မိုင်မန်ကျေးရွာမှာ တပ်မတော်သားတွေနဲ့ မဲရုံဝန်ထမ်းတွေ ကြိုတင်မဲစပေး

နိုဝင်ဘာ ၆-၂၀၂၀
အေးချမ်းသူ(VOM)

မူဆယ်မြို့နယ်၊ မိုင်မန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက တပ်မတော်သား၊ပြည်သူ့စစ်နဲ့ မဲရုံဝန်ထမ်းတွေ ကြိုတင်ဆန္ဒမဲ စတင်ပေးခဲ့ကြပါတယ်။

မူဆယ်မြို့နယ်၊ မိုင်မန်ကျေးရွာအုပ်စုမှာ မဲဆန္ဒရှင် ၁ ထောင်ကျော်ရှိပြီး မိုင်မန်ကျေးရွာ
စာသင်ကျောင်းမဲရုံတစ်ရုံထဲသာရှိတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ဒေါ်ဘောက်ရှာကVOMကိုပြောပါတယ်။

” တပ်မတော်သား မဲဆန္ဒရှင် ၆၃ ဦး၊ ဗမာတိုင်းရင်းသား မဲဆန္ဒရှင် ၇၃ ဦးနဲ့ ကချင်တိုင်းရင်းသား မဲဆန္ဒရှင် ၈၇၀ ဦးရှိတယ်၊ လီဆူတိုင်းရင်းသား ၅၂ ဦးနဲ့ ကျန်တဲ့သူတွေကတော့ မြန်မာနိုင်ငံသား၊ တရုတ်လူမျိုးတွေဖြစ်တယ်”လို့ ဒေါ်ဘောက်ရှာကပြောပါတယ်။

လက်ရှိမှာတော့ တပ်မတော်သား၊ မဲရုံဝန်ထမ်းနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အပါအဝင် ကြိုတင်မဲလာရောက်ပေးသူ စုစုပေါင်း ၆၀ဦးသာရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #တပ်မတော်သား #မဲရုံဝန်ထမ်း #ကြိုတင်မဲပေး

Related posts

Leave a Comment

VOM News

FREE
VIEW