဲလက်မှတ်ကိုဖြတ်တယ်။ အထဲက တာဝန်ရှိတဲ့သူကို မဲလက်မှတ်အပ်လိုက်ရတယ်။ သူတို့လည်း အထဲမှာ ရောဂါကူးစက်မှုမရှိအောင်လုပ်ထားတာတွေ့ရတယ်။ ရုံးမှာ ကော်မရှင်အဖွဲ့ဝင်တွေရှိတယ်၊ စောင့်ကြည့်ရေးအဖွဲ့ဝင်တွေရှိတယ်၊ လုံခြုံရေးတွေလည်းရှိတယ်။ အဲ့ဒီအထဲမှာပဲ ြ ကိုတင်မဲယူနေတဲ့ဟာတွေလည်းရှိတယ်။ ဒီမဲပုံးကို…

Read More

မင်းဘူးခရိုင်မှာ ကိုဗစ်ပိုးတွေ့လူနာ သေဆုံးမှု ပထမဆုံးဖြစ်ပွား

နိုဝင်ဘာ ၆-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပြည်သူ့ဆေးရုံမှာ Covid19ကြောင့် လူသေဆုံးမှု ပထမဆုံးဖြစ်ပွားခဲ့ပြီး သေဆုံးသူဟာ အသက်၇၉နှစ်အရွယ်အမျိုးသားကြီးတစ်ဦးဖြစ်တယ်လို့ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ကပြောပါတယ်။ ”မနေ့က ညနေပိုင်း ဆေးရုံလာတက်တာပါ၊ ညပိုင်းရောက်တော့ ဆုံးသွားတယ်၊ အဆုတ်ကင်ဆာ၊ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါအခံရှိတယ်၊ သံသယရှိတဲ့အတွက် စစ်ကြည့်တဲ့အခါ Coid 19ရောဂါပိုးတွေ့တယ်”လို့ ဒေါက်တာတင့်ခိုင်ကပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားကြီးဟာ မင်းဘူးစကုမြို့နယ်ထဲကဖြစ်ပြီး မိသားစုက ခရီးသွားရာဇဝင်ရှိသူဖြစ်ကာ မနေ့ နိုဝင်ဘာ ၅ရက်ညပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မကွေးတိုင်းမှာ ဒေသတွင်းကူးစက်မူရှိနေတာကြာပြီလို့ ယူဆရကြောင်းနဲ့ ပိုးတွေ့ရှိတဲ့မြို့တွေအားလုံးမှာ ဒေသတွင်းကူးစက်မှုရှိနေတယ်လို့ ယူဆတဲ့အတွက် ပြည်သူများအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို တိကျစွာလိုက်နာကြဖို့ လိုအပ်ကြောင်း မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးက နှိုးဆော်ထားတာလည်း ရှိပါတယ်။ ”အခုဆေးရုံမှာရှိတဲ့လူနာ(၃)ဦးကတော့ ကျန်းမာရေးကောင်းမွန်ပါတယ်၊ အသက်(၃၀)ပတ်ဝန်းကျင်တွေဖြစ်တယ်၊ ညကသေဆုံးသူက အသက်လည်းကြီးပြီ ရောဂါအခံလဲရှိ၊ ပိုးကလည်းတွေ့တယ်၊ ဒီအသက်အရွယ်တွေက ဘယ်မှသွားကြတာမဟုတ်ဘူး၊…

Read More
VOM News

FREE
VIEW